April 18, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဒေါက်တာထွန်းအောင်အား မတရားသဖြင့် ထောင်ဒဏ် ၁၂ နှစ်ချမှတ်


RB News
23.11.2012

ဇွန်လ (၃) ရက်နေ့တွင် တောင်ကုတ်မြို့၌ ရခိုင်အကြမ်းဖက်များမှ မြန်မာမွတ်စလင် (၁၀) ဦးကိုလူအများ ရှေ့တွင်လူမဆန်စွာ သတ်ဖြတ်ခဲ့သည်။ ထိုသို့သတ်ဖြတ်ခဲ့ခြင်းနှင့် ပတ်သက်၍ နှစ်ရက်အကြာ တွင် ရန်ကုန်မြို့တွင် အစ္စလာမ်ဘာသာဝင်များမှတရားဥပဒေဖြင့်ဖြေရှင်းပေးရန်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ရခိုင်ပြည်နယ် မောင်းတောမြို့တွင် နေထိုင်သောရိုဟင်ဂျာမွတ်စလင်များမှဇွန်လ(၈)ရက်နေ့တွင်မတရား သတ်ဖြတ်ခံရသူများအတွက် ငြိမ်းချမ်းစွာဆုတောင်း ၀တ်ပြုရန်စီစဉ်ခဲ့သည်။ သို့သော်လည်းအာဏာပိုင် များမှတားမြစ်သောကြောင့် လူစုခွဲ၍အပြန်တွင်ရခိုင်အကြမ်းဖက်တချို့မှ တိုက် ခိုက်၍ ရန်စခဲ့သည်။ ထို့အပြင်လုံထိန်းတပ်ဖွဲ့ဝင်များလည်း မိမိတို့၏နေအိမ်များသို့ပြန်လည်ထွက်ခွာနေသော လူအုပ်ထဲသို့ ပစ်ခတ်ခဲ့ရာရိုဟင်ဂျာလူငယ်နှစ်ဦးပွဲချင်းပြီးသေဆုံးခဲ့သည်။ ထိုမှတဆင့်မောင်းတောမြို့တွင် အကြမ်းဖက် မှုကြီးတစ် ရပ်ဖြစ်ပွားခဲ့သည်။

ထိုအကြမ်းဖက်မှုနှင့်ပတ်သက်၍အပြစ်မဲ့ရိုဟင်ဂျာပညာတတ်များ၊ လူငယ်များ၊ အသက်အရွယ်ကြီးရင့်နေ သူများကိုအကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲဖမ်းဆီးခဲ့သည်။ထိုသို့ဖမ်းဆီးခဲ့ရသူများတွင် မောင်းတောမြို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တွင်ရောက်ရှိနေခဲ့သောဒေါက်တာ ထွန်းအောင်(ခ)ဦးနူရူလ်ဟောက်လည်းတစ်ဦးအပါအ၀င်ဖြစ်သည်။  ဒေါက်တာထွန်းအောင်ကို  နိုင်ငံခြားငွေကြေး ကိုင်ဆောင်မှုဖြင့်စွဲချက်တင်ခဲ့ပြီး သြဂုတ်လ ကုန်ပိုင်းတွင် ထောင်ဒဏ် (၃) နှစ်ချမှတ် ခဲ့သည်။ ဒေါက်တာထွန်းအောင်၏လက်ဝယ်တွင်ရရှိခဲ့သော တရုတ်နိုင်ငံသုံးငွေ ကြေးယွမ်ငွေ (၁၀၀) မှာ
သမီးဖြစ်သူဒေါ်မြနန္ဒာအောင်မှပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယခုအခါ ဒေါက်တာထွန်းအောင်အား ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင်ပါဝင် ပတ်သက် ခဲ့သည်ဟုစွဲချက်တင်၍ ရှေ့နေငှားရမ်းခွင့်မပြုဘဲအရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ၅(ည) ဖြင့်အလုပ်နှင့်ထောင် ဒဏ်၇ နှစ်၊ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့်အလုပ်နှင့် ထောင်ဒဏ်၁ နှစ်၊ နိုင်ငံတော်ငြိမ် ၀ပ်ပိပြားရေး ပျက်ပြားစေသည့်ဥပဒေဖြင့် အလုပ်နှင့်ထောင်ဒဏ် ၄ နှစ် - စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် (၁၂) နှစ်ကို နိုဝင်ဘာလ (၂၁) ရက်နေ့တွင် စစ်တွေခရိုင် တရားရုံးမှ ချမှတ်လိုက်ကြောင်းသတင်းရရှိသည်။

ဒေါက်တာထွန်းအောင်အား ဖမ်းဆီးခဲ့သည့်အချိန်မှစ၍ ယခုအချိန်ထိရှေ့နေဌားရမ်းခွင့်မပြုသည့်အပြင် မိသားစု ၊ ဆွေမျိုးများ တွေ့ဆုံခွင့်လည်းမပေးကြောင်းသိရသည်။

လွန်ခဲ့သည့်လတွင်မတရားသဖြင့် ဖမ်းဆီးခံခဲ့ရသည့်ဒေါက်တာထွန်းအောင်အားလွတ်ပေးရေးအတွက် လန်ဒန် မြို့အခြေစိုက် Burma Campaign UK မှတောင်းဆိုခဲ့သည်။

ယခုကဲ့သို့မတရားသဖြင့်ဖမ်းဆီး၍ထောင်ဒဏ်ချမှတ်သည့်အတွက် ရိုဟင်ဂျာအရေးလှုပ်ရှား သည့်အဖွဲ့ အစည်း များ ဒေါက်တာထွန်းအောင်လွတ်မြောက်ရေးအတွက် Amnesty International နှင့် ပူးပေါင်း ၍ ကြိုးစားသွားမည်ဟုသိရသည်။

ဒေါက်တာထွန်းအောင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မေယုဖွံ့ဖြိုးတိုးတက်ရေးကျောင်းသားလူငယ်များ အဖွဲ့ချုပ်ကိုကိုယ်စားပြု၍ မောင်းတောမြို့မှလွှတ်တော်အမတ်အတွက်ဝင်၍ယှဉ်ပြိုင်ခဲ့သည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus