RB News
28.3.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာမှ သြဂုတ်လ (၁၆) ရက်နေ့တွင် ဖမ်းဆီးခံရသူ (၂၂) ဦးကို ထောင်ဒဏ် (၃) နှစ်စီချမှတ်လိုက်သည်။
၂၀၁၇ ခုနှစ် သြဂုတ်လ (၁၆) ရက်နေ့ နံနက် (၇) နာရီခန့်တွင် ဦးလှဖေကျေးရွာအတွင်းသို့ လက်နက်ကိုင် အာဏာပိုင်များ ရောက်ရှိလာပြီး အပြစ်မဲ့ ဒေသခံရိုဟင်ဂျာ (၄၉) ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးသို့ ခေါ်ဆောင်သွားခဲ့ပြီး၊ သက်ကြီးရွယ်အိုများနှင့် အသက်အရွယ် ငယ်ရွယ်သူများ (၂၅) ဦးကို ငွေညှစ်၍ ညောင်ချောင်း နယ်မြေစခန်းမှတဆင့် ပြန်လည် လွှတ်ပေးခဲ့သည်။
ကျန်သည့် (၂၄) ဦးကို ဘူးသီးတောင်မြို့ရှိ အကျဉ်းထောင်သို့ ပို့ဆောင်၍ ပုဒ် ၁၇/၁ နှင့် ၁၇/၂ တို့ဖြင့် တရားစွဲဆိုခဲ့ရာ နောက်ဆုံးတွင် ၁၇/၂ ကို ပယ်ဖျက်ပေးခဲ့သော်လည်း ၁၇/၁ ဖြင့် ဆက်လက် တရားစွဲဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ယနေ့ မတ်လ (၂၈) ရက်နေ့တွင် တရားစွဲဆိုခံထားရသူ (၂၄) ဦးအနက် ဦးအာရော်ဖ်အူလ္လာနှင့် ဦးအီလီယာစ် တို့နှစ်ဦးကို ပြန်လည် လွှတ်ပေးခဲ့ပြီး၊ ကျန်သည့် (၂၂) ဦးကို ထောင်ဒဏ် (၃) နှစ်စီ ချမှတ်လိုက်သည်။
“လွှတ်လာတဲ့နှစ်ဦးကတော့ တရားသူကြီးကို တစ်ယောက်က သိန်း (၇၀)၊ နောက်တစ်ယောက် (၇၅) သိန်း ပေးလို့ လွတ်လာတယ်လို့ ကြားတယ်။ ကျန်တဲ့ (၂၂) ယောက်ကိုတော့ ထောင်ဒဏ် (၃) နှစ်စီ ချလိုက်ပြီး အကျဉ်းထောင်ကို ခေါ်သွားလို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
ထောင်ဒဏ်ချမှတ်ခံရသူ (၂၂) ဦးစလုံးသည် အပြစ်မဲ့များဖြစ်ပြီး၊ မတရားသဖြင့် ထောင်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ငါးရန့်ချောင်းကျေးရွာအုပ်စုတွင် ယာယီအခြေစိုက်ထားသည့် ၅၅၂ တပ်ရင်းမှ ဗိုလ်ကြီးနှင့် တပ်ဖွဲ့ဝင်များက ဒေသခံရိုဟင်ဂျာများကို နေ့စဉ်နေ့တိုင်း နည်းမျိုးစုံ ဒုက္ခပေးနေသည်ဟု ဒေသခံများက ပြောပါသည်။
ငါးရန့်ချောင်းကျေးရွာအုပ်စုရှိ ကင်းစခန်းသို့ လွန်ခဲ့သည့် ၁၀ ရက်ခန့် ၅၅၂ တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ကြောင်း၊ ၎င်းတို့က ဒေသခံရိုဟင်ဂျာများထံမှ ငွေညှစ်ခြင်း၊ စိုက်ခင်းများ သီးနှံများ၊ ငါးဖမ်းသမားများထံမှ ငါးများနှင့် ပုဇွန်များကို ဆက်ကြေးတောင်းခံသကဲ့သို့ နေ့စဉ်နေ့တိုင်း တောင်းယူနေသည်။
“စိုက်ခင်းတွေထဲက ကောက်ပဲသီးနှံတွေကို သူတို့ စိတ်ကြိုက်ခူးယူတယ်။ ရွာထဲက ကြက်၊ ငှက် ဘာမှ မကျန်ဘူး။ ငါးဖမ်းသမားတွေ တွေ့တာနဲ့ ငါးနဲ့ပုဇွန် လုယူတယ်။ အခုဆိုရင် ပုဇွန်ရတာနဲ့ သူတို့ကို သွားပေးရတယ်။ မပေးရင် ညှဉ်းပန်းနှိပ်စက်မှာကို စိုးရိမ်ရတဲ့အတွက် အကုန်ပေးနေရတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
မတ်လ (၂၇) ရက်နေ့က ငါးရန့်ချောင်းနှင့် ကျီးနှုတ်သီး စက်လှေများဖြင့် ငါးဖမ်းနေသူများကို ဆင့်ခေါ်၍ အမှန်တကယ် စက်လှေပိုင်ရှင်များနှင့် ပိုင်ရှင်မဲ့ဖြစ်နေသည့် စက်လှေများကို သုံး၍ ငါးဖမ်းနေသူများကို အုပ်စုခွဲရာ ပိုင်ရှင်မဲ့ဖြစ်နေသည့် စက်လှေများကို သုံးနေသူ (၁၃) ဦး တွေ့ရှိခဲ့သည်။ ၅၅၂ တပ်ရင်းမှ ဗိုလ်ကြီးက အဆိုပါ (၁၃) ဦးကို ငွေကျပ် (၁၅) သိန်းကို မတ်လ (၂၈) ရက်နေ့တွင် နောက်ဆုံးထား ပေးရမည်ဟု အမိန့်ပေးခဲ့ပြီး၊ ကျေးရွာမှ လူကြီးများက ညှိနှိုင်းပေးမှုကြောင့် ငွေကျပ် (၅) သိန်း ပေးခဲ့ရသည်။
“လူတွေက စားဝတ်နေရေး ခက်ခဲနေတော့ တစ်ဖက်နိုင်ငံကို ထွက်ပြေးခိုလှုံနေသူတွေရဲ့ စက်လှေတွေကို ယူသုံးပြီး ငါးဖမ်းကြတယ်။ မနေ့က အဲလို ငါးဖမ်းနေတဲ့ ဒေသခံ (၁၃) ယောက်ကို ငွေ (၁၅) သိန်း အတင်းအဓမ္မ ညှစ်တော့ လူတွေလည်း ငွေမတတ်နိုင်ဘူး။ ဒီနေ့ နောက်ဆုံးထား ပေးရမယ်ဆိုတော့ ကျေးရွာအုပ်ချုပ်ရေး လူကြီးတွေက သွားတောင်းပန်ပြီးတော့ နောက်ဆုံးမှာ ငွေ (၅) သိန်း ပြေလည်သွားတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။
“အမျိုးသမီးတွေ လမ်းသွားရင် ကာအိနြေ္ဒပျက်ပြားတဲ့ အထိ နှောက်ယှက်တယ်၊ အမျိုးသမီးတွေ ၀တ်ရုံခြုံထားတာကို အတင်းအဓမ္မ ချွတ်ခိုင်းတာတွေ လုပ်တယ်၊ အမျိုးသားတွေကို မင်းတို့က အကြမ်းဖက်သမားတွေ ၅၅၂ တပ်ရင်းကို တိုက်ခိုက်ခဲ့တဲ့လူတွေ မင်းတို့ကို ဖမ်းရမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ လုပ်တယ်။ ဒီဗိုလ်ကြီးနဲ့ စစ်သားတွေ ရွာကိုရောက်လာပြီးကတည်းက ဒုက္ခမျိုးစုံ ကြုံတွေ့နေရတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။
MYARF
RB News
19.3.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ်ကျေးရွာအုပ်စုမှ အစ္စလာမ်ဘာသာရေးကျောင်းကို ဘင်္ဂလီ-ရခိုင်များက မီးရှို့ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများ ပြောဆိုနေကြသည်။
မတ်လ (၁၈) ရက်နေ့ နံနက် ၂း၃၀ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ်ကျေးရွာအုပ်စု အာရှိက္ကားရွာ မြောက်ပိုင်းရှိ အစ္စလာမ်ဘာသာရေးကျောင်း၏ ခေါင်မိုးထိပ်မှ စတင်၍ မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်နေသည်ကို ယင်းကျောင်း ပတ်ဝန်းကျင်မှ ဒေသခံ ရိုဟင်ဂျာများက မြင်တွေ့သွားပြီး အော်ဟစ် အကူအညီတောင်းခံခဲ့ရာ ဒေသခံရွာသူရွာသားများ ရောက်ရှိလာပြီး မီးငြိမ်းသတ်ခဲ့သည်။
ရွာသူရွာသားများ ချက်ချင်း ရောက်ရှိလာပြီး မီးငြိမ်းသတ်ခဲ့သောကြောင့် ကျောင်း၏ ခေါင်မိုးအနည်းငယ်သာ မီးလောင်ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ရွာသူရွာသားများ မီးငြိမ်းသတ်နေစဉ် ဆူညံမှုကြောင့် သရက်အုပ် ရခိုင်ရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ မိုးပေါ်ထောင်၍ သေနတ်နှစ်ချက် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။ မီးလောင်ရာနေရာသို့ လာရောက် ကြည့်ရှုခြင်း မရှိခဲ့ဟု ဒေသခံများက ဆိုသည်။
နံနက်မိုးလင်းမှသာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး စစ်ဆေးခဲ့ရာ ရွာသားများက ခေါင်မိုးထိပ်မှ မီးစတင်လောင်ကျွမ်းနေသည်ကို မြင်တွေ့ခဲ့ကြောင်း၊ ကျောင်းထဲတွင် ကောက်ရိုး အနည်းငယ် တွေ့ရှိကြောင်းကို တင်ပြခဲ့ရာ နယ်ခြားစောင့်ရဲများက မီးရှို့သူကို စုံစမ်းရမည်ဟု ပြောကြား၍ ပြန်လည် ထွက်ခွာသွားခဲ့သည်။
မတ်လ (၁၇) ရက်နေ့ ည ၁၁ နာရီခန့် အချိန်တွင် ဘင်္ဂလီ-ရခိုင် နှစ်ဦးကို ရွာထဲတွင် တွေ့ရှိ၍ ဒေသခံ ရိုဟင်ဂျာရွာသားများက မေးမြန်းခဲ့ရာ ဖားရှာရန် လာရောက်ခြင်း ဖြစ်သည်ဟု ဖြေဆိုခဲ့သည်။ ဘာသာရေးကျောင်း မီးမလောင်မီ ၃ နာရီခန့် အချိန်တွင် ရောက်ရှိလာပြီး မီးလောင်မှု ဖြစ်ပွားခဲ့သောကြောင့် အဆိုပါ ဘင်္ဂလီ-ရခိုင်နှစ်ဦးကသာ မီးရှို့ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
သရက်အုပ်ကျေးရွာအုပ်စု ရခိုင်ရွာသည် အိမ်ခြေ (၁၅) လုံးခန့်သာ ရှိသော ရွာငယ်ဖြစ်သည်။ သရက်အုပ်ကျေးရွာအုပ်စုရှိ ရိုဟင်ဂျာများနှင့် ရခိုင်များသည် ရင်းနှီးခင်မင်စွာ နေထိုင်ကြသူများ ဖြစ်ကြသည်။ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ရခိုင်ရွာသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂလီ-ရခိုင် မိသားစု (၄) စု ရောက်ရှိလာပြီး နေထိုင်လျက်ရှိသည်။
မတ်လ (၁၇) ရက်နေ့ ည ၁၁ နာရီအချိန်တွင် ဖားရှာရန် ၀င်ရောက်လာသည်ဟု ပြောဆိုခဲ့သူနှစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်မှ လာရောက်နေထိုင်သည့် ဘင်္ဂလီ-ရခိုင် မိသားစု (၄) စုမှ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်လာသူ ဘင်္ဂလီ-ရခိုင်များသည် ရိုဟင်ဂျာများ၏ ကျွဲ၊ နွားများနှင့် ပစ္စည်းများကို လုယက်ခြင်း၊ ရိုဟင်ဂျာများကို ရန်ရှာခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။
MYARF
RB News
19.3.2018
မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု မြို့အ၀င် တံတားရှိ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာများကို NVC လက်ခံရန် ခြိမ်းခြောက်နေသည်ဟု ဒေသခံများက ဆိုသည်။
ရွှေဇားကျေးရွာအုပ်စု မြို့အ၀င် တံတားရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက တံတားပေါ်မှ ဖြတ်သန်းသွားသည့် ရိုဟင်ဂျာများကို စစ်ဆေး၍ NVC လက်ခံယူရန်၊ မယူပါက သွားလာခွင့်ပြုမှာ မဟုတ်ကြောင်း ခြိမ်းခြောက် ပြောဆိုသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
မတ်လ (၁၇) ရက်နေ့တွင် ရွှေဇားကျေးရွာနှင့် အခြားကျေးရွာများမှ ရိုဟင်ဂျာများသည် ရွှေဇားတံတားကို ဖြတ်၍ မြို့ထဲဈေးသို့ သွားနေစဉ် နယ်ခြားစောင့်ရဲများက ၎င်းတို့ကို စစ်ဆေး၍ NVC ယူရန် ပြောကြားခဲ့သည်။ နောက်တစ်ကြိမ်ဆိုလျှင် NVC မပါဘဲ သွားလာခွင့် ပြုမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။
ယနေ့ မတ်လ (၁၉) ရက်နေ့တွင်လည်း အဆိုပါ နယ်ခြားစောင့်ရဲများက တံတားပေါ်မှ ဖြတ်သန်းသွားလာသည့် ရိုဟင်ဂျာများကို စစ်ဆေး၍ NVC မရှိဟု ဆိုကာ ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
