MYARF
RB News
30.6.2018
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ တောင်ပြိုလက်ယာရှိ အထက်တန်းကျောင်းတွင် ကျောင်းဆောင် ဆောက်လုပ်ရန် သွားသည့် ပန်းရံသမားများကို အထူးထောက်လှမ်းရေး SB က ခြိမ်းခြောက်၍ မောင်းထုတ်ခဲ့သည်။
မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာမှ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဦးဆော်နာအုလ္လာသည် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မောင်တောခရိုင် ပြည်ခိုင်ဖြိုးပါတီ ရုံးမှ ဦးထွန်းလှစိန် တို့၏ ခွင့်ပြုချက်ဖြင့် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ တောင်ပြိုလက်ယာကျေးရွာရှိ အထက်တန်းကျောင်း၌ ကျောင်းဆောင် ဆောက်လုပ်ရန် ရိုဟင်ဂျာ ပန်းရံလုပ်သား (၃၀) ဦးနှင့် ဗမာလူမျိုး ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦးတို့ကို ဇွန်လ (၂၅) ရက်နေ့က လွှတ်ခဲ့သည်။
အဆိုပါ ပန်းရံလုပ်သားများနှင့် အင်ဂျင်နီယာတို့ တောင်ပြိုလက်ယာရှိ အထက်တန်းကျောင်းသို့ ရောက်သည်နှင့် အနီးအနားကျေးရွာများမှ ရခိုင်နှင့် မာရမာကြီးလူမျိုး ၃၀၀ ခန့် တုတ်၊ ဓါးများ ကိုင်ဆောင်၍ ရောက်ရှိလာပြီး ၀န်းရံခဲ့ရာ ပန်းရံသမားများက မောင်တောမှ ဦးထွန်းလှစိန်က ခင်ဗျားတို့အတွက် ကျောင်းဆောင် ဆောက်လုပ်ပေးရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်ဟု ရှင်းပြရာ အဆိုပါ တုတ်၊ ဓါး ကိုင်ဆောင်ထားသည့် လူအုပ် ပြန်လည် ထွက်ခွာသွားခဲ့သည်။
ထို့နောက် တောင်ပြိုလက်ဝဲတွင် တာဝန်ကျနေသည့် စစ်တပ်တပ်ရင်းမှ စစ်သားများ ရောက်ရှိလာပြီး ပန်းရံသမားများအား စစ်ဆေးရာ ခွင့်ပြုချက်အရ ကျောင်းဆောက်လုပ်ရန် ရောက်ရှိလာကြောင်း ရှင်းပြသဖြင့် စစ်သားများလည်း ပြန်လည် ထွက်ခွာသွားခဲ့သည်။
စစ်သားများ ထွက်သွားပြီးနောက် တောင်ပြိုလက်ဝဲမှ အထူးထောက်လှမ်းရေး SB တစ်ဦး ရောက်ရှိလာပြီး မင်းတို့ ဘယ်က ကုလားလဲ၊ ငါ့နယ်ကို ဘယ်သူဝင်ခွင့်ပြုတာလဲ၊ ကုလားဆိုတာ ငါမမြင်ချင်ဘူး၊ ကုလားမြင်ရင် ငါသတ်ပစ်လိုက်ချင်တယ်၊ ငါ့နယ်က အခုချက်ချင်းထွက် မဟုတ်ရင် ငါမင်းတို့ကို သတ်ပစ်မယ် ဟု အမျိုးမျိုး ခြိမ်းခြောက်ပြောဆိုခဲ့သည်။
အဆိုပါ SB က ဗမာလူမျိုး အင်ဂျင်နီယာကို မြေပေါ်တွင် ဒူးထောက်ခိုင်းပြီး လက်များကို ခေါင်းပေါ်သို့ တင်ကာ ဦးညွတ်ခိုင်း၍ မင်းက အကြမ်းဖက်ခေါင်းဆောင်လား၊ မင်းက အကြမ်းဖက်သမားတွေကို ခေါ်လာတာလားဟု အမျိုးမျိုးစော်ကား ပြောဆို၍ ချက်ချင်း ထွက်သွားဟု ဆိုကာ နှင်ထုတ်ခဲ့သည်။
ထိုစဉ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှ အုပ်ချုပ်ရေးမှူး ရောက်ရှိလာပြီး ယခု နေ၀င်ချိန်ဖြစ်နေ၍ ထွက်သွားရန် မဖြစ်နိုင်ကြောင်း၊ မနက်ကျလျှင် ထွက်သွားစေရမည်ဟု ကတိပေးမှ ၎င်းတို့အားလုံးကို ညအိပ်ခွင့်ပေးခဲ့ကြောင်း၊ ဇွန်လ (၂၆) ရက်နေ့ နံနက်အစောပိုင်းတွင် မောင်တောမှ ကားပို့၍ ပြန်ခေါ်ခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
စစ်တပ်နှင့် ရခိုင်၊ မာရမာကြီးများက ၎င်းတို့အတွက် ကျောင်းဆောင် ဆောက်လုပ်ပေးမည်ကို သိ၍ ပြန်သွားသော်လည်း SB ကြမ်းတမ်းရိုင်းပျစွာ ဆက်ဆံ၍ နှင်ထုတ်ခြင်းမှာ နံ့သာတောင်ကျေးရွာရှိ နံ့သာတောင်ကျောင်းတိုက်မှ ဘုန်းကြီး၏ ပယောဂကြောင့်သာ ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် လက်နက်များ တင်သွင်း၍ စုဆောင်းထားခဲ့ကြောင်း၊ ယင်းကျေးရွာတွင် နေထိုင်သူများနှင့် ဘုန်းကြီးများသည် ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်နေထိုင်သူများ ဖြစ်ကြသည်ဟု ဒေသခံများက ပြောပါသည်။
MYARF
RB News
29.6.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာ တာဝန်ခံ ဦးလှရွှေကို (၄) မိုင်ရှိ အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ရင်းသို့ ခေါ်ယူ စစ်ဆေးခဲ့သည်။
ဇွန်လ (၁၉) ရက်နေ့မှစ၍ ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ ခေါ်ယူ၍ အလုပ်လုပ်ခိုင်းခဲ့သည့် ရိုဟင်ဂျာ အလုပ်သမား (၄) ဦးကို ဇွန်လ (၂၄) ရက်နေ့ ညနေပိုင်းတွင် ဘင်္ဂလားဆင်းမ်ကဒ် တွေ့ရှိသည်ဟု ဆိုကာ ဖမ်းဆီးပြီးနောက် ဇွန်လ (၂၅) ရက်နေ့တွင် မောင်တောတရားရုံးမှ ရမန်ယူကာ (၄) မိုင်ရှိ အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
အဆိုပါ အလုပ်သမား (၄) ဦးကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ ဇွန်လ (၂၈) ရက်နေ့တွင် ကျီးကန်းပြင်ကျေးရွာတာဝန်ခံ ဦးလှရွှေကို (၄) မိုင်ရှိ အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ရင်းသို့ ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ဦးလှရွှေအား ဖမ်းဆီးခံထားရသည့် အလုပ်သမား (၄) ဦးက ကျီးကန်းပြင်ကျေးရွာတွင် အကြမ်းဖက်သမားများနှင့် ဆက်နွယ်သူများရှိသည်ဟု ထွက်ဆိုထားသည်ဟု ပြောဆို၍ ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အလုပ်သမား (၄) ဦးကို ဖမ်းဆီးစဉ်က ဘင်္ဂလားဆင်းမ်ကဒ် တွေ့ရှိသည်ဟု ဆို၍ ဖမ်းဆီးခဲ့သော်လည်း ယခုအခါ အကြမ်းဖက်သမားများနှင့် ဆက်နွယ်နေသည်ဟု နယ်ခြားစောင့်ရဲများက ပြောဆိုနေသည်။
ကျေးရွာတာဝန်ခံ စစ်ဆေးခံရသဖြင့် ရွာကိုလည်း ၀န်းရံ၍ စစ်ဆေးကာ အပြစ်မဲ့များကို ဖမ်းဆီးနိုင်သည့် အခြေအနေ ရှိနေသဖြင့် အမျိုးသားများ နေအိမ်များတွင် နေထိုင်ရန် ကြောက်ရွံနေကြသည်။
“အစိုးရ လက်နက်ကိုင်တွေ လာပြီး စစ်ရင်တော့ တွေ့သမျှ အမျိုးသားတွေကို အကြမ်းဖက်သမားတွေလို့ စွပ်စွဲမယ်။ မတရားဖမ်းမယ်။ တစ်ချို့ကို ငွေညှစ်ပြီး ပြန်လွှတ်ပေးမယ်၊ တစ်ချို့ကို မတရားထောင်ချလိုက်မယ်၊ အဲဒါတွေကြောင့် အမျိုးသားတွေက အိမ်တွေမှာ နေဖို့ ကြောက်နေကြတယ်။ အမျိုးသားတွေ အိမ်မှာမရှိတော့ လုံခြုံရေးတပ်ဖွဲ့ဝင် ဆိုသူတွေက အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်၊ လိင်အကြမ်းဖက်တယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
ဆက်စပ်သတင်း -- https://bit.ly/2MymvZr
ဆက်စပ်သတင်း -- https://bit.ly/2MymvZr
MYARF
RB News
28.6.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာရှိ မူလွန်ကျောင်းတွင် ဆရာမက ကျောင်းသူများကို ဖိနပ်ဖြင့် ရိုက်နှက်ခဲ့သည်။
ဇွန်လ (၂၇) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာရှိ မူလတန်းလွန်ကျောင်းတွင် ပထမတန်းမှ အတန်းပိုင်ဆရာမက ကျောင်းသား/သူများကို စာရေးခုံပေါ်တွင် ခေါင်းမှောက်၍ မျက်စိမှိတ် ငြိမ်နေရန် ပြောကြားခဲ့ပြီးနောက် ကျောင်းသား/သူများကလည်း ဆရာမမှာကြားသည့်အတိုင်း ငြိမ်နေခဲ့ကြသည်။ ထိုစဉ် ကျောင်းသူ (၃) ဦးက မျက်စိဖွင့်၍ နောက်ဘက်သို့ လှည့်ကြည့်သဖြင့် ဆရာမက အားမနာဟု ဆိုကာ စီးထားသည့် ဖိနပ်ကိုချွတ်၍ ကျောင်းသူငယ် (၃) ၏ နောက်ကျောကို ဖိနပ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
အဆိုပါ ကျောင်းသည် ယခင်က မူလတန်းကျောင်း (စံပြ) ဖြစ်ခဲ့ပြီး ယခုအခါ မူလတန်းလွန်ကျောင်း (စံပြ) ဖြစ်လာသည့် ကျောင်းဖြစ်သည်။
ယင်းကျောင်းတွင် ပညာသင်ယူနေသည့် ကျောင်းသား/သူများမှာ ရိုဟင်ဂျာကလေးများသာ ဖြစ်ကြသည်။ အချို့ဆရာမများက ကျောင်းသား/သူများနှင့် မိဘများကို “ကုလား” ဟု သုံးနှုန်းခေါ်ဝေါ်၍ ခွဲခြားဆက်ဆံလေ့ရှိသည်။
“အခုခေတ် ပညာရေးဥပဒေမှာ စာသင်ခန်းထဲကို ဆရာ/မ တွေ တုတ်တောင် ကိုင်လို့မရဘူး၊ ကလေးတွေကို ရိုက်လို့လည်း မရဘူး။ ဆိုဆုံးမခွင့်သာ ရှိတယ်။ ကျောင်းသား/သူတွေ စည်းကမ်းဖောက်ရင် မိဘတွေကို ခေါ်ပြီး သတိပေးတာ၊ ခံဝန်လက်မှတ်ထိုးခိုင်းတာ၊ ကျောင်းကထုတ်လိုက်တာ စတာတွေသာ လုပ်ခွင့်ရှိတယ်။
“ကျောင်းသားတွေကို တုတ်နဲ့ ရိုက်ခွင့်မရှိတဲ့အချိန်မှာ ဆရာမက ဖိနပ်နဲ့ ရိုက်တာကတော့ လူမျိုးရေးခွဲခြားပြီး တမင်လုပ်တာဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
Armaan Arakani
RB News
28.6.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာမှ ဒေသခံရိုဟင်ဂျာတစ်ဦးကို ရခိုင်တစ်ဦးက လူမဆန်စွာ ရိုက်နှက်ခဲ့သည်။
ယနေ့ ဇွန်လ (၂၈) ရက်နေ့ ညနေ ၅း၃၀ နာရီအချိန်တွင် မောင်တောမြို့နယ် ငါးခူရကျေးရွာမှ အစ္စမိုင်လ် (ဘ) ဦးဘောဒူရောန် (အသက် ၂၃ နှစ်) ကို ကပ္ပကောင်းကျေးရွာအုပ်စုမှ အမြဲအရက်သောက်ပြီး ပြဿနာ ဖန်တီးလေ့ရှိသည့် မောင်လှဝင်း က ငါးခူရဈေးတွင် ၎င်း၏ ဆိုင်ကယ်ကို ထိသည်ဟု စွပ်စွဲ၍ လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း မျက်မြင်သက်သေ ဒေသခံတစ်ဦးက RB News သို့ပြောသည်။
အစ္စမိုင်လ်သည် မောင်လှဝင်း၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် သတိလစ်သွားသလို ဖြစ်နေချိန်တွင် ငါးခူရကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်ဝင်းနှင့် မောင်စောဝင်း တို့ရောက်ရှိလာပြီး ငါးခူရကျန်းမာရေးဌာနသို့ပို့၍ အသက်ကယ်ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောသည်။
ကပ္ပကောင်းကျေးရွာမှ မောင်လှဝင်းသည် စိတ်ကြွဆေးပြား လုပ်ငန်း၊ ပုဇွန်ကန်လုပ်ငန်းများ လုပ်ကိုင်နေသူ ဖြစ်သောကြောင့် အာဏာပိုင်များက ၎င်းအား မည်သည့်အခါကမှ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း၊ ထို့ကြောင်း ၎င်းက ငါးခူရဈေးသို့ ဈေးဝယ်ရန်လာသည့် ဒေသခံရိုဟင်ဂျာများကို အမြဲရိုက်နှက်၍ ဒုက္ခပေးလေ့ရှိသည်ဟု ဒေသခံများက ပြောပါသည်။
![]() |
| ငါးခူရကျေးရွာတစ်နေရာ |
Rohingya Eye
RB News
28.6.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် ကျန်ရှိနေသည့် ငန်းချောင်းရွာကို အစိုးရမှ ပြောင်းရွှေ့ မပေးလျှင် မီးရှို့ပစ်မည်ဟု ပြောဆိုခဲ့ကြောင်း လျှို့ဝှက်အစည်းအဝေးတွင် ပြောဆိုခဲ့သည့် သတင်းအချို့ ထွက်ပေါ်နေသည်။
ဇွန်လ (၂၀) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာတွင် ဒေသခံရခိုင်များနှင့် အာဏာပိုင်အဖွဲ့အစည်း အချို့ ပူးပေါင်း၍ လျှို့ဝှက် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် ဒေသခံရခိုင်များက မောင်တော (၃) မိုင်မှ မြောက်ပိုင်း ဗန္ဓုလထိ ကားလမ်းတစ်လျှောက်တွင် ငန်းချောင်းကျေးရွာတစ်ရွာတည်း မွတ်စလင်ရွာ ကျန်ရှိနေပြီး ယင်းရွာမှ ဖြတ်သန်းသွားလျှင် စိုးရိမ်စရာရှိနေသောကြောင့် အဆိုပါရွာကို အစိုးရက ပြောင်းရွှေ့ ပေးရမည် ဖြစ်ကြောင်း၊ အကယ်၍ ပြောင်းရွှေ့ မပေးပါက မီးရှို့မည်ဟု အာဏာပိုင်များထံ တင်ပြခဲ့ကြောင်း အစည်းအဝေးတွင် ပါဝင်ခဲ့သူတစ်ဦးနှင့် နီးစပ်သူတစ်ဦးထံမှ သိရှိရသည်။
အဆိုပါ အစည်းအဝေးတွင် မောင်တောမြို့ပေါ်မှ ရခိုင်လူကြီးအချို့လည်း တက်ရောက်ခဲ့သည်။
ဖားဝပ်ချောင်းရွာတွင် လမ်းခင်းရန်အတွက် ငန်းချောင်းရွာသားများ သွားရောက်လေ့ရှိသဖြင့် အစည်းအဝေးနေ့ မတိုင်မီတစ်ရက်အလိုတွင် ဖားဝပ်ချောင်း အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက ငန်းချောင်းရွာသားများကို လုပ်ငန်းခွင်သို့ မလာရန် တားမြစ်ခဲ့ကြောင်း ဒေသခံအချို့က RB News သို့ပြောသည်။
ယခုကဲ့သို့ သတင်းထွက်ပေါ်နေခြင်းကြောင့် ငန်းချောင်းရွာသားများ စိတ်မချမ်းမသာ ဖြစ်နေရသည်။ ငန်းချောင်းရွာသားများသည် အာဏာပိုင်များနှင့် ပူးပေါင်း၍ လုံခြုံရေးကို အမြဲသတိထား၍ နေထိုင်သူများ ဖြစ်ပြီး၊ အာဏာပိုင်များကလည်း ၎င်းတို့၏ ပူးပေါင်းမှုအပေါ် အသိအမှတ်ပြု၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သည်။

