April 16, 2025
 Roh

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ကျောက်ဖြူ ရဲစခန်းတွင် အကျဉ်းကျ မွတ်စလင်တဦးသေဆုံး



ကျော်သန်းမောင်
RB News
23.11.2012

လွန်ခဲ့သော တစ်ပတ်က ကျောက်ဖြူအရှေ့ပိုင်း ပိုက်ဆိပ် ရပ်ကွက်မီးလောင်ရာမှ ပေါက်တောမြို့နယ် ဆင်တက်မော်ရွာ ဒုက္ခသည် စခန်းသို့ ရောက်ရှိနေသော ကမန်မွတ်ဆလင်ဒုက္ခသည် ၆-ဦးကို စစ်တွေ အမှတ်(၁) ရဲစခန်းက မီးရှို့ရန်ကြံစည်မှုဖြင့် ဖမ်းဆီးသွားခဲ့ပါသည်။ ရဲစခန်းအတွင်း နည်းမျိုးစုံဖြင့် နှိပ်ဆက် ညှင်းပန်း စစ်ဆေးပြီး ကျောက်ဖြူတွင် လူသတ်မီးရှို့ခဲ့သည်ဟု ထွက်ဆိုရန်စေခိုင်းခဲ့ပါသည်။ ၄င်းတို့ ၆-ဦးမှ ငြင်းဆိုသောကြောင့် လျှပ်စစ်ဓါတ်လွှတ်ထားသော ၀ါယာကြိုးဖြင့်တို့သည့်အတွက် နာကျင်မှုဒါဏ်ကို မခံနိုင် သောကြောင့် သူတို့ပြောခိုင်းသည့်အတိုင်း ပြောခဲ့ရပါသည်။ ထို့နောက် ၄င်းတို့ ၆-ဦးအား ၂၀-၁၁-၁၂ နေ့ တွင် စစ်တွေမှ ကျောက်ဖြူရဲစခန်းသို့ လွှဲပြောင်းပေးပြီး နောက်ထပ် ဒုက္ခသည် ၁၄-ယောက်ကို ထပ်မံဖမ်းဆီးရန် စီစဉ်နေကြောင်း သတင်းရရှိပါသည်။

အဖမ်းခံရသော ၆-ဦးမှာ-

၁။ ခင်မောင်စိုး (ဘ) ဦးရွှေမောင် ၄၁-နှစ် ၁၁/ကဖန(နိုင်)၀၃၈၀၃၄

၂။ ကျော်ဦး (ဘ) ဥိးကျော်ဒင် ၄၀-နှစ် ၁၁/ကဖန(နိုင်)၁၁၅၅၅၇

၃။ ကျော်လှိုင် (ဘ) ဦးဝင်းနိုင် ၃၆-နှစ် ကေပီယူ-၁၃၂၉၉၂

၎။ ခင်မောင်ထွေး (ဘ) ဦးဝင်းနိုင် ၂၈-နှစ် ကေပီယူ-၁၃၂၉၉၆

၅။ ဇော်နိုင်ဝင်း (ဘ) ဦးဝင်းနိုင် ၂၇-နှစ်

၆။ ဇော်နိုင်ထွေး (ဘ) ဦးဝင်းနိုင် ၂၅-နှစ်

တို့ဖြစ်ကြပါသည်။

အမှတ်စဉ် ၁- ဦးခင်မောင်စိုး မှာ န.အ.ဖ ခေတ်တွင် အရှေ့ပိုက်ဆိပ်ရပ်ကွက် ရ.အ.ဖ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။

အမှတ်စဉ် ၂- ဦးကျော်ဦး မှာ န.အ.ဖ ခေတ်တွင် ရာအိမ်မှူးလုပ်ခဲ့ဘူးသည်။ ၄င်း၏ဖခင် ဦးကျော်ဒင်မှာ ကုန်သွယ်ရေး ၀န်ကြီးဌာနမှ အငြိမ်းစားဝန်ထမ်း တစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ် လက်ရွေးစင်ဘောလုံးသမား ဟောင်း နှင့် ရခိုင်ပြည်နယ်ဘောလုံး အသင်း ဒိုင်လူကြီးဟောင်း တစ်ဦးဖြစ်သည်။ န.၀.တ ခေတ်တွင် ရ.၀.တ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ကျောက်ဖြူရဲစခန်းတွင်ရခိုင်အိမ်များကိုမီးရှိုသည်ဟုစွပ်စွဲ၍မတရားအကျဉ်းကျခံနေရသောဦးထွန်းမင်းလတ် အသက်၃၅နှစ်(ဘ)ရဲတပ်ကြပ်ငြိမ်းဦးကိုကိုကြီး(ကွယ်လွန်)၊သည်၂၂၊၁၁၊၂၀၁၂ နေ့ တွင် သေဆုံးသွားကြောင်း၊ ၄င်း သည်ရဲအချုပ်ခန်းတွင်ရဲဝန်ထန်းများ၏ ညှင်းပမ်းနှိပ်စက်မှုဒဏ်ကို ခံရပြီးအ သည်း အ သန်ဖြစ်နေ ချိန် တွင် ဆေးရုံတက်၍ဆေးကုသမှုခံယူရန်သက်ဆိုင်ရာသို့ ခွင့် ပြုချက်တောင်းခံခဲ့ သော်လည်း ဆေးရုံတက် ၍ ဆေးကုသခွင့်  မရခဲ့ ဘဲ သေဆုံး သွားကြောင်း...၄င်းသေဆုံးသူ ဦးထွန်းမင်းလတ်မှာ သားသမီးကျန်ရစ် ခဲ့ ကြောင်း သိရှိ ရပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus