March 15, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဒေါ်အောင်ဆန်းစုကြည်၏ နယူးယောက်မြို့ Queens College မှရခိုင်ပြည်နယ် အရေး အပေါ် အမြင်သဘောထား


နယူးယောက်မြို့သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည် သည် စက်တင်ဘာ ၁၁နေ့တွင် အမေရိကန်ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံပွဲ တွင် ဒေါ်အောင် ဆန်းစုကြည်က ရခိုင်-ရိုဟင်ဂျာအရေးတွင် ၀င်ရောက်မပြောဆိုခဲ့ခြင်းနှင့် ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“နှစ်ဖက်စလုံးက ဘယ်သူမှန်တယ် ၊ ဘယ်သူမှား တယ် ဆိုပြီး တစ်ဖက်ကို ပြင်းပြင်းထန်ထန်ပြောရင် ဟိုတစ်ဖက်က ကျေနပ်မှာမ ဟုတ်ပါဘူး။ မကျေနပ်တာ ကျွန်မကို မကျေနပ် တာပြောတာ မဟုတ်ဘူး။ ဟိုဘက်ကို မကျေနပ်တာ ပြောတ။ အဲဒီတော့ အချင်းချင်း ပဋိပက္ခတွေဟာ ပိုမို ကြီးသွားနိုင်တယ်။ အဲဒီတော့ ကျွန်မ ကနေ ပြီးတော့ ပြင်းပြင်း ထန်ထန်ဝေ ဖန် ပြောလို့ မကျေနပ်ရင် မကျေနပ်တာ ရတယ်။ ဒါပေမယ့် ဒီပဋိပက္ခ တွေ ပိုပြီးတော့ ကြီးထွားသွားမယ့်  ကိစ္စမျိုးကိုတော့ ကျွန်မ မလုပ်နိုင်ဘူး။ အခြေခံအားဖြင့် ကျွန်မ ဘက်နေ ပြီးတော့ ပြင်းပြင်ထန် ထန် ပြောရမယ်ဆိုရင် ဘာပြင်းပြင်ထန်ထန်ပြောရမလဲ။လူ့အခွင့်အရေး ချိုးဖောက်မှုဆိုရင် တော့ ကျွန်မ ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်” လို့ ကျွန်မပြော ပါရစေ ဟု ပြဿနာကို မီးမွေးရန် မစဉ်းစားပဲ ပြဿနာကို ဘယ်လိုဖြေရှင်းသင့်ခြင်း ကို စဉ်စားသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ကျွန်မ တို့အားလုံး ၀ိုင်းစဉ်းစားရမှာက ဒီပဋိပက္ခတွေ ငြိမ်းအေးသွားအောင်ဘယ်လို လုပ်မလဲ ဆိုတာကိုစဉ်းစားရမှာပါ။ ဘာကြောင့်လဲ ဆိုတော့ ဇာစ်မြစ်ကိုသွားရ မယ်။ ပြဿနာ တစ်ခုကို ဖြေရှင်းဖို့ ဆိုရင် ဒီပြဿနာရဲ့ဇာစ်မြစ် ဟာ ဘာလဲ ဆိုတာကို စဉ်းစားရမယ်။ လေ့လာရမယ်။ အဲဒီပြဿနာရဲ့ဇာစ်မြစ် ကိုလေ့လာပြီးတော့ တွေ့ရှိမှ ဒီပြဿနာကို ဖယ်ရှားနိုင် မှာ ဖြစ်ပါတယ်။ ဒါကြေင့်မိုလို့ ပြဿနာကို ကိုင်တွယ်တဲ့ နေရာမှာ ခေါင်းအေးအေးနဲ့ ကိုင်တွယ်ဖို့ လိုပါတယ်။ ပြဿနာဖြစ်နေတဲ့ နေရာတွေမှာ တစ်ယောက်နဲ့ တစ်ယောက်လက်ညှိုးထိုး တာ ၊ ဟိုဘက်လက်ညှိုးထိုးတာ ၊ ဒီဘက် လက်ညှိုးထိုးတာ ၊ အဲဒါတွေကို လုပ်မယ့် အစား တကယ့်ပြဿနာ က ဘာလဲ၊ တစ်ချိန်မှာ တစ်ဖက်က လွန်မယ် ။ တစ်ချိန် မှာ နောက်တစ်ဖက် က လွန်မယ်။ တစ်ဖက်တည်းကအမြဲပဲ လွန်နေမယ်ဆိုတာ ရှိခဲပါတယ်။ အဲဒါကြေင့် မိုလို့ သေသေချာချာ ပြဿနာကို ကြည့်ပြီးတော့ ဘယ်လိုဖြေရှင်း ရမလဲ ဆိုတဲ့ အဖြေကို ရှာရမှာ ပါ ဟု ၄င်းက ပြောကြားခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ ၊ ဘာသာပေါင်းစုံ ကိုးကွယ်ကြသူများ နေထိုင်ရာ ဒေသဖြစ်သည် ဆိုသည့် အချက်ကို သတိထားရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နယူးယောက်မြို့ မှ တိုင်းရင်းသား များနှင့် တွေ့ဆုံပြီးနောက် ပိုင်း မွန်းလွဲပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ကိုလံ ဘီယာတက္ကသိုလ် ကိုသွားရောက်ပြီး တက္ကသိုလ်ကျောင်း သားများနှင့် တွေ့ဆုံ ကာ သြ၀ါဒ စကား ပြောကြားခြင်း၊ ကျောင်းသားများနှင့် အမေးအဖြေ ပြုလုပ်ခြင်း များဆောင်ရွက်ခဲ့သည်။

အကြောက်တရားနှင့် အမုန်းတရား သည် သိပ်ပြီး နီးကပ်နေခြင်း၊ ကြောင့် အကြောက်တရားကြောင့် အမုန်းတရား ဖြစ်ပေါ်လာသည် ကို ဒေါ်အောင်ဆန်းစုကြည် က ကျောင်းသားများ အား အလေးထား ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၃ ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည်သည် တတိယခရီးသဥှု အဖြစ် Kentucky ပြည်နယ် Lewisville မြို့သို့ သွားမည် ဖြစ်သည်။
Radio Free Asia

Comment ရေးရန်

Pages 22123456 »
Rohingya Exodus