27.6.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ရိုဟင်ဂျာအလုပ်သမား (၄) ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ အလုပ်ခိုင်းပြီးနောက် လုပ်ကြံဖန်တီး၍ ဖမ်းဆီးထိန်းသိမ်း ထားသည်။
မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာမှ ဈေးသည်တစ်ဦးသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်ရှေ့တွင် နေ့စဉ် ဟင်းသီးဟင်းရွက် ရောင်းချလေ့ရှိပြီး နယ်ခြားစောင့်ရဲများက ၎င်းထံမှ ဟင်းသီးဟင်းရွက် ၀ယ်ယူသဖြင့် အချင်းချင်း ရင်းနှီးမှု ရှိကြသည်။ ဇွန်လ (၁၈) ရက်နေ့တွင် နယ်ခြားစောင့်ရဲများက အဆိုပါ ဈေးသည်အား နယ်ခြားစောင့်ရဲတပ်ဖွဲ့ပိုင် ဒေဝေါ်နဒီဂေါက်ကွင်းတွင် မြက်ရိတ်ရန်နှင့် သန့်ရှင်းရေး ပြုလုပ်ရန် အလုပ်သမား (၄) ဦးခေါ်ပေးရန်၊ လုပ်ခလည်း ပေးမည်ဟု ပြောဆိုခဲ့သည်။
ထို့ကြောင့် ဇွန်လ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် ဟင်းသီးဟင်းရွက် ရောင်းချရန်သွားသည့် အချိန်တွင် ကျီးကန်းပြင်တောင်ရွာမှ လူငယ် အလုပ်သမား (၄) ဦးကို အတူခေါ်ဆောင်သွားပြီး နယ်ခြားစောင့်ရဲများ လက်ထဲသို့ အပ်နှံခဲ့သည်။
အလုပ်သမား (၄) ဦးသည် ယင်းနေ့တွင် အလုပ်လုပ်၍ ညနေ အိမ်ပြန်ချိန် လုပ်ခ အချို့လည်း ရရှိခဲ့သည်။ ဇွန်လ (၂၄) ရက်နေ့ထိ အလုပ်လုပ်ပြီးနောက် ညနေအိမ်ပြန်ချိန်တွင် နယ်ခြားစောင့်ရဲများက ၎င်းတို့ (၄) ဦးအား စစ်ဆေးရန် လိုအပ်သည်ဟု ဆိုကာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်တွင် ချုပ်နှောင်ထားခဲ့သည်။
ဇွန်လ (၂၅) ရက်နေ့တွင် ၎င်းတို့အား ကျောက်လှေကား နယ်မြေ (၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားပြီး ထိုမှတဆင့် မောင်တော တရားရုံးသို့ ခေါ်ဆောင်သွားကာ ရမန်ယူ၍ ဌာနချုပ်တွင် ဆက်လက် ချုပ်နှောင်ထားကြောင်း ဒေသခံများက RB News သို့ပြောသည်။
နယ်ခြားစောင့်ရဲများက ၎င်းတို့ထံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆင်းမ်ကဒ် ရရှိသောကြောင့် ဖမ်းဆီးထားသည်ဟု လုပ်ကြံဖန်တီး ပြောဆိုနေသော်လည်း ဒေသခံများက နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်သို့ သွားရောက်၍ အလုပ်လုပ်မည့် အချိန်တွင် ဘင်္ဂလားဆင်းမ်ကဒ် ထည့်ထားသည့် ဖုန်းများအား ယူဆောင်သွားခြင်း ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်သည့် လုပ်ကြံဖန်တီးမှုတစ်ခုသာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။
မောင်တောခရိုင်တွင် ယခင်က စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဘင်္ဂလားဆင်းမ်ကဒ်များကို လစဉ်ကြေးဖြင့် ငှားရမ်းသောကြောင့် ဒေသခံရိုဟင်ဂျာအချို့ သုံးစွဲခဲ့သော်လည်း ငွေညှစ်မှုကို ဒဏ်ကို မခံနိုင်သည်က တစ်ကြောင်း၊ ယခုအခါ နေရာတိုင်းတွင် MPT Network ရှိနေသည်က တစ်ကြောင်း တို့ကြောင့် ဘင်္ဂလားဆင်းမ်ကဒ် သုံးစွဲသူ မရှိတော့သော်လည်း နယ်ခြားစောင့်ရဲများက ဖုန်းများကို စစ်ဆေး၍ ၎င်းတို့ ကိုယ်တိုင် အသင့်ယူဆောင်လာသည့် ဘင်္ဂလားဆင်းမ်ကဒ်များကို ထည့်ပေးပြီး လုပ်ကြံဖန်တီး၍ ငွေညှစ်ခြင်းများ မကြာခဏ ဖြစ်ပေါ်လျက် ရှိနေသေးသည်။
ဖမ်းဆီးခံရသူများမှာ --
(၁) ဦးမိုဟာမတ်ရဖိခ် (ဘ) ဦးရော်စောအလီ (အသက် ၃၂ နှစ်)
(၂) ဦးအာဘူကာလာမ် (ဘ) ဦးမိုဟာမတ်ကာဆိမ်း (အသက် ၃၀ နှစ်)
(၃) အိုမာရ် (ဘ) ဦးနူရူဇာမာ (အသက် ၁၈ နှစ်)
(၄) မွန်ဇူရ်ရာမန် (ဘ) ဦးရှော်ဘီရောန် (အသက် ၁၉ နှစ်) -- တို့ဖြစ်ကြသည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အဝေးသင်တက္ကသိုလ် စာစစ်ဌာနတစ်ခု ဖွင့်လှစ်၍ သင်ကြားပို့ချရာတွင် မြန်မာစာနှင့် သမိုင်း အထူးပြု ဘာသာရပ်နှစ်ရပ်သာ သင်ကြားပေးမည် ဖြစ်ပြီး၊ အဆင့်မြင့်ပညာ ဦးစီးဌာနနှင့် ကျောင်းသားများ အကြား ဆွေးနွေးပွဲတစ်ရပ် ကျင်းပ၍ ဆွေးနွေးခဲ့သည်။
ဇွန်လ (၂၇) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မောင်တောမြို့ရှိ အထက်တန်းကျောင်းတွင် အဆင့်မြင့်ပညာဦးစီးဌာန ညွန်ကြားရေးမှူး၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်တို့က တက္ကသိုလ်တက်ရောက်ခွင့် ပိတ်ပင်ခံထားရသည့် ရိုဟင်ဂျာကျောင်းသား/သူများနှင့် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။
ညွန်ကြားရေးမှူးနှင့် ပါမောက္ခချုပ်တို့က ကျောင်းသား/သူများ၏ ပညာရေးနှင့် ပတ်သက်၍ အစိုးရမှ ကူညီရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ မောင်တောခရိုင်မှ ကျောင်းသား/သူများ အင်္ဂလိပ်စာတော်သည့် အတွက် မြန်မာစာနှင့် သမိုင်း ဘာသာရပ် နှစ်ရပ်ကိုသာ ပို့ချသင်ကြား ပေးသွားမှာ ဖြစ်ကြောင်း၊ ဤသည်မှာ ပထမ ခြေလှမ်းဖြစ်ကြောင်း၊ ပူးပေါင်းမည် ဆိုလျှင် နောက်ထပ်လည်း ရရှိမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရိုဟင်ဂျာကျောင်းသားတစ်ဦးက မိမိတို့၏ အနာဂတ်ပညာရေးအတွက် မောင်တောသို့ ကွင်းဆင်း လာရောက် ရှင်းပြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအစိုးရမှ ကူညီပေးနေခြင်းတွင် အဝေးသင် မြန်မာစာနှင့် သမိုင်း အထူးပြု နှစ်ဘာသာကိုသာ သင်ယူရမည်ကိုလည်း နားလည်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးထူးချွန်ချွန် အောင်မြင်ထားသည့် ကျောင်းသား/သူများလည်း အဝေးသင် မြန်မာစာနှင့် သမိုင်းကိုသာ ရွေးချယ်သင်ယူရမည် ဆိုလျှင် မျှတမှု မရှိပါကြောင်း၊ နောင်နှစ်တွင် ၁၀ တန်းကျောင်းသားများ စိတ်ဓါတ်ကျ၍ စာမကြိုးစားလျှင် အောင်ချက် ရာခိုင်နှုန်း နည်းသွားနိုင်ကြောင်း၊ နိုင်ငံတော်အတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ ထို့ကြောင့် ဤ အထက်တန်းကျောင်းကို ဒေသကောလိပ်အဖြစ် ပြောင်းလဲ ဖွင့်လှစ်ပေးနိုင်လျှင် အားလုံးအတွက် အဆင်ပြေမည် ဖြစ်ကြောင်း တင်ပြခဲ့သည်။
အစိုးရ ကိုယ်စားလှယ် အဖွဲ့က ယခုအချိန်တွင် တောင်းဆိုချက်များကို လောလောဆယ် ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ကြောင်း ပြန်ကြား၍ ကျောင်းသား/သူများ၏ တောင်းဆိုချက်များကို နိုင်ငံတော်အစိုးရ အကြီးအကဲများထံ တင်ပြပေးမည်ဟု ပြောဆို၍ အစည်းအဝေး ပြီးဆုံးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
မောင်တောမြို့ အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက “၁၀ တန်းအောင်ကျောင်းသား/သူတွေ တက္ကသိုလ်တက်ခွင့်မရတာ ၆ နှစ်ရှိနေပြီ။ အခုတက်ခွင့်ပေးမယ်ဆိုတော့ အဝေးသင်၊ အဝေးသင်မှာလည်း သမိုင်းနဲ့ မြန်မာစာ နှစ်ဘာသာပဲ ဆိုတော့ ကြိုးစား ထူးချွန်ထားတဲ့ ကျောင်းသား/သူတွေရဲ့ အနာဂတ်ကို ရိုက်ချိုးလိုက်သလိုဖြစ်နေပြီ။ အရင်တုန်းက ရိုဟင်ဂျာကျောင်းသား/သူတွေ အမှတ်မှီရာ တက္ကသိုလ်တက်ခွင့်ရှိတယ်။ စစ်အစိုးရက ပိတ်ပင်ခဲ့လို့ ဒီလိုဖြစ်ရတာ။ အခု ဒေါ်အောင်ဆန်းစုကြည် အစိုးရ လုပ်နေတာက စစ်အစိုးရထက်တောင် ပိုဆိုးနေသလို ဖြစ်နေတယ်။ သွားလာခွင့် မပေးဘူးဆိုရင်တောင် မောင်တောခရိုင်မှာ တက္ကသိုလ်တွေ ဆောက်ပြီး သင်ခွင့်ပေးသင့်တယ်” ဟု ပြောသည်။
ဇွန်လ (၂၂) ရက်နေ့ က အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုပါမောက္ခချုပ် လက်မှတ်ရေးထိုး၍ သမိုင်းနှင့် မြန်မာစာ အထူးပြုဘာသာရပ် နှစ်ရပ် ပို့ချသင်ကြားပေးမည်ဟု ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ အစိုးရ အဖွဲ့အစည်း၏ ကြေညာချက်တွင် ဘင်္ဂါလီ ကျောင်းသားများဟု သုံးနှုန်းခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်အစိုးရကိုယ်တိုင် ရိုဟင်ဂျာကျောင်းသား/သူများကို လူမျိုးခွဲခြား၍ ပစ်မှတ်ထားသည်မှာ ပေါ်လွင်နေသည်။
MYARF
ဇွန်လ (၂၄) ရက်နေ့ နေ့လည်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စိမ့်ညှင်းပြားကျေးရွာ အနောက်ဘက် တောတောင်ထဲတွင် ပေါက်ကွဲသံများ ကြားခဲ့ရသော်လည်း တောတောင်များထဲသို့ ရိုဟင်ဂျာများ သွားခွင့်မရှိသောကြောင့် အသေးစိတ် စုံစမ်း၍ မရပေ။
RB News
24.6.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မကြာခင် တိုက်ခိုက်မှုများ၊ ပေါက်ကွဲမှုများ ဖြစ်ပွားမည်ဟု အာဏာပိုင်များနှင့် ရခိုင်အသိုင်းအ၀ိုင်းများက ပြောဆိုနေကြသည်ဟု ဒေသခံများက ပြောသည်။
မောင်တောမြို့နယ်တွင် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့တွင် ARSA အဖွဲ့က ကင်းစခန်းများကို တိုက်ခိုက်သည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က နယ်မြေ ရှင်းလင်းရေး ခေါင်းစဉ်တပ်က အပြစ်မဲ့ ရိုဟင်ဂျာများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို မုဒိမ်းကျင့်ခြင်း တို့ကြောင့် ဒေသခံရိုဟင်ဂျာ (၇) သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး၍ ခိုလှုံနေရသည်။
ယခုအခါ နယ်မြေ အေးချမ်းတည်ငြိမ်လာသည့် အခြေအနေတွင် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပေါ်လာမည်ဟု သတင်းထွက်ပေါ်လာသည်။
ဇွန်လ (၂၂) ရက်နေ့ညပိုင်းက မောင်တော မုခ်ဦးစခန်း (မြို့မကညင်တန်းနှင့် မြို့သူကြီးကြားရှိ တံတားကင်းစခန်း) မှ သေနတ်ပစ်ဖောက်သံများ ကြားခဲ့ရသည်ဟု ဒေသခံများက RB News သို့ပြောသည်။
ဇွန်လ (၂၄) ရက်နေ့ နံနက် အစောပိုင်းတွင် ဝေသာလီကျေးရွာတွင် စခန်းချထားသည့် တပ်ရင်း (၅၅၁) မှ ဒု-တပ်ရင်းမှူးနှင့် အင်အား ၃၀ ခန့်ရှိ အဖွဲ့သည် အမှတ် (၅) ရပ်ကွက်နှင့် မြို့မကညင်တန်း ကျေးရွာတွင် ကင်းလှည့်ခဲ့သည်။ ထို့နောက် မြို့မကညင်တန်းနှင့် ပန်းတောပြင် ကြားရှိ တံတားကင်းစခန်းသို့ သွားရောက် နယ်ခြားစောင့်ရဲများနေရာတွင် အစားထိုး၍ နေရာယူထားသည်။
မောင်တောမြို့ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းများမှ တပ်ဖွဲ့ဝင်များကိုလည်း အပြောင်းအရွှေ့ လုပ်နေသည်ဟု သိရသည်။ အချို့စခန်းများတွင် နယ်ခြားစောင့်ရဲများ နေရာတွင် စစ်သားများကို အစားထိုးထားကြောင်း၊ အင်အားကိုလည်း တိုးချဲ့ထားကြောင်း ဒေသခံများက ဆိုသည်။
ဇွန်လ (၂၄) ရက်နေ့ နေ့လည်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စိမ့်ညှင်းပြားကျေးရွာ အနောက်ဘက် တောတောင်ထဲတွင် ပေါက်ကွဲသံများ ကြားခဲ့ရသော်လည်း တောတောင်များထဲသို့ ရိုဟင်ဂျာများ သွားခွင့်မရှိသောကြောင့် အသေးစိတ် စုံစမ်း၍ မရပေ။
“မောင်တောမြို့ပေါ်မှာ တိုက်ခိုက်မယ်၊ ပေါက်ကွဲမှုတွေ ဖြစ်မယ်လို့ အာဏာပိုင်တွေ၊ ရခိုင်တွေ ဘက်ကနေ တဆင့် ကြားရတာပါ။ သူတို့ဆီမှာ အကုန်သတင်းရှိတယ်လို့ ပြောတယ်။ လူစိမ်းတွေလည်း မြင်နေရတာ ရှိတယ်။ မောင်တောမှာ နေရာတိုင်းမှာ လုံခြုံရေး ထူထူထပ်ထပ် ချထားတယ်၊ အာဏာပိုင်တွေမှာ သတင်းလည်း ရှိတယ်။ အဲဒီကြားက ဖြစ်လာရင်တော့ အာဏာပိုင်တွေ ကိုယ်တိုင် အလိုတူအလိုပါ ဖြစ်လို့ ဒီလို ဖြစ်ရတယ်လို့သာ ပြောရမှာပါ” ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက RB News သို့ပြောသည်။
RB News
24.6.2018
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဆင်ခုန်တိုင်းကျေးရွာသို့ နယ်ခြားစောင့်ရဲများ ၀င်ရောက်၍ ဒေသခံရိုဟင်ဂျာများကို ရိုက်နှက်ခြင်း၊ ခြံစည်းရိုးများ ဖျက်ဆီးခြင်းနှင့် ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့သည်။
