နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာ သတင်းစာ များတွင် "ရိုဟင်ဂျာ" ဟုသုံးနှုန်းထား



RB News
27.11.2012

နိုဝင်ဘာလ (၂၆) ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု အခြေစိုက် International Crisis Group မှ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် ဘရားဇီးနိုင်ငံ သမ္မတဟောင်း Luiz Inacio Lula da Silva တို့အား In Pursuit of Peace Award ချီးမြှင့်လိုက်သည်။

ထိုဆုနှင့်ပ တ်သက်၍ ကြေညာချက် ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံတွင် ဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်နေရသော ရိုဟင်ဂျာ မွတ်စလင် များ၏ ကိစ္စကို အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းရန် တိုက်တွန်း ထားသည်။ ထိုကြေညာချက် မြန်မာ အစိုးရ သတင်းစာ များတွင် ယနေ့ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားရာ မူရင်းထုတ်ပြန်ချက် အတိုင်း "ရိုဟင်ဂျာ" ဟု သုံးစွဲထားသည်ကို တွေ့ရသည်။ 

နိုဝင်ဘာလ (၂၆) ရက်နေ့တွင် ကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေ ညီလာခံ ၄၃ ကြိမ်မြောက် - တတိယ ကော်မီတီ အစည်းအဝေးတွင် မြန်မာ အစိုးရ ကိုယ်စားလှယ်များက "ရိုဟင်ဂျာ" ဟုမသုံးစွဲရန် ကုလသမဂ္ဂကို ကန့်ကွက် ခဲ့သော်လည်း ကုလသမဂ္ဂမှ ငြင်းပယ်ခဲ့ပြီး Resolution တွင် ရိုဟင်ဂျာဟုသာ သုံးနှုန်းခဲ့သည်။ ကုလသမဂ္ဂမှ ရိုဟင်ဂျာ ဟုသာ ဆက်လက် သုံးစွဲသွားမည်ဟု သတင်းရရှိသည်။



Comment ရေးရန်

Rohingya Exodus