ရွှေဇားကျေးရွာနှင့် ယင်းရွာ၏ မြောက်ဘက်ရှိ ကျေးရွာများမှ ရိုဟင်ဂျာ အများစုမှာ မြို့ထဲတွင် အရောင်းအ၀ယ် ပြုလုပ်သူများ ဖြစ်ကြသောကြောင့် ရွှေဇားတံတားကို ဖြတ်သန်း မသွားလာနိုင်လျှင် စားဝတ်နေရေးပါ ကျပ်တည်းလာမည်ကို အထူးစိုးရိမ်ရသည်ဟု ဒေသခံများက ဆိုသည်။
ယခင်က နိုင်ငံသားများသာ ကိုင်ဆောင်ရသည့် အမျိုးသားမှတ်ပုံတင်များကို ရိုဟင်ဂျာများ ကိုင်ဆောင်ခဲ့ပြီး၊ နိုင်ငံတော်မှ ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်မှုကို ပယ်ဖျက်ရန် အတွက် နှစ်ရှည်စီမံကိန်းဖြင့် ယာယီသက်သေခံကတ်ပြားများ ထုတ်ပေးခြင်း ပြုလုပ်ခဲ့ပြီးနောက် ၀ှိုက်ကတ်ဟု လူသိများခဲ့သည့် ယာယီသက်သေခံကတ်ပြားများကို ဖျက်သိမ်း၍ ၂၀၁၅ ခုနှစ်မှစ၍ နိုင်ငံသားစိစစ်ခံရမည့်သူများ ကိုင်ဆောင်ရသည့်ကတ်ပြား ခေါ် NVC ကိုထုတ်ပေးလျက်ရှိရာ ရိုဟင်ဂျာများက ကိုင်ဆောင်ရန် ငြင်းဆိုနေသော်လည်း အစိုးရက နည်းမျိုးစုံဖြင့် အတင်းအဓမ္မ ထုတ်ပေးရန် ကြိုးစားလျက်ရှိသည်။
MYARF
RB News
17.3.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ်ကျေးရွာအုပ်စု ရခိုင်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ပစ္စည်းများ ခိုးယူလျက်ရှိသည်။
မတ်လ (၁၂) ရက်နေ့ နေ့လည်ပိုင်း အချိန်တွင် သရက်အုပ်ကျေးရွာအုပ်စု ရခိုင်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲများသည် ကားတစ်စီးဖြင့် သူဦးလာကျေးရွာ (ခုလာဘိလ်) သို့ သွားရောက်၍ ဦးဆီရာဇူ၏ အိမ်အလွတ်ထဲသို့ ၀င်ရောက်ကာ ကုတင်တစ်လုံး ယူဆောင်သွားခဲ့သည်။ ဦးဆီရာဇူသည် ၎င်း၏ နေအိမ်ကို သော့ခတ်၍ မိသားစုနှင့် အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယာယီခိုလှုံလျက် ရှိနေခြင်း ဖြစ်သည်။
“နယ်ခြားစောင့်ရဲတွေကတော့ အိမ်အလွတ်တွေထဲကို မကြာခဏ ၀င်ပြီး အဖိုးတန် ပစ္စည်းတွေကို လိုင်စင်ရ သူခိုးဒမြတွေလို ယူသွားလေ့ရှိတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။
အဆိုပါ နယ်ခြားစောင့်ရဲများသည် မတ်လ (၁၃) ရက်နေ့ နေ့လည်ပိုင်းတွင် သူဦးလာကျေးရွာသို့ ထပ်မံသွားရောက်၍ လယ်ကွင်းတွင် ကျက်စားနေသော ဥက္ကဌဟောင်း ဦးအဒူဆော်လာမ်၏ နွားမတစ်ကောင်ကို သေနတ်ဖြင့်ပစ်ခတ်ပြီးနောက် ကားပေါ်တင်၍ ယူဆောင်သွားခဲ့သည်။ သေနတ်ဖြင့် ပစ်ခတ်နေချိန်တွင် အနီးအနားတွင် နွားကျောင်းနေသည့် ရွာသားတစ်ဦးက လှမ်းကြည့်နေသဖြင့် ၎င်းကို ခဲဖြင့် ပစ်ပေါက်၍ ခြောက်လှန့်ခဲ့သည်။ သေနတ်ဖြင့် ပစ်ခတ်၍ ယူဆောင်သွားသော နွား၏ တန်ဖိုးမှာ ကျပ် လေးသိန်းကျော် ရှိသည်။
အလားတူ ယခုလ လဆန်းပိုင်းကလည်း အဆိုပါ နယ်ခြားစောင့်ရဲများသည် သူဦးလာကျေးရွာမှ ဦးဟာမိတ်၏ ကျပ် ၅ သိန်းခွဲတန်ဖိုးရှိ ကိုယ်ဝန်ဆောင် နွားမကြီးတစ်ကောင်ကို သေနတ်ဖြင့် ပစ်ခတ်၍ ကားပေါ်တင် ယူဆောင်သွားခဲ့သည်။
မတ်လ ပထမပတ်တွင် သူဦးလာကျေးရွာရှိ လမ်းပေါ်တွင် သွားလာနေသော မြောတောင်ရွာနှင့် မြို့မတောင် ရပ်ကွက်တို့မှ ဒေသခံနှစ်ဦးကို အဆိုပါ နယ်ခြားစောင့်ရဲများက စစ်ဆေးပြီး ဥပဒေမဲ့ ပစ္စည်းတစ်စုံတစ်ရာ မရရှိခဲ့သော်လည်း အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေညှစ်ခဲ့သေးသည်။
“သရက်အုပ် အခြေစိုက် နယ်ခြားစောင့်ရဲတွေက အနီးအနား ကျေးရွာတွေကို ကားတွေနဲ့ အမြဲလှည့်ပြီး ဒေသခံ ရိုဟင်ဂျာတွေကို မတရား ဖမ်းဆီးငွေညှစ်၊ လုယက်တာတွေ ပြုလုပ်လေ့ရှိတယ်။ အခု နယ်ခြားစောင့်ရဲ ကင်းစခန်းတိုင်းမှာ ကားတစ်စီးစီ ရှိတယ်။ အခုဆို လုံထိန်း ၀တ်စုံတွေသာ ၀တ်ဆင်နေကြတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
RB News
11.3.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သင်္ဂနနှင့် မိကျောင်းဈေး ကျေးရွာအုပ်စုများရှိ ရိုဟင်ဂျာများ၏ မြေများပေါ်တွင် ဗုဒ္ဓဘာသာ ကျေးရွာများ တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။
မတ်လ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရွှေနှင့် ဌာနဆိုင်ရာ အရာရှိများသည် သင်္ဂနနှင့် မိကျောင်းဈေးကျေးရွာအုပ်စုများသို့ မြေပုံများနှင့် တကွ ကွင်းဆင်း၍ ဗုဒ္ဓဘာသာကျေးရွာများ တည်ဆောက်မည့် နေရာများကို ကြည့်ရှုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
မိကျောင်းဈေးကျေးရွာအုပ်စု ဗိုလ်ကြီးချောင်းအနီးရှိ ကူဒူဖာရ် တောင် အနီးရှိ ရိုဟင်ဂျာများ၏ မြေများပေါ်တွင် ဗုဒ္ဓဘာသာဝင်များ အတွက် အိမ်ခြေ ၁၀၀ တည်ဆောက်မည်ဖြစ်ပြီး၊ သင်္ဂနကျေးရွာအုပ်စုရှိ သင်္ချိုင်းဟောင်းအနီး၊ ဂူဖီလမ်းမအနီးတွင် အိမ်ခြေ ၁၀၀ တည်ဆောက်ရန် စီစဉ်နေသည်ဟု ဒေသခံများက ဆိုသည်။
“အစိုးရက ရိုဟင်ဂျာတွေကို ပြန်ခေါ်လာပြီး မူလနေရာမှာ နေရာပြန်ချပေးမယ် ဆိုပြီး လိမ်နေတာပါ။ တကယ်တမ်းမှာ ရိုဟင်ဂျာတွေရဲ့ နေရာအားလုံးကို နည်းမျိုးစုံနဲ့ သိမ်းနေတယ်။ အခု ဆောက်မယ့် ရွာနှစ်ရွာကလည်း ရိုဟင်ဂျာတွေရဲ့ မြေနေရာတွေပေါ်မှာပါ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
ဘူးသီးတောင်မြို့နယ် နန့်ရာကုန်းကျေးရွာအုပ်စု၊ မောင်နှမရွာတွင်လည်း ရိုဟင်ဂျာများ၏ နေအိမ်များကို ရခိုင်ရွာသားများက ဖျက်ဆီးပြီးနောက် အာဏာပိုင်များက ရိုဟင်ဂျာများ၏ မြေများပေါ်တွင် ရခိုင်လူမျိုးများအတွက် နေအိမ်များ ဆောက်လုပ်ပေးနေသည်ဟု မျက်မြင်သက်သေတစ်ဦးက RB News သို့ပြောပါသည်။
![]() |
| နန့်ရာကုန်း မောင်နှမရွာ၌ ရိုဟင်ဂျာများ၏ မြေပေါ်တွင် ရခိုင်လူမျိုးများ အတွက် အိမ်များ ဆောက်လုပ်နေသည်ကို အဝေးမှ မြင်တွေ့ရစဉ်။ |
![]() |
| ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra'ad al-Hussein (ဓါတ်ပုံ - Reuters) |
9.3.2018
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အကြီးအကဲဖြစ်သူ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေ အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ အတွက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက မြန်မာအစိုးရ ကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ တရားစွဲဆိုဖို့ ဒီနေ့ သောကြာနေ့ (မတ်လ ၉) မှာ ပြောကြားလိုက်တယ်လို့ Reuters သတင်းဌာနက ရေးသား ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra'ad al-Hussein က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ရပ်တွေ ကျူးလွန်ထားတယ်လို့ သံသယ ဖြစ်နေရတဲ့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးခွင့်တွေ ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းထားတယ်။
ဆွဇ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က သတင်းစာရှင်းလင်းပွဲမှာ “ကျွန်တော်တို့ကတော့ လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ရပ်တွေ ဖြစ်ပွားခဲ့တယ်လို့ ခိုင်ခိုင်မာမာ သံသယ ဖြစ်နေတယ်။ ဒါပေမယ့် ဒါကို တရားရုံးကနေသာ အတည်ပြုလို့ရမယ်” လို့ Zeid Ra'ad al-Hussein ပြောကြားခဲ့ပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းမှာ မြန်မာအစိုးရနဲ့ စစ်တပ်က ရိုဟင်ဂျာ ထောင်ပေါင်းများစွာကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ သေနတ်၊ လောင်ချာတွေနဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဓါးနဲ့ လည်လှီး ခုတ်ဖြတ် သတ်ဖြတ်ခြင်း၊ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို မုဒိမ်းကျင့်ခြင်း၊ ရိုဟင်ဂျာများရဲ့ ရွာပေါင်း ၃၆၀ နီးပါးကို မီးရှို့ ဖျက်ဆီးခြင်းများ ကျူးလွန်ခဲ့ပြီး၊ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid က လူမျိုးစုရှင်းလင်းသုတ်သင်ခြင်းရဲ့ ပြဌာန်းပါ ဥပမာအတိုင်း လို့ ၂၀၁၇ ခုနှစ် နှောင်းပိုင်းမှာ ပြောကြားခဲ့ပြီး၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ကိုယ်စားလှယ်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို အကြိမ်ကြိမ် သွားရောက် စစ်ဆေးပြီးတဲ့နောက် ယခုအခါ လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ရပ်လို့ ပြောကြားနေခြင်း ဖြစ်ပါတယ်။
မြန်မာအစိုးရက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပါမောက္ခ ရန်ဟီးလီ ကိုလည်း ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားလိုက်တဲ့ အပြင်၊ နိုင်ငံတကာ က တောင်းဆိုနေတဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေး အဖွဲ့ကိုလည်း ပြည်ဝင်ခွင့် မပေးတာကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာတော့ မြန်မာအစိုးရနဲ့ စစ်တပ်ကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတင်ဖို့ အပူတပြင်း ကြိုးပမ်းနေတာ အများအပြား ရှိနေပါတယ်။
