နောက်ဆုံးသတင်း/ဆောင်းပါးများ

တပ်ရင်း (၃၅၂) မှအရာရှိများက ရိုဟင်ဂျာများထံမှ ပြန်ပြေးဆွဲသည့်ပုံစံမျိုးဖြင့်ငွေညှစ်နေ


ဌေးဇော်
RB News
28.12.2012
မောင်းတော ။ ။ ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်၊ ဒုချီးရာတန်ကျေးရွာအုပ်စု (ခြိုင်မြိုင်နတလရွာ) ၌လုံ ခြုံရေး တာဝန်ယူ နေသော တပ်ရင်း (၃၅၂)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးရဲဝင်းအောင်နှင့် တပ်ရေး ဗိုလ်ကြီး သန်း ထိုက်အောင်တို့မှ ဇွန်လမှ စ၍ ရိုဟင်ဂျာ မွတ်စလင်များကို နည်းလမ်းမျိုးစုံဖြင့် ဖမ်းဆီး ရိုက်နှက် ၍ငွေညှစ် လျက်ရှိသည်။

ရွာများရှိ ချမ်းသားကြွယ်ဝသော ရွာသားများကိုရွေး၍ ဇွန်လတွင်ဖြစ်ပွားခဲ့သော ဆူပူမှုတွင် ပါဝင်သည် ဟုစွပ်စွဲ ၍ ဖမ်းဆီးရိုက်နှက်ပြီး ငွေညှစ်ခြင်းများမကြာခဏပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါ သည်။ ထို့အပြင် ရွာရှိနွား၊ဆိတ်များကိုလည်းမကြာခဏဖမ်းယူသွားကြောင်းသိရသည်။

ဆန်နှင့်ဝါးများကို တစ်ဦးတည်း ကိုယ်စားလှယ် အသွင်ဖြင့် လက်ဝါးကြီး အုပ်ထားပြီး၊ ဦးမူဂျီရာမန်နှင့် ဦးအော်လီ တို့အား မောင်းတောမြို့ ဘဂုံးနားကျေးရွာသို့ သွားရောက်စေပြီး ဈေး အဆမတန်ဖြင့်ရောင်း ချစေခြင်းများ လည်းပြုလုပ်လျက်ရှိ ကြောင်းသိရသည်။ ဒုချီးရာတန်ရွာမှ ဦးနူရ်မာမတ် (ဘ) ဦးဒလီရာ မန်အား မဟုတ်မမှန် သည့်ကိစ္စများဖြင့်စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် ၂၇ သိန်းယူ ၍ ပြန်လည် လွှတ်ပေး ခဲ့သည်။

ဒီဇင်ဘာ (၂၃) ရက်နေ့ တွင် တပ်ရေးဗိုလ်ကြီး သန်းထိုက်အောင်သည် တပ်မင်းချောင်းရွာမှ မော်လ၀ီဆရာ ကြီးဦးအဒူဟာကိမ်းအားအကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲဖမ်းဆီးခေါ်ဆောင်သွားပြီးရိုက်နှက်ခြိမ်း ခြောက် ၍ ပြန်ပေးဆွဲ သကဲ့သို့ ငွေ ၅ သိန်းတောင်း ခဲ့ကြောင်းသိရသည်။ ဦးအဒူဟာကိမ်း မှ ငွေ ၂ သိန်းသာ ရှိကြောင်းပြောရာ နောက်ဆုံးတွင် ငွေ ၂ သိန်းယူ၍ ပြန်လည်လွှတ်ပေးခဲ့သည်။

ဒီဇင်ဘာ(၂၅) ရက်နေ့တွင် အဆိုပါ ဗိုလ်ကြီးသန်းထိုက်အောင်သည် တပ်မင်းချောင်းရွာမှ ဦးနူရ်ဘော်ရှော် နှင့် ဦးနူရ်စလာမ်တို့ကို ဖမ်းဆီးပြီး “တောက်တဲ့” ရောင်းရသည့်ငွေများမှ ငွေ ၅ သိန်းပေး ရန်တောင်းခဲ့သည်။ ဖမ်းဆီးခံရသူ နှစ်ဦးမှာ မည်သည့် တောက်တဲ့ မှရောင်းချခဲ့ခြင်း မရှိသည်ကို သိသော် လည်း ဗိုလ်ကြီး သန်းထိုက်အောင်မှ ပြန်ပြေးဆွဲ သကဲ့သို့ အကြောင်းပြချက် တစ်ခုပြခြင်း သာဖြစ် သည်။ ငွေမရခင် စပ်ကြား တွင် အပြစ်မဲ့ ဖမ်းဆီးခံ ရသူနှစ်ဦးမှာ လွန်စွာ ရိုက်နှက်ခံခဲ့ ရကြောင်း ဒေသခံတစ်ဦးမှ RB News သို့ပြော သည်။ နောက်ဆုံးတွင် ငွေ ၃ သိန်းပေး၍ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း သတင်းရရှိပါသည်။

  1. လူမျိုးဘာသာ ခွဲခြားလုပ်တာမဟုတ်ပါဘူး
    သံဃာတော်တွေကိုတောင်မရှောင်ပါ။

Comment ရေးရန်

Rohingya Exodus