နောက်ဆုံးသတင်း/ဆောင်းပါးများ

ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ငွေညှစ်မှုကြောင့် ဒေသခံများ ဒုက္ခရောက်လျက်ရှိ

RB News
23.9.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ဥဒေါင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင် ၏ နေ့စဉ်နှင့် အမျှ ငွေညှစ်မှုကြောင့် ဒေသခံ ရိုဟင်ဂျာများ ဒုက္ခရောက် လျက်ရှိကြောင်း သတင်း ရရှိပါ သည်။ 

ဥဒေါင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်သည် လွန်ခဲ့သည့် တပတ်ခန့်က ဥဒေါင်း ကျေး ရွာ ဈေး တွင် မြေဆီ (ဓါတ်မြေ သြဇာ) ရောင်းချသူ ဥဒေါင်း ရွာသား ဦးဖေရာန် (ဘ) ဦးဖေါဇူ (အသက် ၅၈ နှစ်) အား ဈေးတွင် မြေဆီ ရောင်းပါက ၎င်းအား ငွေကျပ် ၇ သောင်း ပေးရမည်ဟု တောင်းခဲ့သည်။ သို့သော် လည်း ဦးဖေရာန်မှ ၎င်းအနေဖြင့် တရားမ၀င် ပစ္စည်း ရောင်းချ နေခြင်း မဟုတ်သောကြောင့် ပေး ရန် ငြင်းဆို ခဲ့သည်။ ထို့ကြောင့် စက်တင်ဘာလ (၂၂) ရက်နေ့ နံနက် ၁၀ နာရီ ခန့်တွင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်သည် မောရ၀တီ ရခိုင်ရွာရှိ ရဲကင်း စခန်းမှ ရဲ ၃ ယောက်ကို ခေါ်ပြီး ဦးဖေရာန်အား ဖမ်းဆီး သွားခဲ့သည်။ 

ဦးဖေရာန်၏ မိသားစု ၀င်များမှ ဦးတင်မောင်ထံ လိုက်သွားရာ၊ ဦးတင်မောင်က ဦးဖေရာန်အား မီးရှို့မှုနှင့် တရားစွဲ၍ ထောင် ၁၀ နှစ်ကျအောင် လုပ်မည်ဟု ခြိမ်းခြောက်ပြီး၊ အကယ်၍ ထောင် ၁၀ နှစ် မကျခံ ချင် လျှင် ငွေကျပ် ၁၀ သိန်း ပေးရန် ပြောဆို ခဲ့သည်။ ငွေကျပ် ၁၀ သိန်း ပေးပါက ရဲကင်း စခန်းမှ ချက် ချင်း ပြန်ခေါ် ပေးမည်ဟု ၎င်းက ဆိုသည်။ နေ့လည် ၂ နာရီ ခန့်တွင် ရဲများအား ငွေကျပ် ၁၄၅၀၀၀၊ အုပ် ချုပ် ရေးမှူး ဦးတင်မောင်အား ငွေကျပ် ၄ သိန်း ပေး၍ ဦးဖေရာန်ကို မိသားစု များက မောရ၀တီ ရဲကင်း စခန်း မှ ပြန်လည် ခေါ်လာ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

စက်တင်ဘာလ (၂၀) ရက်နေ့ ကလည်း ဦးတင်မောင်သည် ဥဒေါင်း ကုန်တန်းရွာနေ မာဘူရာမန် (ဘ) ဦးရော် ကိမ်း (အသက် ၂၅ နှစ်) အား မေးမြန်း စရာရှိသည်ဟု ဆိုပြီး အုပ်ချုပ် ရေးမှူးရုံး သို့ခေါ်၍ ဘင်္ဂ လား ဒေ့ရှ် လက်ကိုင်ဖုန်းနှင့် ဖမ်းဆီးသည်ဟု ဆိုကာ ငွေကျပ် ၅ သိန်း မပေးလျှင် မောင်တော ရဲစခန်းသို့ ပို့မည် ဟု ခြိမ်းခြောက် ခဲ့သည်။ မာဘူရာမန်၏ ဆင်းရဲသည့် မိဘ နှစ်ပါးမှ မတရား ဖမ်းဆီးခြင်း ခံရသည့် သားဖြစ် သူ လွတ်မြောက်ရေး အတွက် ရပ်ဆွေ ရပ်မျိုး များထံမှ ငွေကျပ် ၂ သိန်း ချေးငှား၍ ဦးတင်မောင် ကို ပေးခဲ့ရသည့် အပြင် စပါး ပေါ်ချိန်တွင်လည်း ဦးတင်မောင်ကို နှုန်းထား တ၀က်ဖြင့် ရောင်းချ ပေးမည်ဟု က တိပြု ခဲ့ရသည် ဟုသိရှိ ရပါသည်။ 


Comment ရေးရန်

Rohingya Exodus