ယနေ့ ဇွန်လ (၂၄) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ရသေ့တောင်မြို့နယ် အုတ်ဖိုကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စခန်းမှူး ဇေယျာထွန်း အပါအ၀င် နယ်ခြားစောင့်ရဲ (၇) ဦးသည် ဆင်ခုန်တိုင်း ရိုဟင်ဂျာရွာသို့ ရောက်ရှိလာပြီး ခြံအချို့တွင် ကာရံထားသော ခြံစည်းရိုးများကို ဖျက်ဆီးခဲ့သည့်အပြင် ခြံပိုင်ရှင်များထံမှ ငွေကျပ် ၅ သောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
နယ်ခြားစောင့်ရဲများသည် လမ်းသွားလမ်းလာများကို ရိုက်နှက်၍ ငွေညှစ်ခြင်းများလည်း ပြုလုပ်ခဲ့သည့်အပြင် ဦးမာမတ်ဆာလေ (ဘ) ဦးအလီအာမတ်၏ နေအိမ်ကို ၀ိုင်း၍ နေအိမ်ထဲသို့ ၀င်ရောက်ပြီး အမျိုးသမီးများကို ရိုက်နှက်ထိုးကြိတ်၍ ဆဲဆိုခြင်း၊ လိင်အကြမ်းဖက်ရန် ကြိုးစားခြင်းများ ပြုလုပ်ခဲ့သည်။
ထို့အပြင် အမျိုးသားများကိုလည်း အကြောင်းမဲ့ ဖမ်းဆီးရန် ကြိုးစားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
နယ်ခြားစောင့်ရဲများသည် ရွာအတွင်းတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ လိုင်စင်ရ သောင်းကျန်းသူများပမာ စိတ်တိုင်းကျ သောင်းကျန်း၍ ညနေ ၄ နာရီ အချိန်တွင် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
Rohingya Eye
RB News
23.6.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာအုပ်စုရှိ မူလွန်ကျောင်းတွင် အခက်အခဲမျိုးစုံ ကြုံတွေ့နေရသောကြောင့် ကျောင်းသား/သူများ ပညာသင်ကြား၍ မရ ဖြစ်နေသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကားကျေးရွာအုပ်စု သဲချောင်းရွာတွင် ၂၀၁၇ ခုနှစ်တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် အစိုးရပိုင် အခြေခံပညာ မူလတန်းလွန်ကျောင်း အဆောက်အဦ တစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့သည်။
ပျက်စီးသွားသည့် အချိန်မှစ၍ ကျောင်းအဆောက်အဦ ပြန်လည် ပြင်ဆင်ရန်အတွက် အစိုးရမှ ငွေကြေးတစ်စုံတစ်ရာထောက်ပံ့ခြင်း မရှိသေးကြောင်း ဒေသခံများက RB News သို့ပြောသည်။
ရွာသားများက ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပလတ်စတစ်အကာများဖြင့် မွမ်းမံပြင်ဆင်၍ ကျောင်းသား/သူများပညာသင်ကြားနိုင်ရန် စီစဉ်ထားသည်။
ယင်းကျောင်း၌ မီးရှို့ခံထားရသည့် ကျောက်ပြင်ဆိပ်၊ လှဖိုးခေါင်၊ ဇင်ပိုင်ညာနှင့် ကျောက်လှေကားကျေးရွာများမှ ကျောင်းသား/သူ ၆၀၀ ကျော် ပညာသင်ကြားလျက် ရှိသည်။
ယခုအခါ မိုးတွင်းကာလတွင် မိုးရွာသည့်အချိန်များ၌ မိုးယိုနေသဖြင့် ကျောင်းသား/သူများ ပညာသင်ကြားနိုင်ခြင်း မရှိတော့ဟု ဒေသခံများက ဆိုသည်။
ကျောင်း၏ ကျောင်းအုပ်ဆရာမကြီးသည် ရသေ့တောင်မြို့နယ်မှ ဖြစ်ပြီး၊ အစိုးရ ဆရာမ ၆ ဦး ရှိသော်လည်း တစ်ပတ်လျှင် ၃ ရက်ခန့်သာ ကျောင်းသို့ လာရောက်သည်ဟု သိရသည်။
အဖက်ဖက် ယိုယွင်းပျက်စီးနေသည့် အခြေအနေ ဖြစ်နေပြီး၊ ကျောင်းသား/သူများ ပညာသင်ကြားနိုင်ခြင်း မရှိတော့သောကြောင့် နိုင်ငံတော်အစိုးရ၏ အကူအညီ အပူတပြင်း လိုအပ်ကြောင်း၊ ကျောင်းကို ပြုပြင်မွမ်းမံပြီး ဆရာမများ နေ့စဉ် လာရောက်၍ ကျောင်းသား/သူများကို ပညာသင်ကြားပေးရန် နိုင်ငံတော်အစိုးရမှ စီစဉ်ပေးရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။

| ကျောက်လှေကားမှ မူလွန်ကျောင်း |
MYARF
RB News
22.6.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ညောင်ချောင်းကျေးရွာမှ မီးရှို့ခံရသည့် နေအိမ်ခြံဝင်း အတွင်းကျန်ရှိနေသည့် အပင်များကို တပ်ရင်း (၅၅၁) မှ စစ်သားများ ခုတ်ယူလျက် ရှိသည်။
မောင်တောမြို့နယ်၊ မြို့သူကြီးကျေးရွာအုပ်စု ဝေသာလီရွာတွင် စခန်းချထားသည့် တပ်ရင်း (၅၅၁) မှ စစ်သားများသည် ညောင်ချောင်းကျေးရွာသို့ သွားရောက်၍ မီးရှို့ခံရသည့် နေအိမ်ခြံဝင်းများအတွင်း ကျန်ရှိနေသည့် အပင်များကို ခုတ်ယူလျက်ရှိသည်။
ယနေ့ ဇွန်လ (၂၂) ရက်နေ့တွင် စစ်သားများ ရောက်ရှိလာပြီး အပင်များကို ခုတ်ယူနေစဉ် ယင်းရွာမှ ရပ်မိရပ်ဖများနှင့် ခြံပိုင်ရှင်အချို့ သွားရောက်၍ အပင်များကို မခုတ်ရန် ဟန့်တားသော်လည်း စစ်သားများက “ငါတို့မှာ ငွေလိုနေလို့ သစ်ပင်တွေ လာခုတ်တာ၊ ဘယ်သူဘယ်ဝါမှ ခုတ်ခိုင်းတာ မဟုတ်ဘူး၊ သစ်ပင်တွေ မခုတ်စေချင် ငါတို့ကို ငွေပေး၊ ငွေပေးရင် မခုတ်တော့ဘူး” ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ခြံပိုင်ရှင်များက မိမိတို့၏ ခြံများမှ အပင်များ ခုတ်ယူနေသောကြောင့် ဟန့်တားနေခြင်း ဖြစ်ရာ ငွေပေးရန် မလိုကြောင်း၊ ယခုကဲ့သို့ မတရားသဖြင့် မခုတ်ရန်သာ လိုကြောင်း ပြောသော်လည်း စစ်သားများက အပင်များကို ခုတ်ယူသွားသည်ဟု ဆိုသည်။
ညောင်ချောင်းကျေးရွာအုပ်စု အရှေ့ရွာနှင့် တောင်ရွာများရှိ ဒေသခံရိုဟင်ဂျာများ၏ နေအိမ်များကို ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် စစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ရခိုင်အစွန်းရောက်များက မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါရွာများမှ ရွာသား အနည်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံလျက်ရှိပြီး အများစုသည် ရွာ၏ မြောက်ဘက်၊ အနောက်ဘက်နှင့် အလယ်ပိုင်းသို့ ထွက်ပြေး၍ ခိုလှုံလျက် ရှိသည်။
သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် တပ်ရင်း (၅၅၁) သည် မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ နယ်မြေတွင် တာဝန်ကျစဉ် အနီးအနားရှိ ကျေးရွာများမှ ဒေသခံရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ကျွဲ၊ နွားများ၊ ရွှေ ငွေများ၊ အိမ်သုံး အဖိုးတန်ပစ္စည်းများ လုယက်ခဲ့သည့် အပြင် ရိုဟင်ဂျာ အမြောက်အမြားကို သေနတ်ဖြင့် ပစ်သတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။

21.6.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ဘင်္ဂလားဒေ့ရှ် ကျောင်းတိုက်သို့ ၀င်သွားသည့် နွားများကို ငွေပေး၍ ရွေးယူခဲ့ရသည်။
ဇွန်လ (၁၉) ရက်နေ့ မွန်းလွှဲပိုင်းတွင် မောင်တောမြို့နယ်၊ မြို့မကညင်တန်းကျေးရွာအုပ်စု အနောက်ရွာမှ ဦးကော်ရီမူလ္လာ၏ နွားအုပ် (နွား ၁၄ ကောင်) သည် မြို့မကညင်တန်း အရှေ့ရွာ အရှေ့ဘက်ရှိ ဘင်္ဂလားဒေ့ရှ် ကျောင်းတိုက် ရှေ့လမ်းတွင် ကျက်စားနေစဉ် နွားမနှစ်ကောင်နှင့် နွားငယ်နှစ်ကောင်သည် ကျောင်းခြံဝင်းထဲသို့ ၀င်သွားခဲ့ရာ ကျောင်းတိုက်မှ ဘုန်းကြီးက ကျောင်းတွင် နေထိုင်သော ရခိုင်ရွာသားနှစ်ဦးကို နွားများအား ကြိုးဖြင့် ချည်နှောင်ထားခိုင်းခဲ့သည်။ ထို့နောက် ရခိုင်ရွာသားများက နွားအုပ်တစ်အုပ်လုံးကို ကျောင်းခြံဝင်းထဲသို့ ခေါ်သွင်း၍ ချည်နှောင်ထားခဲ့သည်။
ညနေပိုင်းအချိန်တွင် ဦးကော်ရီမူလ္လာ၏ နွားကျောင်းသားက နွားများကို ရှာဖွေစဉ် ကျောင်းခြံဝင်းအတွင်းတွင် ချည်နှောင်ထားသည်ကို တွေ့ရှိခဲ့သည်။
ထို့နောက် ဦးကော်ရီမူလ္လာ၏ သားဖြစ်သူက နွားများကို ပြန်လည်ယူရန်အတွက် ကျောင်းခြံဝင်းထဲသို့ ၀င်ရောက်ရာ ဘုန်းကြီးက ကျောင်းခြံဝင်းထဲသို့ ၀င်ရောက်သည့်အတွက် ဒဏ်ငွေပေးရမည်ဟု ဆိုကာ ငွေကျပ် နှစ်သိန်း တောင်းခံခဲ့သည်။ ထိုသို့ ဒဏ်ငွေဟု ဆိုကာ ငွေညှစ်ခြင်းကြောင့် အပြန်အလှန် စကားများပြီး နောက်ဆုံးတွင် ငွေကျပ် ငါးသောင်း ပေးခဲ့ရသည်ဟု ဒေသခံများက RB News သို့ပြောသည်။
လွန်ခဲ့သည့်သီတင်းပတ်ကလည်း ယင်းရွာမှ ကားပိုင်ရှင်တစ်ဦးဖြစ်သူ ဦးအဒူလာမီးန် ၏ နွားများသည် အဆိုပါ ကျောင်းခြံဝင်းထဲသို့ ၀င်ရောက်သွားခဲ့ရာ အလားတူ ချည်နှောင်ထားခံခဲ့ရပြီး ဒီဇယ်ဆီ ၁၀ ဂါလံ ညှစ်ခံခဲ့ရသည်။
ယခင်ကလည်း ရခိုင်ရွာသားများက လမ်းပေါ်မှ နွားများကို ကျောင်းထဲသို့ မောင်းထဲ၍ ကျောင်းခြံဝင်း အတွင်းသို့ နွားများ ၀င်ရောက်သည်ဟု ဆိုကာ ငွေညှစ်မှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။ လွန်ခဲ့သည့်နှစ်က ယင်းကျောင်းခြံဝင်းအတွင်း စစ်သားများ စခန်းချနေစဉ် ရခိုင်ရွာသားများနှင့် ပူးပေါင်း၍ လမ်းပေါ်မှ ဆိတ်များကို ဖမ်းဆီး၍ သတ်ဖြတ် စားသောက်ခဲ့ခြင်းများလည်း ရှိခဲ့သည်။
MYARF
RB News
21.6.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွာသစ်ကေရပ်ကွက် အနီးရှိ ရဲကင်းစခန်းမှ ရဲများသည် ကင်းစခန်းရှေ့မှ ဖြတ်သန်းသွားလာသော ကားများထံမှ ငွေကောက်ခံလျက်ရှိသည်။
မောင်တောမြို့နယ် ရွာသစ်ကေရပ်ကွက် (အမှတ် ၅ ရပ်ကွက်) အရှေ့တောင်ဘက်စွန်း မြို့မကညင်တန်းသို့ သွားသည့်လမ်းတွင် ရှိသော ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့များသည် စခန်းရှေ့မှ ဖြတ်သန်းသွားလာသော ကားများ၊ စီအန်ဂျီ ကားများကို နံပါတ်များနှင့် ယာဉ်မောင်းများ၏ အမည်များကို ရေးမှတ်ကာ ကားတစ်စီးလျှင် ငွေကျပ် တစ်ထောင်၊ စီအန်ဂျီတစ်စီးလျှင် ငွေကျပ် ငါးရာစီ နေ့စဉ် ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။
“ဖြတ်တိုင်း ပေးရတာတော့ မဟုတ်ဘူး။ တစ်နေ့ကို တစ်ကြိမ်တော့ အနည်းဆုံး ပေးရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကားပေါ်ရှိ ခရီးသည်များကို ဆင်းခိုင်း၍ စစ်ဆေးခြင်း ပြုလုပ်လေ့ရှိပြီး၊ ဖုန်းများကိုသာ ဦးစားပေး၍ စစ်ဆေးကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နံပါတ်တစ်ခုခု သိမ်းထားသည်ကို တွေ့လျှင် ငွေညှစ်သည်ဟု အဆိုပါ ဒေသခံကပြောသည်။
ဦးထုပ်ဆောင်းထားသည့် အစ္စလာမ်ဘာသာဝင်ဆိုလျှင် ဦးထုပ်ချွတ်ခိုင်းသည်ဟု အဆိုပါ ဒေသခံက ဖြည့်စွက်ပြောပါသည်။

18.6.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အပိုင် ကမ်းခြေတွင် စက်လှေပျက်၍ သောင်တင်ခဲ့သည့် ရိုဟင်ဂျာများကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အပ်နှံလိုက်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးများ ၉၂ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ ဦးတို့သည် စက်လှေတစ်စီးဖြင့် မလေးရှားနိုင်ငံသို့ သွားနေစဉ် လမ်းခရီး၌ စက်လှေပျက်၍ ရသေ့တောင်မြို့နယ်အပိုင် ကမ်းခြေတွင် ဇွန်လ (၁၁) ရက်နေ့က သောင်တင်ခဲ့သည်။
ကမ်းခြေတွင် ခိုလှုံနေသူ (၁၀၄) ဦးကို ရခိုင်ရွာသားများက တွေ့ရှိခဲ့ပြီးနောက် တုတ်၊ ဓါးများဖြင့် ၀န်းရံထားခဲ့သည်။ ထို့နောက် ၎င်းတို့အား အာဏာပိုင်များက ယင်းနေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာရှိ ပြန်လည် လက်ခံရေးစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
၎င်းတို့ကို ပြန်လည်လက်ခံရေး စခန်းတွင် စိစစ်ပြီးနောက် အသက် (၁၀) နှစ်အထက် ရိုဟင်ဂျာများကို NVC ထုတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ဇွန်လ (၁၅) ရက်နေ့တွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ရိုဟင်ဂျာကျေးရွာ အုပ်ချုပ်ရေးမှူးများကို ခေါ်၍ ရိုဟင်ဂျာ ၉၂ ဦးကို ကျေးရွာအလိုက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးထံ အပ်နှံခဲ့ကြောင်း သိရှိရသည်။
ကျေးရွာမီးရှို့ခံရပြီး အုပ်ချုပ်ရေးမှူးမရှိသော ရွာများမှ ရွာသားများကို နီးစပ်ရာ ဆွေမျိုးသားချင်းများ ရှိသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အပ်နှံခဲ့သည်။
