နောက်ဆုံးသတင်း/ဆောင်းပါးများ

Burma Büro ၏ သတင်းထုတ်ပြန်မှုအပေါ် ဂျာမဏီရောက်မြန်မာမွတ်စလင်များမှကန့်ကွက်



ရခိုင်ပြည်နယ်အရေးအခင်းနှင့်ပတ်သက်၍မြန်မာ့ရေးရာ (ဂျာမဏီ) Burma Büro (Deutschland) ၏ဦးဆောင်သတင်းထုတ်ပြန်မှု့အပေါ်ဂျာမဏီရောက်မြန်မာမွတ်စလင်များမှကန့်ကွက်ရှုတ်ချခြင်း

ရက်စွဲ၂၀.၁၁.၂၀၁မြန်မာ့ရေးရာ(ဂျာမဏီ)သည်မြန်မာနိုင်ငံအတွင်းစစ်အာဏာရှင်အစိုးရပြုတ်ကျရေးနဲ.လူ.အခွင့်အရေးအတွက်ဂျာမဏီ နိုင်ငံရောက်မြန်မာနိုင်ငံသားများမှဦးဆောင်ပြီးဘာသာမခွဲ၊လူမျိုးမခွဲ ဘဲ ပူးပေါင်း ပါ ၀င်ဖွဲ့စည်းခဲ့သောအဖွဲ့အစည်း ဖြစ်ပါ သည်။ စစ်အာဏာရှင်များမှ ဘာသာလူမျိုးခွဲခြား ဆက်ဆံ ရန် အတွက်အစဉ်အမြဲသုံးစွဲ လျက်ရှိသော (ဗမာပြည်ဖွား တိုင်းရင်းသားများ) ဆိုသောစကားလုံးအား မြန် မာ့ရေးရာ (ဂျာမဏီ)မှ စစ်အာဏာရှင်အလိုအတိုင်းရည်ရွယ်ချက်ရှိရှိ သုံးစွဲခြင်းသည် မြန်မာမွတ်စလင် များ တက်ကြွစွာဦးဆောင်ပါဝင်ခဲ့ခြင်းအား ဖျောက်ဖျက်ပြစ်လိုသော ရည်ရွယ်ချက် ရှိနေကြောင်း ထင်ရှားနေ ပါသည်။ မြန်မာ့နိုင်ငံရေးအတွက် ဘာသာ၊လူမျိုးအားလုံးပူးပေါင်းပါဝင်ပြီးဂုဏ်သိက္ခာရှိရှိစွမ်း ဆောင်နိုင် ခဲ့သော မြန်မာ့ရေးရာ(ဂျာမဏီ) ၏သမိုင်းအား အကျဉ်းတန်စေမည့်ဤလုပ်ရပ်အား ဂျာမဏီရောက်မြန်မာ မွတ်စလင်များမှ ကန့်ကွက်ရှုတ်ချပါသည်။

ရခိုင်ပြည်နယ်အရေးအခင်းသည် စစ်အာဏာရှင်များ၏ထုံးတမ်းစဉ်လာအတိုင်း နိုင်ငံရေးအကျပ် အတည်း များတွေ့ တိုင်းထွက်ပေါက်ရှာသည့်အနေဖြင့် ဘာသာရေး၊လူမျိုးရေး အဓိကရုဏ်းများဖန်တီးနေကျအတိုင်း ဖန်တီးလျက်ရှိနေ သောအရေးအခင်းတစ်ခုဖြစ်ပါသည်။ ဤအရေးအခင်းအတွင်း ရခိုင်ပြည်နယ် အတွင်းနေ ထိုင်ကြသောမွတ်စလင်များ၏ အသက်၊အိုးအိမ်၊စည်းစိမ် များအကြီးအကျယ်ပျက်စီးဆုံးရှုံးခဲ့ရသကဲ့သို့ ၊ရခိုင် လူမျိုး များ၏လူ့ဂုဏ်သိက္ခာများ အကြီး အကျယ်ကျဆင်းခဲ့ရပါသည်။ 

