ကလေးကွက်
ဌေးလွင်ဦး
RB News
17.10.2012
RB News
17.10.2012
မြန်မာနိုင်ငံက နိုင်ငံရေး ခေါင်းဆောင်တွေ၊ အုပ်ချုပ်ရေး ခေါင်းဆောင်တွေ အနေနဲ့ မွတ်ဆလင်တွေကို ဘန်းပြ ပြီး နိုင်ငံရေး ကစားနေတဲ့ အကွက်များ- ရခိုင်ပဋိပက္ခမှာ အမှုမှန်ကို မဖေါ်ထုတ်ဘဲ- မွတ်ဆလင်လူများကို မဟုတ်မတရား စွပ်စွဲကာ အမှုထိုးချထားမှု၊ ဒီအမှုပေါ် မှာစိုးလို့ ကုလသမဂ္ဂက တောင်းဆိုတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ပါယ်ချကာ-Made in Burma စုံစမ်းစစ် ဆေးရေး အဖွဲ့ကို ဖွဲ့လိုက်ပုံများ-ကို လူတိုင်း သိနေပါ တယ်။
အလားတူပဲ- မတတ်သာလို့ OIC ကို လက်ခံပြီး- လူထုက မလိုလားလို့ ဆိုပြီး ကတိဖျက် reject လုပ်မယ် ဆိုတာများကိုလည်း ကြိုသိနေတဲ့ ကိစ္စပါ။ လက်ရှိ အစိုးရအပေါ်မှာ သြဇာကြီးလွန်းတဲ့ တရုတ်ကိုတောင်-လူထုက ဆန္ဒပြပြီး မလိုလားလို့ ဆိုပြီး မြစ်ဆုံ စီမံချက်ကို ရုပ်သိမ်းခဲ့သေးတာပဲ။
လွတ်လပ်စွာ ဆန္ဒပြခြင်းအား ခွင့်ပြုခြင်းအတွက် နိုင်ငံတော်ကို ကျေးဇူးတင်ရမှာပါ။ ဒါပေမယ့်- ပါမစ်မရဘဲ-ဆန္ဒပြလို့ မရဘူး ဆိုတာ ကလေးတွေတောင် သိနေတဲ့ ကိစ္စပါ။ ကချင်နဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်ဘို့ ငြိမ်း ချမ်းရေး ဆန္ဒပြတဲ့လူတွေကိုတော့ ဖမ်းလိုဖမ်း၊ တားလိုတား-၊ ဦးပိုင်ကုမ္ပဏီက ဦးဆောင်လုပ်နေတဲ့ ကြေးနီ စီမံချက် ကို တစ်တိုင်းပြည်လုံး ဆန္ဒပြနေတာတော့- မသိဟန်ပြုထားပြန်တယ်။ -
OICက လူသားချင်းစာနာတဲ့ အကူအညီများ ပေးဘို့ လာခြင်းပါ။ ဘာသာရေး စော်ကားဘို့ လာခြင်း မဟုတ် သလို၊ အတင်းသာသနာပြုဘို့ လာခြင်းလည်း မဟုတ်ပါ။ ကြေးနီ စီမံချက်မှာတော့- ကမ္ဘာကျော် လယ်တီ ဆရာတော်ကြီးရဲ့ တရားကျင့်ရာ ဂူဗိမာန်များပါ- ဘော်ဒူဇာနဲ့ထိုး ဖယ်ရှားခံလိုက်ရပါပြီ။-ဗုဒ္ဓသာသနာအတွက် သောကကြီးပါတယ် ဆိုတဲ့ သင်္ကန်းဝတ်များ အမှန်အတိုင်း မြင်တတ်မှာ မဟုတ်ဘူး ဆိုတာများကိုလည်း ကမ္ဘာ က ကြိုသိနေပါတယ်။
OICကို ဖယ်ရှားလို့ရရင်- မြန်မာမှာ မွတ်ဆလင်များကို အနိုင်ကျင့်ခဲ့တာ၊ ဖိနှိပ်ခဲ့တာ၊ မျိုးပြုတ်သုတ်သင်ဘို့ စီမံ ချက် ချခဲ့တာများကို လုံးဝ ဖုံးဖိထားလို့ ရပြီလို့ ပါဝင်ပတ်သက်ခဲ့သူများက တွက်ကောင်းတွက်ပါလိမ့်မယ်။ လုံးဝ မှားယွင်းတဲ့ တွက်ဆချက်ပါ။ -
ပါဝင်ပတ်သက်ခဲ့သူများ အနေနဲ့ သိဘို့ လိုတဲ့ အချက်က- ဒါတွေ ဖြစ်လာမယ် ဆိုတာ OIC က ကြိုသိနေပါ တယ်။ ကြိုသိနေလို့ ကြိုတင်ပြင်ဆင်ချက်လည်း ရှိပါတယ်။ တစ်ကယ်တော့ OIC ဆိုတာ အရောင်ပြ ကိုယ်ထင် ပြယုံလောက်ပါ။ မြန်မာမွတ်ဆလင်များအရဲ့ အရေးကိစ္စများကို ဆောင်ရွက်ပေးမယ့် နိုင်ငံကြီးများက အဆင်သင့် ဖြစ်နေပါပြီ။ မြန်မာအစိုးရကိုယ်တိုင်က မွတ်ဆလင်များကို ဘယ်လောက် မနာလို မုန်းတီးပြီး မွတ်ဆလင် နှိပ်ကွပ်ရေးမှာ ပါဝင်နေသလဲ ဆိုတာ တိုင်းမဲ့ ပြဒါးတိုင် တစ်ခုအဖြစ် OIC ကို ရှေ့ပြေး ကိုယ်ယောင်ပြခိုင်းလိုက် ခြင်းသာ ဖြစ်ပါတယ်။
လိမ်လည်လှည့်စားခြင်းကလွဲ ခေတ်မှီ နိုင်ငံရေး အကွက်တွေကို မတတ်သေးတဲ့ နိုင်ငံခေါင်းဆောင်များက မိမိ တို့ လုပ်တာ အဆင်ပြေလိမ့်မယ်- ထင်နေပါတယ်။ တစ်ကယ်တော့ အဲ့ဒီ အကွက်များက ကလေးကွက်တွေပါပဲ။ OIC ဘက်ကလည်း အစိုးရက သူတို့ကို လက်မခံကြောင်း တရားဝင် ပေးပို့မယ့် အကြောင်းကြားချက်ကို ၀မ်း သာအဲလဲ ကြိုဆိုနေပါတယ်။- (သူတို့ဘက်က သက်သေ အရင် ပြပါစေပေါ့။)ကျူးလွန်စော်ကားမှုပေါင်း များစွာရဲ့ တရားခံအစစ်ကို ဖေါ်ထုတ်ဘို့- အကွက်တစ်ကွက်မျှ ချပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။
OICရုံးဖွင့်လို့ မြန်မာမွတ်ဆလင်တွေ အတွက် ဘာမှ အကျိုးထူး ရမှာ မဟုတ်သလို၊ OIC ရုံးမရှိရင်လည်း မြန်မာ မွတ်ဆလင်များ အတွက် ဘာမှ မထိခိုက်နိုင်ပါ။ မြန်မာပြည်တွင်းမှာ တံခါးပိတ်ပြီး လှောင်ရိုက်လို့ ရမယ့် ခေတ်ကာလ ကုန်ဆုံးသွားခဲ့ပါပြီ။ မြန်မာမွတ်ဆလင်အရေးကို ဆောင်ရွက်ပေးမယ်လို့ ကတိက၀တ်ပြုထားတဲ့ နိုင်ငံကြီးတွေက အဆင်သင့် ဖြစ်နေပါပြီ။
OICကို ကတိဖျက်ခြင်း- သို့မဟုတ် ငြင်းပယ်ခြင်းက- မြန်မာမွတ်ဆလင်များနဲ့ မြန်မာလူထုရဲ့ ကိစ္စမဟုတ်ပါ။ မြန်မာအစိုးရနဲ့ ကမ္ဘာ့မွတ်ဆလင် ၅၇ နိုင်ငံ + သူတို့၏ မဟာမိတ်များရဲ့ အရေးကိစ္စသာ ဖြစ်ပါတယ်။ ဒီပွဲကို မြန်မာမွတ်ဆလင်တွေကလည်း ကြည့်ချင်နေပါတယ်။ ဒီပွဲကို ဆက်တိုက်မြင်လာရမှာ ဖြစ်သလို-၊ အကယ်၍ မြန်မာအစိုးရအနေနဲ့ ဒီအပေါ်မှာ မကျေလည်ဖြစ်ပြီး OIC ကို မနိုင်- မြန်မာမွတ်ဆလင်များကို မဲပြီး- မြန်မာ မွတ်ဆလင်များအား ဖိနှိပ်ခွဲခြားနေခြင်းကို မရပ်တန့် ဘဲ- ပေါ်လစီမျိုးစုံနဲ့ ဆက်လက် လုပ်ဆောင်နေမယ် ဆိုရင် လည်း- တစ်ခုပြီး တစ်ခုဆင့်လာတဲ့ အပြစ်များကို ရင်ဆိုင်ရတော့မှာပါ။