March 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း အမေရိကန် လေ့လာ

နိုင်ငံတကာက ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မှသာ စီးပွားရေး အရ ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပြီး ထွက်ပြေးလာနေသော မွတ်ဆလင် ဒုက္ခသည်များ ရပ်သွားလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်က အကြံပြုသည် (ဓာတ်ပုံ- ဧရာဝတီ)

အမေရိကန်နိုင်ငံ အာရှ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်း ဦးဆောင်သောအဖွဲ့သည် စက်တင်ဘာ ၁၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ် -မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများကို သွားရောက်လေ့လာခဲ့သည်။

လေ့လာရေး အဖွဲ့သည် ကူတူပါလန် ဒုက္ခသည်ကို ညနေ ၄ နာရီခန့်တွင်ရောက်ရှိလာပြီး ဒုက္ခသည် စခန်းတွင်း လှည့်လည်ကြည့်ရှုသော်လည်း ဒုက္ခသည်တွေနဲ့ တွေ့ဆုံခြင်း မရှိဘဲ ဘင်္ဂလားဒေ့ရှ်အစိုးရ အာဏာပိုင်များ၊ UNHCR အရာရှိများနှင့် တွေ့ဆုံသွားကြောင်း သိရသည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘာဇာခရိုင်၊ ဦးကီယာမြို့နယ်၊ ကူတူပါလန်ကျေးရွာအနီးတွင် UNHCR က ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံထားရသည့် ဒုက္ခသည် ၁၀၀၀၀ ခန့် နေထိုင်သည့် စခန်းတခုရှိပြီး ယင်းနှင့် ကပ်ပြီး ဒုက္ခသည်အဖြစ် အသိမှတ်ပြု မခံရသူ ဒုက္ခသည် တသိန်းနီးပါး နေထိုင်သည့် စခန်းတခု စုစုပေါင်း ၂ ခု တည်ရှိသည်။

လူဦးရေ ၁၆၀၀၀ လောက်ရှိသော UNHCR မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မထားသည့် လေးဒါဒုက္ခသည် စခန်းသို့လည်း သွားရောက်ခဲ့သည့်အပြင် ဒုက္ခသည်များကို အားပေးစကားပြောခဲ့ကြောင်း သိရသည်။ တက္ကနာမြို့နယ်အတွင်းရှိ UNHCRမှ အသိမှတ်ပြုထားသည့် ဒုက္ခသည်များနေထိုင်ရာ နော်ယာပါရာ ဒုက္ခသည်စခန်းကိုလည်း သွားရောက်ကြည့်ရှု့ခဲ့သေးသည်။

အမေရိကန် အာရှ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်းသည် စက်တင်ဘာလ ၈-၉ ရက်များတွင် မြန်မာနိုင်ငံ ရခိုင်ပြည်အတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး ၁၁ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာသော အမေရိကန်က လေ့လာရေးအဖွဲ့ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ရခိုင်ဒေသသည် စီးပွားရေး အထူးချွတ်ခြုံ ကျနေသော ပြည်နယ်တခုဖြစ်သည့် အတွက် နိုင်ငံတကာက ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မှသာ စီးပွားရေး အရ ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပြီး ထွက်ပြေးလာနေသော မွတ်ဆလင် ဒုက္ခသည်များ ရပ်သွားစေလိမ့်မည်ဟု အကြံပြုကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာများက ရေးသားဖေါ်ပြကြသည်။
Sources Here:

Comment ရေးရန်

Pages 22123456 »
Rohingya Exodus