အမှန်တကယ်အမြတ်ထွက်သွားသူမှာစစ်အစိုးရသာဖြစ်ကြောင်း နှင့်မကြာမှီရခိုင် ပြည်နယ်အတွင်း စစ်တပ် ၏ အခန်းကဏ္ဍ ပီပြင်စွာပေါ်လာမည်ဆိုသည်ကိုနိုင်ငံရေးအမြင်ရှိသူတိုင်း နားလည်သိရှိ နေသောကိစ္စ တစ် ခုဖြစ်ပါသည်။ ဤကဲ့သို့အာဏာရှင်စစ်အစိုးရ၏လှည့်ကွက်တစ်ခုဖြစ်သောရခိုင်ပြည်နယ်အရေး အခင်းအား မြန်မာ့ရေးရာ(ဂျာမဏီ)မှ မီးလောင်ရာလေပင့် ဆိုသကဲ့သို့ ဘက်တစ်ဘက်မှရပ်ပြီး တခြားတဘက်အား ဂုဏ်သိက္ခာမဲ့သော စကားလုံးများသုံးစွဲကာ တဖက်သတ်ဝေဖန်ပြောဆိုနေခြင်းသည် ဒီမိုကရေစီနိုင်ငံကြီး တစ်ခု အတွင်းဖွဲ့စည်းထားသော အဖွဲ.အစည်းတစ်ခု၏မလုပ်သင့်၊မလုပ်အပ်သော ဂုဏ်သိက္ခာ မဲ့သောလုပ် ရပ် ဖြစ်ကြောင်း အသိပေးထောက်ပြအပ်ပါသည်။ ရခိုင်ပြည်နယ်အရေးအခင်းနှင့်ပတ်သက်ပြီးမြန်မာ့ရေး ရာ(ဂျာမဏီ) ၏တဖက်သက် ရပ်တည်ချက်သည် ပြသနာအားပြေလည် သွားစေချင်သောရည်ရွယ်ချက် များမပါဝင်ဘဲ၊ ပြသနာပိုမိုကြီးထွားလာအောင် သွေးထိုးလှုံ့ဆော်ပေးသောသဘောသက်ရောက်နေပါသည်။ မြန်မာ့ရေးရာ(ဂျာမဏီ) ၏တချို့သောသဘောထား များသည် ရခိုင်လူမျိုးအားလုံးအားကိုယ်စားမပြုသော (ရခိုင်အစွန်းရောက်) တစ်စု၏ သဘောထားများနှင့်ထပ်တူဖြစ်နေ သည်ကို အံ့သြစွာတွေ့နေရပါသည်။

၎င်းသေးသိမ်ယုတ်ညံ့သောအစွန်းရောက်သဘောထားများသည်(ဆိတ်ခေါင်းတွဲပြီးခွေးသားရောင်းနေသော)သဘောထားများသာဖြစ်ကြောင်း မိမိတို့အနေနှင့်ယုံကြည်လက်ခံထားပါသည်။ ဘာသာ၊လူမျိုး၊အသား အရောင်၊ ကျား မ၊နေရာဒေသ၊ခွဲခြားပြီး ပြောဆို၊ရေးသားမှု့ကိုမိမိတို့အနေဖြင့် လုံးဝလက်သင့်ခံမည် မ ဟုတ်ကြောင်းပြောကြား လိုပါသည်။ ထိုကဲ့သို့ပြောဆိုရေးသားခြင်းသည် ဂျာမဏီနိုင်ငံ၏ ဖွဲ.စည်းပုံအခြေခံ ဥပဒေပါလူသားတိုင်းစောင့်ထိမ်းရမည့် ကျင့်ဝတ် နှင့်တိုက်ရိုက်ဆန့်ကျင်နေပါသဖြင့် တရားဝင်အဖွဲ.အစည်း တစ်ခုအနေဖြင့် ဤနိုင်ငံ၏အခြေခံဥပဒေ အပေါ်လေးစား လိုက်နာသင့်ကြောင်းအကြံပြုအပ်ပါသည်။ 

ရခိုင်ပြည်နယ်အရေးအခင်းသည် မြန်မာ့ရေးရာ(ဂျာမဏီ)မှစွပ်စွဲသကဲ့သို တရားမ၀င်ခိုးဝင်နယ်ချဲ့သော၊ မွတ်စလင် ပြည်နယ်ခွဲထွက်ရန်ကြိုးစားနေသောပြသနာလုံးဝ မဟုတ်ကြောင်းမြန်မာမွတ်စလင် များ အနေဖြင့် အခိုင်အမာယုံကြည် ထားပါသည်။ ထိုကဲ့သို့ယုံကြည်နိုင်ရန်လည်းနိုင်ငံ တကာအဖွဲ့အစည်းများ မှရှာဖွေ တွေ့ရှိထားသောအထောက် အထားပေါင်းများစွာလဲရှိနေပါသည်။ ဤအရေးအခင်းသည် စစ်အာ ဏာရှင်များမှကြိုးကိုင်ပြီးရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များ အပေါ်စနစ်တကျလူမျိုးရေး သုတ်သင် ရန်ကြိုတင်ကြံစည်ထားမှု့အား(ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသောရခိုင်လူမျိုးအများစုလက်မခံသော) ရခိုင်အစွန်းရောက်တစ်စုနှင့် ပူးပေါင်းပြီးအကောင်အထည်ဖေါ်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာ အဖွဲ့အ စည်း များတွင်သက်သေအထောက်အထားခိုင်လုံစွာရရှိထားပြီးဖြစ်ပါသည်။ မိမိတို. အနေဖြင့် အကြံပြု လို သည်မှာ မြန်မာ့ရေးရာ(ဂျာမဏီ) အနေဖြင့် တဖက်သတ်ဘက်လိုက်စွပ်စွဲပြောဆိုနေမည့်အစား ဂုဏ်သိက္ခာ ရှိစွာ သတင်းအချက်အလက်များအား ဘက်မလိုက်ဘဲ ကျယ်ကျယ်ပြန့်ပြန့်လေ့လာသုံးသပ်ပြီးမှ သတင်း ထုတ်ပြန်သင့်ပါသည်။ သို့မဟုတ်ပါက နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် အဖွဲ့အစည်း၏ဂုဏ်သိက္ခာ ထိခိုက်ကျ ဆင်းနိုင်ပါသည်။ 