မြန်မာနိုင်ငံကို အကြိမ်ကြိမ် ၀င်ရောက် လေ့လာခဲ့တဲ့ ပါမောက္ခ ရန်ဟီးလီ ကတော့ လူမျိုးတုန်းသတ်ဖြတ်မှုရဲ့ အသွင်အပြင် လက္ခဏာတွေကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံ အခြေစိုက် Channel 4 သတင်းဌာနဲ့ သီးသန့် အင်တာဗျူးမှာ ပြောဆိုထားပြီး၊ မကြာသေးခင်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း အလားတူ ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ရာဇ၀တ်မှု တစ်ခုမှ ကျူးလွန်ထားခြင်း မရှိသယောင် အမြဲပြောဆိုလေ့ရှိပြီး၊ လွန်ခဲ့တဲ့ ရက်ပိုင်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးပမ်းစဉ်က ဓါတ်ပုံတွေကို ၁၉၄၂ ခုနှစ်တုန်း ရိုဟင်ဂျာ-ရခိုင် အဓိကရုဏ်းမှာ ရိုဟင်ဂျာတွေက ရခိုင်တွေကို သတ်ဖြတ်ခဲ့တဲ့ ဓါတ်ပုံတွေ ဖြစ်တယ်လို့ ဓါတ်ပုံတွေနဲ့ ၀ါဒဖြန့်နေတာတွေလည်း ရှိနေပါတယ်။
RB News
8.3.2018
မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် စမ်ဘာလေ ကျေးရွာ၌ ၂၀၁၂ ခုနှစ်က မီးရှို့ခံရသည့် ဗလီမြေနေရာတွင် ပြန်လည်တည်ဆောက်သည့် ဗလီ ကို အာဏာပိုင်များ ဖျက်ဆီးလိုက်သည်။
မင်းပြားမြို့နယ် စမ်ဘာလေ ကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော်ကို ၂၀၁၂ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင် အစွန်းရောက်များက အကြမ်းဖက် ဖျက်ဆီးခဲ့သည်။
ယင်းဗလီဝတ်ကျောင်းတော် နေရာတွင် ၂၀၁၇ ခုနှစ်မှစ၍ ရွာသားများ၏ လှူဒါန်းငွေများဖြင့် တဖြေးဖြေး တည်ဆောက်လာခဲ့ရာ မတ်လ (၇) ရက်နေ့မှ စ၍ အာဏာပိုင်များ ဖျက်ဆီးလိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
“၂၀၁၂ ခုနှစ်ကတည်းက ကျွန်တော်တို့ အာဏာပိုင်တွေကို အကြိမ်ကြိမ် တောင်းဆိုတယ်။ ဘာမှ မလုပ်ပေးဘူး။ နောက်ဆုံး နားလည်မှုနဲ့ လုပ်လိုက်ပေမယ့် မနေ့က သွပ်တွေကို ဖြုတ်တယ်။ ဒီနေ့ အကာအရံတွေ အကုန်ဖြုတ်လိုက်တယ်။ တိုင်တွေချည်း ကျန်တော့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ဗလီဝတ်ကျောင်းတော်ကို ဖျက်ဆီးရန် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လ.၀.က ၀န်ထမ်းများနှင့် ရခိုင်ရွာသားများ လာရောက်၍ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
၂၀၁၂ ခုနှစ်တွင် မီးရှို့ခံခဲ့ရပြီးနောက်တွင် ၀တ်ပြုဆုတောင်းရန် နေရာမရှိ ဖြစ်နေရခဲ့ပြီး၊ နေရာစီမံပြီး ဖျက်ဆီးခံလိုက်ရသဖြင့် ၀တ်ပြုရန် နေရာမရှိတော့ဟု ဒေသခံများက ဆိုသည်။

Rohingya Eye
RB News
7.3.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု တာဝန်ခံ၏ သတင်းမှားပေးမှုကြောင့် ရွာသားတစ်ဦး တိမ်းရှောင်နေရသည်။
ယနေ့ မတ်လ (၇) ရက်နေ့ နေ့လည် ၃ နာရီခန့် အချိန်တွင် ရွှေဇား ဒီ(ပ်) ဖာရာ၌ အမည်မသိသူတစ်ဦးကို WY စာတမ်းပါ စိတ်ကြွဆေးပြား ၁၄ သိန်းနှင့်အတူ စ.ရ.ဖ အဖွဲ့နှင့် မူးယစ်အဖွဲ့ တို့က ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ စိတ်ကြွဆေးပြားများ၏ ပိုင်ရှင်များမှာ ရွှေဇား စေတီပြင်ရွာမှ ဇူးဟာရူး (ဘ) ဦးအာဘူဇော်မိလ် (အသက် ၂၃ နှစ်) နှင့် ဆွေယာဒ်ကာဆိမ်း (ဘ) ဦးအာဘူဇော်မိလ် (အသက် ၃၀ နှစ်) တို့ ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
ည ၁၁ နာရီခန့် အချိန်တင် စ.ရ.ဖ အဖွဲ့နှင့် မူးယစ်အဖွဲ့ တို့သည် ကား (၅) စီးဖြင့် ရွှေဇားကျေးရွာအုပ်စုသို့ ၀င်ရောက်လာပြီး ကျေးရွာတာဝန်ခံ ဖြစ်သူ ဦးမော်နိရ်အာမတ်နှင့် အတူ စိတ်ကြွဆေးပြား ပိုင်ရှင်များကို ဖမ်းဆီးရန် ကြိုးစားနေစဉ် စိတ်ကြွဆေးပြား ပိုင်ရှင်များသည် နေအိမ်မှ တိမ်းရှောင်သွားပြီး၊ ကျေးရွာတာဝန်ခံကို ဖုန်းဆက်၍ “ခင်ဗျားကို ဖုန်းဆက်မယ်၊ ကျွန်တော်တို့ အိမ်ကို မ၀င်ခိုင်းဘဲ အခြားအိမ်တစ်အိမ် ၀င်ခိုင်းပါ” ဟု ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
ထိုသို့ ဖုန်းဆက်ပြောဆိုသောကြောင့် ကျေးရွာတာဝန်ခံက ပိုင်ရှင်မှန်များ၏ နေအိမ်ကို ပြမပေးဘဲ အပြစ်မဲ့တစ်ဦး ဖြစ်သည့် ဂျာနီအာလာမ် (ဘ) ဦးမင်ဂိရ်၏ နေအိမ်ကို ၀င်ခိုင်းခဲ့သည်။
ကျေးရွာတာဝန်ခံ၏ မဟုတ်မမှန် သတင်းပေးမှုကြောင့် ဂျာနီအာလာမ် ဆိုသူသည် နေအိမ်မှ တိမ်းရှောင်နေရသည်ဟု သိရှိရသည်။
ဂျာနီအာလာမ်သည် ကောင်းကောင်းမွန်မွန် ရိုးရိုးသားသား လုပ်ကိုင် စားသောက်နေသူ တစ်ဦး ဖြစ်သည်။ ယခုကဲ့သို့ မဟုတ်မမှန် သတင်းပေးမှုကြောင့် အလွန်ကြောက်ရွံ စိုးထိတ်နေသည်ဟု ဒေသခံများက ပြောပါသည်။
ကျေးရွာတာဝန်ခံ ဦးမော်နိရ်အာမတ်သည် ယခုကဲ့သို့ မဟုတ်မမှန် လုပ်ကြံ လီဆယ်၍ ရွာသားများကို ဒုက္ခပေးနေသည်မှာ အကြိမ်ကြိမ် ဖြစ်နေပြီ ဖြစ်ကြောင်း၊ ၎င်းကြောင့် စိတ်မချမ်းမသာ အမြဲဖြစ်နေရသည်ဟု ဒေသခံများက ဆိုသည်။

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အင်းချောင်းကျေးရွာတွင် ဗုဒ္ဓဘာသာဝင်များကို အထောက်အပံ့များ ပေးအပ်လျက် ရှိသော်လည်း ရိုဟင်ဂျာမွတ်စလင်များကို လုံးဝ ထောက်ပံ့ပေးခြင်း မရှိဟု ဒေသခံများက ပြောပါသည်။
ဘူးသီးတောင်မြို့နယ် အင်းချောင်းကျေးရွာတွင် ယနေ့ မတ်လ (၇) ရက်နေ့ နံနက် ၁၁ နာရီခန့် အချိန်တွင် ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာမှု အကူအညီ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) မှ ဆန်၊ ဆီ၊ ဆားနှင့် လူသုံးကုန် ပစ္စည်းများကို ဒိုင်းနက်နှင့် အခြား ဗုဒ္ဓဘာသာဝင်များကို ဖြန့်ဖြူးပေးခဲ့သော်လည်း ရိုဟင်ဂျာမွတ်စလင်များကို လုံးဝ ထောက်ပံ့ပေးခြင်း မရှိဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းမှစ၍ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာနေအိမ်များကို မီးရှို့ခြင်း၊ ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် ပစ်သတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ ဓါးဖြင့် ခုတ်သတ်ခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို မုဒိမ်းကျင့်ခြင်း တို့ကြောင့် (၇) သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံလျက်ရှိပြီး၊ မီးရှို့မခံရသည့် ရွာများတွင် ကျန်နေသည့် ရိုဟင်ဂျာများကို ရွာများထဲမှ ထွက်ခွင့် မပေးဘဲ ပိတ်လှောင် ထားသည်။ ထိုကဲ့သို့ ပိတ်လှောင် ထားခြင်းကြောင့် ငတ်မွတ်မှုနဲ့ ကြုံတွေ့နေရသူများမှာ နေ့စဉ်နေ့တိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံရန် ထွက်ခွာလျက် ရှိသည်။
နေရပ်စွန့်ခွာလိုစိတ် မရှိသူများသည် အထောက်အပံ့များ ရရှိရန် မျှော်မှန်းလျက် ရှိသော်လည်း ၎င်းတို့အား မည်သည့် အဖွဲ့အစည်းကမှ လာရောက် ထောက်ပံ့ပေးခြင်း မရှိဟု ဆိုသည်။
“အဓိက ကတော့ မြို့နယ် အုပ်ချုပ်ရေးက ခွင့်ပြုချက် မပေးလို့ ကျွန်တော်တို့ကို လာမပေးတာလို့ သိရတယ်။ UEHRD ကတော့ အစိုးရ အဖွဲ့အစည်း ဆိုတော့ ကျွန်တော်တို့ကို ပေးမှာ မဟုတ်မှန်းသိတယ်။ အစိုးရ ကိုယ်တိုင် ကျွန်တော်တို့ ငတ်နေရင် ထွက်ပြေးသွားမယ်ဆိုပြီး လုပ်နေတာ ဆိုတော့ အစိုးရ ပေးမှာကို မမျှော်မှန်းဘူး။ ဒါပေမယ့် နိုင်ငံတကာ ကြက်ခြေနီလို အဖွဲ့က ပေးမလားဆိုပြီး မျှော်နေတာ။ သူတို့ကိုလည်း မယက က ခွင့်ပြုချက် မပေးဘူးလို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးကျေးရွာအုပ်စုတွင် အိမ်ခြေ ၄၂၀ ကျော် ကျန်ရှိနေပြီ၊ မိသားစု ၂၀၀ ကျော်မှာ စားဝတ်နေရေး အတွက် အလွန်ပင် အခက်အခဲ ကြုံတွေ့နေရသည်ဟု သိရှိရသည်။

6.3.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာရှိ ကျောင်းတွင် ယာယီစခန်းချ ထားသည့် တပ်ရင်း ၃၅၂ မှ တပ်ရင်းမှူးသည် လူတစ်ဦးကို ရှာမတွေ့သဖြင့် နွားများ သိမ်းဆည်း သွားခဲ့သည်။
စိမ်းညှင်းပြား ကျေးရွာအုပ်စု ရပ်ချောင်းရွာမှ ဦးမာမတ်နုရ် (ဘ) ဦးကာဆိမ်း ကို တပ်ရင်း ၃၅၂ မှ တပ်ရင်းမှူး ကိုယ်တိုင် အကြိမ်ကြိမ် လာရောက် ရှာဖွေခဲ့ရာ မတ်လ (၅) ရက်နေ့ ည ၇ နာရီ အချိန်တွင်လည်း လာရောက် ရှာဖွေခဲ့သည်။ လာရောက် ရှာဖွေစဉ် မတွေ့ရှိသဖြင့် ခြံထဲတွင် မွေးမြူထားသည့် နွား ၅ ကောင်ကို သိမ်းဆည်း သွားကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။
“တပ်ရင်းမှူးက ဘာအတွက် လာရှာလဲတော့ မသိဘူး။ အကြိမ်ကြိမ် လာရှာတယ်။ အရင်တစ်ခါတုန်းက ဦးမာမတ်နုရ်ရဲ့ ဇနီးကို ဖမ်းခေါ်သွားဖို့လုပ်သေးတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးက မလုပ်ပါနဲ့ဆိုပြီး ၀င်တားလို့ ဖမ်းမသွားတာ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
ဦးမာမတ်နုရ်ကို လာရောက်ရှာဖွေစဉ် ကျေးရွာတာဝန်ခံ၊ ဆယ်အိမ်မှူး တစ်ဦးတို့ ပါဝင်ခဲ့ပြီး၊ နွား ၅ ကောင်ကို နွားကျောင်းသားနှင့်အတူ ဂူတာပြင်ကျေးရွာရှိ ကျောင်းသို့ ယူဆောင်သွားကြောင်း သိရှိရသည်။

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သိမ်တောင်ပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က မင်္ဂလာဆောင်ပွဲများ ကျင်းပလျှင် အကြောင်းအမျိုးမျိုးပြ၍ ငွေညှစ်လျက် ရှိသည်။
သိမ်တောင်ပြင် ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များက ဒေသခံ ရိုဟင်ဂျာများ မင်္ဂလာဆောင်ပွဲ ကျင်းပလျှင် ငွေကျပ် အနည်းဆုံး ၅ သောင်းမှ ၁ သိန်းထိ ညှစ်ယူနေသည်ဟု ဒေသခံများက RB News သို့ပြောသည်။
အဓိက ငွေညှစ်သူမှာ အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ဝင်း ဖြစ်ပြီး၊ ၎င်းနှင့် အတူ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများလည်း ပါဝင်သည်ဟု ဆိုသည်။
“ခေါင်းစဉ်ကတော့ မျိုးစုံတပ်တယ်။ နယ်ခြားစောင့်ရဲတွေကို ပေးရမယ်ဆိုပြီးလည်း ပြောတယ်။ မင်္ဂလာဆောင်ပွဲတစ်ပွဲမှာ သတို့သား၊ သတို့သမီး တို့ရဲ့ မိဘတွေ ပွဲစီစဉ်ပေးသူ တစ်ယောက်မှ မကျန် အကုန်လုံးဆီက အနည်းဆုံး ၂ သောင်းကနေ ၅ သောင်း၊ တစ်ချို့လူတွေဆီကဆိုရင် တစ်သိန်းထိ ယူတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ဝင်းနှင့် အဖွဲ့သည် မတ်လ (၂) ရက်နေ့က မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် ဦးနူရ်အာလောမ်၊ ဦးနိုရို (ဘ) ဦးနာဂိုး၊ ဦးရှူနာမျာ၊ ဦးဟာရှိမ်း (ဘ) ဦးလေရူး တို့ထံမှ ငွေညှစ်ခဲ့ကြောင်း သိရှိရသည်။
RB News
5.3.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ရိုဟင်ဂျာနေအိမ် ၁၅ လုံး မီးရှို့ခံခဲ့ရသည်။
မတ်လ (၅) ရက်နေ့ နံနက် ၁၂ နာရီခန့် (မတ်လ ၄ ရက်နေ့ ညသန်းခေါင်ယံ) အချိန်တွင် ဘူးသီးတောင်မြို့နယ် ရွက်ညိုတောင် (ရိုဟင်ဂျာဒေါင်) ကျေးရွာအုပ်စု အလယ်ရွာမှ ရိုဟင်ဂျာနေအိမ်တစ်လုံး မီးရှို့ခံခဲ့ရသည်။
အဆိုပါ နေအိမ်မီးရှို့သူများကို ရွာသားများက မီးရှို့နေစဉ် မတွေ့ရှိခဲ့သော်လည်း ရွာအတွင်းသို့ ရခိုင်ရွာသားများ ၀င်ရောက်ခဲ့သည်ကို တွေ့ရှိကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
မီးရှို့ခံရသည့် နေအိမ်မှ ပိုင်ရှင်သည် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုဒဏ်ကို ကြောက်ရွံ၍ တစ်ဖက်နိုင်ငံတွင် တိမ်းရှောင်နေသူ ဖြစ်သည်ဟု သိရှိရသည်။
တစ်ဖန် ညနေ ၄း၂၀ နာရီခန့် အချိန်တွင် ခြင်းသမား ကျေးရွာအုပ်စု မိုနုဖာရာ (မောင်နုရွာ) ၏ လူမနေတော့သည့် ရိုဟင်ဂျာ နေအိမ် (၁၄) လုံးကို နယ်ခြားစောင့်ရဲများက မီးရှို့ဖျက်ဆီးခဲ့သည်။
“အိမ်တွေကတော့ နယ်ခြားစောင့်ရဲ ကင်းစခန်းနဲ့ ကပ်နေတဲ့ အိမ်တွေပါ။ အိမ်ရှင်တွေကတော့ တဖက်နိုင်ငံမှာ ခိုလှုံနေကြတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။
၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ရိုဟင်ဂျာ ကျေးရွာ ၃၆၀ နီးပါး မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ကျေးရွာပေါင်း ၆၀ နီးပါးကို ဘူဒိုဇာများ သုံး၍ မြေညှိခဲ့သည်။ ယခုအခါ ကျေးရွာများတွင် ကျန်ရှိနေသည့် နေအိမ်များကို မီးရှို့ခြင်း၊ ရွာထဲရှိ ရိုဟင်ဂျာများ မနေရဲတော့အောင် မီးရှို့ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိသည်။

| ရွက်ညိုတောင်မှ ရိုဟင်ဂျာနေအိမ် တစ်လုံး မီးလောင်နေစဉ် |
![]() |
| မောင်နုရွာမှ နေအိမ်များ မီးလောင်သွားပြီးနောက် ရိုက်ကူးထားသည့်ပုံ |
MYARF
RB News
5.3.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်သိန်းကျေးရွာအုပ်စုရှိ ရိုဟင်ဂျာနေအိမ် (၃) လုံးထဲသို့ နယ်ခြားစောင့်ရဲများ ၀င်ရောက်၍ ဓါးပြသဖွယ် လုယက်ခဲ့သည်။
မတ်လ (၄) ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန်တွင် စေတီတောင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး အပါအ၀င် နယ်ခြားစောင့်ရဲ (၇) ဦးနှင့် စေတီတောင်ရွာမှ ရခိုင်ရွာသား တစ်ဦး တို့သည် ဘုရားပြင်သိန်းကျေးရွာအုပ်စု၊ ဖဲရူလ္လာ (ပြင်လှ) ကျေးရွာသို့ သွားရောက်၍ ဦးရှောမ်ရှူ (ဘ) ဦးအလီအာဘောရ်၊ ဒေါ်ခေါ်တီဇာ၊ ဦးအာဘူရှော်မာ တို့၏ နေအိမ်များထဲသို့ ၀င်ရောက်၍ တရားခံ တစ်ဦး ပုန်းနေသည်ဟု သတင်းရရှိသဖြင့် ရှာဖွေမည်ဟု အကြောင်းပြကာ ၀င်ရောက်ခဲ့သည်။
ထို့နောက် နေအိမ်အတွင်းရှိ အိမ်သားများနှင့် အမျိုးသမီးများကို ကိုယ်ထိလက်ရောက် စော်ကား၍ အိမ်ပြင် ထုတ်ထားက နေအိမ်များအတွင်း စိတ်ကြိုက် မွှေနှောက်၍ သေတ္တာများကို ဖျက်ဆီးကာ အဖိုးတန် ပစ္စည်း၊ ရွှေ၊ ငွေများ လုယက်ယူဆောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
နယ်ခြားစောင့်ရဲများသည် ဦးရှော်မ်ရှူ နေအိမ်မှ ငွေကျပ် ၁၆ သိန်း နှင့် ရွှေ ၅ မူးသားကျော်၊ ဒေါ်ခေါ်တီဇာ နေအိမ်မှ ငွေကျပ် ၃ သောင်းနှင့် ဦးအာဘူရှော်မာ၏ နေအိမ်မှ ငွေကျပ် ၅ သောင်းနှင့် တစ်မတ်သားခန့်ရှိ ရွှေနားကွင်း တစ်ရံ လုယက်ယူဆောင် သွားခဲ့သည်။
MYARF
RB News
5.3.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပေါင်းဇားကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးကို စ.ရ.ဖ အရာရှိများက ရာထူးမှ ရပ်စဲပစ်မည်ဟု ဆိုကာ ခြိမ်းခြောက်ခဲ့သည်။
မတ်လ (၃) ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် မောင်တောမြို့ အခြေစိုက် စ.ရ.ဖ မှ ဗိုလ်ကြီးနှင့် ယင်း စ.ရ.ဖ ရုံးမှ စ.ရ.ဖ (ရေတပ်) ဗိုလ်ကြီးတို့ နှစ်ဦးသည် မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၆) နယ်မြေစခန်း (ကျောက်လှေကား နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း) သို့ သွားရောက်ခဲ့သည်။ ၎င်းတို့သည် ကျောက်လှေကား စခန်းမှ နယ်ခြားစောင့်ရဲ အချို့နှင့် အတူ ညနေ ၄ နာရီခန့်အချိန်တွင် ပေါင်းဇားကျေးရွာ (အာရှိက္ခားဖာရာ) သို့သွားရောက်၍ အာဏာပိုင်များ၏ သတင်းပေး ဦးမာမတ်အာလောမ် (ဘ) ဦးမာမတ်အစ္စလာမ် ကို ခေါ်ယူ၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနော်ဂျီမုလ်ဟာဆောင်း ကို သွားရောက် တွေ့ဆုံခဲ့သည်။
စ.ရ.ဖ ဗိုလ်ကြီးများက ကျေးရွာအုပ်ချုပ်ရေးမှူး ကို ကျေးရွာတွင် အကြမ်းဖက် လူဆိုးများနှင့် စိတ်ကြွဆေးပြား ရောင်းချနေသူများ ရှိနေသောကြောင့် ၎င်းတို့၏ အမည်စာရင်းများ ပြုစုပြီး စ.ရ.ဖ သို့ ပေးရန် ပြောဆိုရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာတွင်းတွင် အကြမ်းဖက်လူဆိုးများ မရှိပါဟု ဖြေကြားခဲ့သည်။ စ.ရ.ဖ ဗိုလ်ကြီးများက ကျေးရွာအုပ်ချုပ်ရေးမှူး ဖြေကြားသည်ကို လက်မခံဘဲ လူဆိုးများ၏ အမည်စာရင်း မပေးပါက ကျေးရွာအုပ်ချုပ်ရေးမှူး ရာထူးမှ ရပ်စဲပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
“ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာထဲမှာ စ.ရ.ဖ က ပြောသလို လူဆိုးတွေ မရှိတော့ စာရင်းလုပ်စရာ မရှိဘူးလေ။ အဲဒါကြောင့် ဘာစာရင်းမှ မပေးလိုက်ဘူး။ စ.ရ.ဖ ဗိုလ်ကြီး နှစ်ယောက်ကတော့ မောင်တောမြို့ပေါ်ကို ပြန်မသွားဘဲ နယ်ခြားစောင့်ရဲတွေနဲ့ အတူ ကျောက်လှေကား စခန်းမှာ ညအိပ်တာကြောင့် ရွာသားတွေက ညအချိန်မှာ ရွာကိုဝိုင်းပြီး ၀င်စီးမှာကို ကြောက်ရွံပြီး ရွာမှာမနေတော့ဘဲ တိမ်းရှောင်နေခဲ့တယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။
မတ်လ (၄) ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ စ.ရ.ဖ ဗိုလ်ကြီးနှစ်ဦးသည် သတင်းပေး ဦးမာမတ်အာလောမ်နှင့် အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံ ထပ်မံရောက်ရှိလာပြီး ထပ်မံ၍ စာရင်းတောင်းခံခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ၎င်း၏ရွာတွင် လူဆိုးမရှိဟု သေချာပြောပြသော်လည်း စ.ရ.ဖ ဗိုလ်ကြီးများက ၎င်းအား ရာထူးမှ ရပ်စဲမည်ဟု ပြောဆိုသည့် အပြင် ဒုက္ခရောက်အောင်ပါ လုပ်မည်ဟု ခြိမ်းခြောက်၍ ကျောက်လှေကား နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ပြန်လည် ထွက်ခွာသွားပြီး ယင်းစခန်းတွင်ပင် ညအိပ်ခဲ့ကြောင်း သိရှိရသည်။
စ.ရ.ဖ ဗိုလ်ကြီးနှစ်ဦး ကျောက်လှေကား စခန်းတွင် ညအိပ်သောကြောင့် ရွာသားများက ၎င်းတို့၏ သတင်းပေးက မဟုတ်မမှန် စာရင်းများ ပေးခဲ့သလား၊ ညပိုင်းတွင် ရွာကိုဝင်စီးလေမလားဟု တွေးပူကြကာ အမျိုးသားများ ရွာမှ တိမ်းရှောင်နေခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

4.3.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ယာဉ်ထိန်းရဲ (၃) ဦးသည် ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခြင်း၊ ငွေကြေးများ လုယက်ယူခြင်းများ နေ့စဉ်နေ့တိုင်း ပြုလုပ်နေသည်။
ယာဉ်ထိန်းရဲ (၃) ဦးမှာ တပ်ကြပ်ကြီး သန်းရွှေ၊ ထွန်းထွန်းဦးနှင့် ထွန်းမြင့် တို့ဖြစ်ကြပြီး၊ များသောအားဖြင့် အမှတ် (၅) ရပ်ကွက်တွင် အခြေစိုက်၍ ဆိုက်ကယ်ကယ်ရီသမားများ၊ တက္ကစီသမားများအပြင် နယ်ပိုင်းမှ ဈေးဝယ်ရန် လာရောက်သူများကို ပစ်မှတ်ထား၍ ငွေညှစ်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။
“သန်းရွှေဆိုတဲ့ လူက နယ်ကလူတွေကို အဓိက ပစ်မှတ်ထားပြီး ငွေညှစ်တယ်။ အဲလို ငွေညှစ်ရင်းနဲ့ ငွေကြေးလည်း တော်တော်ချမ်းသာနေပြီ။ သူ့သမီးအလတ် သီရိပိုင် ဆိုသူက ၂၀၁၁ မှာ တက္ကသိုလ်တက်နေရင်း စိတ်ကြွဆေးပြား ရောင်းဝယ်ခဲ့လို့ အဖမ်းခံခဲ့ဖူးတယ်။ စခန်းမှူးနဲ့ ပိုင်တော့ ချက်ချင်း ပြန်လွတ်လာတယ်။ ပြည်သူ့ဝန်ထမ်း တစ်ယောက် ဖြစ်ပြီး ဥပဒေကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေသူတစ်ယောက်ပါ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
