March 14, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

တူရကီက ရခိုင် ပြန်လည် ထူထောင်ရေး အကူအညီပေးရန် အသင့်ဟုဆို


မဇ္ဈိမ
12.9.2012

စစ်တွေ ။ ။ တူရကီနိုင်ငံသံအမတ်ကြီး Mr. HE . Murat Yavuz Ates ခေါင်းဆောင်သည့် အဖွဲ့ဝင် ၇ ဦးသည် ကြာသပတေးနေ့ နံနက်ပိုင်းက စစ်တွေမြို့သို့ သွားရောက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် လူအင်အား၊ ငွေအင်အားများဖြင့် ကူညီရန် အသင့်ရှိသည်ဟု ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ် အစိုးရရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် တူရကီ သံအမတ်က ပြောသွားခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ယာယီကယ်ဆယ်ရေးတဲများ အကူအညီပေးရန်ဆွေးနွေးခဲ့သည်။

Mr. HE . Murat Yavuz Ates နှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင်း ကျောက်ဖြူမြို့နယ် မင်းဂံရွာသို့ သွားရောက် ခဲ့ပြီး ရခိုင်ဒုက္ခသည်များအတွက် ဆန်အိတ် ၈၀ နှင့် ဆေးဝါးများ ထောက်ပံ့ ပေးအပ်ခဲ့သည်။ ယင်းအပြင် စစ်တွေမြို့နယ် သက္ကေပြင်ရွာရှိ ဒုက္ခသည်များအတွက်လည်း ဆန်အိတ် ၂၂၂၈ အိတ်နှင့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့သည်။

တူရကီ သံအမတ်နှင့်အဖွဲ့သည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာလာပြီ ဖြစ်သည်။

တူရကီ တူရကီ နိုင်ငံခြားရေးဝန်ကြီး Mr Ahmet Davutoglu ဦးဆောင်သည့် အစ္စလာမ် ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (OIC) ကိုယ်စားလှယ်အဖွဲ့သည်လည်း သြဂုတ်လ ၁ဝ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ နယ်ရှိ ဘောဒူဘ (ရိုဟင်ဂျာ ဒုက္ခသည်စခန်း)နှင့် မူဆလင်များ နေထိုင်သည့် အောင်မင်္ဂလာရပ်ကွက်အပြင် ဆုတောင်းပြည့်ကျောင်းရှိ ရခိုင်မီးဘေးဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာခဲ့သေးသည်။

ယခုလ ၈ ရက်နေ့ကလည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr.Joe Yun၊ သံအမတ်ကြီး Mr DerekJ Mitchell ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဌာနေကိုယ်စားလှယ် Mr.Hans ten Feld တို့ ပါဝင်သော အဖွဲ့ဝင် ၁၁ ဦးပါ သံတမန်အဖွဲ့သည် မောင်တောမြို့နယ်ရှိ ဒုက္ခသည်စခန်းများ အခြေအနေကို သွားရောက်လေ့လာ ခဲ့သည်။

မောင်တော မြို့နယ် မောရဝတီကျေးရွာတွင် အခိုင်အမာအိမ် ခြောက်လုံး၊ ရွက်ဖျင်တဲ ၁၂၂ လုံး ဆောက်လုပ်ထားပြီး အလယ်သံကျော် ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၁၂၂ စု၊ လူဦးရေ ၄၆၃ ယောက်၊ ရွှေရင်အေး ကျေးရွာတွင် အခိုင်အမာအိမ် ၃၈ လုံး ယာယီ ရွက်ဖျင်တဲ ၇၉ လုံး ဆောက် လုပ်ထားသည်ဟု နိုင်ငံပိုင်သတင်းစာများတွင် အင်္ဂါနေ့ က ဖေါ်ပြထားသည်။

ယင်းအပြင် မောင်တောမြို့ ၄ မိုင်စခန်းနှင့် ပရဟိတ ကယ်ဆယ်ရေးစခန်းတို့တွင်လည်း အိမ်ထောင်စု ၇၆ စုနှင့် လူဦးရေ ၂၆၆ ဦးတို့ နေထိုင်လျက်ရှိသည်ဟု သတင်းစာက ဖေါ်ပြထားသည်။

ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပဋိပက္ခအတွင်း ၇၇ ဦးသေဆုံးခဲ့ပြီး စုစုပေါင်း လူနေအိမ် ၄,၈၂၂ လုံး၊ ဗလီ ၁၇ လုံး၊ ဗုဒ္စဘာသာ ဘုန်းတော်ကြီးကျောင်း ၁၄ ကျောင်းနှင့် စာသင်ကျောင်း သုံးကျောင်း မီးလောင်ပျက်စီးခဲ့သည်ဟု နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးက ဇူလိုင်လ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ထားသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus