နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်းတောမြို့တွင် နစကမှ အတင်းအဓမ္မစေခိုင်းမှုများဆက်လက်လုပ်ဆောင်နေ

နိုဝင်ဘာ (၂၉)၊ မောင်းတော။ ။ ရခိုင်ပြည်နယ်၊ မောင်းတောမြို့ (၃) မိုင်ရှိနယ်စပ်ဒေသကွပ်ကဲရေး (နစက) ရုံး ချုပ်မှအရာရှိတစ်ဦးမှ ယခုလ (၂၆) ရက်နေ့တွင် မြို့သူကြီးကျေးရွာမှရွာသူကြီး အာယုတ်ခန် (ခ) ဒူးဒူးများ အား နစကနှင့် နတလရွာရှိလယ်ကွက်များတွင်လယ်ထွန်ရန်အတွက် နွား ၅ ရှဉ်းနှင့်အလုပ်သမား (၅) ယောက်ကို အတင်း အဓမ္မတောင်းခံကြောင်းသိရသည်။ နစကမှနှစ်စဉ်နှစ်တိုင်းထိုကဲ့သို့ အတင်းအဓမ္မ အလုပ်သမားနှင့်နွား များ တောင်းခံခြင်း၊ လွန်ခဲ့သောအနှစ် (၂၀) ကျော်မှစ၍ ရိုဟင်ဂျာမွတ်စလင် များ ၏ မြေ ယာများကို နတလရွာသားများအတွက်သိမ်းပိုက်ခြင်းတို့ မှာအစဉ်အလာတစ်ခုဖြစ်ပါသည်။ နတလ ရွာများရှိ ရွာသားများ ကိုရခိုင်ပြည်နယ်အပြင်ပိုင်းမှ ၁၉၉၂ ခုနှစ်တွင်ခေါ်ယူလာ၍ အခြေချ ခိုင်းခြင်းဖြစ် သည်။ ထိုသူများကို ခေါ်ယူ၍ နေရာပေးထားရခြင်းမှာ အစိုးရအာဏာပိုင် များလက်ကိုင် တုတ်သဖွယ် သုံးစွဲရန်ဖြစ်ပြီး၊ ရိုဟင်ဂျာများနှင့်ပြဿနာဖန်တီးရန်သာဖြစ်သည်။

ယခုကဲ့သို့ မြို့သူကြီးနှင့်သောင်းပြိုင်းရွာတို့မှာ နွား (၅) ရှဉ်းနှင့်အလုပ်သမားများကိုအတင်းအဓမ္မခေါ်ယူ သွားသော် လည်း ရက်မည်မျှကြာမည်ကို နစကအရာရှိကမပြောဘဲ၊ လိုအပ်သည့်အချိန်ထိ လုပ်ခမပေးဘဲ ခိုင်းခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာအလုပ်သမားအဖွဲ့မှအတင်းအဓမ္မခိုင်းစေမှုမပြုလုပ်ရန်တားမြစ် ထားသော်လည်း ရခိုင်ပြည်နယ်တွင်အတင်းအဓမ္မစေခိုင်းမှုများ ပပျောက်ခြင်းမရှိဘဲ အမြဲရှိနေ သည်။

နိုဝင်ဘာ (၂၈) ရက်နေ့တွင် မောင်းတောမြို့ဈေးအတွင်း ဆိုင်တစ်ဆိုင်ဖြင့်အသက်မွေးကျောင်းပြုလျက် ရှိသော ဇကရီးယား (ဘ) ဦးအဒူရဟင် (အသက် ၂၇ နှစ်) အားမည်သည့်အကြောင်းပြချက်တစုံတရာ မပြ ဘဲ ဖမ်း ဆီး၍ မောင်းတောမြို့ (၃) မိုင်ရှိ နစကရုံးချုပ်သို့ခေါ်ဆောင်သွားကြောင်းသိရသည်။ ထိုသို့ခေါ်ဆောင် သွားပြီးနောက် မိသားစုဝင်များမှတွေ့ဆုံခွင့်မရသောကြောင့် အထူးစိုးရိမ်နေရကြောင်း သတင်းရရှိပါသည်။

RB News 

Comment ရေးရန်

Rohingya Exodus