အခြားဒေသခံတစ်ဦးက “သန်းရွှေ၊ ထွန်းထွန်းဦးနဲ့ ထွန်းမြင့် တို့ကြောင့် ကျွန်တော်တို့ ဆိုင်ကယ်ကယ်ရီ လုပ်ရတာ မလွယ်ဘူး။ တွေ့တဲ့နေရာမှာ ဆိုင်ကယ်ကို တားပြီး၊ အိတ်ထဲ ရှိသမျှ ငွေကို လိုင်စင်ရ ဒမြလို လုယူတယ်” ဟု လုယက်ခံရသည့် ဆိုင်ကယ်ကယ်ရီသမား တစ်ဦးက ပြောသည်။
ရခိုင်လူမျိုးများ ဆိုင်ကယ်ဦးထုပ် မဆောင်းလျှင် ပြဿနာမရှိသော်လည်း ရိုဟင်ဂျာများ ဆိုင်ကယ် ဦးထုပ် မဆောင်းမိလျှင် ကြီးမားသော ပြဿနာ ဖြစ်ကြောင်း၊ ရခိုင်လူမျိုးတစ်ဦးဦးက ရိုဟင်ဂျာလူမျိုးတစ်ဦးဦးကို ယာဉ်ဖြင့် တိုက်မိလျှင် မည်သို့မျှ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။
နှစ်ပေါင်းများစွာ နေ့စဉ်နေ့တိုင်း ငွေညှစ်ခြင်း၊ လုယက်ခြင်းများကြောင့် ဒေသခံများ အခက်ကြုံနေရပြီး၊ လွန်ခဲ့သည့် ၆ လ ကျော်မှစ၍ လုပ်ကိုင်စားသောက်၍ မရသောကြောင့် ငွေညှစ်၊ လုယက်ခံရလျှင် စားဝတ်နေရေး အတွက်ပင် အလွန်ခက်ခဲသွားကြောင်း ဆိုင်ကယ်ကယ်ရီသမားများနှင့် တက္ကစီသမားများက ပြောပါသည်။
အဆိုပါ ယာဉ်ထိန်းရဲ (၃) ဦးကို နိုင်ငံတော်အစိုးရမှ တရားဥပဒေနှင့် အညီ အရေးယူဆောင်ရွက် ပေးပါရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။
MYARF
RB News
3.3.2018
မောင်တော ။ ။ စစ်သားများသည် နယ်ခြားစောင့်ရဲ ၀တ်စုံများ ၀တ်ဆင်၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပန်းတောပြင် ကျေးရွာအုပ်စုသို့ ၀င်ရောက် စခန်းချထားသည်။
မတ်လ (၂) ရက်နေ့တွင် လက်နက်အပြည့်ပါ အင်အား ၅၀ ခန့်ရှိသည့် စစ်သားများသည် နယ်ခြားစောင့်ရဲ ၀တ်စုံများ ၀တ်ဆင်၍ မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာသို့ ၀င်ရောက်လာပြီး ကျေးရွာ ဥက္ကဌဟောင်း ဦးအီလီယာစ်၏ အိမ်အလွတ်တွင် စခန်းချ၍ တစ်ညအိပ်ခဲ့သည်။
ယနေ့ မတ်လ (၃) ရက်နေ့ နံနက် ၉ နာရီခန့် အချိန်တွင် ပန်းတောပြင်ကျေးရွာအုပ်စု ရွာကြီးသို့ ၀င်ရောက်၍ ရွာဝင်အစပိုင်းရှိ ဦးမာမတ်ရှားဟ်၏ နေအိမ် အလွတ်တွင် စခန်းချ၍ နေထိုင်လျက်ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
အဆိုပါ စစ်သားများ အုပ်စုထဲမှ စစ်သားအချို့သည် ရွာထဲရှိ ဆိုင်များသို့ သွားရောက် ဈေးဝယ်ယူ၍ ယင်းအိမ်တွင် ချက်ပြုတ်စားသောက်ပြီး ယခု ညအချိန်ထိ ရှိနေသေးသည်ဟု ဒေသခံများက ဆိုသည်။
ယခုအချိန်ထိ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးခြင်း၊ နှောက်ယှက်ခြင်း မရှိသေးကြောင်း၊ လွန်ခဲ့သည့် အပတ်ကလည်း နယ်ခြားစောင့်ရဲ ၀တ်စုံများ ၀တ်ဆင်၍ စစ်သားအဖွဲ့ တစ်ဖွဲ့ ပန်းတောပြင်ကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး ရွာသစ်တွင် တစ်ည၊ ရွာကြီးတွင်တစ်ညအိပ်၍ နောက်နေ့တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု ဒေသခံများက ပြောပါသည်။
၎င်းတို့က ဖမ်းဆီးခြင်း၊ နှောက်ယှက်ခြင်းများ မပြုလုပ်သော်လည်း စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ပူးပေါင်း၍ ရိုဟင်ဂျာများ၏ ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်း လုယက်ခြင်း၊ အပြစ်မဲ့များကို ဖမ်းဆီးခြင်း၊ ရိုက်နှက် သတ်ဖြတ်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို မုဒိမ်းကျင့်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ရွာထဲသို့ စစ်သား (သို့) နယ်ခြားစောင့်ရဲများ ၀င်လာလျှင် အထိတ်တလန့် ဖြစ်ရသည်ဟု ဒေသခံများက ဆိုသည်။
Rohingya Eye
RB News
3.3.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် လာမည့် မတ်လ (၇) ရက်နေ့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို လူမျိုးအလိုက် ကျောင်းများခွဲ၍ ကျင်းပရန် စီစဉ်ထားသည်ကို လေ့လာ တွေ့ရှိရသည်။
၂၀၁၈ ခုနှစ် မတ်လ (၇) ရက်နေ့တွင် တစ်နိုင်ငံလုံး၌ ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဖြေဆိုခွင့်ရရှိသည့် ကျောင်းသား/သူများ၏ ခုံနံပါတ်များကို လွန်ခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။ ထိုသို့ ကြေညာရာတွင် ရိုဟင်ဂျာကျောင်းသား/သူ များ၏ ခုံနံပါတ်များနှင့် အခြား ရခိုင်၊ ဗမာ၊ မြို၊ ဒိုင်းနက်၊ ခမွီးနှင့် ဟိန္ဒူကျောင်းသား/သူများ၏ ခုံနံပါတ်များကို ခွဲခြားထားကြောင်း တွေ့ရှိရသည်။
မောင်တောမြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ရိုဟင်ဂျာကျောင်းသား/သူ ၂၀၀ ကျော်ရှိပြီး၊ ၎င်းတို့၏ ခုံနံပါတ်များကို အ.ထ.က (၂) တွင် ကြေညာထားသည်။ အခြား ရခိုင်၊ ဗမာ၊ မြို၊ ဒိုင်းနက်၊ ခမွီးနှင့် ဟိန္ဒူများ၏ ခုံနံပါတ်များကို အ.ထ.က (၁) တွင် ကြေညာထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
“စာမေးပွဲကိုလည်း ကျောင်းခွဲပြီး စစ်မယ်လို့ ကြားရတော့ စာမေးပွဲခန်းမထဲမှာ ဖိနှိပ်ပြီး ဆက်ဆံမှာကို စိုးရိမ်နေရတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောပါသည်။
မြန်မာနိုင်ငံတွင် ယခုကဲ့သို့ စာမေးပွဲခန်းများကို လူမျိုးအလိုက် ခွဲခြား၍ ကျင်းပစစ်ဆေးခြင်းကို ယခင်က ပြုလုပ်ခဲ့ခြင်း မရှိခဲ့သော်လည်း ယခု ဒီမိုကရေစီ အစိုးရ လက်ထက်တွင် စတင်၍ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ယခုကဲ့သို့ ပြုလုပ်နေခြင်းမှာ မတူကွဲပြားသည့် အသိုင်းအ၀ိုင်းများကြား သဟဇာတ မရှိတော့အောင် တမင် ဖန်တီးလုပ်ယူနေခြင်း ဖြစ်သည်ဟု ဒေသခံများက ဝေဖန်ပြောဆိုသည်။
ခုံနံပါတ်ကြေညာထားသည့် စာရင်းများ --
အဖျက်မခံဘူး သင့်သမိုင်း
ကျော်သူရ (ရှင်ပက္ခိ)
ကျော်သူရ (ရှင်ပက္ခိ)
RB ကဗျာ
3.3.2018
ရှင်မွေးသန်မွေး ရိုကလေးရယ်...
ချောမောလှပ သင့်ခန္ဓာ
သပ်ရပ်ပြေပြစ် သင့်အသွင်
စကားမတတ် သင့်ပါးစပ်
လျှောက်ဖို့မစွမ်း သင့်ခြေနု
ရေးဖတ်မမှီ သင့်အရွယ်
ကောင်းဆိုးမခွဲ သင့်ပညာ
သို့ပေမယ့်...
လူစိတ်ကင်းစွာ ယုတ်မာခံရ
သနားမဲ့စွာ သတ်ဖြတ်ခံရ
ခံလိုက်ရတဲ့ သင့်ဘဝ
အို... ရိုကလေးရေ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
အဆွေမသိ သင်အငုံ
မောင်နှမ မကျွမ်း သင်အဖူး
မြေမှာမထား ပုရွက်ဆိတ်စိုး
ခေါင်းပေါ်မတင် သန်းသေးကိုစိုး
ခြင်ထောင်ခြုံထား ခြင်အကိုက်စိုး
သို့ပေမယ့် ...
လူ့စိတ်လစ်စွာ ပက်စက်ခံရ
ကရုဏာမဲ့စွာ နင်းသတ်ခံရ
ခံလိုက်ရတဲ့ သင့်ဘဝ
အို...ရိုကလေးရေ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
အငိုပြေနိဗ္ဗာန် အမိရင်ခွင်
အဆာပြေစိန်စာ အမိနို့ရည်
ပုခက်အအိပ် သားချော့တေး
ချဉ်းကပ်မခွာ သင့်အနား
ထိုသို့ပြုစု စောင့်ရှောက်မှု
မြတ်နိုးမှုလျှံ အမိနှင့်သား
သို့ပေမယ့် ...
အမိရင်ခွင်မှ ဆတ်ခနဲလု
ညှာတာလျှင်းစွာ စွန့်လွှတ်ခံရ
မီးငရဲထဲ သင့်ကိုယ်လေးကို
ပစ်ချလိုက်တဲ့ အကြောင်းတွေ
အို...ရိုကလေးရေ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
ရှင်မွေးသန်မွေး ရိုကလေးရယ်...
ချောမောလှပ သင့်ခန္ဓာ
သပ်ရပ်ပြေပြစ် သင့်အသွင်
စကားမတတ် သင့်ပါးစပ်
လျှောက်ဖို့မစွမ်း သင့်ခြေနု
ရေးဖတ်မမှီ သင့်အရွယ်
ကောင်းဆိုးမခွဲ သင့်ပညာ
သို့ပေမယ့်...
လူစိတ်ကင်းစွာ ယုတ်မာခံရ
သနားမဲ့စွာ သတ်ဖြတ်ခံရ
ခံလိုက်ရတဲ့ သင့်ဘဝ
အို... ရိုကလေးရေ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
အဆွေမသိ သင်အငုံ
မောင်နှမ မကျွမ်း သင်အဖူး
မြေမှာမထား ပုရွက်ဆိတ်စိုး
ခေါင်းပေါ်မတင် သန်းသေးကိုစိုး
ခြင်ထောင်ခြုံထား ခြင်အကိုက်စိုး
သို့ပေမယ့် ...
လူ့စိတ်လစ်စွာ ပက်စက်ခံရ
ကရုဏာမဲ့စွာ နင်းသတ်ခံရ
ခံလိုက်ရတဲ့ သင့်ဘဝ
အို...ရိုကလေးရေ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
အငိုပြေနိဗ္ဗာန် အမိရင်ခွင်
အဆာပြေစိန်စာ အမိနို့ရည်
ပုခက်အအိပ် သားချော့တေး
ချဉ်းကပ်မခွာ သင့်အနား
ထိုသို့ပြုစု စောင့်ရှောက်မှု
မြတ်နိုးမှုလျှံ အမိနှင့်သား
သို့ပေမယ့် ...
အမိရင်ခွင်မှ ဆတ်ခနဲလု
ညှာတာလျှင်းစွာ စွန့်လွှတ်ခံရ
မီးငရဲထဲ သင့်ကိုယ်လေးကို
ပစ်ချလိုက်တဲ့ အကြောင်းတွေ
အို...ရိုကလေးရေ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
မွေးဌာနေစုပ် သင့်သွေးပူပူ
သင့်အသားတွေ မြေစာဖြစ်သို့
သင့်အရိုးတွေ သက်သေထူ
သင့်အတွက် အဆွေးမဆုံး
သင်ခံရတဲ့ ဒီဖြစ်ရပ်ဆိုး
ကမ္ဘာတည်သရွေ့ တည်တံ့စေဖို့
အို့ ... ရိုကလေးရေ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
အသွားအပြန် အမှောင်အလင်း
အသာအနာ အမြင့်အနိမ့်
လောကဓမ္မတာ ဝဋ်အရစ်ကျ
သူတို့ခံလတ္တံ့ ...
သင်နေနေတော့ နိဗ္ဗာန်ရိပ်အောက်
အို...ရိုကလေးရေ...
ဒီမှာ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
သင့်အသားတွေ မြေစာဖြစ်သို့
သင့်အရိုးတွေ သက်သေထူ
သင့်အတွက် အဆွေးမဆုံး
သင်ခံရတဲ့ ဒီဖြစ်ရပ်ဆိုး
ကမ္ဘာတည်သရွေ့ တည်တံ့စေဖို့
အို့ ... ရိုကလေးရေ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
အသွားအပြန် အမှောင်အလင်း
အသာအနာ အမြင့်အနိမ့်
လောကဓမ္မတာ ဝဋ်အရစ်ကျ
သူတို့ခံလတ္တံ့ ...
သင်နေနေတော့ နိဗ္ဗာန်ရိပ်အောက်
အို...ရိုကလေးရေ...
ဒီမှာ ...
သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။
RB News
2.3.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် နှစ်နှစ်အောက် ကလေးများကို လူမှုဝန်ထမ်းဖူလုံရေး ဦးစီးဌာနမှ ထောက်ပံ့သည့် ငွေကြေးများကို ကျေးရွာအုပ်ချုပ်ရေး စာရေးက ဖြတ်စားနေသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
ဘူးသီးတောင်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် နှစ်နှစ်အောက် ကလေးများကို လူမှုဝန်ထမ်းဖူလုံရေး ဦးစီးဌာနမှ တစ်ဦးကို တစ်လလျှင် ငွေကျပ် တစ်သောင်းခွဲစီ ထောက်ပံ့ကြေး အဖြစ် ပေးအပ်လျက် ရှိသည်။
တစ်ဦးချင်းစီအတွက် (၃) လစာ ငွေကျပ် လေးသောင်းခွဲစီကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက ဖြန့်ဖြူးပေးလျက် ရှိကြောင်း သိရှိရသည်။
အချို့သော ကျေးရွာအုပ်စုများတွင် တိတိကျကျ ပေးလျက်ရှိသော်လည်း မိကျောင်းဈေးကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ စာရေးဖြစ်သူ ဦးအောင်နိုင်ဦး က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အောက်ခြေ၀န်ထမ်းများနှင့် ပူးပေါင်းကာ အကျိုးခံစားခွင့်ရသူများကို တစ်လစာ ငွေကျပ် တစ်သောင်းခွဲသာ ထုတ်ပေးပြီး ကျန်သည့် နှစ်လစာ ငွေကျပ် သုံးသောင်းစီကို ခေါင်းပုံဖြတ်၍ ဖြတ်စားနေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
မိကျောင်းဈေး ကျေးရွာအုပ်စု အတွင်းမှ နေရပ်စွန့်ခွာသွားပြီး တစ်ဖက်နိုင်ငံတွင် ယာယီခိုလှုံနေသူများ၏ အိမ်ခြံဝင်းများ အတွင်းမှ အပင်များ၊ ရွာ၏ သက်တမ်းကို သက်သေပြနေသည့် အပင်ဟောင်းများ၊ ရွာ၏ သက်တမ်းကို သက်သေပြနေသည့် အမှတ်အသားများကို ဖျက်ဆီးနေသည့် အပြင်၊ နေအိမ်များမှ အုတ်၊ သစ်၊ ထင်းပါမကျန် ဖြုတ်ယူ၍ ရောင်းချနေကြောင်း ဒေသခံများက ဖြည့်စွက် ပြောပါသည်။

"ကာကွယ်စောင့်ရှောက်မှုရှိသော ဇာတိမြေသို့ ရိုဟင်ဂျာများ အကာအကွယ်စောင့်အရှောက်နှင့်ပြန်ခွင့်ရရေးအတွက် ဘာလင်တောင်းဆို"
၂၀၁၈ ဖေဖော်ဝါရီလ (၂၆) ရက်
ဂျူးပြတိုက်တွင် ပြုလုပ်ခဲ့သော မြန်မာဂျီနိုဆိုက်ဆိုင်ရာ ဘာလင်ကွန်ဖရင့် က အောက်ပါတောင်းဆိုချက်ကို ထုတ်ပြန်သည်။
မြန်မာအစိုးရ၏ လက်ရှိဆက်လက်ဖြစ်ပွားနေဆဲဖြစ်သော ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု (ဂျီနိုဆိုက်) နှင့် ပတ်သက်၍ ကျွန်ုပ်တို့ အလေးအနက် စိုးရိမ်ပူပန်မိသည်။
ထိုအထဲတွင် မီးလောင်ကျွမ်းထားသော ကျေးရွာ ဒါဇင်များစွာကို ဘူဒိုဇာများနှင့် ထိုးဖျက်နေမှု၊ ရိုဟင်ဂျာနေအိမ်များကို မီးရှို့နေမှု၊ တိုင်းပြည်အတွင်းတွင် ကျန်ရစ်နေခဲ့သော ရိုဟင်ဂျာများပေါ်တွင် မျက်နှာဖုံးကျွတ်သွားသည့် ခြိမ်းခြောက်မှုများ၊ တိုင်းပြည်နှစ်ခုကြား ပိုင်ဆိုင်မှုကင်းမဲ့ဇုန်သို့ရောက်ရှိနေသည့် ရိုဟင်ဂျာ ၆၀၀၀ ကျော်အတွက် မရှိမဖြစ်လိုအပ်သော စားနပ်ရိက္ခာအထောက်အပံ့ စီးဆင်းမှုကို ဖြတ်တောက်ရန် ဘင်္ဂလားဒေရှ့်အာဏာပိုင်များအား တိုက်တွန်းမှုတို့ ပါဝင်သည်။
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ လူသတ်ကွင်းများမှ ကြောက်လန့်တကြားထွက်ပြေးလာသော ရိုဟင်ဂျာများကို နယ်စပ်ဖွင့်ပေးသည့် ဘင်္ဂလားဒေ့ရှ်ပြည်သူများနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရကို စံနမူနာပြ မေတ္တာပြည့်ဝသည့်၊ လူသားဆန်သည့် လုပ်ရပ်များအတွက် ကျွန်ုပ်တို့ ကျေးဇူးတင်ရှိပါသည်။
လတ်တလောသတ်မှတ်ချက်အနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရအပေါ်တွင် ကျရောက်နေသော ဝန်ထုတ်ဝန်ပိုးကို လျှော့ချနိုင်ရန်နှင့် ကုလသမဂ္ဂအေဂျင်စီများမှ လူသားဆန်သော တာဝန်ဝတ္တရားများကို ဆောင်ရွက်နိုင်ရန်အတွက် ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းမျာရှိ ရိုဟင်ဂျာများအတွက် လူသားဆန်သောအကူအညီများပမာဏကို သိသိသာသာမြှင့်တင်ရန် အစိုးရများ နှင်း အစိုးရမဟုတ်သော ကူညီသူများကို ကျွန်ုပ်တို့က ဖိတ်ခေါ်တောင်းဆိုလိုက်သည်။

ခန့်မှန်းခြေ တသန်းခန့်ရှိသော ရိုဟင်ဂျာဒုက္ခသည်များကို အကာအကွယ်အစောင့်အရှောက်ရှိသည့် ဇာတိမြေသို့ အကာအကွယ်အစောင့်အရှောက်ဖြင့် နေရပ်ပြန်ပို့နိုင်ရေးသည် တခုတည်းသော ရေရှည်အတွက်
ဖြေရှင်းချက်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
ဤသည်မှာ မြန်မာပြည်တွင် စစ်တပ်၊ သံဃာ့အဖွဲ့အစည်း၊ သာမန်ပြည်သူများနှင့် ဒီချုပ်အပါအဝင် အရပ်သားပါတီများက ရိုဟင်ဂျာများ၏ မြန်မာပြည်တွင် တည်ရှိမှု၊ ကိုယ်ပိုင်အမှတ်အသားနှင့် သမိုင်ကြောင်းတို့ကို အသိအမှတ်ပြုရန် နှစ်ရှည်လများ ငြင်းဆန်နေချိန်၊ ရိုဟင်ဂျာများ၏ မိမိဘာသာ အုပ်စုအမှတ်အသားပြုလုပ်မှတ်သားခွင့်တို့ကို အလေးမထားချိန်တွင်လည်း ဖြစ်သည်။
လူသိရှင်ကြား ဆွေးနွေးပွဲ နှစ်ခုပြီးသည့်တိုင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ဘုံရပ်တည်ချက်တခုမျှ မရနိုင်ခဲ့သည်ကို ကျွန်ုပ်တို့ အထူးပင် စိတိပျက်မိသည်။ ဂျီနိုဆိုက်အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုဟု တနေ့တခြား ပိုမို၍ အသိအမှတ်ပြုခံနေရသည့် အရေးကိစ္စကြီးတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် အကျိုးဆက်ရှိသည်၊ ထိရောက်မှုရှိသည့် ဆုံးဖြတ်ချက်တစုံတရာမျှ မချမှတ်နိုင်ခဲ့သေး။ ဤသည်မှာ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် ရိုဟင်ဂျာ ၆၆၈၀၀၀ ခန့် တိုင်းပြည်မှ ထွက်ပြေးခဲ့ကြပြီးနောက် ခြောက်လကြာသည်အထိ မြန်မာပြည်၏ တနေ့တခြားဆိုးရွားလာနေသော လူသားဆိုင်ရာ ကပ်ဘေးကြီးအပေါ် ထိရောက်သော အရေးယူမှု တစုံတရာ မချမှတ်နိုင်သေးခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ရိုဟင်ဂျာလူမျိုးများအတွက် သူတို့တွင် အိမ်ဟုခေါ်စရာ ကမ္ဘာမြေအစိတ်အပိုင်းတခု ရရှိနိုင်ရေးအတွက် လက်တွေ့ကျသော ရေရှည် ပြဿနာဖြေရှင်းချက်နည်းလမ်းများကို ရှာဖွေမည့် အထူးကွန်ဖရင့်တခုကျင်းပရန် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ ကနေဒါအစိုးရများနှင့် အခြားအမျိုးသားအစိုးရများ (for instance, Turkey)၊ ဒေသတွင်းအဖွဲ့အစည်းများကို ကျွန်ုပ်တို့က တိုက်တွန်းဖိတ်ခေါ်လိုက်ပါသည်။

ဆက်သွယ်ရန် ။
ထွန်းခင် tunkhin80@gmail.com; +44 788 871 4866
ဒေါက်တာဇာနည် fanon2005@gmail.com; +44 771 047 3322
RB News
24.2.2018
မြန်မာနိုင်ငံကနေ ထွက်ပြေးလာပြီး ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ဦးရေဟာ တစ်သန်းကျော်သွားပြီဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကော့ဇ်ဘာဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီ သွားရောက်လေ့လာခဲ့အပြီး Anadolu Agency သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဝါဂျိဒ်ခါန်က အခုလို ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။
"မိခင်နဲ့ဖခင် နှစ်ဦးစလုံး ဆုံးရှုံးခဲ့ရတဲ့ မိဘမဲ့ ရိုဟင်ဂျာ ကလေးငယ် ၂၇၀၀၀ ရှိတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးဆိုရင်လည်း ၆ သောင်းရှိတယ်။ သူတို့ဟာ အဲ့ဒီနေရာမှာ အခြေတကျ နေထိုင်ဖို့ရောက်လာကြတာ မဟုတ်ဘူး။ အသက်ရှင်သန်ခွင့် ရရုံမျှအတွက် ရောက်ရှိလာကြတာဖြစ်တယ်။ ရိုဟင်ဂျာတွေဟာ ညှဉ်းပန်းနှိပ်စက်မှုတွေရဲ့ သားကောင်ဖြစ်နေရတာကို မြင်ရတဲ့အခါ ကမ္ဘာ့နိုင်ငံသားတစ်ဦးအနေနဲ့ရော လူသားတစ်ဦးအနေနဲ့ရော ကျနော့် နှလုံးသားကို အက်ကွဲ နာကျင်စေတယ်ဗျာ" လို့ ခါန်က ဝမ်းနည်းစွာ ရင်ဖွင့်ပါတယ်။
တူရကီနိုင်ငံရဲ့ အကူအညီပေးရေး အဖွဲ့တွေဟာ ဒုက္ခသည်တွေရှိရာကို ရောက်လာပြီး ပထမဆုံးအကူအညီပေးတဲ့ အဖွဲ့တွေဖြစ်ပြီး အင်မတန် တက်တက်ကြွကြွ ရှိတယ်လို့ ခါန်က အသိအမှတ်ပြု ပြောသွားပါတယ်။
မြန်မာအစိုးရရဲ့ကျူးလွန်မှုတွေဟာ သိသာထင်ရှားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း ခါန်က ပြောကြားပါတယ်။
"ကမ္ဘာ့ကုလသမဂ္ဂကလည်း ဒါဟာ ပြဌာန်းစာအုပ်မှာ ဥပမာပေးနိုင်တဲ့ လူမျိုးသုဉ်း သုတ်သင်မှုပါလို့ ပြောခဲ့တာပဲ။ နိုင်ငံတစ်ခုက သူ့နိုင်ငံသားတွေကို ဒီလိုမျိုး ဖိနှိပ်နေတာတွေမြင်ရတာ တကယ် တုန်လှုပ်စရာကောင်းပါတယ်" လို့ သူကပြောပါတယ်။
ရိုဟင်ဂျာမွတ်စလင်မ်တွေဟာ မြန်မာနိုင်ငံကနေ ထွက်ခွာနေတာ အချိန်ကာလအားဖြင့် အလွန်ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ သူတို့ရဲ့ လူ့ဂုဏ်သိက္ခာတွေ ဖျက်ဆီးခံနေရတာကလည်း သူတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ မဟုတ်လို့သာ ဖြစ်ကြောင်း သူက စိတ်ပျက်စွာပြောပြပါတယ်။
"မြန်မာ့နိုင်ငံရေးကို ဦးဆောင်နေတဲ့ ခေါင်းဆောင်အဖြစ် ထင်ရှားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူ့အခွင့်အရေးလှုပ်ရှားသူနဲ့ လူ့အခွင့်အရေးကို ထောက်ခံသူလို့ ဆိုခဲ့ကြပေမယ့် "၁၉၉၅ ရဝမ်ဒါ ဖြစ်ရပ်ဆိုး" နောက်ပိုင်းမှာ ဖြစ်လာတဲ့ ကမ္ဘာ့အကြီးမားဆုံး လူသားကပ်ဘေးကို ဒေါ်အောင်ဆန်းစုကြည်က မသိယောင်ဆောင် လျစ်လျူရှုထားပါတယ်" လို့ ခါန်က ပြစ်တင်လိုက်ပါတယ်။
တစ်ဆက်တည်းမှာ သူက "ရိုဟင်ဂျာတွေရဲ့သွေးဟာလည်း ဥရောပသားတွေရဲ့ သွေးအောက် တန်ဖိုးကျဆင်းမနေဘူး။ သူတို့တစ်တွေမှာလည်း လူ့အခွင့်အရေး ခံစားပိုင်ခွင့်ရှိတယ်။ သူတို့က အလှူဒါနတွေကို တောင်းဆိုနေတာမဟုတ်ဘဲ သူတို့ရဲ့ အခွင့်အရေးကိုသာ တောင်းဆိုနေတာဖြစ်တယ်။ ကျနော်တို့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း တစ်သီးပုဂ္ဂလအနေနဲ့ရော အဖွဲ့အစည်းအလိုက်အနေနဲ့ရော အားလုံးအတူတကွ ရပ်တည်ပြီး သူတို့အပေါ် ဖိနှိပ်နေတာတွေကို ဆန့်ကျင်ရင်း သူတို့ကိုထောက်ခံသင့်ပါတယ်" လို့ ခါန်က ဖြည့်စွက်ပြောကြားပါတယ်။
