ဓါတ်ပုံသတင်း
- အင်္ဂလိပ် အုပ်ချုပ်ရေးခေတ် မှတ်တမ်းများက ရည်ညွှန်းတဲ့ `ရိုဟင်ဂျာ´
- ကုလလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် စကားပြောသည့် ရိုဟင်ဂျာလူငယ်များကို စ.ရ.ဖ က လိုက်လံရှာဖွေနေခြင်းကြောင့် ရှောင်ပုန်းနေရ
- သရက်အုပ်သို့ ပြောင်းရွှေ့လာသည့် နယ်ခြားစောင့် ဒုရဲအုပ် တစ်ဦးက ဒေသခံများထံမှ လုယက်
- ထိုင်းနိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည် များကို ခြောက်လ သက်တမ်းတိုး၍ ထိန်းသိမ်းထား
- အကြမ်းဖက်မှု တရားခံများအား တရားစွဲသည့် သတင်းများ ထွက်ပေါ် | RB အထူးသတင်း
- ကော့သောင်းမြို့အနီး စက်လှေပေါ်မှ ခုန်ချခဲ့သည့် ရိုဟင်ဂျာ (၁၀) ဦး အသက်အန္တရာယ် စိုးရိမ်နေရ
- စစ်တွေတက္ကသိုလ်မှမွတ်စလင်ကျောင်းသားများအားနစ်နာအောင်လုပ်နေ
- စစ်တွေမြို့မှ ရိုဟင်ဂျာ ၁၄၀ ဦးခန့် တင်ဆောင်ပြီး မလေးရှားသို့ ထွက်ခွာသွားသည့် စက်လှေနှစ်စီး ပျောက်ဆုံးနေ
- ငွေညှစ်မှုကြောင့် ဘူးသီးတောင် မြို့မဈေးရှိ ဈေးဆိုင်များ ဆက်လက်ရပ်တည်နိုင်ရန် စိုးရိမ်ရ
- မြေပုံမြို့နယ်တွင်ကျောင်းသားများပညာသင်ကြားရန်လွန်စွာခက်ခဲနေ
ရခိုင်ပြည်နယ်အရေးတွင် မြန်မာအစိုးရ၏ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ချက်များမှာ … ရှစ်လေးလုံးအရေးအခင်းတုန်းကဖြေရှင်းပုံနှင့်နှိုင်းယှဉ်ကြည့်လိုက်လျှင် အစိုးရသည် လုံးဝရိုးသားမှုမရှိသည်မှာထင်ရှားလှပါသည် … အမှန်စင်စစ် ရှစ်လေးလုံးအရေးအခင်းသည် နိုင်ငံအနှံ့ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း နေရာဒေသတိုင်းတွင် … ယခုဖြစ်ပွားလျှက်ရှိသော ရခိုင်ပြည်နယ်အရေးအခင်းလောက် ကြီးမားရမ်းကားခဲ့ခြင်းမရှိပါ … ဥပမာအားဖြင့်ရန်ကုန်မြို့တွင် ရှစ်လေးလုံးအရေးအခင်းကိုကိုင်တွယ်ထိမ်းသိမ်းရန်အတွက် … ချင်းလူမျိုးတပ်မတော်သား အများစုပါဝင်သော တပ်မ(၂၂)ကိုအသုံးပြုပြီး ထိရောက်စွာနှိမ်နင်းခဲ့သည် … အသုံးပြုအင်အားကိုလည်းစနစ်တကျတွက်ချက်ကာ အလုံအလောက်အသုံးပြုခဲ့ခြင်းကိုတွေ့ရပါသည် …. ယခုဖြစ်ပွားလျှက်ရှိသောရခိုင်ပြည်နယ်အရေးအခင်းတွင်မူ ရခိုင်လူမျိုးနှင့် ဗမာတပ်မတော်သားအများစုပါဝင်သော လက်နက်ကိုင်တပ်ဖွဲ့များကိုအသုံးပြုခဲ့ခြင်း နှင့် အသုံးပြုသည့်အင်အားကိုလည်း ရည်ရွယ်ချက်ရှိရှိဖြင့် အလုံအလောက်အသုံးပြုခဲ့ခြင်းမရှိသည် ကိုတွေ့ရပါသည် … စစ်ရေးအတွေ့အကြုံအပြည့်အ၀ရှိသူ များစွာပါဝင်သည့် လက်ရှိမြန်မာအစိုးရသည် ဤမျှအတွက်အချက်
ညံ့ဖျင်းမည်မဟုတ်သည်မှာသေချာလှပါသည် … ရခိုင်ပြည်နယ်အရေးအား အစိုးရကစနစ်တကျသာကိုင်တွယ်ဖြေရှင်းခဲ့လျှင် ရခိုင်ပြည်နယ်အရေးသည်ဤမျှဆိုးရွားသွားနိုင်ဖွယ်ရာလုံးဝမရှိပါ …နိုင်ငံတကာလူ့အသိုင်းအ၀ိုင်းမှလည်း ဤအချက်ကိုပင် ထောက်ပြဝေဖန်လျှက်ရှိပါသည် …. ရခိုင်ပြည်နယ်အတွင်း ဆုံးရှုံးသွားရသောအိုးအိမ်များနှင့် လူ့အသက်ပေါင်းများစွာအတွက် နောင်သံသရာတွင်ပေးဆပ်ကြရပါမည် … ရခိုင်ပြည်နယ်အရေးတွင်ကြားသိရသော သတင်းများအရ ကျွန်တော်တို့များစွာစိတ်မချမ်းမသာဖြစ်ကြရပါသည် … သက်သေနောက်တစ်ခုပြပါဦးမည် …. လူမျိုး ဘာသာခွဲခြားခြင်းလုံးဝမရှိသော အပြည်ပြည်ဆိုင်ရာကူညီကယ်ဆယ်ရေးအဖွဲ့များလာရောက်ကူညီမှုမပြုနိုင်ရန် အစိုးရကတားမြစ်ခဲ့ခြင်းမှာ … လုံးဝအခြေအမြစ်မရှိသောဆောင်ရွက်ချက်တစ်ခုဖြစ်ပါသည် … မြန်မာအစိုးရ၏မရိုးသားမှုများစွာအနက်မှ အဆိုးရွားဆုံးမှာ …. နယ်စည်းမခြားဆရာဝန်အဖွဲ့လာရောက်ရန် ကမ်းလှမ်းခြင်းအားငြင်းပယ်ခဲ့ခြင်းဖြစ်ပါသည် … ရခိုင်ပြည်နယ်အရေးအပေါ် မြန်မာအစိုးရ၏ဆောင်ရွက်ချက်များအား …. ယဉ်ကျေးသောလူ့ကမ္ဘာက မျက်ခြေမပြတ်စောင့်ကြည့်လျှက်ရှိနေသည်ကို သတိပြုသင့်ပါသည် …