နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရှိ ဘင်္ဂလားဒေခ်ျ ကောင်စစ်ဝန်ရုံး ရှေ့တွင် ရခိုင်အမျိုးသားများနှင့် ဘုန်းကြီးအချို့ သည် ဆန္ဒပြ


ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိဘင်္ဂလားဒေခ်ျ ကောင်စစ်ဝန်ရုံး ရှေ့တွင်ရခိုင်အမျိုးသား များနှင့်ဘုန်းကြီးအချို့သည်ဆန္ဒပြနေကြောင်းသတင်းရရှိပါသည်။

ဘင်္ဂလားဒေခ့်ျပန်းဝါမြို့ရှိဘုန်းကြီးကျောင်းအ ချို့မီးရှို့ခံခဲ့၇သည့် အကြောင်းနှင့် ပက်သတ်ပြီး ယခုလို ဆန္ဒပြနေကြောင်း စစ်တွေမြို့ မှ လာသော သတင်းအရသိရှိရပါသည်။ ထို့အပြင် စစ်တွေမြို့ရှိ တစ်ခုတည်းမီးရှို့မခံရဘဲ ကျန်ရှိနေသော အောင်မင်္ဂလာ (အောင်ဘာလာ)ရွာကို ရခိုင်တွေက နေ့တိုင်းတိုက်ခိုက်ရန် ချောင်းမြောင်းနေကြောင်း သိရှိရပါသည်။ စစ်တွေ  မြို့ အောင်မင်္ဂ လာရပ် ကွက်နေဦးလှထွန်းဖြူကတော့ယခုလိုပြောပါတယ် " ကျွန်တော်တို့ ဒီရွာ မှာ ပြသနာ တက်ကတည်းကနေလာခဲ့တာ ဒုက္ခတွေအမျိုးမျိုးခံခဲ့ပြီး မှနေ နေရတာပါ ၊ကျွန်တော်တို့ရွာ ကို ရခိုင်တွေ က မီးရှို့ဖျက်ဆီးရန် ဆက်လက်ပြီး ကြိုးစားနေပါတယ်၊ ကျွန်တော်တို့အနေနဲ့လည်း ကိုယ့်ရွာ ကိုယ့်မြေ ဆိုတော့ ဘယ်လို့ မှ ဖယ်ပေးဖို့ဆိုတာမဖြစ်နိုင်ပါဘူးလို့၊ ကျွန်တော်တို့ကို လာရောက်တိုက် ခိုက် ရင် တိုက်ခိုက်ပါစေ၊ ကျွန်တော်တို့အနေနဲ့ ဖယ်ရှား မပေးနိုင်ပါဘူး၊ကျွန်တော်တို့တွေ ဒီရွာမှာ နေလာ တာ နှစ်ပေါင်း မနည်းတော့ပါဘူး ၊ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ အနေနဲ့ ဘယ်လိုမှ ဖယ်ရှားပေးဖို့ ဆိုတာ မဖြစ်နိုင်ကြောင်း"ဦလှထွန်းဖြူ က ဖြေဆိုခဲ့ပါတယ်။

ရခိုင်အစွန်းရောက်များသည် ဘင်္ဂါလီဗုဒ္ဓဘာသာဝင်များတခါးမရှိဓါးမရှိ ရခိုင်ပြည်သို့ဝင်ရောက်နေထိုင် လာခဲ့သည်။မဆလခေတ်မှသည်နဝတ၊နအဖခေတ်အဆက်ဆက်ရှိဗိုလ်ချုပ် ဟောင်း ခင်ညွန့်မှအဓိက စီမံ ကိန်း အဖြစ် ရခိုင်အမြောက်အမြားတိတ်တဆိတ်ဝင်ရောက်နေထိုင် ခွင့်ပြုခဲ့သည်။ ဘာသာရေးကို အခြေ ခံသော အစိုးရ၏မှားယွင်းသောပေါ်လီစီကြောင့် စစ်မှန်သော ဒီမိုကရေစီရရှိရန်ကြီးမားသော အတားအဆီး တရပ်အနက် တခုဖြစ်သည်။မြန်မာနိုင်ငံ (ဦးသိန်းစိန်အစိုးရ)ကိုယ်တိုင် ရခိုင်ပြည်နယ် အကြမ်း ဖက် မှုကြီးများ ယနေ့တိုင် ငြိမ်းအေးနိုင်ခြင်းမရှိသည့်အပြင် ပြည်ထောင်စုကြီးတခုလုံး သို့ အန္တ ရာယ်ကြီး ကျရောက်နိုင်ရန် အကြောင်း ရှိနေပါသည်။

RB News Desk

Comment ရေးရန်

Rohingya Exodus