၂၀၁၇ ဩဂုတ်လ ၂၅ ရက်နေ့ကစပြီး မြန်မာအစိုးရလက်နက်ကိုင်တပ်ဖွဲ့တွေက လူနည်းစုမွတ်စလင်မ်တွေအပေါ် နှိမ်နှင်းမှုတစ်ခုကို ပြုလုပ်လာခဲ့တာကြောင့် လူဦးရေ ၆၈၈၀၀၀ ထက်များတဲ့ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးထိန်းရှောင်ခဲ့ရပြီး ဖြစ်ပါတယ်။ အဲ့ဒီထဲက အများစုဟာ ကလေးငယ်နဲ့ အမျိုးသမီးတွေပဲ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ စာရင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ၂၀၁၇ ဩဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ ရိုဟင်ဂျာ အနည်းဆုံး ၉၀၀၀ ဦး အသတ်ခံခဲ့ရတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ကမ္ဘာလုံးဆိုင်ရာ လူသားချင်း စာနာထောက်ထားရေးအဖွဲ့ရဲ့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အသတ်ခံရသူများရဲ့ ၇၁.၇ ရာခိုင်နှုန်း (လူပေါင်း ၆၇၀၀ ဦး) ဟာ (မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့) အကြမ်းဖက်မှုကြောင့် အသတ်ခံရတာ ဖြစ်ကြောင်း၊ အဲ့ဒီထဲမှာ ၅ နှစ်အောက် ကလေးသူငယ်ပေါင်း ၇၃၀ ဦး ပါဝင်ကြောင်း ဖော်ပြထားပါတယ်။
ကမ္ဘာ့အဖိနှိပ်ခံရဆုံး မျိုးနွယ်စုလို့ ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုခြင်းခံရတဲ့ ရိုဟင်ဂျာတွေဟာ ၂၀၁၂ ခုနှစ်က လူဒါဇင်ပေါင်း အသတ်ခံခဲ့ရတဲ့ လူမျိုးရေးဘာသာရေးနွယ်တဲ့ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း တိုက်ခိုက်မှုရဲ့ အမြင့်ဆုံးကြောက်ရွံ့မှုနဲ့ ရင်ဆိုင်လာနေရတာဖြစ်ပါတယ်။
မြန်မာလက်နက်ကိုင်အုပ်စုက ကျူးလွန်ခဲ့တဲ့ အုပ်စုလိုက်မုဒိမ်းကျင့်မှု၊ နို့စို့ကလေးအပါအဝင် ကလေးသူငယ်များစွာကို သတ်ဖြတ်မှု၊ လူမဆန်စွာရိုက်နှက်မှု၊ လူတွေ ပျောက်ဆုံးသွားမှု တွေကို ကုလသမဂ္ဂအဖွဲ့အစည်းက စုံစမ်းလေ့လာပြီး မှတ်တမ်းတင်ထားပါတယ်။ စုံစမ်းလေ့လာသူတွေက ရိုဟင်ဂျာအပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ လူမျိုးသုဉ်း သုတ်သင်ရေးမြောက်နိုင်ပါတယ်လို့ မှတ်ချပြုခဲ့ပါတယ်။
Anadolu Agency ရဲ့ "Rohingya blood not cheaper than European blood" ကို ယျာတင် (ရိုဟင်းသား) ဘာသာပြန်ထားသည်။
Rohingya Eye
RB News
23.2.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့ပေါ်တွင် ဆိုင်ဖောက်ထွင်းခံနေရသည့် အချိန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အော်ဟစ် အကူအညီတောင်းသော်လည်း မည်သည့် အကူအညီမရသောကြောင့် ဆုံးရှုံးမှုကြီးစွာ ဖြစ်ပေါ်နေရသည်။
ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နံနက် ၃ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် မြို့မနာရီစင် အနောက်ဘက် လိုင်းခန်းရှိ ဦးဇီယာဘူ (ဘ) ဦးအီနုစ် (မြို့မတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း) (အသက် ၂၈ နှစ်) ၏ လျှပ်စစ်ပစ္စည်းဆိုင်ကို အမည်မသိသူများက သော့များ ရိုက်ချိုး၍ ၀င်ရောက်ပြီး ၀ါယာကြိုးများ၊ ဆင်းမ်ကဒ်များ၊ မိုဘိုင်းဖုန်းများ အပါအ၀င် ငွေကျပ် သိန်း ၂၀ ကျော် တန်ဖိုးရှိ ပစ္စည်းများ ခိုးယူသွားခဲ့သည်။
ယင်းဆိုင်ကို ယခု ဖေဖော်ဝါရီလအတွင်း နှစ်ကြိမ်မြောက် ဖောက်ထွင်းခဲ့ခြင်း ဖြစ်သည်။
ဆိုင်ရှင်ဖြစ်သူသည် ဆိုင်လိုင်းခန်းများ၏ အပေါ်တွင် အိမ်ခန်းငှားရမ်း၍ နေထိုင်လျက် ရှိသည်။ နာရီစင်အနီးတွင် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှိပြီး၊ ၎င်းရုံးဂိတ်ဝတွင် လုံခြုံရေးရဲကင်းစခန်းတစ်ခုရှိသည်။ ညအချိန်တွင် အဆိုပါ ရဲကင်းစခန်းမှ အချက်ပြဓါတ်မီးများကို အချိန်တိုင်းထိုး၍ စစ်ဆေးလေ့ရှိပြီး ဦးဇီယာဘူ၏ ဆိုင်ကို ဖောက်ထွင်းနေစဉ် ဦးဇီယာဘူက ၎င်း၏ အိမ်ခန်းမှ သူခိုး သူခိုးဟု အော်ဟစ် အကူအညီ တောင်းခံသော်လည်း ကင်းစခန်းမှ ရဲများ ထွက်လာခြင်း မရှိခဲ့သလို၊ ဓါတ်မီးထိုးခြင်းပင် မပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
ပုဒ်မ ၁၄၄ အချိန်အတွင်းတွင် အဆိုပါ နာရီစင် ခွဆုံ အနီးတစ်ဝိုက်၌ မြို့နယ် ရဲစခန်းမှ ရဲများက အမြဲကင်းလှည့်လျက် ရှိသော်လည်း ယခုကဲ့သို့ ဆိုင်သော့ကို ရိုက်ချိုး၍ ပစ္စည်းများ ခိုးယူသွားခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။
Rohingya Eye
23.2.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ အဆမတန် ငွေညှစ်မှုကြောင့် ဒေသခံတစ်ဦးက ပိုင်ဆိုင်မှုများကိုပင် ပစ်ထား၍ တစ်ဖက်နိုင်ငံတွင် ခိုလှုံရန် ထွက်ခွာသွားသည်။
၂၀၁၇ သြဂုတ်လတွင် မောင်တောမြို့နယ် မြို့ဦးကျေးရွာ (ဧတာလျာ) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟဲဖ်ဇူးရာမာန် ကို သတ်ဖြတ်မှုနှင့် ဆက်နွယ်၍ ဧတာလျာရွာမှ ရွာသား (၄) ဦးကို သြဂုတ်လ (၂၂) ရက်နေ့တွင် မသင်္ကာမှုဖြင့် ရွှေဇားကျေးရွာမှ ဖမ်းဆီး၍ ထောင်ဒဏ် (၆) လစီချမှတ်ခဲ့သည်။ ထောင်ချခံရသူ (၄) ဦးထဲမှ ဦးအနိုဝါရ် (ဘ) ဦးအဒူရာမာန် (အသက် ၃၀ နှစ်) သည် ၂၀၁၈ ဇန်န၀ါရီလ (၂၂) ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။
ပြန်လည် လွတ်မြောက်လာသူ ဦးအနိုဝါရ်ထံတွင် မြို့မစည်ပင်သာယာဈေး၌ ကိုယ်ပိုင် အထည်ဆိုင်တစ်ဆိုင်ရှိပြီး၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ဆိုင်ရောင်းပြီး အိမ်ပြန်လာနေစဉ် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က သြဂုတ်လ (၂၅) ရက်နေ့ တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သူ ဖြစ်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ၎င်းသည် ထောင်မှ လွတ်လာသူ ဖြစ်ကြောင်း ပြောဆို၍ ထောင်ထွက် ပြသပြီး၊ ၎င်းသည် တိုက်ခိုက်မှုနှင့် မည်သို့မှ ပတ်သက်ဆက်နွယ်နေခြင်း မရှိကြောင်း ရှင်းပြသော်လည်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရဲများက လက်မခံဘဲ ငွေကျပ် ၂၃ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
ဦးအနိုဝါရ်သည် နောက်တစ်ကြိမ် ထပ်မံဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် ၎င်း၏ ဆိုင်ကို ဆွေမျိုးတစ်ဦးကို အပ်နှံရန် တစ်ဖက်နိုင်ငံတွင် ခိုလှုံရန် ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် ထွက်ခွာသွားခဲ့ကြောင်း အဆိုပါ ဒေသခံကပြောပါသည်။
ဦးအနိုဝါရ်၏ မိတ်ဆွေတစ်ဦးက “လူသတ်မှုမှာ ပါဝင်ပတ်သက်နေမယ်ဆိုရင် ထောင် ၆ လ နဲ့ ပြီးသွားမှာ မဟုတ်ဘူး။ သြဂုတ်လ ၂၅ ရက်နေ့ တိုက်ခိုက်မှုနဲ့ ဆက်နွယ်နေရင်လည်း ၆ လနဲ့ လွှတ်ပေးမှာ မဟုတ်ဘူး။ နှစ်ရှည်ထောင်ဒဏ် ချခံရမှာပဲ။ အခုက ဒေသဆိုင်ရာ အာဏာပိုင်တွေအတွက် စားကွက် တစ်ခု ဖန်တီးထားသလို ဖြစ်နေတယ်။ တဖက်ကနေ ထွက်ပြေးသွားအောင် ဖန်တီးနေတာလည်း ဖြစ်တယ်” ဟု ပြောသည်။
RB News
22.2.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကံပြင် ကျေးရွာအုပ်စုတွင် ကင်းစောင့်နေသည့် ကင်းသမားနှစ်ဦးကို ရခိုင်လူမျိုး (၄) ဦးက ညမထွက်ရ အချိန်တွင် လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် အမှတ် (၅) ရပ်ကွက်၊ မြို့မအားကစားကွင်း အနီးမှ စာရေးကိရိယာအမျိုးမျိုးနှင့် To me (တိုမီ ကွန်ပျူတာ မိတ္တူ) ဆိုင်ပိုင်ရှင်၏ သားဖြစ်သူနှင့် အခြား (၃) ဦးတို့သည် ညမထွက်ရ အမိန့်ကို ကျူးလွန် ဖောက်ဖျက်၍ အငူမော်လမ်းမအတိုင်း အိုးသည်ရွာသို့ ကားဖြင့် သွားရောက် လည်ပတ်ခဲ့သည်။ အပြန်လမ်းတွင် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု၊ တပ်ရာရွာကြားရှိ အငူမော်လမ်းမမှ ဇော်ဘော်ဖာရာဈေးတွင် ကင်းစောင့်နေသော တပ်ရာရွာသား (၈) ဦးထံမှ ဆေးလိပ်တောင်းခဲ့သည်။ ကင်းသမားများက ၎င်းတို့ထံတွင် ဆေးလိပ်မရှိဟု ကောင်းမွန်စွာ ပြန်လည် ဖြေကြားသည်ကို မကျေနပ်ဟု ဆိုကာ ကင်းစောင့်နေသူများထဲမှ မောင်အောင်မြင့် (ခ) ရှော်ဘီအုလ္လာ (ဘ) ဦးမာမတ်ဟူးဆောင်း (အသက် ၂၅ နှစ်) နှင့် ကင်းမှူး ဦးမာမတ်ဇာဘေရ် (အသက် ၃၅ နှစ်) ကို ရိုက်နှက်ခဲ့သည်။ ၎င်းတို့နှစ်ဦးအား ရိုက်နှက်နေစဉ် ကျန်သည့် ကင်းသမား (၆) ဦး ကြောက်ရွံ၍ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ဆေးလိပ်တောင်းသည့် ရခိုင်လူမျိုး (၄) ဦးတို့က ကင်းသမား နှစ်ဦးကို လဲကျသွားသည့်အထိ လူမဆန်စွာ ရိုက်နှက်ပြီး ထွက်သွားခဲ့သည်။
ထို့နောက် ကြောက်ရွံ၍ ထွက်ပြေးသွားသည့် ကင်းသမား (၆) ဦး ပြန်လည်ရောက်ရှိလာပြီး၊ လဲကျနေသူနှစ်ဦးကို ကင်းစခန်းထဲသို့ သွင်းကာ ကျေးရွာအုပ်ချုပ်ရေးမှူး မောင်ကျော်သာ ထံ ဖုန်းဆက် အကြောင်းကြားခဲ့သည်။
အုပ်ချုပ်ရေးမှူးက ရဲကိုအကြောင်းကြားမည်ကို ပြောဆိုပြီး ခဏအကြာတွင် ရဲများ ရောက်ရှိလာပြီး အကြောင်းစုံ မေးမြန်းသွားသော်လည်း နောက်ဆက်တွဲ အရေးယူဆောင်ရွက်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မသိရှိရဟု ဒေသခံများက ဆိုသည်။
ဘူးသီးတောင်မြို့နယ် ညမထွက်ရ အမိန့် ထုတ်ပြန်ထားသော်လည်း အဆိုပါ အမိန့်ကို ရိုဟင်ဂျာများသာ လိုက်နာရန် လိုအပ်ပြီး ရခိုင်လူမျိုးက လိုက်နာရန် လိုအပ်မှု မရှိသည်ကို တွေ့ရသည်။ လွန်ခဲ့သည့်ရက်ပိုင်းကလည်း ရခိုင်အစွန်းရောက် အချို့က အမှတ် (၄) ရပ်ကွက်မှ ရိုဟင်ဂျာနေအိမ် အချို့ကို ည ၉ နာရီကျော် အချိန်တွင် မီးရှို့ဖျက်ဆီးခဲ့သည်။
ရိုက်နှက်ခံရသည့် ကင်းသမားနှစ်ဦးမှာ လမ်းပင် မလျှောက်နိုင်သည့် အခြေအနေ ဖြစ်နေသည်ဟု သိရှိရသည်။

21.2.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ခြင်းသမားကျေးရွာအုပ်စု၊ မောင်နုရွာမှ ရိုဟင်ဂျာနေအိမ်များကို နယ်ခြားစောင့်ရဲများက မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ယနေ့ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ည ၈ နာရီခန့်အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ခြင်းသမားကျေးရွာအုပ်စု၊ မောင်နုရွာရှိ ရိုဟင်ဂျာနေအိမ်နှစ်လုံးကို နယ်ခြားစောင့်ရဲများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
ယနေ့ မီးရှို့ခံရသည့် နေအိမ်များသည် လူနေထိုင်ခြင်း မရှိတော့သည့် အိမ်လွတ်များ ဖြစ်သည်။ ပိုင်ရှင်များမှာ ဦးအဒူရှကူရ်နှင့် ဦးအဒူဇော်ဘော်ရ် တို့ဖြစ်ကြပြီး၊ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြကြောင်း သိရှိရသည်။
ဖောင်တော်ပြင်ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ မောင်နုရွာတွင် ပြောင်းရွှေ့၍ ဆောက်လုပ်လျက်ရှိရာ လွန်ခဲ့သည့် ဇန်န၀ါရီလ လဆန်းပိုင်းတွင် နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာများ၏ နေအိမ်တစ်လုံးကို မီးရှို့ခဲ့ပြီး၊ နောက်ထပ် နေအိမ် (၁၀) လုံးကို မြေညှိစက်များဖြင့် ထိုး၍ ဖျက်ဆီးပြီး မြေညှိခဲ့ကြောင်း မျက်မြင်သက်သေများက ပြောပါသည်။