အပ်နှံစဉ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ လူကြီးများကို တစ်ဦးလျှင် ဆန် ၇ ပြည်ခန့်၊ ထမင်းနှင့်ဟင်းအိုး တစ်စုံ၊ ပလတ်စတစ်ဖျာ တစ်ချပ်စီ ထောက်ပံ့ပေးခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ရိုဟင်ဂျာ ၉၂ ဦးအား ငါးခူရကျေးရွာ၊ မြောတောင်၊ ကျောက်လှေကား၊ ပေါင်းဇား၊ မြို့မတောင်ရပ်ကွက်၊ မြို့မရွာသစ်ကေရပ်ကွက်နှင့် မြို့မကညင်တန်းကျေးရွာများမှ အုပ်ချုပ်ရေးမှူးများထံ အပ်နှံခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရိုဟင်ဂျာ ၉၂ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် မိသားစုများကို ပြန်ခေါ်လာရန်၊ မောင်တောခရိုင်သည် အေးချမ်းသည့် နယ်မြေဖြစ်သွားကြောင့် မည်သည့်ရွာတွင်မဆို နေထိုင်နိုင်သည်ဟု အာဏာပိုင်များက မှာကြားခဲ့ကြောင်း သိရှိရသည်။

16.6.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် အစ္စလာမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တွင်ပင် စုပေါင်းဝတ်ပြုခွင့် ပိတ်ပင်ခံရသည်။
ဘူးသီးတောင်မြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် အနီးတ၀ိုက်ကျေးရွာများတွင် လူစုလူဝေးဖြင့် အီးဒ်နေ့၌ ၀တ်ပြုခြင်း မပြုရန် ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း က ဇွန်လ (၁၅) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ အမိန့်စာပေးပို့၍ တားမြစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ဘူးသီးတောင်မြို့နယ် မြို့ပေါ်ရပ်ကွက်များနှင့် အနီးတ၀ိုက် ကျေးရွာများရှိ ဗလီဝတ်ကျောင်းတော်များတွင် ၀တ်ပြုခွင့် ပိတ်ပင်ထားသည်မှာ ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ ဖြစ်သည်။
ဗလီဝတ်ကျောင်းတော်များတွင် ၀တ်ပြုခွင့်မရသောကြောင့် ဒေသခံများက မိသားစု ၅ စုခန့် စုပေါင်း၍ နေအိမ်များတွင် ၀တ်ပြုလေ့ရှိသော်လည်း ထိုကဲ့သို့ ၀တ်ပြုခြင်း မပြုလုပ်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တားမြစ်ခဲ့သည်။
ဇွန်လ (၁၃) ရက်နေ့တွင် ဒေသခံရိုဟင်ဂျာများက ဘူးသီးတောင်မြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ သင်္ချိုင်းသို့ သွားရောက်၍ ဆုတောင်းရန် ကြိုးစားခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက တားမြစ်ခဲ့သည်။
ပြည်ထောင်စုအစိုးရက မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့်ရှိသည်ဟု ပြောဆိုနေသော်လည်း မောင်တောခရိုင်တွင် ဘာသာရေးလွတ်လပ်ခွင့် ဆုံးရှုံးနေသည်မှာ ၆ နှစ်ကျော်နေပြီ ဖြစ်သည်။
Rohingya Eye
RB News
13.6.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ မြေတိုင်းစာရေးများသည် ၎င်းတို့ တာဝန်ကျရာ ကျေးရွာအသီးသီးတွင် လယ်မြေပိုင်ရှင်များ၊ ပုဇွန်ကန်ပိုင်ရှင်များ အမည်ပြောင်းပေးခြင်း ဆောင်ရွက်ပေးရန်အတွက် ငွေကြေး အမြောက်အမြား ယူနေသည်။
ယခင်က လယ်မြေပိုင်ရှင်များ၊ ပုဇွန်ကန်ပိုင်ရှင်များ ကွယ်လွန်သွားလျှင်လည်း မိသားစုဝင်များက အမည်မပြောင်းဘဲ ဆက်လက် လုပ်ကိုင်နိုင်ခဲ့သော်လည်း ယခုနှစ်မှစ၍ ပိုင်ရှင်များ ကွယ်လွန်သွားလျှင် သက်ရှိထင်ရှားရှိသည့် မိသားစုဝင်များ၏ အမည်သို့ ပြောင်းလဲရမည်ဟု မေလ (၁၂) ရက်နေ့က မြို့မကညင်တန်းကျေးရွာအုပ်စု၊ မောင်နီရွာတွင် သက်ဆိုင်ရာဌာနက ပြောဆိုခဲ့သည်။
အမည်ပြောင်းလျှင် မြေတိုင်းစာရေးအား လယ်မြေ ၀.၄ ဧက အတွက် ငွေကျပ် နှစ်သောင်းငါးထောင်၊ ပုဇွန်ကန်တစ်ဧကလျှင် ငွေကျပ် ခုနှစ်သောင်းငါးထောင် ပေးနေရသည်ဟု ဒေသခံများက RB News သို့ပြောသည်။
မြေတိုင်းစာရေး တောင်းခံသည့် ငွေကို မပေးပါက ပိုင်ရှင်မဲ့ မြေဟု သတ်မှတ်မည်ကို စိုးရိမ်ရသည်ဟု လယ်မြေပိုင်ရှင် တစ်ဦးက သုံးသပ်ပြောဆိုသည်။
“မြေတိုင်းစာရေး တောင်းတဲ့ငွေမပေးဘူးဆိုရင် ကျွန်တော်တို့ ဘိုးဘွားပိုင်မြေတွေကို ပိုင်ရှင်မဲ့ သတ်မှတ်ပြီး ကုမ္ပဏီတွေကို ငှားရမ်းဖို့လုပ်နိုင်တယ်” ဟု ပြောသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ကြက်ရိုးပြင်ကျေးရွာ၊ ငန်းချောင်းကျေးရွာနှင့် ငါးစကြူးကျေးရွာ စသည့် ကျေးရွာများတွင်လည်း လယ်မြေပိုင်ရှင်များထံမှ မြေတိုင်းစာရေးများက အမည်ပြောင်းခိုင်း၍ ငွေယူခဲ့ကြောင်း ဒေသခံများက ဆိုသည်။
မြေတိုင်းစာရေးများသည် ရွာတစ်ရွာလျှင် ငွေကျပ် သိန်းတစ်ရာ နီးပါးရရှိနေသည်ဟု ဒေသခံများက ပြောပါသည်။
လယ်မြေပိုင်ရှင်းတစ်ဦးက “ကျွဲ၊ နွားတွေ ရှားသွားတာကြောင့် စပါးစိုက်ပျိုးရန် အခက်အခဲ ဖြစ်နေတဲ့အချိန်မျာ ဒီလိုမျိုး ငွေညှစ်နေတာတွေက အရမ်းကို ရက်စက်သလို ဖြစ်နေတယ်။ လယ်မြေပိုင်ရှင် နာမည် ပြောင်းပေးရမှာ သူတို့တာဝန်ပဲ၊ အခုလို အကျပ်အတည်းမှာ အဆမတန် ငွေညှစ်နေတာက အထက်က အမိန့်အတိုင်း လုပ်နေတာလား၊ အောက်ခြေက လုပ်နေတာလား ဆိုတာတော့ သိချင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
RB News
12.6.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုရာ ဗလီဝတ်ကျောင်းဝတ်တော်များကို ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ ပိတ်ပင်ထားခဲ့ရာ ယခုအချိန်ထိ ပြန်လည် ၀တ်ပြုခွင့် မပေးသည့်အပြင် ဥပုသ်လတွင် နေအိမ်များအတွင်း ၀တ်ပြုခြင်းကိုပင် ရဲတပ်ဖွဲ့ဝင်များက တားမြစ်ပိတ်ပင်လျက် ရှိသည်။
နိုင်ငံတော်အစိုးရက ဘာသာရေးလွတ်လပ်ခွင့် ရှိသည်ဟု နိုင်ငံတကာအား ပြောဆိုလျက်ရှိသော်လည်း မောင်တောခရိုင်အတွင်းရှိ အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော်များကို ပိတ်ပင်ထားသည်မှာ ၆ နှစ်တိတိရှိပြီ ဖြစ်သည်။ လွန်ခဲ့သည့် ၆ နှစ်မှစ၍ လွတ်လပ်စွာ ၀တ်ပြုခွင့် ဆုံးရှုံးလာသည့် မောင်တောခရိုင်မှ ရိုဟင်ဂျာမွတ်စလင်များသည် ဥပုသ်လအတွင်းတွင် နေအိမ်များအတွင်း စုပေါင်း ၀တ်ပြုရန် ကြိုးစားရန် ကြိုးစားသော်လည်း ရဲတပ်ဖွဲ့ဝင်များ၏ ပိတ်ပင် တားမြစ်ခြင်းကို ခံနေရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
“အဓိက ကျွန်တော်တို့ ဘူးသီးတောင်မြို့နယ် အမှတ် (၁) ရပ်ကွက်မှာ ပိုဆိုးနေတယ်။ အိမ်နီးချင်း နှစ်အိမ်၊ သုံးအိမ်လောက် ပေါင်းပြီး စုပေါင်း ၀တ်ပြုတာကို ရဲတွေက လာတားတယ်။ သူတို့စကား နားမထောင်ရင် ငွေညှစ်မယ်၊ ဖမ်းမယ်လုပ်တယ်။ ရဲတပ်ဖွဲ့ဝင်တွေထဲက အဆိုးဆုံး သောင်းကျန်းနေသူက ရဲတပ်ကြပ်ကြီး စံထွန်းသိန်း ဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အစ္စလာမ်ဘာသာဝင်များသည် တစ်နှစ်လျှင် တစ်လ ဥပုသ်စောင့်ထိန်းကြပြီး၊ ဥပုသ်လတွင် ညပိုင်း စုပေါင်း ၀တ်ပြုကြသည်။ မည်သည့်အရပ်ဒေသတွင်မှ ကန့်သတ်မှု မရှိသည့် ကန့်သတ်မှုများ မောင်တောခရိုင်တွင် ရှိနေသည်မှာ ၆ နှစ်ပြည့်ပြီ ဖြစ်သည်။
ယခင် စစ်ယူနီဖောင်းချွတ် အစိုးရ လက်ထက်တွင် ကန့်သတ်ပိတ်ပင်ခဲ့သည်များကို အရပ်သားအစိုးရ လက်ထက်တွင် ပြောင်းလဲသွားမည်ဟု ဒေသခံများက မျှော်လင့်ခဲ့သော်လည်း ၎င်းတို့၏ မျှော်လင့်ချက်များ ပြည့်ဝ လာခြင်း မရှိဟု ဆိုသည်။
“အစိုးရပြောင်းသွားတာ နှစ်နှစ်ကျော်ပြီ။ အခုထိ ပြောင်းလဲလာတာ ဘာမှ မရှိဘူး။ အရင် စစ်အစိုးရ လက်ထက်ကလိုပါပဲ” ဟု အဆိုပါ ဒေသခံက ဝေဖန်ပြောဆိုသည်။
“ကျွန်တော်တို့ကို လွတ်လပ်စွာ ၀တ်ပြုခွင့်လေးတော့ ပေးသင့်ပါတယ်။ အရမ်းကို အခြေခံကျတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာ အရှေ့မှာကျရင် ဘာသာရေး လွတ်လပ်ခွင့် အပြည့်အ၀ ပေးထားတယ်လို့ အမြဲပြောနေပေမယ့် တကယ်တမ်း မြေပြင်မှာ ကိုယ့်အိမ်မှာတောင် ကိုယ်ဝတ်ပြုခွင့် မရဘဲ ဘာသာရေး လွတ်လပ်ခွင့် အကြီးအကျယ် ဆုံးရှုံးနေရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

5.6.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ရိုဟင်ဂျာများ ပိုင်ဆိုင်သော လယ်မြေများပေါ်တွင် ဟိန္ဒူများအတွက် တိုက်အိမ်များ ဆောက်လုပ်လျက် ရှိသည်။
မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု၊ အောင်ဗလရွာ (ရခိုင်ရွာ) ၏ အနောက်ဘက် နယ်စပ် ခြံစည်းရိုး အရှေ့ဘက်ရှိ ရိုဟင်ဂျာများ ပိုင်ဆိုင်သော လယ်မြေများပေါ်တွင် ဟိန္ဒူများအတွက် တိုက် အိမ် များ ဆောက် လုပ်လျက် ရှိပြီး အလျား ၂၄ ပေ၊ အနံ ၁၈ ပေရှိ တိုက်အိမ် အလုံး (၅၀) ကို အိန္ဒိယနိုင်ငံ မှ ထောက် ပံ့ပေးနေခြင်း ဖြစ်ကြောင်း ဟိန္ဒူဒေသခံများ၏ ပြောကြားချက်များ အရသိရှိသည်။
မောင်တောမြို့နယ် မြို့ပေါ် အနီးတ၀ိုက် ကျေးရွာများ ဖြစ်သော မြို့မအရှေ့ရပ်ကွက်၊ မြို့မအနောက် ရပ်ကွက်၊ ရွှေဇားကျေးရွာ၊ ဧတာလျာကျေးရွာအုပ်စု လသာရွာနှင့် လေးမိုင်ရပ်ကွက်များတွင် ဟိန္ဒူရွာများ ရှိသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် အဆိုပါရွာများရှိ ဟိန္ဒူများကို မည်သူတစ်ဦးတစ်ယောက်ကမှ တိုက် ခိုက်ခဲ့ခြင်း၊ ဖျက်ဆီးခြင်းများ မရှိခဲ့သော်လည်း အာဏာပိုင်များက အဆိုပါရွာများမှ ဟိန္ဒူများကို စစ်တွေ သို့ ခေါ်ဆောင်သွားပြီး ဒုက္ခသည်များအဖြစ် ဟန်ဆောင်စေခြင်း၊ မြို့မကညင်တန်းကျေးရွာရှိ အထက် တန်းကျောင်း အမှတ် (၁) တွင် ဒုက္ခသည်များ အဖြစ်ဟန်ဆောင်စေခိုင်းခဲ့သည်။ ၎င်းတို့ထဲမှာ အချို့ကို ရိုဟင်ဂျာများက မိမိတို့၏ နေအိမ်များကို မီးရှို့နေသည့်ပုံစံ သရုပ်ဆောင်ခိုင်း၍ ဓါတ်ပုံရိုက်ကူးပြီး သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကိုယ်တိုင် လူမှုကွန်ယက်တွင် ၀ါဒဖြန့်ခဲ့သည်။
ထို့အပြင် အဆိုပါ ဟိန္ဒူများကို သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် စစ်တပ်၊ နယ်ခြားစောင့်ရဲ တပ်ဖွဲ့နှင့် ရခိုင်အစွန်းရောက်များက မီးရှို့ဖျက်ဆီးခဲ့သည့် မြို့မကညင်တန်းကျေးရွာအုပ်စု ဒိလ်ဖာရာ မီးလောင်ပြင်တွင် တဲထိုး၍ ဒုက္ခသည်များ အဖြစ် ဆက်လက်၍ ဟန်ဆောင်နေစေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ယခုအခါ ဟိန္ဒူများအတွက် အိန္ဒိယနိုင်ငံမှ တိုက်အိမ် အလုံး (၅၀) ဆောက်လုပ် ရန် ငွေကြေး ထောက် ပံ့ထားရာ မောင်တော ဒေသဆိုင်ရာ အာဏာပိုင်များက ရိုဟင်ဂျာများ၏ လယ်မြေများပေါ် တွင် ဆောက် လုပ်လျက် ရှိသည်။
အသက်ပေါင်း ထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့် အပြင် ရွာပေါင်း ရာနှင့်ချီ၍ မီးရှို့ခံရသည့် ရိုဟင်ဂျာ များကို တစ်စုံတစ်ရာ ကူညီခြင်းမရှိသည့် အပြင် ရိုဟင်ဂျာများ၏ လယ်မြေများကို လုယက်၍ ဆုံးရှုံးမှု လုံးဝ မရှိသည့် ဟိန္ဒူများ အတွက် အိမ်ဆောက်လုပ်ပေးနေခြင်းကြောင့် ဒေသခံများက အလွန် စိတ်ပျက်နေ သည်ဟု ဆိုသည်။
Rohingya Eye
RB News
4.6.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနက မြို့ပေါ်ရှိ ရခိုင်လူမျိုးများ၏ ရပ်ကွက်များရှိ ရေမြောင်းများကို ရှင်းလင်းပေးသော်လည်း ရိုဟင်ဂျာများ၏ ရပ်ကွက်များတွင် လုပ်ဆောင်မပေးဘဲ ထောင်ကျမည်ဟု ဆိုကာ ခြိမ်းခြောက်၍ မိမိတို့၏ အစီအစဉ်ဖြင့် လုပ်ဆောင်ရန် ခိုင်းစေလျက် ရှိသည်။
မောင်တောမြို့နယ် စည်ပင်သာယာရေး ဦးစီးအရာရှိ ဦးရွှေမောင်သည် မြို့မ လမ်းမကြီးတစ်လျှောက် ရှိ နေအိမ်များမှ အိမ်ရှင်များကို ဧပြီလတွင် ဆင့်ခေါ်ခဲ့ပြီး အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ဧပြီလ (၂၅) ရက်နေ့ နောက်ဆုံးထား၍ နေအိမ်များကို အစိမ်းနုရောင် ဆေး သုတ်ရန် ညွန်ကြားခဲ့သဖြင့် ရိုဟင်ဂျာများအားလုံးက လိုက်နာဆောင်ရွက်ခဲ့ကြသည်။
ဇွန်လ (၁) ရက်နေ့တွင်လည်း လမ်းမကြီး၏ တစ်ဘက် မြို့မတောင်ရပ်ကွက်ရှိ အိမ်ရှေ့ရေမြောင်းများ တူးဖော်ရှင်းလင်းရန် စည်ပင်သာယာရေး ဦးစီးဌာနက စာထုတ်ခဲ့သည်။ အဆိုပါစာကို ဒု-ဦးစီးမှူး အဆင့်ရှိသူ ဦးညိုမျိုးထွန်းနှင့် အတူ ၀န်ထမ်းနှစ်ဦးက အိမ်ရှင်များအား ပေးအပ်ခဲ့သည်။ ယင်းစာကို ပေးအပ်စဉ် ၁၀ ရက်အတွင်း လုပ်ရမည်၊ မလုပ်လျှင် ထောင် (၁၀) နှစ် ကျမည်၊ ရေမြောင်းများ တူးဖော်ရှင်းလင်းပြီးလျှင် အမှိုက်များကို လမ်းတစ်ဘက်တွင် ပုံမထားရန်၊ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သယ်သွားရမည် ဟု မောက်မာစွာ ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