မြန်မာ့ရေးရာ(ဂျာမဏီ) မှရခိုင်ပြည်နယ်အရေးအခင်းနှင့်ပတ်သက်ပြီး ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးကော် မရှင်အား ၀င်ရောက်စစ်ဆေးရန် တောင်ဆိုထားမှု့အပေါ်ဂျာမဏီရောက်မြန်မာမွတ်စလင် များမှလှိုက်လှဲ စွာကြိုဆိုပါသည်။ မိမိတို့အနေဖြင့်လည်းဤတောင်းဆိုချက်အားထပ်ဆင့်တောင်းဆိုအပ်ပါသည်။ အဖြေမ ထွက်သောစစ်အစိုးရ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့များအပေါ်မိမိတို့အနေဖြင့်ယုံကြည်မှု့မရှိပါ။ ကုလသမဂ္ဂစုံစမ်း စစ်ဆေးရေး ကော်မရှင်သည်သာ အဖြစ်မှန်ပေါ်ပေါက်နိုင်ရန်စုံစမ်းစစ်ဆေးဖေါ်ထုတ်ပေးနိုင်သော၊ယုံကြည် စိတ်ချရသောတစ်ခုတည်းသောအဖွဲ့အစည်း ဖြစ်ကြောင်း၊ မြန်မာမွတ်စလင်များ အနေဖြင့်အကြွင်း မဲ့ ယုံကြည် ပါသည်။ ရခိုင်ပြည်နယ်အရေးအခင်းနှင့်ပတ်သက်ပြီး ပြည်တွင်းပြည်ပသတင်းထုတ်ပြန်မှုများတွင် ဘက်လိုက်မှု့များ၊သွေးထိုးလှုံ့ဆော်မှု.များ၊သတင်းအမှားများ ပါဝင်နေ ကြောင်းရှင်းလင်းစွာ သိနေမြင်နေရပါ သည်။ ရခိုင်ပြည်နယ်အရေးအခင်းနှင့်ပတ်သက်ပြီးကမ္ဘာကျော်သတင်းလိမ်လည်မှု့ ကြီးအား သမ္မတရုံးမှ ဗိုလ်မှူးဇော်ဌေး(မှူးဇော်)ကိုယ်တိုင်ကျူးလွန်ထားကြောင်းပေါ်လွင်နေပါသည်။ ဤကဲသို့သွေးထိုး လှုံ့ဆော် မှု့များရောထွေးနေသောသတင်းမှားများ၊ရှုပ်ထွေးနေသော ရခိုင်ပြည်နယ်၏ သမိုင်းဆိုင်ရာများ အပေါ် အခြေ ခံပြီး၊ တဖက်သတ်စွပ်စွဲပြောဆိုနေခြင်း သည်ပြသနာအားစေတနာအပြည့်ဖြင့်ဖြေရှင်းရန် နည်းလမ်း မှန်းမဟုတ်ကြောင်း ထောက်ပြလိုသည်။ ကုလသမဂ္ဂနှင့်နိုင်ငံ တကာအဖွဲ့အစည်းများ မှပူးပေါင်းပါ ၀င်ဖြေ ရှင်း မှ သာပြေလည်မည်ဖြစ်သော ကြောင့်မြန်မာ့ရေးရာ(ဂျာမဏီ) အနေဖြင့်ဤအချက်အား တစိုက်မတ် မတ်တောင်း ဆိုသင့်ကြောင်းမြန်မာမွတ်စလင်များ အနေဖြင့်အလေးအနက်တိုက်တွန်းအပ်ပါသည်။ တဖက် သတ်စွပ်စွဲပြောဆိုမှု့များ၊ဘာသာရေးလူမျိုးရေးခွဲခြားသော စကားလုံးများသုံးစွဲပြောဆိုမှု့များသည် သိက္ခာ မဲ့သောလုပ်ရပ်များဖြစ်ပြီး၊ ဂျာမဏီနိုင်ငံအတွင်းတရားဝင်ဖွဲ့စည်း ထားသောအဖွဲ့အစည်း တစ်ခု အနေဖြင့် ဂျာမဏီနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေပါစည်းမျဉ်း၊စည်းကမ်းများအားလည်း ချိုးဖေါက်နေ ကြောင်းပေါ် လွင်နေသည်။ ၎င်းပြင်ဂျာမဏီနိုင်ငံဥပဒေအရတရားဝင်အသိအမှတ်ပြုဖွဲ့စည်းထားသော အဖွဲ့အစည်း များ မဟုတ်ဘဲ ဂျာမန်ဥပဒေအားလက်တစ်လုံးခြားလှည့်ပြီး တရားဝင်အဖွဲ့အစည်းဖြစ်သယောင် လိမ်လည် ပြီး ပြောဆိုလှုပ်ရှားနေသော လူမျိုးစုအဖွဲ့များအား မိမိတို့ဂျာမဏီရောက်မြန်မာမွတ်စလင် များအနေဖြင့် အ သိပေးလို သည်မှာဂျာမဏီနိုင်ငံသည် လူ့အခွင့်အရေးနှင့်တရား ဥပဒေစိုးမိုးရေးကိုအပြည့် အ၀အာမခံ ထားသောနိုင်ငံဖြစ်သည်။ “ အခွင့်အရေးနှင့်တာဝန်” အားအလေးအနက်ထားရန်လိုအပ်ပါသည်။ လူ့အခွင့် အရေး အပြည့်အ၀ရှိသော ဂျာမဏီနိုင်ငံတွင် မိမိတို့(လူမျိုးစုအဖွဲ့များ) ကိုယ်တိုင်လူ့အခွင့် အရေး ကို အပြည်အ၀ခံစားနေရပြီး၊ မိမိနှင့်မတူသော တခြားလူ့အဖွဲ့အစည်းများအား ဥပဒေအလေးမထားဘဲ လူ့ အခွင့်အရေးချိုးဖေါက်သောအပြောအဆို၊အပြုအမူ၊အ ရေးအသားများအား ဆက်လက်ပြီးဥပဒေမဲ့ပြု လုပ်နေပါက၊ ၎င်းအပြစ်ကျူးလွန်သောအဖွဲ့အစည်းအားသော်လည်း ကောင်း၊ လူပုဂ္ဂိုလ်အားသော် လည်းကောင်း၊ ဂျာမဏီနိုင်ငံရောက်မြန်မာမွတ်စလင်များမှ ဂျာမဏီနိုင်ငံ၏တည်ဆဲတရား ဥပဒေများအရ သ က်ဆိုင်ရာမှတဆင့်အရေးယူသွားမည်ဖြစ်ကြောင်းလေးနက်ပြတ်သားစွာ အသိပေးအပ်ပါသည်။ 

ဂျာမဏီနိုင်ငံရောက်မြန်မာမွတ်စလင်များ

Comment ရေးရန်

Rohingya Exodus