မီးရှို့ခံခဲ့ရသည့် အိမ်မှာ ဦးမိုဟာမတ်ရှော်ဖီ (ဘ) ဦးအိုမာရ်မျာ (အသက် ၅၅ နှစ်) ၏ နေအိမ် ဖြစ်ပြီး၊ ဖျက်ဆီးခံရသည့် နေအိမ် (၁၀) လုံး၏ ပိုင်ရှင်များမှာ ---
(၁) ဦးဘော်ရှော် (ဘ) ဦးဖေတင်ရှော်ရိဖ်
(၂) ဦးမုစ်တာခ်
(၃) ဦးနူရူလ်ဟာကိမ်း (ဘ) ဦးမုစ်တာခ်
(၄) ဦးမုစ်တာခ် ၏ သား
(၅) ဦးအဒူလ္လာ (ဘ) ဦးရှောမ်ရှု
(၆) ဦးလာလ်ဘော်ဒီယာ (ဘ) ဦးအလီအာမတ်
(၇) ဦးဟန်ဖူရူ (ဘ) ဦးအလီအာမတ်
(၈) ဦးလုခ်မာန်
(၉) ဦးရှော်ဘီရာမာန် (ဘ) ဦးဘော်ရှော်ရ်
(၁၀) ဦးဆော်လိမ် (ဘ) ဦးအာယုပ်ခါန်း -- တို့ဖြစ်ကြသည်။

19.2.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ပေါက်တောကျေးရွာအုပ်စုရှိ ရခိုင်များက ရိုဟင်ဂျာများ၏ လယ်မြေဧက ၄၀ ကျော်ကို ဖျက်ဆီး၍ ကားလမ်းဖောက်နေကြောင်း သတင်းရရှိပါသည်။
ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ပေါက်တောကျေးရွာအုပ်စု ရခိုင်ရွာမှ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးဇော်လှနှင့် ဦးကျော်ဌေး (ဘ) ဦးအောင်စိုးထွန်း တို့သည် ရခိုင်ရွာသားများနှင့် ပူးပေါင်း၍ အင်အားပြကာ ရွှေထားကျေးရွာနှင့် ဒုအိုးသည်မကျေးရွာတို့ရှိ ရိုဟင်ဂျာများပိုင် လယ်မြေများကို မြေညှိစက်များဖြင့် ထိုး၍ လမ်းဖောက်နေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
မြေညှိစက်များဖြင့် ရိုဟင်ဂျာများပိုင် လယ်ယာမြေများကို ဖျက်ဆီး၍ လမ်းဖောက်နေခြင်းများကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှစ၍ လုပ်ဆောင်နေခြင်း ဖြစ်ပြီး၊ ဖောက်လုပ်နေသည့် လမ်းမှာ ပေါက်တော ရခိုင်ရွာ အောင်ဇေယျ န.တ.လ ရွာထိ ဖြစ်သည်။ ယင်းလမ်းသည် အငူမော်လမ်းနှင့် ထိစပ်လျက်ရှိပြီး အကျယ်ပေ ၁၀၀ ရှိ ၄ မိုင်ကွာဝေးသည့် လမ်းဖြစ်ကြောင်း သိရှိရသည်။
လမ်းဖောက်လုပ်နေမှုကြောင့် ရိုဟင်ဂျာ (၂၅) ဦး၏ လယ်ယာမြေဧက ၄၀ ကျော် ပျက်စီးသွားကြောင်း၊ ပျက်စီးသွားသည့် လယ်ယာမြေများအတွက် လျော်ကြေး ပေးမည့်သူလည်း မရှိသည့် အပြင်၊ သက်ဆိုင်ရာကိုလည်း မတိုင်ကြားရဲကြောင်း ဒေသခံများက ပြောပါသည်။
အဆိုပါလမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့က ထောက်ပံ့၍ ဖောက်လုပ်နေခြင်း ဖြစ်သည်ဟု သိရှိရသည်။
လမ်းဖောက်လုပ်မှုကြောင့် လယ်ယာမြေ (၄၀) ဧကကျော် ပျက်စီး ဆုံးရှုံးသွားသူများထဲမှ အချို့မှာ (ဒုအိုးသည်မကျေးရွာမှ) --
(၁) ဦးအီနုစ် (ဘ) ဦးရှော်ဘီကုလ်
(၂) ဦးရော်ရှီဒူလ္လာ (ဘ) ဦးအဒူဇော်လိလ်
(၃) ဦးဝါရဲစ် (ဘ) ဦးမာမတ်
(၄) ဦးအုစ်မာန် (ဘ) ဦးဖိရ်မာမတ်
(၅) ဦးရာမ်ဇာန်အလီ
(၆) ဦးအဒူရော်ကိမ်း (ကျေးရွာတာဝန်ခံ)
(၇) ဦးအာယုပ်
(၈) ဦးရော်ရှိတ် -- တို့ဖြစ်ကြသည်။
RB News
19.2.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ ရိုဟင်ဂျာနေအိမ် (၄) လုံး မီးလောင် ဖျက်ဆီးသွားကြောင်း သတင်းရရှိပါသည်။
ယနေ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ည ၉း၅၀ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် အမှတ် (၄) ရပ်ကွက် (သပြေကုန်း) ရှိ ရိုဟင်ဂျာနေအိမ် (၃) လုံးကို ရခိုင်အစွန်းရောက် (၄) ဦးက မီးရှို့ခဲ့ကြောင်း မျက်မြင်သက်သေ ဒေသခံတစ်ဦးက RB News သို့ပြောသည်။
အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “မီးစလောင်တဲ့အချိန်မှာ တုတ်တွေ၊ ဓါးတွေ ကိုင်ထားတဲ့ ရခိုင် (၄) ယောက် ထွက်ပြေးသွားတာ မြင်လိုက်တယ်။ ကျွန်တော်ကတော့ အဲဒီအိမ်တွေကို သူတို့ မီးရှို့တယ်လို့ ယုံကြည်တယ်” ဟု ပြောပါသည်။
အဆိုပါ မျက်မြင်သက်သေ၏ ပြောကြားချက်ကို RB News မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။
ရပ်ကွက်အတွင်းရှိ ဒေသခံများက ၀ိုင်းဝန်း မီးငြိမ်းသတ်ပြီး နာရီဝက်ခန့် အကြာတွင် မီးသတ်ကားများ ရောက်ရှိလာခဲ့သည်။
မီးလောင်ဖျက်ဆီးသွားသည့် အိမ်များ၏ ပိုင်ရှင်များမှာ (၁) ဦးနုလ်မာလ်ဟာကီးမ် (၂) ဦးဖာရုခ် နှင့် (၃) ဦးလေးလေ တို့ဖြစ်ကြသည်။
မီးလောင်ရာနေရာသို့ မြို့မရဲစခန်းမှ စခန်းမှူး ရောက်ရှိလာပြီး မီးလောင်ခံရသည့် ဦးဖာရုခ်၏ ဖခင်ဖြစ်သူ ဦးဖူတူနား ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။ ဦးဖူတူနား သည် အဆိုပါ အိမ်တွင် နေထိုင်သူ မဟုတ်သော်လည်း စခန်းမှူးက ၎င်း၏ ပေါ့ဆမှုကြောင့် မီးလောင်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင် သွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။
RB News
19.2.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် စတုတ္တတန်းနှင့် အဌမတန်း စာမေးပွဲများကို ကျင်းပ စစ်ဆေးလျက်ရှိရာ ကျောင်းသား/သူများကို လူမျိုးခွဲခြား၍ သီးခြား စာမေးပွဲခန်းများ ပြုလုပ်၍ ဖြေဆိုခိုင်းလျက် ရှိကြောင်း သတင်းရရှိပါသည်။
တစ်နိုင်ငံလုံးတွင် ယနေ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှစ၍ စတုတ္တတန်းနှင့် အဌမတန်း စစ်မေးပွဲများကို ကျင်းပ စစ်ဆေးလျက်ရှိရာ ဘူးသီးတောင်မြို့တွင် ကျောင်းသား/သူများကို လူမျိုးအလိုက် စာမေးပွဲခန်း သီးခြားသတ်မှတ်ပြီး ဖြေဆိုခိုင်းကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ဘူးသီးတောင်မြို့ရှိ စာစစ်ဌာနတွင် လူမျိုးအလိုက် စာမေးပွဲခန်းများ သီးခြား ပြုလုပ်ထားပြီး အစ္စလာမ်ဘာသာဝင် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုရသည့် အခန်းများတွင် “ဘ” ဟု သင်္ကေတ ရေးသားထားကြောင်း၊ ရခိုင်၊ မြို၊ ဒိုင်းနက်၊ ခမီးနှင့် ဗမာ ဗုဒ္ဓဘာသာဝင် ကျောင်းသား/သူများ စာမေးပွဲ ဖြေဆိုရသည့် အခန်းများတွင် “တ” ဟု သင်္ကေတ ရေးသားထားကြောင်း သိရှိရသည်။
ယခုကဲ့သို့ လူမျိုး၊ ကိုးကွယ်သည့် ဘာသာကို ခွဲခြား၍ စာမေးပွဲ စစ်ဆေးခြင်းကို မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပခြင်း ဖြစ်ပြီး၊ အခြား မည်သည့် အရပ်ဒေသတွင်မှ ပြုလုပ်ခဲ့ခြင်း မရှိဘဲ ဘူးသီးတောင်မြို့နယ်တွင်သာ ပြုလုပ်နေခြင်း ဖြစ်သည်။
ယခုကဲ့သို့ ပြုလုပ်နေခြင်းမှာ ရခိုင်အစွန်းရောက် တစ်ဦးဖြစ်သည့် ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်း၏ ညွန်ကြားချက်ကြောင့် ဖြစ်သည်ဟု ဒေသခံများက ယူဆနေကြသည်။ ဦးအောင်ကျော်ထွန်းသည် နာမည်ဆိုးဖြင့် ကျော်ကြားသူ တစ်ဦးဖြစ်ပြီး၊ ယခင်က နယ်ပြောင်းခံရသူလည်း ဖြစ်သည်။ ယခုလုပ်ရပ်သည် ရိုဟင်ဂျာမွတ်စလင် ကျောင်းသား/သူ များ၏ ပညာရေးကို ခြိမ်းခြောက်နေခြင်း ဖြစ်သလို၊ ပညာရေးကို ချိုးနှိမ်နေခြင်းလည်း ဖြစ်သည်။
ဒေသခံများက ယခုကဲ့သို့ ခွဲခြားနေခြင်းမှာ နိုင်ငံတော်၏ ဥပဒေများကို ပေါ်ပေါ်တင်တင် ကျူးလွန် ဖောက်ဖျက်နေခြင်း ဖြစ်ပြီး၊ မည်သို့မှ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ယခုကဲ့သို့ ဥပဒေမဲ့ ပြုလုပ်နေခြင်းကို အချိန်မီ တားမြစ်၍ လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုသည်ဟု ပြောပါသည်။

10.2.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ကျေးလက်ဒေသများမှ နယ်ခြားစောင့်ရဲများသည် စက်လှေ၊ ဆိုင်ကယ်များဖြင့် သွားလာသူများထံမှ ဆက်ကြေး ကောက်ခံသကဲ့သို့ ငွေကောက်ခံလျက် ရှိကြောင်း သတင်းရရှိပါသည်။
ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဂူတာပြင်ကျေးရွာရှိ ကျောင်းတွင် စခန်းချထားသည့် တပ်ရင်း ၃၅၂ မှ စစ်သားများသည် ဘူးသီးတောင် - စိမ့်ညှင်းပြား - ညောင်ချောင်းသို့ သွားလာသည့် ဆိုင်ကယ်များနှင့် ကားများကို စစ်ဆေး၍ ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် တစ်သောင်းစီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
သွားလာနေသူများသည် စားဝတ်နေရေးအတွက် မဖြစ်မနေ လိုအပ်၍ သွားလာနေသူများသာ ဖြစ်ပြီး၊ ၀င်ငွေလုံးဝ မရှိဘဲ အသက်ရှင်နေထိုင်ရန်သာ ရုန်းကန်နေကြသူများ ဖြစ်သောကြောင့် ငွေကျပ် တစ်သောင်း မယူဘဲ ၅ ထောင်သာ ယူရန် စစ်သားများကို တောင်းတောင်းပန်ပန်ဖြင့် ပြောသော်လည်း မတတ်နိုင်ရင် မသွားနဲ့ဟု ဆိုကာ ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်သည်ဟု ဒေသခံများက ဆိုသည်။ ဂူတာပြင်ကျေးရွာမှ ရွာသားများ စားသောက်နိုင်ရန်အတွက် တစ်နေ့လျှင် အနည်းဆုံး ဆိုင်ကယ် နှစ်စီး ရွာပြင် ထွက်ရသောကြောင့် အနည်းဆုံး နှစ်သောင်း နေ့စဉ် ပေးနေရကြောင်း သိရှိရသည်။
အလားတူ လွန်ခဲ့သည့် ဇန်န၀ါရီလမှစ၍ ဖောင်တော်ပြင်ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများသည် စက်လှေဖြင့် ဘူးသီးတောင်မြို့ပေါ်သို့ သွားလာသူများထံမှ စက်လှေငယ် တစ်စီးလျှင် ၅ ထောင်ကျပ်နှင့် စက်လှေကြီး တစ်စီးလျှင် ငွေကျပ် တစ်သောင်းနှင့် အထက် ဆက်ကြေး ကောက်ခံသကဲ့သို့ ကောက်ခံလျက်ရှိကြောင်း ဖောင်တော်ပြင်မှ ဒေသခံတစ်ဦးက ပြောပါသည်။
ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များရှိ ကျေးလက်ဒေသများမှ ရိုဟင်ဂျာများကို ကျေးရွာများတွင် ပိတ်လှောင်ထားပြီး၊ အလုပ်လုပ်ကိုင်ခွင့် မပေးခြင်း၊ သွားလာလှုပ်ရှားခွင့် မပေးသောကြောင့် တဖက်နိုင်ငံသို့ သွားရောက်၍ ခိုလှုံနေခြင်းများ နေ့စဉ်နှင့်အမျှ များပြားလာနေသည်။
ဓါတ်ပုံသတင်း
- လူမျိုးတုန်းသတ်ဖြတ်မှု မူဝါဒ၏ သားကောင်များ
- ရခိုင်ပြည်နယ် ဒုက္ခသည် ကျန်းမာရေး MSF စိုးရိမ်
- မောင်တော မြို့မကညင်တန်းမှ ဒေသခံအမျိုးသမီးနှစ်ဦးကို တဖက်နိုင်ငံမှ ပြန်လည်ခိုးဝင်လာသူများဟု စွပ်စွဲကာ ဖမ်းဆီးချုပ်နှောင်ထား
- ကိုးတန်ကောက်မှ ဆိုင်ကယ် (၄) စီး လုယက်ခံရသူများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က လျော်ကြေး ၆ သိန်းသာ ပေးသဖြင့် လက်မခံ
- NVC ကဒ် မကိုင်လျှင် အလုပ်အကိုင်၊ စီးပွားရေး၊ သွားလာရေး အကုန် ပိတ်ပင်မည်ဟု ခြိမ်းခြောက် အကျပ်ကိုင်လျက်ရှိ
- လောင်းဒုံး ကျေးရွာ အုပ်စုတွင် ထပ်မံ၍ မီးလောင်
- ဘူးသီးတောင် မောင်ကြီးတောင်မှ အမျိုးသမီး နှစ်ဦး မုဒိမ်းကျင့်ခံရ
- BGP ကျီးကန်းပြင် ဌာနချုပ်မှ ရဲများက ဒေသခံ (၈) ဦးကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်
- အာရ်ကာန်ဒေသရဲ့ ဌာနေတိုင်းရင်းသား ရိုဟင်ဂျာ
- ဗြောင်ငြင်းတဲ့ အကျင့်
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