စည်ပင်သာယာရေးဦးစီးဌာနမှ နှစ်စဉ်နှစ်တိုင်း အိမ်ခွန်ဟုဆိုကာ ငွေကျပ် ၈၄၀၀ ကောက်ခံပြီး၊ အဆိုပါ အခွန်တွင် အိမ်ခွန်၊ လမ်းမီးခွန်နှင့် အမှိုက်ခွန်များ ပါရှိသည်။ ထို့အပြင် ဆိုင်များမှာ ဆိုင်လိုင်စင်ကြေးဟု ဆိုကာ တစ်နှစ်လျှင် ငွေကျပ် နှစ်သောင်းမှ သုံးသောင်းထိ ကောက်ခံလျက်ရှိသည်။
“ကောက်ခံရရှိတဲ့ အခွန်ငွေတွေနဲ့ မြို့ကို သန့်ရှင်းသပ်ရပ်လာအောင် လုပ်ဆောင်ရမယ့် တာဝန်က စည်ပင်ရဲ့ တာဝန်ဖြစ်ပေမယ့်လည်း အခုလို အိမ်ရှေ့ရေမြောင်းတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တူးဖော် ရှင်းလင်းရမယ်လို့ စာထုတ်တာက န.၀.တ၊ န.အ.ဖ ခေတ်က ပုံစံအတိုင်း လုပ်နေတာနဲ့ တူနေတယ်” ဟု ရပ်ကွက်လူကြီးတစ်ဦးက ဝေဖန်ပြောဆိုသည်။
“မြို့ထဲက ရေမြောင်းတွေက ရေတွေစီးပြီး ရိုဟင်ဂျာရွာတွေထဲကို ၀င်တယ်။ ရွာထဲမှာ ရေ၀ပ်နေတာကြောင့် မိုးရာသီကျရင် အသွားအလာလုပ်ဖို့ ခက်ခဲလာတယ်။ ရေ၀ပ်မနေအောင် ရေမြောင်းတွေ လုပ်ပေးဖို့ စည်ပင်ကို တင်ပြတော့လည်း ဘာမှ လုပ်မပေးဘူး။ ဆိုင်တွေရှေ့ ရေ၀ပ်နေတာမြင်ရင် ဆိုင်ရှင်တွေကို စည်ပင်ရုံးကို ဆင့်ခေါ်ပြီး ငွေညှစ်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ရခိုင်လူမျိုးများ နေထိုင်သည့် ရပ်ကွက်များတွင်မူ စည်ပင်သာယာရေး ဦးစီးဌာနမှ နှစ်စဉ်နှစ် တိုင်း ရေမြောင်း များမှ အမှိုက်များ ရှင်းလင်းရေးများ လုပ်ဆောင်ပေးသလို၊ ရပ်ကွက်ထဲရှိ ကြားလမ်းများ အားလုံးကိုလည်း ကွန်ကရစ်လမ်းဖောက်လုပ်ပေးနေသည်။
ရိုဟင်ဂျာရပ်ကွက်များတွင် ကွန်ကရစ်လမ်း ဖောက်လုပ်ပေးခြင်း မရှိသလို၊ ရေမြောင်းများလည်း ရှင်းလင်းပေးခြင်း မရှိသည်ကို ကြည့်ခြင်းအားဖြင့် လူမျိုးခွဲခြား၍ လုပ်ဆောင်နေသည်ကို ကွက်ကွက် ကွင်းကွင်း မြင်နိုင်သည်ဟု ဒေသခံများက ဆိုသည်။
“ခွဲခြားပြီး လုပ်နေတာက အထက်အမိန့်အတိုင်း လုပ်နေတာလား၊ အောက်ခြေမှာ ခွဲခြားနေတာလား ဆိုတာ ကျွန်တော်တို့ သေချာသိချင်တယ်။ အခွန်တွေ ကောက်ပြီးတော့ တာဝန်မကျေနိုင်ဘူးဆိုရင် ဘာကြောင့် အခွန်တွေ ကောက်နေတာလဲ၊ ကျွန်တော်တို့ဆီကနေ ဓါးပြတိုက်နေတာ လားလို့ မေးခွန်း ထုတ်ချင်တယ်၊ နိုင်ငံတော်သမ္မတက နိုင်ငံ့ဝန်ထမ်းများ အလုပ်လုပ်ရာတွင် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမယ်လို့ ပြောတဲ့စကားကို ဆန့်ကျင်နေတဲ့ အတွက် အထက်အရာရှိများအနေနဲ့ ထိရောက်စွာ အရေး ယူပေးဖို့ တောင်းဆိုပါတယ်” ဟု ရပ်ကွက်လူကြီးက ပြောပါသည်။

28.5.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မရွာသစ်ကေရပ်ကွက် အနီးရှိ ရဲကင်းစခန်းက မြို့ဝင်/ထွက် စာရင်းမှတ်သည့် အပြင် ငွေကျပ် ၅၀၀ စီလည်း ပြန်လည် ကောက်ခံလျက် ရှိသည်။
မြို့မရွာသစ်ကေရပ်ကွက် (အမှတ် ၅ ရပ်ကွက်) အနောက်အုပ်စုနှင့် မြို့မအရှေ့ရပ်ကွက် (အမှတ် ၄ ရပ်ကွက်) စံပြရွာ ခွဆုံရှိ ရဲကင်းစခန်းသည် မေလ (၂၆) ရက်နေ့မှစ၍ ကားများနှင့် သုံးဘီးတက္ကစီများကို မြို့ဝင်/ထွက် စာရင်းမှတ်သည့် အပြင် ငွေကျပ် ၅၀၀ စီလည်း ပြန်လည် ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။
ဧပြီလကုန်ပိုင်းတွင် စစ်ဆေးမှုခံယူစဉ် ငွေတောင်းခံပါက ဆက်သွယ်တိုင်ကြားရန်ဟုဆိုကာ မြို့နယ် စခန်းမှူးနှင့် ဒု-စခန်းမှူးတို့၏ ဖုန်းနံပါတ်များကို ရေးသား၍ စာရွက်ချိတ်ဆွဲထားသည့်နေ့မှစ၍ ငွေကောက်ခံခြင်းကို ရပ်တန့်ခဲ့သည်။ သို့သော်လည်း ယခုအခါ ပြန်လည် ကောက်ခံနေပြီး ချိတ်ဆွဲထားသည့် စာရွက်လည်း မတွေ့ရှိရတော့ဟု ဒေသခံများက ဆိုသည်။
“သုံးဘီးတက္ကစီသမား တစ်ယောက်က မြို့မရွာသစ်ကေကို တစ်ရက်ကို အနည်းဆုံး ၃ ကြိမ်နဲ့ အထက် သွားနေရတယ်။ မသွားရင် ၀င်ငွေက ဘယ်လိုမှ ပြည့်မှာ မဟုတ်ဘူး။ အခု ၀င်တိုင်း ၅၀၀ ကျပ်စီ ပေးနေရတော့ သွားချင်စိတ် မရှိတော့ဘူး။ မြို့ထဲကနေ လူတစ်ယောက်ကို ၅၀၀ နဲ့ တင်သွားတာ ရဲကင်းစခန်းကို ၅၀၀ ပေးလိုက်ရတော့ ကိုယ့်ဖက်က ဆီဖိုးက အရှုံးဖြစ်နေတယ်။ ရဲကို ရှာကျွေးနေသလို ဖြစ်နေတယ်။ မနက် ၁၁ နာရီကနေ ညနေ ၄ နာရီ ၀န်းကျင်ထိ ဖြတ်သန်း သွားလာတိုင်း ကောက်ခံတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ တချို့ကပေးရတယ်။ တချို့ကမပေးရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
Rohingya Eye
RB News
19.5.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာအုပ်စုမှ ဒေသခံအမျိုးသမီးနှစ်ဦးကို တဖက်နိုင်ငံမှ ပြန်လည် ခိုးဝင်လာသူများဟု စွပ်စွဲကာ ဖမ်းဆီးချုပ်နှောင် ထားသည်။
၂၀၁၂ ခုနှစ်မှစ၍ နိုင်ငံတော်အစိုးရက မောင်တောခရိုင်အတွင်းရှိ ရိုဟင်ဂျာများကို စစ်တွေနှင့် ရန်ကုန်မြို့များသို့ သွားရောက်၍ အရေးပေါ်ဆေးကုသခွင့် ပိတ်ပင်ထားခဲ့သည်။ မောင်တောခရိုင်ရှိ ဆေးရုံများတွင် ကုသ၍ မရနိုင်သည့် နာတာရှည်ရောဂါသည်များ၊ အရေးပေါ် ခွဲစိတ်ခံရယူရမည့်သူများသည် စစ်တွေနှင့် ရန်ကုန်မြို့များသို့ သွားရောက် ဆေးကုသခွင့်မရသောကြောင့် တဖက်နိုင်ငံသို့သာ သွားရောက်ဆေးကုသကြရသည်။
မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာအုပ်စု၊ မောင်နီရွာမှ ဦးမာမတ်နော်ဆိမ်း၏ သမီးဖြစ်သူ မဆူဖိုက်ရာ (အသက် ၂၂ နှစ်) သည် လက်တဖက်ကျိုးသွားသဖြင့် တဖက်နိုင်ငံသို့ သွားရောက်၍ သံမဏိတစ်ချောင်းအစားထိုး၍ ဆေးကုသမှု ခံယူခဲ့သည်။ ဆရာဝန်ဖြစ်သူက (၄) လ အကြာတွင် သံမဏိချောင်းကို ပြန်လည် ထုတ်ယူရမည်ဟု မှာကြားခဲ့သောကြောင့် မဆူဖိုက်ရာတို့ ညီအစ်မနှစ်ဦးသည် တဖက်နိုင်ငံသို့ သွားရောက်၍ ဆေးကုသမှု ခံယူပြီး မေလ (၁၂) ရက်နေ့တွင် မောင်နီရွာသို့ ကားဖြင့် ပြန်လာခဲ့သည်။
၎င်းတို့နှစ်ဦး ပြန်လာနေစဉ် ရွှေဇားတံတားပေါ်တွင် အသင့်စောင့်နေသည့် ရဲအုပ်စံမင်း ဦးဆောင်သည့် လူကုန်ကူးမှုတားဆီးရေးအဖွဲ့က တဖက်နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ကားနှင့် အတူ အမျိုးသမီးနှစ်ဦးကို ဖမ်းဆီး၍ မြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည်။
ရဲအုပ်စံမင်းက ကားပိုင်ရှင်ထံမှ ငွေကျပ်တစ်သိန်းယူ၍ ကားကို ပြန်လည် ပေးလိုက်သော်လည်း အမျိုးသမီးနှစ်ဦးကို ဆက်လက်ချုပ်နှောင် ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အမျိုးသမီးနှစ်ဦးသည် တဖက်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် သွားရောက် ခိုလှုံနေရမှ တရားမ၀င် ပြန်လည် ၀င်ရောက်လာသူများ မဟုတ်ဘဲ၊ ဆေးကုသရန် သွားရောက်ခဲ့သူများသာ ဖြစ်သည်။ ၎င်းတို့သည် ၂၀၁၈ ခုနှစ် ဆွဲ၊ တင်၊ စစ် တွင် စစ်ဆေးမှု ခံယူခဲ့သူများလည်း ဖြစ်ကြသည်။
ဆရာဝန်ထံ အချိန်မီ သွားရောက်၍ ဆေးကုသမှု ခံယူရန် လိုအပ်သောကြောင့် သွားရောက်၍ ဆေးကုသမှု ခံယူခဲ့ခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
အလားတူ မြို့မတောင်ရပ်ကွက်မှ ဦးအီနုစ် (ဘ) ဆရာဦးခင်မောင် (အသက် ၄၈ နှစ်) နှင့် အိမ်နီးချင်း ဦးလာလားယား (အသက် ၃၃ နှစ်) တို့နှစ်ဦးသည် လွန်ခဲ့သည့် အပတ်က တဖက်နိုင်ငံသို့ သွားရောက်၍ ဆေးကုသမှု ခံယူပြီး ပြန်လာခဲ့ရာ နှစ်ရက်အကြာတွင် ရဲအုပ်စံမင်းက ခိုးဝင်လာသည်ဟု စွပ်စွဲ၍ ငွေကျပ် ၃ သိန်းခွဲစီ ညှစ်ယူခဲ့သည်။
“ဒီလူတွေက တရားမ၀င် ခိုးဝင်နေတာလည်း မဟုတ်ဘူး။ ဆွဲတင်စစ် မှာ ပါဝင် စစ်ဆေးခံခဲ့သူတွေပါ။ အရေးပေါ် ဆေးကုသမှု ခံယူဖို့ လိုလို့ သွားခဲ့တာ။ နိုင်ငံတော် အစိုးရက ပြည်တွင်းမှာ ဆေးကုသခွင့် မပေးလို့ သူတို့အသက်ကယ်ဖို့အတွက် ဆေးကုသမှု ခံယူဖို့ တဖက်နိုင်ငံကို သွားခဲ့ရတာပါ။ ဒေသဆိုင်ရာ အာဏာပိုင်တွေက သိသိကြီးနဲ့ မတရားစွပ်စွဲပြီး ဖမ်းဆီး ငွေညှစ်နေတာ” ဟု မောင်တောမြို့နယ်မှ တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါသည်။

18.5.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သရက်အုပ်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးနှင့် အဖွဲ့က မြောတောင်ကျေးရွာမှ ဒေသခံတစ်ဦးထံမှ ငွေကျပ် နှစ်သိန်းခွဲ ညှစ်ယူခဲ့သည်။
ယနေ့ မေလ (၁၈) ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် သရက်အုပ်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူး အပါအ၀င် နယ်ခြားစောင့်ရဲ (၆) ဦးသည် မြောတောင်ကျေးရွာသို့ ရောက်ရှိလာပြီး ဦးဟာမိတ်ဟူစိန်း (ဘ) ဦးနုရ်အာမတ် (အသက် ၄၅ နှစ်) ကို ခေါ်ဆောင်သွားပြီး ငွေကျပ် နှစ်သိန်းခွဲ ညှစ်ယူပြီးနောက် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
ဦးဟာမိတ်ဟူစိန်းသည် ရွက်ညိုတောင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှူး (ရဲမှူး) ကို မတ်လမှစ၍ မေလအထိ တစ်လလျှင် ငွေကျပ် တစ်သိန်းစီ ပေး၍ ၎င်း၏ ရွာအနီးအနားရှိ သစ်ပင်များကို ခုတ်လှဲ၍ သစ်ခွဲသည့် လုပ်ငန်းလုပ်ကိုင်နေသူ ဖြစ်သည်။
ယခု အဆိုပါ ရဲမှူး ပြောင်းသွားသောကြောင့် သရက်အုပ်မှ စခန်းမှူးက “ဒီလုပ်ငန်းက ငါ့ဧရိယာအတွင်းမှသာ ရှိတာကြောင့် ငါ့ကိုသာ ငွေပေးရမယ်” ဟု ဆိုကာ ပြောဆို၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။
ပုံစံ (၄) (Form - 4) ဆိုတာ ယာယီခရီးသွားလာခွင့် လက်မှတ်လို့ အဲဒီစာရွက်ရဲ့ အပေါ်ဆုံးမှာ ရေးထားတယ်။ လ.၀.က ကျင့်ထုံး ဥပဒေ ပုဒ်မတွေနဲ့ ရုံးတွင်း စာတွေမှာတော့ နိုင်ငံခြားသားများ ခရီးသွားလာခွင့် လက်မှတ်လို့ ဆိုပါတယ်။ လ.၀.က ရုံးကနေ ရယူရတာဖြစ်ပြီး၊ ဦးစီးမှူး ကိုယ်တိုင် လက်မှတ်ထိုးပေးပြီး ထုတ်ပေးတာ ဖြစ်တယ်။
ပုံစံ (၄) သက်တမ်း ကုန်သွားရင် သက်ဆိုင်ရာ လ.၀.က ရုံးကို ကိုယ်တိုင်သွားပြီး အချိန်မီ အပ်နှံပြီး လျှောက်ထားတုန်းက အပ်နှံထားခဲ့ရတဲ့ မှတ်ပုံတင်မူရင်းကို ပြန်လည် ထုတ်ယူရတယ်။ သက်တမ်းကုန်ပြီး အကြောင်းအမျိုးမျိုးကြောင့် တစ်ရက်နှစ်ရက် အတွက် သွားမအပ်နိုင်ရင် အချိန်မီ လာရောက် မအပ်နှံတဲ့အတွက်ဆိုပြီး အပ်ထားခဲ့တဲ့ မှတ်ပုံတင်ကို ပြန်ထုတ်မပေးဘူး။ အချို့ကို ဒဏ်ငွေယူပြီး ပေးပေမယ့်လည်း အချို့ကို လုံးဝ ပြန်မပေးတော့ဘူး။ ဒါကလည်း ငွေညှစ်နိုင်ဖို့ အတွက် အသင့်ရှိနေတဲ့ ပွဲစားတွေကနေ တဆင့် ချဉ်းကပ်လာအောင် အကွက်ဆင်ထားတာပါ။
စာရေးသူ ရခိုင်စကား၊ ဗမာစကားကို ကောင်းကောင်းမွန်မွန် ပြောဆိုတတ်တယ်။ အာဏာပိုင်တွေ မတရားလုပ်ရင် လွယ်လွယ်နဲ့ ခေါင်းမညိတ်ဘူး။ ပိုက်ဆံမတရားတောင်းရင်လည်း အပြန်အလှန်ပြောပြီး မပေးဘူး။ ရိုဟင်ဂျာအများစုက ကြောက်တာရယ်၊ အပြန်အလှန် စကားမပြောဝံ့တာရယ်ကြောင့် ပိုပြီးခံရတယ်။
နိဂုံးအနေနဲ့ အထက်မှာ ဖော်ပြခဲ့တာတွေ အားလုံးက စာရေးသူ ကိုယ်တိုင် ကြုံဖူးခဲ့တဲ့ အဖြစ်အပျက်တွေဖြစ်ပြီး၊ မျက်စိနဲ့ အကြိမ်ကြိမ် မြင်ခဲ့တာတွေကို ရေးခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်ရေးထားတာတွေကို မယုံရင် မောင်တောခရိုင်က ကြိုက်တဲ့ ရိုဟင်ဂျာတစ်ဦးဦးကို မေးကြည့်ပါလို့ ထပ်ပြောချင်ပါတယ်။ ၉၅% ကျော်က ကျွန်တော်ရေးတာ နည်းတောင်နည်းသေးတယ်လို့ ပြောပါလိမ့်မယ်။
အထက်မှာ ဖော်ပြရေးသားခဲ့တာတွေ အားလုံးက ခရိုင်အတွင်း ခရီးသွားလာရင် ကြုံရတဲ့ အခက်အခဲ ဒုက္ခတွေ ဖြစ်ပါတယ်။ ခရိုင်ခြား၊ ပြည်နယ်ကျော်ဆိုရင် ဒီထက် အဆင့်တွေ အများကြီး လုပ်ရတယ်။
