နောက်ဆုံးသတင်း/ဆောင်းပါးများ

အကြမ်းဖက်သတ်ဖြတ်ခံ ပြည်သူတို့အတွက် သမိုင်းမှတ်တမ်းပြုစုရန် ကြေငြာချက်


နေ့စွဲ- ၂၀၁၂ ခု၊ အောက်တိုဘာ ၃၀ ရက်၊

(၁) မြန်မာမွတ်ဆလင်အပေါင်းတို့---၊ ငါတို့ရဲ့ ညီနောင်သွေးသား မြန်မာပြည်ဘွား မွတ်ဆလင်အပေါင်း သည် သမိုင်းဝင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး၊ မောင်းထုတ်ခံရမှုကြီး- အကြိမ်ပေါင်းများစွာကို ခါးသီးစွာ ခံခဲ့ရလေပြီ။ သို့သော် ကမ္ဘာသိ- ကမ္ဘာ့သမိုင်းဝင် မှတ်တမ်းအဖြစ် ကြွင်း ကျန်နိုင်ခြင်း မရှိ ဘဲ သွေးအေး သွားသည့်အခါ- မှေးမှိန်ခဲ့ရသည်သာ ဖြစ်ခဲ့သည်။

(၂) ယခု ၂၁ ရာစုခေတ်ကာလကြီးတွင်ပင်- အင်မတန် ရိုင်းစိုင်းရက်စက်စွာ မျိုးပြုတ် သတ်ဖြတ် ၊ မောင်းထုတ်ခံရသည့်အပြင်- ထိုဒုက္ခပင်လယ်ဝေနေရသူတို့အား စာနာမှု မရှိဘဲလျှက် မောက် မာစော် ကားသော ဝေါဟာရများဖြင့် ဆက်လက်ဖိနှိပ်ခံနေရဆဲပင် ဖြစ်ကြောင်း ကမ္ဘာကပင် မှတ်တမ်း တင် ရ လေပြီ။

(၃) ထိုသို့ ရာဇ၀တ်မှုအား ကျူးလွန်နေသည့် မျက်ကန်းမျိုးချစ် ဗုဒ္ဓဘာသာ အကြမ်းဖက်တို့၏ သမိုင်း အား- အစ္စလာမ်သာသနာ အဖြစ်ရပ်တည်လျှက် ကျဆုံးသွားရသော သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်တို့၏ သွေးဖြင့် ကမ္ဘာသိ- ကမ္ဘာတည်သ၍ မှတ်တမ်းအဖြစ် ကမ္ဘာ့သမိုင်း၌ တွင်ကျန်ရစ်ရန်- ငါတို့မှာ တာဝန် ရှိသည်။ ငါတို့ အနေဖြင့် ကမ္ဘာ့လူ့အခွင့်အရေး- လူသားချင်းတန်းတူညီမျှအခွင့်အရေးအား မြတ်နိုး သည့် နိုင်ငံတိုင်း၏ အမှတ်တရ နေရာတိုင်း၌ သမိုင်းမှတ်တမ်းတင်ထားရမည် ဖြစ်သည်။ ဗုဒ္ဓဘာသာ အကြမ်းဖက် သမိုင်း အား နောင်လာနောက်သားများ အမှတ်ရနေစေရန် ကမ္ဘာတည်သ၍ တည်နေရစေ မည်။- ကမ္ဘာ့နိုင်ငံ တိုင်းမှ ကျောင်းသုံး သမိုင်းများတွင်လည်း ပြဌာန်းချက် စာမျက်နှာအဖြစ် ပါဝင်စေရ မည် ဖြစ်သည်။

သို့ဖြစ်၍--၊ ၂၀၁၂ ခုနှစ်အတွင်း အစ္စလာမ်သာသနာ၌ ရပ်တည်လျှက် အသက်ပေးသွားရသော ထို သူရဲကောင်းတို့ စာရင်းများ၊ ပျောက်ဆုံးသွားသူများ၏ စာရင်းများအား၊ အမည်၊ အသက်၊ မြို့၊ ရွာ၊ ရပ်ကွက် လိပ်စာ- နေ့စွဲနှင့် တကွ စာရင်းများကောက်ယူလျှက်- မိမိလက်လှမ်းမှီ သိရှိသမျှ- ဖေါ်ပြပါ အီးမေးလ် လိပ်စာဖြင့် ပေးပို့ပါရန် အကြောင်းကြားအပ်ပါသည်။

မိုးကျော်
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ (အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းဒေသ) 
MMCRM

  1. Shall list down all extremist who using social networking media or nomal media as well as name list of terroriat leaders....then need to consistantly condwmn corner them. ..i they r from malaysia singapore or any asia counteies which have internet law...we need to report to police n authority concerned as well as employers n employees where he working so as others will know his real mind... we need to wage wars to rakhine extremist supports all over the world so as they know that their live is as risk if they talk irresponsibly n support terrorist.

Comment ရေးရန်

Rohingya Exodus