March 13, 2025
 Ro

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မြန်မာ့အရေးနှင့် ပတ်သက်ပြီး ဒလိုင်လားမား ပွင့်ပွင့်လင်းလင်း ပြောကြား


မဇ္ဈိမ
16.9.2012

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးများ အလွန်အမင်းချိုးဖောက်နေသည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး အလွန်ဝမ်းနည်းဖွယ်ကောင်းကြောင်း ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားကပြောကြားလိုက်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရခေါင်းဆောင်များနှင့် ဒီမိုကရေစီလိုလားသူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံလိုကြောင်း ပြောကြားလိုက်သည်။

"ဟုတ်ပါတယ် ဒါဟာသိပ်ကိုဝမ်းနည်းစရာပါ။" ဒါပေမဲ့မြန်မာအစိုးရနဲ့ ကျုပ်ကြားမှာ ဘာဆက်သွယ်ရေး လမ်းကြောင်းမှ ဖွင့်ထားတာမရှိဘူး။ ကျုပ်က ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်နေတာတောင် ဂျပန်ကလွဲပြီး ဗုဒ္ဓဘာသာဝင်နိုင်ငံ အနည်းငယ်လောက်ကသာ ကျုပ်ကိုဘုရားဖူးဝင်ခွင့် ပေးကြတာ။" ဟု Payul.com ၀က်ဘ်ဆိုက်တွင် ဗုဒ္ဓဟူးနေ့က ဖော်ပြထားသည်။

"တကယ်တော့ ကျုပ်ဟာ ဗုဒ္ဓဘာသာဝင် နိုင်ငံအနည်းငယ်ထက်၊ ဂျော်ဒန်လို အစ္စလမ်ဘာသာဝင်နိုင်ငံ ဒါမှမဟုတ် ခရစ်ယာန်ဘာသာဝင်နိုင်ငံတွေကို ပိုပြီး လွတ်လွတ်လပ်လပ် သွားနိုင်ပါတယ်။ မြန်မာနိုင်ငံကို သွားဖို့အနေအထားကလည်း အဲဒီလိုပါပဲ။" ဟု၎င်းကပြောကြားသည်။

ဒလိုင်လားမားက အကြမ်းမဖက်ရေးဝါဒမှာ အရေးကြီးကြောင်း နယူးဒေလီရှိ Jamia Millia Islamia တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားပေးပို့ခဲ့ကြောင်း သို့ရာတွင် မည်သည့်တုန့်ပြန်မှုမှ မရခဲ့ကြောင်း ၎င်းကပြောကြားသည်။ ထိုနိုဘယ်ဆုရှင် နှစ်ဦးသည် လန်ဒန်တွင်ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

"အလားတူပဲ ဒေလီမှာရှိတဲ့ ကျုပ်ကိုယ်စားလှယ်ကိုလည်း အဲဒီကမြန်မာသံရုံးကို ဆက်သွယ်ဖို့ ပြောခဲ့တယ်။ ရက်သတ္တပတ်တော်တော်ကြာတဲ့အထိ ဘာပြန်ကြားချက်မှမရခဲ့ဘူး။ ဒါကြောင့် ကျုပ်ဆုတောင်းရုံကလွဲပြီး ဘာမှမလုပ်နိုင်ဘူး။" ဟု တိဗက်ဘာသာရေးခေါင်းဆောင်က ပြောကြားသည်။ တကယ်လို့သာ ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးတွေက အစ္စလမ်ဘာသာဝင်တွေကို နှိပ်စက်တဲ့အထဲမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွတ်စွဲချက်တွေသာ အမှန်ဆိုရင်တော့ ဒါဟာ လုံးဝကိုမှားတာပဲ။" ဟု ၎င်းကပြောကြားသည်။

"သက်ရှိလူသားတိုင်းမှာ ပျော်ရွှင်ခွင့်ရှိတယ်ဆိုတာ ကျုပ်တို့သဘောပေါက်သွားတာနဲ့ တစ်ပြိုင်နက် ပိုကောင်းသွားပါတယ်။" ဟု ၎င်းကပြောကြားပြီး တင်းတိမ်ရောင့်ရဲသည့် လူသားများဖြစ်ရေးအတွက် ယုံကြည်မှုနှင့် ခင်မင်းရင်းနှီးမှုမှာ မရှိမဖြစ်လိုအပ်ကြောင်း ထိုအသက် ၇၇ နှစ်အရွယ် တိဘက်ဘာသာရေးခေါင်းဆောင်ကပြောကြားသည်။

"အခြားသူရဲ့ ကိုယ်ကျိုးကိုထည့်သွင်းစဉ်းစားခြင်းဟာ သူ့ကိုသာ အကူအညီပေးတာမဟုတ်ပဲ ကျုပ်တို့ကိုပါ အထောက်အကူဖြစ်စေပါတယ်။ အခြားသူတွေအပေါ် နွေးထွေးတဲ့နှလုံးသားနဲ့  စိုးရိမ်ပူပန်ပေးခြင်းဟာ
သက်ရှိလူသားတွေရဲ့ သဘောသဘာဝဖြစ်ပြီး အပြုသဘောဆောင်တဲ့ လူသားတွေရဲ့ စံနှုန်းတွေ ဖြစ်ပါတယ်။" ဟု၎င်းကပြောကြားသည်။

၂၀ ရာစုနှစ်ကိုသွေးချောင်းစီးသည့် ကာလအဖြစ် ရည်ညွှန်းပြောဆိုကာ ဒလိုင်လားမားက ပြဿနာများနှင့် ပဋိပက္ခများအားလုံးကို ငြိမ်းချမ်းစွာ တိုင်ပင်ညှိနှိုင်းသည့်နည်းဖြင့် ဖြေရှင်းသင့်ကြောင်း ပြောကြားလိုက်သည်။

"အကြမ်းမဖက်ခြင်းဟာ အပျက်သဘောဆန်စွာ တရားမမျှတခြင်းကို ကျုပ်တို့ လက်ခံတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။ တရားမျှတမှု မရှိတာကို ကျွန်တော်တို့ ဆန့်ကျင်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီလို မလုပ်တာက အကြမ်းဖက်မှုပုံစံတစ်ခု ဖြစ်လို့ပါပဲ။ ဂန္ဓီဟာ အကြမ်းမဖက်တဲ့ ၀ါဒကိုကျင့်သုံးခဲ့တယ်။ ဒါဟာသူက ပိုနေမြဲကျားနေမြဲ အခြေအနေကို ကျေနပ်ရောင့်ရဲစွာ လက်ခံ တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ သူဟာ ခုခံတော်လှန်တယ်။ ဒါပေမဲ့သူတစ်ပါးကို ထိခိုက်အောင် မလုပ်ဘဲနဲ့ ဒါကိုလုပ်ခဲ့တာဖြစ်တယ်။" ဟု
ထိုတိဗက်ဘာသာရေး ခေါင်းဆောင်က ပြောကြားခဲ့သည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus