နောက်ဆုံးသတင်း/ဆောင်းပါးများ

၁၉၄၈ ခု မတိုင်မှီ | ဌေးလွင်ဦး

မြန်မာ့သမိုင်းမှာ ရိုဟင်ဂျာ ဆိုတာ မရှိဘူးလို့ လ၀က ၀န်ကြီး ဦးခင်ရီက ပြောခဲ့ပြီး- အဲ့ဒီစကားကို ပြောစဉ်က ၁၉၇၃ ခု နောက်ပိုင်းကစတဲ့ လ၀က မှတ်တမ်းကို ပြောခဲ့တယ်။ ဗြောင်ခံငြင်းလို့ မရနိုင်တဲ့နောက် အခု တစ်ခါ ပြောလာပြန်ပါတယ်။ အဲ့ဒီလူတွေက ၁၉၄၈ မတိုင်မှီကပဲ ရှိခဲ့တာပါ။ နောက်ဝင်လာတဲ့လူ ဆိုတာ မရှိသလောက် ရှားပါတယ်တဲ့-၊ သူတို့ရဲ့ တတိယမျိုးဆက်ကို နိုင်ငံသားပေးမလိုလိုပေါ့။-

အခုတစ်လော ရခိုင်ခွဲထွက်ရေးဝါဒီတွေက- စကားစလာပြန်တယ်၊ တတိယမျိုးဆက်ကို နိုင်ငံသားပေးရင် ပေးပါ၊ သူတို့ရဲ့ အဖ (ဒုတိယမျိုးဆက်) အဖိုး (ပထမမျိုးဆက်) ကိုတော့ နိုင်ငံသားက ရုပ်သိမ်းပါ ဆိုတဲ့ သဘောတွေ ပြောနေပြတယ်။ အတော့ကို ပညာမဲ့တဲ့ အုပ်စုဖြစ်ကြောင်း သူတို့ရဲ့ စကားလုံးတိုင်းက သက်သေခံနေပါတယ်။

တစ်ဘက်မှာလည်း ဥပဒေစိုးမိုးရေး ဆိုတာကို တွင်တွင်ကျယ်ကျယ် အော်ဟစ်နေပြန်တယ်၊ သူတို့ လိုချင်တဲ့ ဥပဒေစိုးမိုးရေး ဆိုတာက မွတ်ဆလင်တွေထဲက အဘိုး၊ အဖ ဖြစ်သူများထံက မှတ်ပုံတင်များကို ချက်ချင်း ပြန်သိမ်းရမယ်။ သူတို့ကို နိုင်ငံသား မပေးရဘူးဆိုတဲ့ သဘောကို တည့်တည့်ကြီး ဖေါ်ပြနေပြန်တယ်။ ပြီးတော့ အဲ့ဒီ ဥပဒေက မွတ်ဆလင်များအတွက်သာ ဖြစ်ပြီး ဘင်္ဂလီရခိုင် အ၀ကျွန်းသားတွေနဲ့ လုံးဝ မသက်ဆိုင်သလို လို ရူးချင်ယောင် ဆောင်နေပြန်ပါတယ်။ အဲ့ဒီ ဘင်္ဂလားလူမျိုး အ၀ကျွန်းသားတွေ၊ အနောက်သားတွေကို ဘေးမဲ့ပေးထားခြင်း ဟာ ဥပဒေ အရ ဘောင်ဝင်နေသလိုမျိုး ခံစားနေပြန်တယ်။

ဒီနေရာမှာ လက်ရှိအာဏာပိုင်များကိုရော- ဥပဒေစိုးမိုးရေးလို့ အော်ဟစ်နေသူများကိုရော မေးစရာ ရှိလာပါ တယ်။ ရိုဟင်ဂျာတွေဟာ ၁၉၄၈ မတိုင်မှီကတည်းက ရှိနေတာပါ- ဆိုရင်၊ အဲ့ဒီ “မတိုင်မှီ” ဆိုတဲ့ စကားအရ အချိန်ကာလ ဘယ်လောက်ကတည်းက ရှိနေတာခဲ့တာလည်း ဖေါ်ထုတ်ဘို့ လိုပါမယ်။ ဒါမှ ပထမမျိုးဆက်ကို ဖေါ်ထုတ်လို့ ရမှာပါ။ ၁၉၄၈ ခု မတိုင်မှီ ဆိုတဲ့ စကားက ၁၉၄၇ က ဖြစ်နိုင်သလို-- ၁၉၄၈ မတိုင်မှီ လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်း၊ သိန်း၊ သန်း ကလည်း ဖြစ်နိုင်ပါတယ်။ ဒီလို အဓိပ္ပါယ် တိကျမှုမရှိတဲ့ စကားကို ပြောပြီး နိုင်ငံ သား ဖြစ်ခွင့် မသေချာတဲ့ ၈၂ ဥပဒေ နဲ့ ဆက်လက် တစ်ပါတ်ရိုက်မယ် ဆိုရင်တော့ ပြသနာက အေးဦးမှာ မဟုတ်ဘူး။

