နောက်ဆုံးသတင်း/ဆောင်းပါးများ

၁၄ ကြိမ်မြောက် ဥရောပနှင့်အန်ဂျီအိုများလူ့အခွင့်အရေးဖိုရမ်သို့ BROUK တက်ရောက်

BROUK ဥက္ကဌ ဦးထွန်းခင်နှင့် ကုသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Ms Navanethem Pillay တို့ကို ၁၄ ကြိမ်မြောက် ဥရောပ-အန်ဂျီအိုလူ့အခွင့်အရေးဖိုရမ်တွင်တွေ့ရစဉ် (ဓါတ်ပုံ - BROUK)

RB News 
ဒီဇင်ဘာ (၉) ၂၀၁၂

ဘရာဆဲလ် ။ ။ ဒီဇင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့ထိ ဘယ်လ်ဂျီယံနိုင်ငံ ဘရာဆဲလ်မြို့တွင်ကျင်းပသော ၁၄ ကြိမ်မြောက် ဥရောပနိုင်ငံများနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ဖိုရမ်သို့ ဗြိတိန်နိုင် ငံအခြေ စိုက် မြန်မာရိုဟင်ဂျာများအသင်း ဥက္ကဌ ဦးထွန်းခင် တက်ရောက် ခဲ့ကြောင်းသတင်း ရရှိပါသည်။ အဆိုပါဖို ရမ်တွင် ဦးထွန်းခင်မှ ဥရောပနိုင်ငံများ၏လူ့အခွင့် အရေးကိုယ်စားလှယ် Mr Stavros Lammbrinidis ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံး၏ မဟာမင်းကြီး Ms Navanethem Pillay တို့နှင့် ရိုဟင်ဂျာ အရေး ကိုဆွေးနွေးခဲ့ကြောင်းသိရသည်။ 

ဆွေးနွေးပွဲ၌ ဦးထွန်းခင်က မြန်မာနိုင်ငံအတွင်း လူမျိုးရေးခွဲခြားဆက်ဆံမှု၊ သူစိမ်းကြောက်ခြင်းများတစ်နေ့ ထက်တစ်နေ့တိုးပွားလာသည့်အကြောင်းနှင့်ဇွန်လနှင့်အောက်တိုဘာလများတွင်ရခိုင်အစွန်းရောက်များနှင့်အ စိုးရတပ်ဖွဲ့ဝင်များ၏အကြမ်းဖက်မှုကြောင့်ထောင်ပေါင်းများစွာအသက်ဆုံရှုံးခဲ့ရသည့် ရိုဟင်ဂျာ များအရေး ကိုဆွေးနွေးခဲ့သည်။ 

မြန်မာရိုဟင်ဂျာများအသင်းဥက္ကဌ ဦးထွန်းခင်သည် ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံး မဟာမင်း ကြီး Ms Navanethem Pillay၊ ဥရောပနိုင်ငံများမှလူ့အခွင့်အရေးအဖွဲ့များနှင့် အလုပ်ရုံဆွေးနွေးပွဲအပြီး၌ သီးခြားတွေ့ဆုံခဲ့ကြောင်း သိရသည်။ 

ထိုသို့သီးခြားတွေ့ဆုံရာတွင် ဦးထွန်းခင်မှ - 


  • အကြမ်းဖက်မှုများနှင့်ရိုဟင်ဂျာလူမျိုးများအပေါ်ကျူးလွန်နေသည့်ရာဇ၀တ်မှုများရပ်တန့်ရန်အတွက် သမ္မတဦးသိန်းစိန်ကိုဖိအားပေးရန်၊ ခိုကိုးရာမဲ့နေသောရခိုင်ပြည်နယ်ရှိ မွတ်စလင်များ၏ဘ၀ကို ကာကွယ် ပေးရန်၊ 
  • ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်များပို့၍ ရှေ့ဆက်ဖြစ်ပွားလာမည့်သတ်ဖြတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ မွတ် စလင် များ၏နေအိမ် များဖျက်ဆီးခြင်းမှကာကွယ်နိုင်ရန်အတွက် ထောက်ခံအားပေးရန်၊ 
  • ကုလသမဂ္ဂမှစုံစမ်းရေးကော်မရှင်နှင့်နိုင်ငံတကာမှလွတ်လပ်စွာစောင့်ကြည့်လေ့လာသူများ အခင်းဖြစ် ပွားခဲ့သောနေရာ များသို့ပို့ပေးရန်
  • ရခိုင်ပြည်နယ်အတွင်းရှိရိုဟင်ဂျာဒုက္ခသည်များထံသို့လူသားချင်းစာနာသောအထောက်အပံ့များအဟန့် အတားမရှိပို့ခွင့်ရရှိရန်၊သီးခြားခွဲ၍ထားသည့်ပေါ်လစီကိုရပ်တန့်၍ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ကိုဖန်တီးယူရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကိုရုပ်သိမ်းရန်(သို့မဟုတ်) နိုင်ငံတ ကာစံချိန်စံ ညွှန်းနှုန်းဖြင့်ပြင်ဆင်ရန်၊ တို့ကိုသမ္မတ ဦးသိန်းစိန် အားဖိ အား ပေးရန် တို့ကိုအလေးထား၍ဆွေးနွေး ခဲ့ကြောင်းသတင်းရရှိပါသည်။

Comment ရေးရန်

Rohingya Exodus