ပုံစံ (၄) ဆိုတာ သက်တမ်း အကန့်အသတ်နဲ့ ဖြစ်ပါတယ်။ သက်တမ်းကို တစ်ခါမှာ (၄၅) ရက်၊ (၃၀) ရက်၊ (၁၄) ရက်၊ (၇) ရက်၊ (၃) ရက်နဲ့ တစ်ရက် စသည်ဖြင့် အချိန်နဲ့ နေရာ၊ အခြေအနေပေါ် မူတည်ပြီး ထုတ်ပေးတယ်။ ရုံးပိတ်ရက်တွေမှာ ထုတ်မပေးတာကြောင့် တကယ်လို့ တနင်္လာနေ့ မနက်ပိုင်း သွားချင်ရင် သောကြာနေ့ ကတည်းက ကြိုတင်လုပ်ထားရတယ်။ မောင်တောခရိုင် လ.၀.က ရုံးတွေ မနက်အစောပိုင်းကတည်း ဖွင့်ပေမယ့်လည်း ၀န်ထမ်းတွေကတော့ ၁၀ နာရီ၊ ၁၁ နာရီလောက်မှ ရုံးတက်ကြတယ်။
အရင်တုန်းက ရက်ပေါင်း (၃၀) ထိခွင့်ပြုခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ (၁၄) ရက်ထိသာ ပေးတယ်။ အခြေအနေအရ ပုံစံ (၄) ကို ယာယီရပ်ဆိုင်းတာ၊ ရက်အကန့်အသတ် လုပ်တာလည်း ရှိတယ်။ ဥပမာ ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်တုန်းက ပုံစံ (၄) ထုတ်ပေးတာကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားခဲ့ပြီး၊ အခြေအနေ တည်ငြိမ်လာမှ ၁ ရက်၊ ၃ ရက်၊ ၇ ရက်၊ ၁၄ ရက် စသည်ဖြင့် အဆင့်ဆင့် ထုတ်ပေးခဲ့တယ်။
ခရိုင်တွင်း ပုံစံ (၄) သက်တမ်းရှိနေရင် အကြိမ်ကြိမ် သွားလာခွင့် ရှိပေမယ့်လည်း ခရိုင်ကျော်၊ ပြည်နယ်ကျော်ဆိုရင် သက်တမ်း (၄၅) ရက် ဆိုရင်လည်း တစ်ကြိမ်သာ သွားလာခွင့်ပြုတယ်။
လေးစားအပ်တဲ့ စာဖတ်သူများခင်ဗျား ..
စာရေးသူ အထက်မှာ ဖော်ပြခဲ့တဲ့ ပုံစံ (၄) အကြောင်းရဲ့ အပိုင်းများအားလုံးက မြန်မာအစိုးရ ရိုဟင်ဂျာတွေကို ခေတ်အဆက်ဆက် ဖိနှိပ်နှိပ်စက်နေခြင်းရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်တယ်။ စာဖတ်သူအနေနဲ့ ဒီစာဖတ်အပြီးမှာ ခေတ်အဆက်ဆက် မတရားနှိပ်စက်ခံနေရတဲ့ ရိုဟင်ဂျာတွေကို ကိုယ်ချင်းစာမိရင် ကျွန်တော် ဒီစာရေးရကျိုး နပ်ပါပြီ။
စာရေးသူက ဘူးသီးတောင်မြို့က ဖြစ်ပြီး ပုံစံ (၄) ကို ၂၀၀၅ ခုနှစ်ကစပြီး စတင်ကိုင်ဆောင်ခဲ့ပြီး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်၊ ပြည်နယ်ကျော် ရန်ကုန်ထိ ပုံစံ (၄) နဲ့ ခရီးသွားလာခဲ့ဖူးသူတစ်ဦး ဖြစ်တော့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ၊ အချိန်နဲ့ ငွေကြေး၊ ဒုက္ခသုခ စတာတွေကို ရှင်းလင်းတိကျစွာ အပိုင်းခွဲပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဖော်ပြပေးမယ့် အပိုင်းတွေကတော့ --
(၁) ပုံစံ (၄) မှာ ပါဝင်တဲ့ အချက်အလက်များ
(၂) ပုံစံ (၄) အမျိုးအစား (ခရီးစဉ်အလိုက် Process များ)
(၃) ပုံစံ (၄) ပြုလုပ်ဖို့ လိုအပ်တဲ့ အထောက်အထားများ
(၄) လ.၀.က ရုံးမှာ ပုံစံ (၄) လျှောက်ပြီး ထုတ်ယူခြင်း
(၅) ပုံစံ (၄) နဲ့ ခရီးသွားခြင်း (သို့) ခရီးတစ်လျှောက် ကြုံတွေ့ရတဲ့ အခက်အခဲများ
(၆) ပုံစံ (၄) သက်တမ်း ကုန်ဆုံးလျှင် ပြန်လည်အပ်နှံခြင်း -- တို့ဖြစ်ပါတယ်။
အခု တစ်ပိုင်းချင်းစီ ရေးပြပါမယ်။
(၁) ပုံစံ (၄) မှာ ပါဝင်တဲ့ အချက်အလက်များ
အဓိက ပါဝင်တဲ့ အချက်အလက်တွေကတော့ --
(၁) ပုံစံ (၄) မှာ ပါဝင်တဲ့ အချက်အလက်များ
အဓိက ပါဝင်တဲ့ အချက်အလက်တွေကတော့ --
- အမည်၊
- အဘအမည်၊
- မှတ်ပုံတင်နံပါတ်၊
- ကျား/မ၊
- မွေးသက္ကရာဇ်၊
- နေရပ်လိပ်စာ၊
- ခရီးသွားလိုသည့်နေရာ/ဒေသ၊
- ခရီးသွားလိုသည့်ကိစ္စ၊
- တည်းခိုမည့်လိပ်စာ
- ခွင့်ပြုရက်ပေါင်း၊ (မှ အထိ)
- ဓာတ်ပုံကပ်ရန်နေရာ၊
- အသိသက်သေနှစ်ဦး၊ (သူတို့၏မှတ်ပုံတင်နံပါတ်နဲ့ လိပ်စာလည်းပါ)
- သက်တမ်းကုန်ဆုံးကလူကိုယ်တိုင်ပြန်လည်အပ်နှံရမည့်မှတ်ချက်၊
- ရုံးတွင်းဖြည့်ရတဲ့အချက်များ (ဒါကရုံးမှတ်တမ်းအတွက် သက်ဆိုင်ရာရုံးက ဖြည့်ရတာဖြစ်တယ်) စသည်
(၂) ပုံစံ (၄) အမျိုးအစား (ခရီးစဉ်အလိုက် Process များ)
အဓိကလိုအပ်သောအထောက်အထားတွေကတော့
- ပြစ်မှုကင်းရှင်းကြောင်း ရ.ယ.က ထောက်ခံချက် (အသိသက်သေနှစ်ဦးပါရ)
- ပတ်စ်ပို့ဒ် ဓာတ်ပုံ (၂ ပုံ သို့ ၃ ပုံ)
- မှတ်ပုံတင်ကဒ်မူရင်း/မိတ္တူ
- သန်းခေါင်စာရင်း မိတ္တူ

ပုံစံ (၄) ဆိုတာ တစ်ခုနဲ့ တစ်ခု မတူဘူး။ ခရီးစဉ်အလိုက် ပုံစံ (၄) ရဲ့ process ကွဲပြားတယ်။ ဘူးသီးတောင်ကနေ မောင်တော - ခရိုင်အတွင်း ခရီးသွားလိုရင် process တစ်မျိုး၊ ခရိုင်မတူရင် (ဘူးသီးတောင်ကနေ စစ်တွေ၊ မောင်တောကနေ စစ်တွေ) သွားလိုရင် တစ်မျိုး၊ ပြည်နယ်အဆင့် / ပြည်နယ်ကျော် (ရခိုင်ပြည်နယ် မြို့နယ် တစ်မြို့နယ်ကနေ အခြားပြည်နယ်/တိုင်းရှိ မြို့နယ်တွေကို) သွားလိုရင် process တစ်မျိုး - စသည်ဖြင့် အမျိုးမျိုး ရှိတယ်။
ဥပမာတစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် ခရိုင်အတွင်း သွားလိုရင် မြို့နယ် လ.၀.က ဦးစီးမှူးက ထုတ်ပေးနိုင်ပေမယ့် ပြည်နယ်ကျော် (ဥပမာ ရန်ကုန်သွားလိုရင်) ပြည်နယ် လ.၀.က မှူးက ထုတ်ပေးခွင့် မရှိဘူး။ နယ်လုံ ၀န်ကြီးနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးက ခွင့်ပြုချက် အဆင့်ဆင့် ပေးမှသာ ပြည်နယ် လ.၀.က ရုံးက ထုတ်ပေးခွင့် ရှိတယ်။ လုပ်ဆောင်ပုံတွေက အရမ်းရှုပ်ထွေးပြီး အချိန်လည်း အများကြီး လိုပါတယ်။
(၃) ပုံစံ (၄) ပြုလုပ်ဖို့ လိုအပ်တဲ့ အထောက်အထားများ
(ခရိုင်အတွင်း ခရီးသွားလာရန် အတွက် လိုအပ်တဲ့ အထောက်အထားများကိုသာ ဖော်ပြပေးသွားမှာပါ)
- ပြစ်မှုကင်းရှင်းကြောင်း ရ.ယ.က ထောက်ခံချက် (အသိသက်သေနှစ်ဦးပါရ)
- ပတ်စ်ပို့ဒ် ဓာတ်ပုံ (၂ ပုံ သို့ ၃ ပုံ)
- မှတ်ပုံတင်ကဒ်မူရင်း/မိတ္တူ
- သန်းခေါင်စာရင်း မိတ္တူ
- ပုံစံ (၄) လျှောက်ထားချိန်မှာ သက်ကြီးရွယ်အိုမရွေး လူကိုယ်တိုင် လျှောက်ထားရ (ကျန်းမာရေး မကောင်းလို့ လူကိုယ်တိုင် မသွားနိုင်လျှင် မြို့နယ် ဆရာဝန် ထောက်ခံစာ ပါရတယ်)
မှတ်ချက် ။ ။ ဒီအဆင့်ထိ ရ.ယ.က အုပ်ချုပ်ရေးမှူးကို ပေးရတာ၊ မိတ္တူဖိုးနဲ့ ဓါတ်ပုံဖိုးသာ ကုန်ပါတယ်။
(၄) လ.၀.က ရုံးမှာ ပုံစံ (၄) လျှောက်ပြီး ထုတ်ယူခြင်း (လ.၀.က ရုံးထဲမှာ ကြုံတွေ့ရတဲ့ အခက်အခဲများ)
မှတ်ချက် ။ ။ ဒီအဆင့်ထိ ရ.ယ.က အုပ်ချုပ်ရေးမှူးကို ပေးရတာ၊ မိတ္တူဖိုးနဲ့ ဓါတ်ပုံဖိုးသာ ကုန်ပါတယ်။
(၄) လ.၀.က ရုံးမှာ ပုံစံ (၄) လျှောက်ပြီး ထုတ်ယူခြင်း (လ.၀.က ရုံးထဲမှာ ကြုံတွေ့ရတဲ့ အခက်အခဲများ)
အပိုင်း (၃) မှာ ဖော်ပြထားတဲ့ အထောက်အထားတွေကို paper clip နဲ့ စနစ်တကျညှပ်ပြီး စာရွက်ကြားထဲမှာ တိရစ္ဆာန်ပုံပါတဲ့ စာရွက်လေးတွေကို ထည့်ပေးရတယ်။ ပြီးမှာ ရုံးမှာ လျှောက်လွှာလက်ခံတဲ့ ၀န်ထမ်းကို သွားပေးရတယ်။ ချက်ချင်း လက်ခံချင်မှ လက်ခံတယ်။ အချို့ကို တမင်အချိန်အကြာကြီး စောင့်ခိုင်းတယ်။ စစ်ဆေးပြီး အထောက်အထား မပြည့်စုံရင် (သို့မဟုတ်) အလိုမကျဖြစ်ရင် ချက်ချင်း ပြန်ပေးတယ်။ ဒီနေရာမှာ ခြင်္သေ့၊ ဆင်တွေလို တိရစ္ဆာန်ပုံပါတဲ့ စာရွက်တွေက အဓိက အထောက်အထား ဖြစ်သွားတာပါ။
ဝန်ထမ်းက မျိုးချစ်၊ လျှောက်ထားသူက ရခိုင်စကားမပီ (သို့မဟုတ်) မုတ်ဆိတ်နဲ့ဆိုရင်၊ နယ်ဘက်က ဖြစ်နေရင် တိရစ္ဆာန်ပုံပါ စာရွက်တွေ မပါမဖြစ်ပါရတယ်။ မပါဘူးဆိုရင် အထောက်အထား စာရွက်အတွဲလိုက်ကို လျှောက်ထားသူရဲ့ မျက်နှာကို ပေါက်ပြီး ဆဲလွှတ်လိုက်တာမျိုးလုပ်တယ်။ အမျိုးသမီး ဖြစ်ဖြစ်၊ ဘာသာရေးဆရာဖြစ်ဖြစ်၊ သက်ကြီးရွယ်အိုဖြစ်ဖြစ် လွတ်သွားတာမျိုး မရှိဘူး။
ရိုဟင်ဂျာအများစုက ဒီလို စိတ်အနှောက်အယှက် ဖြစ်စရာတွေကို ရှောင်လွဲဖို့ အတွက် ရုံးပတ်ဝန်းကျင်မှာ အသင့်ရှိနေတတ်တဲ့ ပွဲစားတွေကို ချဉ်းကပ်ရတယ်။ ပွဲစားလက်ထဲ ငွေပေးပြီး အပ်လိုက်ရင် အဆူအငေါက်၊ ရိုင်းပျစွာ ဆက်ဆံမခံရတော့တဲ့ အပြင် အထောက်အထား မပြည့်စုံရင်လည်း အဆင်ပြေသွားတယ်။ အချိန်အတိုင်းအတာတစ်ခုထိ ရုံးနားမှာ စောင့်နေရုံပဲ။ အင်မတန်လူမှုရေးရှိပြီး အထောက်အထားမစုံလည်း တာဝန်ခံပြီး လုပ်ပေးတဲ့ ပွဲစားတွေက ထိုင်စောင့်နေတဲ့ နေရာကို ရှာဖွေပြီး ပြန်လာပေးတယ်။
အဲလိုအချိန်မှာ အခြားလူတွေ ဘယ်လိုခံစားရလဲဆိုတာတော့ မသိဘူး။ စာရေးသူအနေနဲ့ ပုံစံ (၄) လက်ထဲရောက်လာရင် ရုတ်တရက် အမေရိကားတို့ ဥရောပနိုင်ငံတွေ သွားခွင့်ရသလို ကြည်နူးသွားမိတယ်။ ဒီလိုခံစားချက်မျိုးကို ပုံစံ (၄) ကိုင်ပြီး စစ်တွေတက္ကသိုလ်မှာ တက်ဖူးတဲ့ မောင်တောခရိုင်က ရိုဟင်ဂျာကျောင်းသား/သူတွေ သိကြမှာပါ။
အမှန်တကယ် သွားခွင့်ရတာက ခရိုင်အတွင်း မောင်တောမြို့အထိပါ။ ကားနဲ့ ၄၅ မိနစ်လောက်သာ သွားရတဲ့ခရီး .. ဒီနေရာ စာဖတ်သူတွေက ကျွန်တော်က စိတ်ခံစားချက်နဲ့ရေးတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဖြစ်ရပ်တွေကလည်း ဇတ်လမ်းဆန်သလို ဖြစ်နေတယ်။
စာဖတ်သူများအနေနဲ့ မောင်တောခရိုင်က ကြိုက်တဲ့ ရိုဟင်ဂျာတစ်ဦးဦးကို မေးကြည့်နိုင်ပါတယ်။ ၉၅% ကျော်က ကျွန်တော်ရေးထားတာ နည်းတောင်နည်းသေးတယ်လို့ ပြောပါလိမ့်မယ်။
ရခိုင်ပြည်နယ်မှာ “မြေမျို၍ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုတ်မည်” ဆိုတဲ့ ဆောင်ပုဒ်ကို မျက်နှာစာမှာ စာလုံးအကြီးကြီးနဲ့ ရေးထားတဲ့ ရုံးတွေဆိုရင် ရိုဟင်ဂျာတွေကို လူလို မဆက်ဆံတဲ့ ရုံးတွေ ဖြစ်တယ်။ တစ်ချို့ရိုဟင်ဂျာတွေဆိုရင် လ.၀.က ရုံးသွားဖို့ ဆိုရင် ကျားမြီးဆွဲရတာထက် ပိုကြောက်ကြတယ်။
(၅) ပုံစံ (၄) နဲ့ ခရီးသွားခြင်း (သို့) ခရီးတစ်လျှောက် ကြုံတွေ့ရတဲ့ အခက်အခဲများ
ပုံစံ (၄) ရောက်လာပြီကွ အခု ခရီးသွားဖို့ ငါ့ကို ဘယ်သူ့မှ မတားနိုင်ဘူးလို့ ဘ၀လေမြင့်ခဲ့သူတွေ အများကြီး .. မနက် (၁၀) နာရီလောက် လ.၀.က ရုံးကနေ ကားဂိတ်ကို တန်းသွားပြီး အရင်ဆုံး ထွက်မယ့် ကားတစ်စီးပေါ်တက်လိုက်တယ်။ ကားဂိတ်က ဘူးသီးတောင် မြို့မဈေး ရှေ့တည့်တည့်မှာပါ။ ကားထဲမှာ ထိုင်ပြီးမှ ရုတ်တရက် သတိဝင်လာလို့ ပုံစံ (၄) ကို မိတ္တူ ပြေးဆွဲရတယ်။
ဘူးသီးတောင် - မောင်တော ကားလမ်း (၁၆) မိုင် တစ်လျှောက်မှာ ရိုဟင်ဂျာ စစ်ဆေးရေး စခန်း (၃) ခု ထက် မနည်း ပုံမှန်ရှိတယ်။ ဌာနပေါင်းစုံ ရှောင်တခင် စစ်ဆေးရေး လမ်းမှာ မကြာခဏ ကြုံရတာ မပါဝင်ဘူး။ ကားထွက်ပြီး (၁၅) မိနစ်လောက် အကြာမှာ ဘူးသီးတောင် (၆) မိုင် တံတာရောက်ရင် ကားရပ်တယ်။ ရိုဟင်ဂျာတွေချည်း ဆင်းခိုင်းတယ်။ အဲဒီတံတားမှာ ရှိတဲ့ ရဲတွေနဲ့ လုံခြုံရေး ယူထားတဲ့ စစ်သားတွေကို ပုံစံ (၄) သွားပြရတယ်။
ရဲတွေနဲ့ လုံခြုံရေးယူထားတဲ့ စစ်သားတွေက ပုံစံ (၄) ကို ယူပြီး ဟိုဟိုဒီဒီမေး .. ပုံစံနဲ့ တိုက်ဆိုင်ကြည့်တယ်။ တကယ်တမ်း သူတို့နဲ့ ဘာမှမဆိုင်ဘူး။ လ.၀.က၊ မ.က.ဖ စတဲ့အဖွဲ့အစည်းတွေနဲ့သာ ဆိုင်တာ။ ကားပေါ်က ဆင်းပြီး ပုံစံ (၄) မပြရင် ဒါမှမဟုတ် ပုံစံထဲမှာ တစ်ခုခု လွှဲချော်နေရင် ဘာဖြစ်မလဲဆိုတာ စာဖတ်သူတွေ မှန်းဆလို့ရမှာပါ။
အဲဒီဂိတ်ပြီးတဲ့နောက် မိနစ် (၂၀) လောက် ထပ်သွားရင် လိုဏ်ဂူကြီး ကျော်ပြီး မောင်တော (၆) မိုင် စခန်းကို ရောက်တယ်။ အဲဒီမှာလည်း အလားတူပါပဲ။ ရိုဟင်ဂျာတွေ အားလုံးက ကားပေါ်ကဆင်းပြီး စစ်ဆေးခံရတယ်။ ဒီဂိတ်မှာ ဌာန သုံးလေးခု ရှိတယ်။ ပိုတာတစ်ခုက ပုံစံ (၄) မူရင်းရဲ့ နောက်မှာ လက်မှတ်ထိုးယူပြီး မိတ္တူ နှစ်စောင်စီ ပေးရတယ်။ အဲဒီကနေ နောက်ထပ် (၁၀) မိနစ်လောက် သွားရင် ဘူးသီးတောင်၊ မောင်တောရဲ့ အကြီးဆုံး ကုလား စစ်ဆေးရေး စခန်း မောင်တော (၃) မိုင်ကို ရောက်တယ်။ “မည်သူမဆို စစ်ဆေးခြင်း ခံရမည် -- ပုံ/ တိုင်းမှူး” လို့ ဆိုင်းဘုတ်တပ်ထားပေမယ့်လည်း ရိုဟင်ဂျာမပါတဲ့ ကားဆိုရင် ရပ်ပြီး သတင်းတောင် ပို့စရာမလိုဘူး။
ဒီဂိတ်က အကြီးဆုံးဆိုတော့ ပုံစံ (၄) မူရင်းမှာ မှတ်ချက်၊ လက်မှတ်နဲ့ တံဆိပ်တုံးထု၊ မိတ္တူ နှစ်စောင်နဲ့ အတူ တိရစ္ဆာန်ပုံပါတဲ့ စက္ကူငယ်တွေလည်း ပေးရတယ်။ ဆက်သွားရင် မောင်တောမြို့သူကြီး အကျော်က ကညင်တန်း မြို့ဝင်တံတားမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးခြင်းကို ခံရတယ်။ ဒီဂိတ်ကတော့ လူထက် မူးယစ်ဆေးဝါးကို အဓိက စစ်ဆေးတာပါ။ အဲဒီဂိတ်ကျော်ပြီးရင်တော့ (၁၆) မိုင်ဝေးတဲ့ မောင်တောမြို့ကို ရောက်ပါပြီ။
မောင်တောမြို့ရဲ့ အနီးအနားက ရွာတွေကို သွားရင်လည်း မှိုလိုပေါက်နေတဲ့ ဂိတ်တွေကို ကျော်ဖြတ်ရတယ်။ မောင်တောကနေ ဘူးသီးတောင် အပြန်လမ်းမှာလည်း ဂိတ်တွေမှာ အသွားတုန်းကလို အလားတူ စစ်ဆေးခြင်း ခံရတယ်။
ဒီမှာ ပြောချင်တာတစ်ခုက ဂိတ်တိုင်းမှာ သိက္ခာရှိရှိ စစ်ဆေးခံရတာလို့ မထင်လိုက်နဲ့။ သင် ဘယ်သူပဲဖြစ်ဖြစ်၊ ရိုဟင်ဂျာဖြစ်ရင် တရားခံလို ဆက်ဆံခံရပြီး ကိုယ်ထိလက်ရောက် စော်ကားခံရတာ အဆဲခံရတာတွေလည်း နေ့စဉ်နေ့တိုင်း ဖြစ်ပျက်နေတယ်။ အသတ်ခံရတာတွေလည်း ရှိတယ်။ ဥပမာတစ်ခု အနေနဲ့ ပြောရရင် ဘူးသီးတောင်မြို့နယ် အထက်တန်းကျောင်းက ၀ါရင့်ဆရာတစ်ဦး ဖြစ်တဲ့ ဆရာဦးအာဘူကာလာမ်ရဲ့ သား အသက် (၂၄) နှစ် အရွယ် မောင်မောင် ဆိုသူကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့ ည (၇) နာရီကျော်လောက်မှာ မောင်တော မြောက်ပိုင်း ကြိမ်ချောင်းကနေ ဘူးသီးတောင်ကို ကုန်ပစ္စည်းတွေနဲ့ အတူ ပြန်လာနေတဲ့ အချိန် ဖားဝပ်ချောင်းဂိတ်နားက နယ်ခြားစောင့်ရဲတွေက သေနတ်နဲ့ အနီးကပ် ပစ်သတ်ခဲ့တယ်။
နောက်တစ်နေ့မှာ နယ်ခြားစောင့်ရဲ အကြီးအကဲတွေ ကိုယ်တိုင် အဲဒီဆရာရဲ့ အိမ်ထိ လိုက်လာပြီး မှားပြီး မတော်တဆ ကျည်ဆံထိသွားခဲ့တာပါ။ အပြစ်ရှိတဲ့သူတွေကို အရေးယူပေးပါမယ်ဆိုပြီး တောင်းပန်ခဲ့တယ်။ ဒီလိုမျိုး ဖြစ်ခဲ့တာတွေ မနည်းဘူး။ ဒီလိုအဖြစ်အပျက်မျိုးတွေကို ပြောရင် ကုန်မှာ မဟုတ်ဘူး။
(၆) ပုံစံ (၄) သက်တမ်း ကုန်ဆုံးလျှင် ပြန်လည်အပ်နှံခြင်း
ဝန်ထမ်းက မျိုးချစ်၊ လျှောက်ထားသူက ရခိုင်စကားမပီ (သို့မဟုတ်) မုတ်ဆိတ်နဲ့ဆိုရင်၊ နယ်ဘက်က ဖြစ်နေရင် တိရစ္ဆာန်ပုံပါ စာရွက်တွေ မပါမဖြစ်ပါရတယ်။ မပါဘူးဆိုရင် အထောက်အထား စာရွက်အတွဲလိုက်ကို လျှောက်ထားသူရဲ့ မျက်နှာကို ပေါက်ပြီး ဆဲလွှတ်လိုက်တာမျိုးလုပ်တယ်။ အမျိုးသမီး ဖြစ်ဖြစ်၊ ဘာသာရေးဆရာဖြစ်ဖြစ်၊ သက်ကြီးရွယ်အိုဖြစ်ဖြစ် လွတ်သွားတာမျိုး မရှိဘူး။
ရိုဟင်ဂျာအများစုက ဒီလို စိတ်အနှောက်အယှက် ဖြစ်စရာတွေကို ရှောင်လွဲဖို့ အတွက် ရုံးပတ်ဝန်းကျင်မှာ အသင့်ရှိနေတတ်တဲ့ ပွဲစားတွေကို ချဉ်းကပ်ရတယ်။ ပွဲစားလက်ထဲ ငွေပေးပြီး အပ်လိုက်ရင် အဆူအငေါက်၊ ရိုင်းပျစွာ ဆက်ဆံမခံရတော့တဲ့ အပြင် အထောက်အထား မပြည့်စုံရင်လည်း အဆင်ပြေသွားတယ်။ အချိန်အတိုင်းအတာတစ်ခုထိ ရုံးနားမှာ စောင့်နေရုံပဲ။ အင်မတန်လူမှုရေးရှိပြီး အထောက်အထားမစုံလည်း တာဝန်ခံပြီး လုပ်ပေးတဲ့ ပွဲစားတွေက ထိုင်စောင့်နေတဲ့ နေရာကို ရှာဖွေပြီး ပြန်လာပေးတယ်။
အဲလိုအချိန်မှာ အခြားလူတွေ ဘယ်လိုခံစားရလဲဆိုတာတော့ မသိဘူး။ စာရေးသူအနေနဲ့ ပုံစံ (၄) လက်ထဲရောက်လာရင် ရုတ်တရက် အမေရိကားတို့ ဥရောပနိုင်ငံတွေ သွားခွင့်ရသလို ကြည်နူးသွားမိတယ်။ ဒီလိုခံစားချက်မျိုးကို ပုံစံ (၄) ကိုင်ပြီး စစ်တွေတက္ကသိုလ်မှာ တက်ဖူးတဲ့ မောင်တောခရိုင်က ရိုဟင်ဂျာကျောင်းသား/သူတွေ သိကြမှာပါ။
အမှန်တကယ် သွားခွင့်ရတာက ခရိုင်အတွင်း မောင်တောမြို့အထိပါ။ ကားနဲ့ ၄၅ မိနစ်လောက်သာ သွားရတဲ့ခရီး .. ဒီနေရာ စာဖတ်သူတွေက ကျွန်တော်က စိတ်ခံစားချက်နဲ့ရေးတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဖြစ်ရပ်တွေကလည်း ဇတ်လမ်းဆန်သလို ဖြစ်နေတယ်။
စာဖတ်သူများအနေနဲ့ မောင်တောခရိုင်က ကြိုက်တဲ့ ရိုဟင်ဂျာတစ်ဦးဦးကို မေးကြည့်နိုင်ပါတယ်။ ၉၅% ကျော်က ကျွန်တော်ရေးထားတာ နည်းတောင်နည်းသေးတယ်လို့ ပြောပါလိမ့်မယ်။
ရခိုင်ပြည်နယ်မှာ “မြေမျို၍ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုတ်မည်” ဆိုတဲ့ ဆောင်ပုဒ်ကို မျက်နှာစာမှာ စာလုံးအကြီးကြီးနဲ့ ရေးထားတဲ့ ရုံးတွေဆိုရင် ရိုဟင်ဂျာတွေကို လူလို မဆက်ဆံတဲ့ ရုံးတွေ ဖြစ်တယ်။ တစ်ချို့ရိုဟင်ဂျာတွေဆိုရင် လ.၀.က ရုံးသွားဖို့ ဆိုရင် ကျားမြီးဆွဲရတာထက် ပိုကြောက်ကြတယ်။
(၅) ပုံစံ (၄) နဲ့ ခရီးသွားခြင်း (သို့) ခရီးတစ်လျှောက် ကြုံတွေ့ရတဲ့ အခက်အခဲများ
ပုံစံ (၄) ရောက်လာပြီကွ အခု ခရီးသွားဖို့ ငါ့ကို ဘယ်သူ့မှ မတားနိုင်ဘူးလို့ ဘ၀လေမြင့်ခဲ့သူတွေ အများကြီး .. မနက် (၁၀) နာရီလောက် လ.၀.က ရုံးကနေ ကားဂိတ်ကို တန်းသွားပြီး အရင်ဆုံး ထွက်မယ့် ကားတစ်စီးပေါ်တက်လိုက်တယ်။ ကားဂိတ်က ဘူးသီးတောင် မြို့မဈေး ရှေ့တည့်တည့်မှာပါ။ ကားထဲမှာ ထိုင်ပြီးမှ ရုတ်တရက် သတိဝင်လာလို့ ပုံစံ (၄) ကို မိတ္တူ ပြေးဆွဲရတယ်။
ဘူးသီးတောင် - မောင်တော ကားလမ်း (၁၆) မိုင် တစ်လျှောက်မှာ ရိုဟင်ဂျာ စစ်ဆေးရေး စခန်း (၃) ခု ထက် မနည်း ပုံမှန်ရှိတယ်။ ဌာနပေါင်းစုံ ရှောင်တခင် စစ်ဆေးရေး လမ်းမှာ မကြာခဏ ကြုံရတာ မပါဝင်ဘူး။ ကားထွက်ပြီး (၁၅) မိနစ်လောက် အကြာမှာ ဘူးသီးတောင် (၆) မိုင် တံတာရောက်ရင် ကားရပ်တယ်။ ရိုဟင်ဂျာတွေချည်း ဆင်းခိုင်းတယ်။ အဲဒီတံတားမှာ ရှိတဲ့ ရဲတွေနဲ့ လုံခြုံရေး ယူထားတဲ့ စစ်သားတွေကို ပုံစံ (၄) သွားပြရတယ်။
ရဲတွေနဲ့ လုံခြုံရေးယူထားတဲ့ စစ်သားတွေက ပုံစံ (၄) ကို ယူပြီး ဟိုဟိုဒီဒီမေး .. ပုံစံနဲ့ တိုက်ဆိုင်ကြည့်တယ်။ တကယ်တမ်း သူတို့နဲ့ ဘာမှမဆိုင်ဘူး။ လ.၀.က၊ မ.က.ဖ စတဲ့အဖွဲ့အစည်းတွေနဲ့သာ ဆိုင်တာ။ ကားပေါ်က ဆင်းပြီး ပုံစံ (၄) မပြရင် ဒါမှမဟုတ် ပုံစံထဲမှာ တစ်ခုခု လွှဲချော်နေရင် ဘာဖြစ်မလဲဆိုတာ စာဖတ်သူတွေ မှန်းဆလို့ရမှာပါ။
အဲဒီဂိတ်ပြီးတဲ့နောက် မိနစ် (၂၀) လောက် ထပ်သွားရင် လိုဏ်ဂူကြီး ကျော်ပြီး မောင်တော (၆) မိုင် စခန်းကို ရောက်တယ်။ အဲဒီမှာလည်း အလားတူပါပဲ။ ရိုဟင်ဂျာတွေ အားလုံးက ကားပေါ်ကဆင်းပြီး စစ်ဆေးခံရတယ်။ ဒီဂိတ်မှာ ဌာန သုံးလေးခု ရှိတယ်။ ပိုတာတစ်ခုက ပုံစံ (၄) မူရင်းရဲ့ နောက်မှာ လက်မှတ်ထိုးယူပြီး မိတ္တူ နှစ်စောင်စီ ပေးရတယ်။ အဲဒီကနေ နောက်ထပ် (၁၀) မိနစ်လောက် သွားရင် ဘူးသီးတောင်၊ မောင်တောရဲ့ အကြီးဆုံး ကုလား စစ်ဆေးရေး စခန်း မောင်တော (၃) မိုင်ကို ရောက်တယ်။ “မည်သူမဆို စစ်ဆေးခြင်း ခံရမည် -- ပုံ/ တိုင်းမှူး” လို့ ဆိုင်းဘုတ်တပ်ထားပေမယ့်လည်း ရိုဟင်ဂျာမပါတဲ့ ကားဆိုရင် ရပ်ပြီး သတင်းတောင် ပို့စရာမလိုဘူး။
ဒီဂိတ်က အကြီးဆုံးဆိုတော့ ပုံစံ (၄) မူရင်းမှာ မှတ်ချက်၊ လက်မှတ်နဲ့ တံဆိပ်တုံးထု၊ မိတ္တူ နှစ်စောင်နဲ့ အတူ တိရစ္ဆာန်ပုံပါတဲ့ စက္ကူငယ်တွေလည်း ပေးရတယ်။ ဆက်သွားရင် မောင်တောမြို့သူကြီး အကျော်က ကညင်တန်း မြို့ဝင်တံတားမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးခြင်းကို ခံရတယ်။ ဒီဂိတ်ကတော့ လူထက် မူးယစ်ဆေးဝါးကို အဓိက စစ်ဆေးတာပါ။ အဲဒီဂိတ်ကျော်ပြီးရင်တော့ (၁၆) မိုင်ဝေးတဲ့ မောင်တောမြို့ကို ရောက်ပါပြီ။
မောင်တောမြို့ရဲ့ အနီးအနားက ရွာတွေကို သွားရင်လည်း မှိုလိုပေါက်နေတဲ့ ဂိတ်တွေကို ကျော်ဖြတ်ရတယ်။ မောင်တောကနေ ဘူးသီးတောင် အပြန်လမ်းမှာလည်း ဂိတ်တွေမှာ အသွားတုန်းကလို အလားတူ စစ်ဆေးခြင်း ခံရတယ်။
ဒီမှာ ပြောချင်တာတစ်ခုက ဂိတ်တိုင်းမှာ သိက္ခာရှိရှိ စစ်ဆေးခံရတာလို့ မထင်လိုက်နဲ့။ သင် ဘယ်သူပဲဖြစ်ဖြစ်၊ ရိုဟင်ဂျာဖြစ်ရင် တရားခံလို ဆက်ဆံခံရပြီး ကိုယ်ထိလက်ရောက် စော်ကားခံရတာ အဆဲခံရတာတွေလည်း နေ့စဉ်နေ့တိုင်း ဖြစ်ပျက်နေတယ်။ အသတ်ခံရတာတွေလည်း ရှိတယ်။ ဥပမာတစ်ခု အနေနဲ့ ပြောရရင် ဘူးသီးတောင်မြို့နယ် အထက်တန်းကျောင်းက ၀ါရင့်ဆရာတစ်ဦး ဖြစ်တဲ့ ဆရာဦးအာဘူကာလာမ်ရဲ့ သား အသက် (၂၄) နှစ် အရွယ် မောင်မောင် ဆိုသူကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့ ည (၇) နာရီကျော်လောက်မှာ မောင်တော မြောက်ပိုင်း ကြိမ်ချောင်းကနေ ဘူးသီးတောင်ကို ကုန်ပစ္စည်းတွေနဲ့ အတူ ပြန်လာနေတဲ့ အချိန် ဖားဝပ်ချောင်းဂိတ်နားက နယ်ခြားစောင့်ရဲတွေက သေနတ်နဲ့ အနီးကပ် ပစ်သတ်ခဲ့တယ်။
နောက်တစ်နေ့မှာ နယ်ခြားစောင့်ရဲ အကြီးအကဲတွေ ကိုယ်တိုင် အဲဒီဆရာရဲ့ အိမ်ထိ လိုက်လာပြီး မှားပြီး မတော်တဆ ကျည်ဆံထိသွားခဲ့တာပါ။ အပြစ်ရှိတဲ့သူတွေကို အရေးယူပေးပါမယ်ဆိုပြီး တောင်းပန်ခဲ့တယ်။ ဒီလိုမျိုး ဖြစ်ခဲ့တာတွေ မနည်းဘူး။ ဒီလိုအဖြစ်အပျက်မျိုးတွေကို ပြောရင် ကုန်မှာ မဟုတ်ဘူး။
(၆) ပုံစံ (၄) သက်တမ်း ကုန်ဆုံးလျှင် ပြန်လည်အပ်နှံခြင်း
ပုံစံ (၄) သက်တမ်း ကုန်သွားရင် သက်ဆိုင်ရာ လ.၀.က ရုံးကို ကိုယ်တိုင်သွားပြီး အချိန်မီ အပ်နှံပြီး လျှောက်ထားတုန်းက အပ်နှံထားခဲ့ရတဲ့ မှတ်ပုံတင်မူရင်းကို ပြန်လည် ထုတ်ယူရတယ်။ သက်တမ်းကုန်ပြီး အကြောင်းအမျိုးမျိုးကြောင့် တစ်ရက်နှစ်ရက် အတွက် သွားမအပ်နိုင်ရင် အချိန်မီ လာရောက် မအပ်နှံတဲ့အတွက်ဆိုပြီး အပ်ထားခဲ့တဲ့ မှတ်ပုံတင်ကို ပြန်ထုတ်မပေးဘူး။ အချို့ကို ဒဏ်ငွေယူပြီး ပေးပေမယ့်လည်း အချို့ကို လုံးဝ ပြန်မပေးတော့ဘူး။ ဒါကလည်း ငွေညှစ်နိုင်ဖို့ အတွက် အသင့်ရှိနေတဲ့ ပွဲစားတွေကနေ တဆင့် ချဉ်းကပ်လာအောင် အကွက်ဆင်ထားတာပါ။
စာရေးသူ ရခိုင်စကား၊ ဗမာစကားကို ကောင်းကောင်းမွန်မွန် ပြောဆိုတတ်တယ်။ အာဏာပိုင်တွေ မတရားလုပ်ရင် လွယ်လွယ်နဲ့ ခေါင်းမညိတ်ဘူး။ ပိုက်ဆံမတရားတောင်းရင်လည်း အပြန်အလှန်ပြောပြီး မပေးဘူး။ ရိုဟင်ဂျာအများစုက ကြောက်တာရယ်၊ အပြန်အလှန် စကားမပြောဝံ့တာရယ်ကြောင့် ပိုပြီးခံရတယ်။
နိဂုံးအနေနဲ့ အထက်မှာ ဖော်ပြခဲ့တာတွေ အားလုံးက စာရေးသူ ကိုယ်တိုင် ကြုံဖူးခဲ့တဲ့ အဖြစ်အပျက်တွေဖြစ်ပြီး၊ မျက်စိနဲ့ အကြိမ်ကြိမ် မြင်ခဲ့တာတွေကို ရေးခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်ရေးထားတာတွေကို မယုံရင် မောင်တောခရိုင်က ကြိုက်တဲ့ ရိုဟင်ဂျာတစ်ဦးဦးကို မေးကြည့်ပါလို့ ထပ်ပြောချင်ပါတယ်။ ၉၅% ကျော်က ကျွန်တော်ရေးတာ နည်းတောင်နည်းသေးတယ်လို့ ပြောပါလိမ့်မယ်။
အထက်မှာ ဖော်ပြရေးသားခဲ့တာတွေ အားလုံးက ခရိုင်အတွင်း ခရီးသွားလာရင် ကြုံရတဲ့ အခက်အခဲ ဒုက္ခတွေ ဖြစ်ပါတယ်။ ခရိုင်ခြား၊ ပြည်နယ်ကျော်ဆိုရင် ဒီထက် အဆင့်တွေ အများကြီး လုပ်ရတယ်။
ပုံစံ (၄) ဆိုတာ သက်တမ်း အကန့်အသတ်နဲ့ ဖြစ်ပါတယ်။ သက်တမ်းကို တစ်ခါမှာ (၄၅) ရက်၊ (၃၀) ရက်၊ (၁၄) ရက်၊ (၇) ရက်၊ (၃) ရက်နဲ့ တစ်ရက် စသည်ဖြင့် အချိန်နဲ့ နေရာ၊ အခြေအနေပေါ် မူတည်ပြီး ထုတ်ပေးတယ်။ ရုံးပိတ်ရက်တွေမှာ ထုတ်မပေးတာကြောင့် တကယ်လို့ တနင်္လာနေ့ မနက်ပိုင်း သွားချင်ရင် သောကြာနေ့ ကတည်းက ကြိုတင်လုပ်ထားရတယ်။ မောင်တောခရိုင် လ.၀.က ရုံးတွေ မနက်အစောပိုင်းကတည်း ဖွင့်ပေမယ့်လည်း ၀န်ထမ်းတွေကတော့ ၁၀ နာရီ၊ ၁၁ နာရီလောက်မှ ရုံးတက်ကြတယ်။
အရင်တုန်းက ရက်ပေါင်း (၃၀) ထိခွင့်ပြုခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ (၁၄) ရက်ထိသာ ပေးတယ်။ အခြေအနေအရ ပုံစံ (၄) ကို ယာယီရပ်ဆိုင်းတာ၊ ရက်အကန့်အသတ် လုပ်တာလည်း ရှိတယ်။ ဥပမာ ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်တုန်းက ပုံစံ (၄) ထုတ်ပေးတာကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားခဲ့ပြီး၊ အခြေအနေ တည်ငြိမ်လာမှ ၁ ရက်၊ ၃ ရက်၊ ၇ ရက်၊ ၁၄ ရက် စသည်ဖြင့် အဆင့်ဆင့် ထုတ်ပေးခဲ့တယ်။
ခရိုင်တွင်း ပုံစံ (၄) သက်တမ်းရှိနေရင် အကြိမ်ကြိမ် သွားလာခွင့် ရှိပေမယ့်လည်း ခရိုင်ကျော်၊ ပြည်နယ်ကျော်ဆိုရင် သက်တမ်း (၄၅) ရက် ဆိုရင်လည်း တစ်ကြိမ်သာ သွားလာခွင့်ပြုတယ်။
လေးစားအပ်တဲ့ စာဖတ်သူများခင်ဗျား ..
စာရေးသူ အထက်မှာ ဖော်ပြခဲ့တဲ့ ပုံစံ (၄) အကြောင်းရဲ့ အပိုင်းများအားလုံးက မြန်မာအစိုးရ ရိုဟင်ဂျာတွေကို ခေတ်အဆက်ဆက် ဖိနှိပ်နှိပ်စက်နေခြင်းရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်တယ်။ စာဖတ်သူအနေနဲ့ ဒီစာဖတ်အပြီးမှာ ခေတ်အဆက်ဆက် မတရားနှိပ်စက်ခံနေရတဲ့ ရိုဟင်ဂျာတွေကို ကိုယ်ချင်းစာမိရင် ကျွန်တော် ဒီစာရေးရကျိုး နပ်ပါပြီ။
Rohingya Eye
RB News
10.5.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မတောင် ရပ်ကွက်မှ ဒေသခံတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ည (၈) နာရီအချိန်တွင် ညမထွက်ရအမိန့် ကျူးလွန်ဖောက်ဖျက်သည်ဟု ဆိုကာ ဖမ်းဆီး၍ ဆိုင်မှ ပစ္စည်းများ လုယက်ခဲ့သည်။
ဧပြီလ (၂၈) ရက်နေ့ ည (၈) နာရီအချိန်တွင် မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက် ဖေဇီမြောက်ရွာ (ဆီးနားဖာထီးရွာ) ရှိ ဦးဟာလာမျာ (အသက် ၄၅ နှစ်) ၏ ဆိုင်သို့ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့အချို့ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ညမထွက်ရ အမိန့် ည (၈) နာရီထိ ပြောင်းလဲ သတ်မှတ်ထားသည်ကို မသိဘူးလား ဟု ပြောဆို၍ ဆိုင်အတွင်းမှ အချိုရည်ဗူးများ၊ ရေသန့်ဗူးများ၊ ကွမ်းနှင့် ဆေးလိပ်ဗူးများကို အတင်းအဓမ္မ လုယက်ယူဆောင်၍ ၎င်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယင်းရွာမှ ရပ်မိရပ်ဖ တစ်ဦးက ဖမ်းဆီးခံရသူနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များကို တောင်းပန်ပြောဆိုပေးမှုကြောင့် ၎င်းကို ည (၁၀) နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း လုယက်ခဲ့သည့် ပစ္စည်းများ ပြန်လည် ပေးအပ်ခဲ့ခြင်း မရှိကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
“ညမထွက်ရ အမိန့်က ည (၉) နာရီကနေ မနက် (၅) နာရီအထိပါ။ အခု လုခံရသူ၊ ဖမ်းဆီးခံရသူက ညမထွက်ရ အမိန့်ကို ဖောက်ဖျက်ခဲ့တာ မဟုတ်ဘူး။ အေးအေးဆေးဆေး ဆိုင်ရောင်းနေတာ၊ ရဲတွေက ညကျရင် ရွာထဲကို ၀င်တယ်၊ ဆိုင်ငယ်တွေကနေ ဆေးလိပ်၊ ကွမ်းတွေကို ပိုက်ဆံမပေးဘဲ ယူတယ်၊ ပိုက်ဆံတောင်းရင် မဟုတ်မမှန် စွပ်စွဲပြီး ငွေညှစ်တယ်၊ သူတို့မှာ လိုအပ်တာရှိရင် ရိုဟင်ဂျာရွာထဲ ၀င်ပြီး မတရားမှုတစ်ခုခု လုပ်လိုက်ရင် အဆင်ပြေသွားကြတယ်။ ဒေသခံအာဏာပိုင်တွေက လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့တွေ မတရားလုပ်နေတာကို လက်ပိုက်ကြည့်နေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က နိုင်ငံတကာမှ ထောက်ပံ့နေသည်များကို ရွာသားများအား အပြည့်အ၀ မပေးဘဲ ကိုယ်ကျိုးအတွက် သုံးစွဲနေသည်ဟု ဒေသခံများက ဆိုသည်။
ကျောက်လှေကား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရှောမီးန်ဂျူဟာရ် (ဘ) ဦးအီဒီရီစ် (အသက် ၃၂ နှစ်) နှင့် ဦးဆော်လိမ် (ဘ) ဦးဘတင် (အသက် ၂၈ နှစ်) တို့ ပူးပေါင်း၍ သဲချောင်းရွာ အတွက် ICRC နှင့် UNICEF တို့မှ ထောက်ပံ့နေသည်များကို ရွာသားများအား အပြည့်အ၀ မပေးကြောင်း၊ ဧပြီလ (၁၀) ရက်နေ့တွင် ICRC မှ ထောက်ပံ့သော နှစ်လအတွက် ဆန်၊ ပဲ၊ ဆီနှင့် အမျိုးသမီးသုံး ပစ္စည်းများကို ရွာသားများအတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် ထောက်ပံ့ခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ဆန်အိတ် (၁၅၀) ကို ၎င်းတို့ ကိုယ်ကျိုးအတွက် ချန်ထား၍ ကျန်သည့် ပစ္စည်းများကိုသာ ပေးအပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ဧပြီလ (၂၄) ရက်နေ့တွင်လည်း UNICEF မှ ဆပ်ပြာများနှင့် အလှကုန်ပစ္စည်းများကို ရွာသားများအား ဝေပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို ပေးအပ်ခဲ့သော်လည်း အချို့တစ်ဝက်ကိုသာ ပေးအပ်ခဲ့ပြီး ကျန်ပစ္စည်းများကို ၎င်းတို့ ကိုယ်ကျိုးအတွက် ယူထားလိုက်ကြောင်း ဒေသခံများက ဆိုသည်။
ထို့အပြင် မေလ (၅) ရက်နေ့တွင်လည်း ICRC မှ တစ်အိမ်လျှင် ၀ါးနှစ်ရာစီပေးအပ်ခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ရွာသူရွာသားများအား အပြည့်အ၀ ပေးအပ်ခဲ့ခြင်း မရှိဟု သိရှိရသည်။
ထိုသို့ ခေါင်းပုံဖြတ်နေခြင်းနှင့် ပတ်သက်၍ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ ရွာသူရွာသားများက သွားရောက် တိုင်ကြားခဲ့သော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိဟု ဒေသခံများက ပြောပါသည်။
Rohingya Eye
RB News
10.5.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လှဘော်ဇား တံတား ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ကားတစ်စီးမှ ငွေကျပ် နှစ်သောင်းငါးထောင် တန်ဖိုးရှိ ကြက်တစ်ကောင် လုယက်ခဲ့သည်။
မေလ (၅) ရက်နေ့ နေ့လည် (၃) နာရီ အချိန်တွင် ဒေသခံတစ်ဦးသည် အစိမ်းရောင်သုံးဘီးကားတစ်စီးဖြင့် ကြက်အချို့နှင့် ထင်းများကို တင်၍ မောင်တောမြို့တွင် ရောင်းချရန် လာနေစဉ် လှဘော်ဇား တံတား ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ကားကို ရပ်တန့်ခိုင်းပြီး အသေးစိတ် စစ်ဆေးခဲ့သည်။
စစ်ဆေးရာတွင် တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း အကြောင်းပြချက် တစ်စုံတစ်ရာ မပေးဘဲ သုံးဘီးကားပေါ်တွင် ပါရှိသည့် ငွေကျပ် ၂၅၀၀၀ တန်ဖိုးရှိ ကြက်တစ်ကောင်ကို အတင်းအဓမ္မ လုယက်ယူခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက RB News သို့ပြောသည်။
ယင်းကင်းစခန်းကို ဖြတ်သန်း၍ သွားလာသူ အားလုံး နီးပါးကို မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်လေ့ရှိသည်ဟု ငွေညှစ်ခံရသူအချို့က ပြောသည်။

| နေပြည်တော် လေဆိပ်သို့ရောက်ရှိလာသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ (Photo: AFP) |
ဇာနည်အောင် (MYARF)
RB News
3.5.2018
မောင်တော ။ ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ စကားပြောသည့် ရိုဟင်ဂျာလူငယ်များကို စ.ရ.ဖ က လိုက်လံရှာဖွေနေခြင်းကြောင့် ရှောင်ပုန်းနေရသည်ဟု သတင်းရစ်မြစ်များက ဆိုသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် မောင်တောမြောက်ပိုင်း လှဖိုးခေါင်၊ ငါးခူရနှင့် တောင်ပြိုရှိ ဒုက္ခသည်လက်ခံရေးစခန်းများကို မေလ (၁) ရက်နေ့တွင် သွားရောက် ကြည့်ရှုခဲ့သော်လည်း ယင်းကျေးရွာများရှိ ရိုဟင်ဂျာဒေသခံများနှင့် တွေ့ဆုံခွင့် မရခဲ့ပေ။
ယင်းနေ့ နေ့လည်ပိုင်းတွင် ကိုယ်စားလှယ်အဖွဲ့သည် လွန်ခဲ့သည့်နှစ်က မောင်တောတောင်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ရခိုင်အစွန်းရောက်များက ရွာများကို မီးရှို့ပြီးနောက် အိမ်ခြေအနည်းငယ်နှင့် ကျန်ခဲ့သည့် ပန်းတောပြင် ကျေးရွာကို သွားရောက် လေ့လာခဲ့သည်။
အဆိုပါ ကျေးရွာတွင် ကိုယ်စားလှယ်အဖွဲ့က အာဏာပိုင်များက လူအုပ်၏ ရှေ့ပိုင်းသို့ပို့၍ ကိုယ်စားလှယ်အဖွဲ့နှင့် စကားပြောရန် စီစဉ်ထားသည့် အမျိုးသားများနှင့် စကားမပြောဘဲ နောက်ဆုံးတန်းတွင် ရှိနေသည့် ကလေးများ၊ လူငယ်များ၊ အမျိုးသမီးများနှင့် စကားပြောခဲ့သည်။
ကိုယ်စားလှယ်အဖွဲ့က ကလေးများနှင့် လူငယ်များကို “ခင်ဗျားတို့က ဘာလူမျိုးလဲ၊ ခင်ဗျားတို့ အိမ်တွေကို ဘယ်သူတွေက မီးရှို့ခဲ့တာလဲ၊” ဟု မေးမြန်းရာ “ကျွန်တော်တို့အိမ်တွေကို မြန်မာစစ်တပ်နဲ့ ရခိုင်အစွန်းရောက်တွေက မီးရှို့ခဲ့တာ၊ ကျွန်တော်တို့က ရိုဟင်ဂျာလူမျိုးတွေပါ” ဟု အမှန်အတိုင်း ဖြေဆိုလျှင် ဖမ်းဆီးခံရမည့် အန္တရာယ်ရှိသော်လည်း ရဲရဲဝံ့ဝံ့ ဖြေဆိုခဲ့သည်။
![]() |
| ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးက Twitter တွင် တင်ထားသည့် ဗီဒီယိုမှ ရိုက်ကူးထားသည့် ဓါတ်ပုံ |
ထို့နောက် ကိုယ်စားလှယ်အဖွဲ့က “ခင်ဗျားတို့ အခု ဘယ်လိုအထောက်အထား ကဒ်ပြားတွေ ကိုင်ထားလဲ” ဟု မေးမြန်းရာ လူယ်များက “ကျွန်တော်တို့ အဖိုးအဖွားတွေ၊ မိဘတွေက သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်တွေ ကိုင်ဆောင်ခဲ့တယ်။ ၁၉၉၂ ခုနှစ်ကစပြီး အဲဒါတွေကို အစိုးရက သိမ်းလိုက်တော့ အခုကျွန်တော်တို့က ဘာ အထောက်အထားမှ ကိုင်ဆောင်ခြင်း မရှိတဲ့လူတွေဖြစ်နေတယ်” ဟု ဖြေဆိုခဲ့သည်။
ဆက်လက်၍ ကိုယ်စားလှယ်အဖွဲ့က “ဘာကြောင့် NV ကဒ်တွေကို လက်မခံတာလဲ” ဟု မေးမြန်းရာ လူငယ်များက “ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေက အခြားလူမျိုးစုတွေလို အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ခဲ့တယ်။ ကျွန်တော်တို့က သူတို့ရဲ့ မြေးတွေပါ။ ကျွန်တော်တို့ နိုင်ငံသားကဒ်ကိုသာ လက်ခံမှာပါ” ဟု ဖြေဆိုခဲ့သည်။
သွားလာလှုပ်ရှားမှုနှင့် ပတ်သက်၍ မေးမြန်းရာ “ရွာအ၀င်တိုင်းမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းတွေ ရှိတယ်။ သူတို့က ရိုက်နှက်တယ်၊ ဒုက္ခပေးတယ်၊ အဲဒါကြောင့် မြို့ထဲသွားဖို့တောင် အခက်အခဲရှိတယ်” ဟု လူငယ်များက ဖြေဆိုခဲ့သည်။
ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသမီးများနှင့် စကားပြောပြီး နောက်ပိုင်းတွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။
“ကလေးတွေနဲ့ လူငယ်တွေ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ် အဖွဲ့နဲ့ စကားပြောနေတုန်း စ.ရ.ဖ အဖွဲ့က ဗီဒီယိုရိုက်ကူးတယ်။ ကိုယ်စားလှယ်အဖွဲ့ ထွက်သွားတာနဲ့ စ.ရ.ဖ က ကျေးရွာအုပ်ချုပ်ရေးမှူးကို ဆဲဆိုတယ်၊ ပြီးတော့ ကိုယ်စားလှယ်အဖွဲ့နဲ့ စကားပြောတဲ့ လူငယ်တွေနောက်ကို လိုက်နေတယ်။ အဲဒါကြောင့် လူငယ်တွေလည်း အခု ပုန်းနေကြတယ်။ သူတို့ကို စ.ရ.ဖ က အချိန်မရွေး ဖမ်းနိုင်တယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
1.5.2018
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အိုးအိမ်မဲ့ ဖြစ်နေသည့် ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦး၏ အလောင်းကို ယနေ့ မေလ (၁) ရက်နေ့ ညနေပိုင်းတွင် တွေ့ရှိထားသည်။
တွေ့ရှိထားသည့် လူသေအလောင်းမှာ ဦးမိုဟာမတ်ဟာနီးဖ် (ဘ) ဦးဂိုနီမျာ (အသက် ၄၈ နှစ်) ဖြစ်ပြီး ယနေ့ ည (၆) နာရီအချိန်ခန့်တွင် အသတ်ခံရခြင်း ဖြစ်သည်။ ၎င်း၏ ဦးခေါင်းမှ သွေးများယိုစီး၍ သေဆုံးနေသည်ကို မန်စီရဲစခန်း အနီးရှိ ဆိုင်ကလုန်းစင်တာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“သူက အုန်းတောကြီး ဒုက္ခသည်စခန်းမှာ နေတဲ့ ဒုက္ခသည်တစ်ဦးပါ။ သူ့ရဲ့ အလောင်းကို ည (၆) နာရီလောက်မှာ ဆိုင်ကလုန်းစင်တာမှာ တွေ့တယ်။ အဲဒီနေရာက မန်စီရဲစခန်းနားမှာ ဖြစ်ပြီး ဘယ်သူ့မှ သွားလာလုပ်တဲ့နေရာမဟုတ်ဘူး။
“ရဲစခန်းက ရဲတွေက တစ်ခါတစ်ရံ ဖြတ်သန်းသွားလာတဲ့ ရိုဟင်ဂျာတွေကို လူမဆန်စွာ ရိုက်နှက်လေ့ရှိတယ်” ဟု မျက်မြင်သက်သေတစ်ဦးက RB News သို့ပြောသည်။
ယခုတွေ့ရှိသော အလောင်းနှင့်ပတ်သက်၍ စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ မန်စီရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သတ်ပစ်လိုက်ခြင်းဖြစ်ကြောင်း ယူဆရသည်။
ရဲတပ်ဖွဲ့ဝင်များက လူသေအလောင်းတွေ့ရှိသည့် နေရာကို ၀င်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားပြီး၊ ည ၇း၃၀ နာရီအချိန်တွင် အလောင်းကို ခွဲစိတ်စစ်ဆေးရန်အတွက် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်လိုက်သည်။

| အလောင်းတွေ့ရှိသည့်နေရာကို ပိတ်ဆို့ထားသည်ကို တွေ့ရစဉ် (ဓါတ်ပုံ - Saed Arakani/RB News) |
ရဲတပ်ဖွဲ့ဝင်များက လူသေအလောင်းတွေ့ရှိသည့် နေရာကို ၀င်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားပြီး၊ ည ၇း၃၀ နာရီအချိန်တွင် အလောင်းကို ခွဲစိတ်စစ်ဆေးရန်အတွက် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်လိုက်သည်။
(Saed Arkani သတင်းပေးပို့သည်။)
RB News
1.5.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်းငှက်သေကျေးရွာအုပ်စု အခြေစိုက် တပ်ရင်း (၅၅၁) နှင့် တပ်မ (၁၅) တို့မှ ဒေသခံရိုဟင်ဂျာများကို အတင်းအဓမ္မ ခိုင်းစေမှုများ ပြုလုပ်လျက် ရှိသည်။
အတွင်းငှက်သေကျေးရွာအုပ်စု အခြေစိုက် တပ်ရင်း (၅၅၁) တွင် သန့်ရှင်းရေး၊ အ၀တ်လျှော်၊ ၀က်အစာကျွေး အပါအ၀င် စစ်သားများ ခိုင်းသမျှ လုပ်ရန်အတွက် အတွင်းငှက်သေကျေးရွာမှ ဒေသခံရိုဟင်ဂျာ (၂၅) ဦးမှ (၃၀) ဦးထိ နေ့စဉ် အတင်းအဓမ္မ ခိုင်းစေခံနေရသည်ဟု ဒေသခံများက RB News သို့ပြောသည်။
၎င်းတို့အား တစ်နေကုန် အလုပ်ခိုင်းပြီးလျှင် ညနေ ပြန်ချိန်၌ စာရွက်အလွတ်တွင် လက်မှတ်ရေးထိုးခိုင်းသည်။ တစ်ခါတစ်ရံ ကျေးရွာအုပ်ချုပ်ရေးမှူးအား ၎င်းတို့အား လုပ်ခရှင်းပေးပြီးကြောင်း အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းသည်ဟု ဒေသခံများက ဆိုသည်။
“တစ်နေကုန် အလုပ်ခိုင်းတယ်။ ငွေတစ်ပြားတစ်ချပ်မှ မပေးတဲ့အပြင် ညနေကျရင် စာရွက်အလွတ်မှာ လက်မှတ်ထိုးခိုင်းတယ်။ ရ.ယ.က တွေကိုလည်း သူတို့ကို ငွေရှင်းပေးထားတယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ လူတွေကို ရ.ယ.က က တဆင့် ခေါ်တာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။
တပ်ရင်းမှအမိန့်တိုင်း ဒေသခံရွာသားများ မသွားလျှင် ရွာထဲသို့ စစ်သားများ ၀င်ရောက်လာပြီး ကျွဲ၊ နွား၊ ဆိတ် တွေ့သမျှ အကုန်ဖမ်းဆီးသွားကြောင်း၊ ပြန်ရွေးလျှင် အနည်းဆုံး ၄ သိန်းမှ ၅ သိန်း အထိ ပေးရကြောင်း ဒေသခံများက ပြောပါသည်။
ထို့အပြင် ဦးလှဖေကျေးရွာမှလည်း အပတ်စဉ် အနည်းဆုံး (၁၀) ဦးကို ဆင့်ခေါ်၍ အတင်းအဓမ္မ ခိုင်းစေလျက် ရှိသည်။
အလားတူ တပ်မ (၁၅) မှ အတွင်းငှက်သေမှ အနည်းဆုံး (၁၀) ဦး၊ သပြုချောင်းမှ အနည်းဆုံး (၁၀) ဦးစီ အပတ်စဉ် ဆင့်ခေါ်၍ အတင်းအဓမ္မ အလုပ်လုပ်ခိုင်းပြီး ငွေမပေးကြောင်း ဒေသခံများက ပြောပါသည်။
Rohingya Eye
RB News
30.4.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ကျောက်လှေကားနှင့် ပန်းတောပြင် ကျေးရွာများတွင် ဒေသခံများ စားသုံးရန် ဆိတ်များ ထောက်ပံ့ပေးခဲ့သည်။
ဧပြီလ (၂၉) ရက်နေ့တွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ကျောက်လှေကားကျေးရွာနှင့် ပန်းတောပြင် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့် ဒေသခံရွာသူရွာသားများ စားသုံးရန် ဆိတ်များ ထောက်ပံ့ပေးခဲ့သည်။
မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင် ထောက်ပံ့ပေးခဲ့သည့် ဆိတ်များအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက တစ်ကောင်လျှင် ငွေကျပ် နှစ်သောင်းငါးထောင်စီ ပေးသွင်းခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ ကိုယ်စားလှယ်များ ရောက်ရှိလာပါက အစိုးရက လိုသမျှ ထောက်ပံ့ပေးနေကြောင်း၊ စားသုံးရန် ဆိတ်များပင် ထောက်ပံ့နေကြောင်း ပြောဆိုရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှတဆင့် ရွာသူရွာသားများကို မှာကြားထားကြောင်း အဆိုပါ ဒေသခံကပြောပါသည်။
မြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ ငွေယူ၍ ထောက်ပံ့သည့် ဆိတ်များမှာ ကျန်းမာရေး ချို့တဲ့သည့် ဆိတ်များ ဖြစ်ပြီး တစ်ရက် နှစ်ရက်အတွင်း သေဆုံးနိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။
ရွှေဇားကျေးရွာတွင်လည်း ကျေးရွာတာဝန်ခံ ဦးမော်နိရ်အပါအ၀င် ဒေသခံ (၄) ဦးကို အစိုးရ အလိုကျ လိမ်လည်ပြောဆိုနိုင်ရင် ဒေသခံခံ အာဏာပိုင်များက လျှို့ဝှက်စီစဉ် ထားကြောင်း ကျေးရွာတာဝန်ခံနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ဓါတ်ပုံသတင်း
- လူမျိုးတုန်းသတ်ဖြတ်မှု မူဝါဒ၏ သားကောင်များ
- ရခိုင်ပြည်နယ် ဒုက္ခသည် ကျန်းမာရေး MSF စိုးရိမ်
- မောင်တော မြို့မကညင်တန်းမှ ဒေသခံအမျိုးသမီးနှစ်ဦးကို တဖက်နိုင်ငံမှ ပြန်လည်ခိုးဝင်လာသူများဟု စွပ်စွဲကာ ဖမ်းဆီးချုပ်နှောင်ထား
- ကိုးတန်ကောက်မှ ဆိုင်ကယ် (၄) စီး လုယက်ခံရသူများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က လျော်ကြေး ၆ သိန်းသာ ပေးသဖြင့် လက်မခံ
- NVC ကဒ် မကိုင်လျှင် အလုပ်အကိုင်၊ စီးပွားရေး၊ သွားလာရေး အကုန် ပိတ်ပင်မည်ဟု ခြိမ်းခြောက် အကျပ်ကိုင်လျက်ရှိ
- လောင်းဒုံး ကျေးရွာ အုပ်စုတွင် ထပ်မံ၍ မီးလောင်
- ဘူးသီးတောင် မောင်ကြီးတောင်မှ အမျိုးသမီး နှစ်ဦး မုဒိမ်းကျင့်ခံရ
- BGP ကျီးကန်းပြင် ဌာနချုပ်မှ ရဲများက ဒေသခံ (၈) ဦးကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်
- အာရ်ကာန်ဒေသရဲ့ ဌာနေတိုင်းရင်းသား ရိုဟင်ဂျာ
- ဗြောင်ငြင်းတဲ့ အကျင့်
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