ဓါတ်ပုံသတင်း
- ဘယ်သူက အိမ်ရှင်လဲ
- မလေးရှားသံအဖွဲ့ စစ်တွေ ဒုက္ခသည်စခန်း သွားရောက်
- ပြည်ပအခြေစိုက် ရိုဟင်ဂျာ အခွင့်အရေး လှုပ်ရှားသူများကို မြန်မာအစိုးရနှင့်ပူးပေါင်းရန် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြား
- အာရကာနစ္စတန် (Arakanistan) အပိုင်း (၁)
- ရိုဟင်ဂျာများအမေရိကန်အကူအညီလိုကြောင်း နှီးနှောဖလှယ်ပွဲမှာပြောကြား
- ၂၀၁၄ သန်းခေါင် စာရင်းနှင့် မြန်မာ မွတ်စလင်
- ကြိမ်ချောင်းမှ နယ်ခြားစောင့် ရဲများက ဒေသခံများကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက် ငွေညှစ်
- အမှန်ကို ချစ်ပါ - အပိုင်း (၈)
- ကျောက်တော် ၉၆၉ အဖွဲ့မှ နိုင်ငံတော် ၀န်ထမ်းများကို ခြိမ်းခြောက်လျက်ရှိ
- မောင်နှမကျေးရွာမှ အမျိုးသမီးများ မုဒိမ်းကျင့်ခံရ၊ ရွာငယ်တစ်ခုမှ ရွာသူရွာသားများကို မောင်းထုတ်
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ

ရခိုင်ပြည်နယ်အရေးတွင် မြန်မာအစိုးရ၏ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ချက်များမှာ … ရှစ်လေးလုံးအရေးအခင်းတုန်းကဖြေရှင်းပုံနှင့်နှိုင်းယှဉ်ကြည့်လိုက်လျှင် အစိုးရသည် လုံးဝရိုးသားမှုမရှိသည်မှာထင်ရှားလှပါသည် … အမှန်စင်စစ် ရှစ်လေးလုံးအရေးအခင်းသည် နိုင်ငံအနှံ့ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း နေရာဒေသတိုင်းတွင် … ယခုဖြစ်ပွားလျှက်ရှိသော ရခိုင်ပြည်နယ်အရေးအခင်းလောက် ကြီးမားရမ်းကားခဲ့ခြင်းမရှိပါ … ဥပမာအားဖြင့်ရန်ကုန်မြို့တွင် ရှစ်လေးလုံးအရေးအခင်းကိုကိုင်တွယ်ထိမ်းသိမ်းရန်အတွက် … ချင်းလူမျိုးတပ်မတော်သား အများစုပါဝင်သော တပ်မ(၂၂)ကိုအသုံးပြုပြီး ထိရောက်စွာနှိမ်နင်းခဲ့သည် … အသုံးပြုအင်အားကိုလည်းစနစ်တကျတွက်ချက်ကာ အလုံအလောက်အသုံးပြုခဲ့ခြင်းကိုတွေ့ရပါသည် …. ယခုဖြစ်ပွားလျှက်ရှိသောရခိုင်ပြည်နယ်အရေးအခင်းတွင်မူ ရခိုင်လူမျိုးနှင့် ဗမာတပ်မတော်သားအများစုပါဝင်သော လက်နက်ကိုင်တပ်ဖွဲ့များကိုအသုံးပြုခဲ့ခြင်း နှင့် အသုံးပြုသည့်အင်အားကိုလည်း ရည်ရွယ်ချက်ရှိရှိဖြင့် အလုံအလောက်အသုံးပြုခဲ့ခြင်းမရှိသည် ကိုတွေ့ရပါသည် … စစ်ရေးအတွေ့အကြုံအပြည့်အ၀ရှိသူ များစွာပါဝင်သည့် လက်ရှိမြန်မာအစိုးရသည် ဤမျှအတွက်အချက်
ညံ့ဖျင်းမည်မဟုတ်သည်မှာသေချာလှပါသည် … ရခိုင်ပြည်နယ်အရေးအား အစိုးရကစနစ်တကျသာကိုင်တွယ်ဖြေရှင်းခဲ့လျှင် ရခိုင်ပြည်နယ်အရေးသည်ဤမျှဆိုးရွားသွားနိုင်ဖွယ်ရာလုံးဝမရှိပါ …နိုင်ငံတကာလူ့အသိုင်းအ၀ိုင်းမှလည်း ဤအချက်ကိုပင် ထောက်ပြဝေဖန်လျှက်ရှိပါသည် …. ရခိုင်ပြည်နယ်အတွင်း ဆုံးရှုံးသွားရသောအိုးအိမ်များနှင့် လူ့အသက်ပေါင်းများစွာအတွက် နောင်သံသရာတွင်ပေးဆပ်ကြရပါမည် … ရခိုင်ပြည်နယ်အရေးတွင်ကြားသိရသော သတင်းများအရ ကျွန်တော်တို့များစွာစိတ်မချမ်းမသာဖြစ်ကြရပါသည် … သက်သေနောက်တစ်ခုပြပါဦးမည် …. လူမျိုး ဘာသာခွဲခြားခြင်းလုံးဝမရှိသော အပြည်ပြည်ဆိုင်ရာကူညီကယ်ဆယ်ရေးအဖွဲ့များလာရောက်ကူညီမှုမပြုနိုင်ရန် အစိုးရကတားမြစ်ခဲ့ခြင်းမှာ … လုံးဝအခြေအမြစ်မရှိသောဆောင်ရွက်ချက်တစ်ခုဖြစ်ပါသည် … မြန်မာအစိုးရ၏မရိုးသားမှုများစွာအနက်မှ အဆိုးရွားဆုံးမှာ …. နယ်စည်းမခြားဆရာဝန်အဖွဲ့လာရောက်ရန် ကမ်းလှမ်းခြင်းအားငြင်းပယ်ခဲ့ခြင်းဖြစ်ပါသည် … ရခိုင်ပြည်နယ်အရေးအပေါ် မြန်မာအစိုးရ၏ဆောင်ရွက်ချက်များအား …. ယဉ်ကျေးသောလူ့ကမ္ဘာက မျက်ခြေမပြတ်စောင့်ကြည့်လျှက်ရှိနေသည်ကို သတိပြုသင့်ပါသည် …