အလားတူပဲ- ဥပဒေ စိုးမိုးရေး လို့ အော်နေတဲ့ အုပ်စုကလည်း မသေချာတဲ့ ဥပဒေကို ကြိုက်သလို ပေါ်လစီ ဆွဲလို့ ရအောင် စီစဉ်ပြီးမှ- ကိုယ်ကြိုက်တဲ့ ပေါ်လစီအတိုင်း စိုးမိုးချယ်လှယ်မယ် ဆိုရင်လည်း အရှက်ကွဲ စရာ တွေ ဆက်တိုက် ကြုံရဦးမှာ ဖြစ်တယ်။

ဥပဒေ စိုးမိုးရေး ဆိုတာ ဥပဒေ တစ်ခုကို သေချာအောင် ပြဌာန်းရမယ်၊ ပြီးမှ အဲ့ဒီ ဥပဒေကို လူမျိုး ဘာသာ ကျား မ မခွဲ အားလုံးအပေါ်မှာ တစ်ပြေးညီ သက်ရောက်မှု ရှိအောင် ဆောင်ရွက်ယူရမှာ ဖြစ်တယ်။

ပြီးတော့ မြန်မာနိုင်ငံမှာ သြဇာရှိတဲ့ ခေါင်းဆောင်များ၊ ဘာသာရေးဆရာတော်များ၊ နိုင်ငံရေး သယ်ပိုးသူများ အားလုံးက- ပြသနာ တစ်ခု ဖြစ်လာရင် ဥပဒေကို စောင့်ဆိုင်းမနေဘဲ- အဲ့ဒီ ပြသနာကို ရပ်စဲသွားအောင် အရင် အဦး စီစဉ်ရမှာ ဖြစ်တယ်။ ဥပဒေ မရှိသေးလို့- သို့မဟုတ် ဥပဒေ မစိုးမိုးသေးလို့ ဆိုပြီး ခေါင်းရှောင်နေခြင်းဟာ - လူနှစ်ဦး ဓါးနဲ့ ခုတ်နေကြတာကို-၊ လွှတ်ပေးထားပြီး--၊ သူတို့ကို ဘယ်လို ဥပဒေမျိုးနဲ့ ဆုံးဖြတ်ရမလဲ၊ ဘယ်သူ့ ကို ဘယ်လို စွဲချက်တင်ရမလဲ၊ ဘယ်သူ့ကို ဘယ်လို အပြစ်ပေးရမလဲ၊ ဓါးခုတ်ခံရလို့ သေသွားရင် သေသူကို ဘယ်လို ဆေးစစ်ချက်ယူရမလဲ၊ ဘယ်သုတ်သန်မှာ သင်္ဂြီုလ်ရမလဲ- စသည်ဖြင့်၊ ဥပဒေ ပြုစုနေတဲ့ လူတစ်ဦး လိုသာ ဖြစ်နေပါတယ်။

မြန်မာပြည်သူတွေ စဉ်းစားဆင်ခြင်စေလိုတယ်။ ယောင်ဝါးဝါး ဥပဒေကို ချမှတ်လိုက်- လိုသလို ပေါ်လစီဆွဲ လိုက်နဲ့ လုပ်ချင်သလို လုပ်ပြီး လိမ်ညာကောက်ကျစ်တဲ့ စရိုက်များကို မဖျောက်ဖျက် နိုင်သ၍- အဲ့လို ခေါင်း ဆောင်များကို ရိုးသား ဖြောင့်မတ်တဲ့ ခေါင်းဆောင်များလို့ ဘယ်သူကမှ သတ်မှတ်တော့မှာ မဟုတ်ပါ။

ဌေးလွင်ဦး

MMCRM

Comment ရေးရန်

Rohingya Exodus