April 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရခိုင်မှာ ကုလအကူအညီလေယာဉ် ဆိုက်ရောက်

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူတွေ အတွက် ကုလသမဂ္ဂ ဒုက္ခ သည်များ ကူညီစောင့်ရှောက်ရေး အေဂျင်စီရဲ့ ကူညီပံ့ပိုးရေး အစီအစဉ်တွေ စတင် ပေးပို့နေပြီ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်း ဒုက္ခရောက်နေသူတွေ အတွက် ရွက်ဖျင်တဲတွေ တင်ဆောင်သွားတဲ့ လေယာဉ်ဟာ ဒူဘိုင်း လေဆိပ်ကနေ ထွက်ခွာသွားပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အဖွဲ့ရဲ့ ပြောခွင့်ရသူက ဂျနီဗာမြို့မှာ သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။

အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်သူပေါင်း တစ်သောင်း ခုနှစ်ထောင့် ငါးရာအတွက် မိသားစုတွေ နေထိုင်နိုင်တဲ့ ရွက်ဖျင်တဲပေါင်း သုံးထောင့်ငါးရာ ထောက်ပံ့ပေးသွားမှာ ဖြစ်တဲ့အကြောင်း UNHCR ပြောခွင့်ရ က ပြော ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက ပဋိပက္ခ စတင်ဖြစ်ပွားချိန်ကစလို့ UNHCR အဖွဲ့က ရွက်ဖျင်တဲပေါင်း ငါး ရာ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သလို ကိုရီးယားနိုင်ငံက နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ အဖွဲ့ကလည်း ရွက်ဖျင်တဲ ခုနှစ်ရာ ထောက်ပံ့ပေးခဲ့ပါတယ်။

ဒါပေမဲ့ အောက်တိုဘာလအတွင်း ထပ်မံဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး ရသူတွေ အရေအတွက်ဟာ တစ်သိန်း တစ်သောင်း ငါးထောင်အထိ ရှိလာတဲ့အတွက် ဒုက္ခသည်တွေ နေ ထိုင်စရာ အထူးလိုအပ်နေတာ ဖြစ်ပါတယ်။

ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အရေးအခင်းအတွင်း လူပေါင်း တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသလို လူပေါင်း ၁၈၀ လောက် သေဆုံးခဲ့ရပါတယ်။ လတ်တလော ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ လူတွေ ပြည့် ကျပ်သိပ်နေပြီး အများသောအားဖြင့် ဒုက္ခသည်အချင်းချင်း အပြန်အလှန် အကူအညီတွေ ပေးနေရတယ်လို့ UNHCR အဖွဲ့က ပြောပါတယ်။

VOA

Comment ရေးရန်

Pages 22123456 »
Rohingya Exodus