နောက်ဆုံးသတင်း/ဆောင်းပါးများ

ကုလကိုယ်စားလှယ် Vijay Nambiar ၏ခရီးစဉ်ပြီးဆုံး


ကျော်စွာဝင်း 
RB News 
၂၀၁၂ ဒီဇင်ဘာ ၂၁ 

ရန်ကုန် ။ ။ မြန်မာနိုင်ငံသို့ဒီဇင်ဘာလ (၁၆) ရက်နေ့မှ (၂၀) ရက်နေ့ထိ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Mr. Vijay Nambair လာရောက်ခဲ့ပြီး ရခိုင်ပြည်နယ်ရှိဒုက္ခသည်စခန်းများသို့သွားရောက်ခဲ့သည်။ ရခိုင်ပြည် နယ်ခရီးစဉ်အတွင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၀န်ကြီးဦးခင်ရီလည်း အတူလိုက်ပါခဲ့ကြောင်း သတင်း ရရှိပါသည်။ 

Mr. Nambair သည်ရခိုင်ပြည်နယ်မောင်းတောမြို့သို့သွားရောက်ခဲ့သော်လည်း မောင်းတောမြို့ရှိရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်စခန်းများသို့ သွားရောက်ကြည့်ရှူခဲ့ခြင်း မရှိခဲ့ဟု ဒေသခံများမှ တဆင့်သိရ သည်။ မောင်းတောမြို့တွင်ရခိုင် ဒုက္ခသည် အနည်းငယ်ရှိသော်လည်း အလယ်သံကျော်ကား လမ်းဘေး တွင်ယာ ယီတဲများထိုး၍ အလုပ်အကိုင်မရှိသော ရခိုင်လူမျိုးများကို ဒုက္ခသည်စခန်းတွင် ခဏထား၍ ဇွန်လအကြမ်း ဖက်မှုကြီးတွင် ရခိုင်လူမျိုးအများအပြားထိ ခိုက်ခဲ့သယောင်စီစဉ်၍ ပြသခဲ့သည်။ 

စစ်တွေမြို့နှင့်မြေပုံမြို့ ရှိဒုက္ခသည်စခန်းများကို သွားရောက်ကြည့်ရှူခဲ့ပြီး၊ စစ်တွေမြို့တွင်လ၀က၀န်ကြီး ဦးခင်ရီနှင့် အတူ ရခိုင်နှင့်ရိုဟင်ဂျာလူမျိုးများမှ ကိုယ်စားလှယ် ၅ ဦးစီကိုတွေ့ဆုံ ၍ဆွေးနွေးခဲ့သည်။ (အဆိုပါတွေ့ ဆုံပွဲကို ရခိုင်ဘက်မှ ၅ ဦးနှင့် ကျူးကျော်နေ ထိုင်သူများဖက်မှ ၅ ဦးတက်ရောက်ခဲ့သည်ဟု RFA (Radio Free Asia) မြန်မာပိုင်းအစီအစဉ်တွင်ဖော်ပြ ရေးသား ထားသည်။ အဆိုပါသတင်းကိုပင် အင်္ဂလိပ် ဘာသာသို့ပြန် ဆိုရေးသားထားရာတွင် ရိုဟင်ဂျာဟုသုံးနှုန်းထားသည်ကို တွေ့ရသည်။ ထို့အပြင် အဆိုပါ RFA ၏သတင်းတွင် Mr. Vijay Nambiar မှရိုဟင်ဂျာဟုသည့် အသုံးအနှုန်းအား မသုံးရန်တားမြစ်ခဲ့ သယောင်ရေးသား ထားသော်လည်း UN News Centre မှ တရားဝင် ထုတ်ပြန်သည့် သ တင်းနှင့် နိုင်ငံတကာ သတင်းဌာနများမှ ထုတ်ပြန်သည့် သတင်းများနှင့် ကွဲပြားနေသည် ကိုတွေ့ရပါသည်။ ရိုဟင်ဂျာများသည် လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ပင်ဝင်ရောက်နေ ထိုင်ခဲ့ခြင်း မရှိဟု သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ၀န်ခံထားသည်။ RFA မြန်မာပိုင်း ၀န်ထမ်းများသည်မြန်မာနိုင်ငံ အစိုးရထက် ပင်ပိုမို၍ အစွန်းရောက်နေပြီး ပြဿနာကို ဖန်တီးပေးရန် ရည်ရွယ်ချက် များ ရှိနေသည်ကို ကွက်ကွက် ကွင်းကွင်းမြင်နေရသည်။ ထိုကဲ့သို့ကျူးကျော်နေ ထိုင်သူများဟု အခြေ အမြစ်မရှိ စွပ်စွဲသုံးစွဲခြင်းသည် RFA ကဲ့သို့ ကမ္ဘာကျော်မီဒီယာ အတွက် ရှက်ဖွယ်ဖြစ်သည်။ သို့သော်လည်း ဤအသုံး အနှုန်း ကို မြန်မာဝန်ထမ်းများက သုံးစွဲ ခဲ့ပြီး၊ မြန်မာ ၀န်ထမ်းများ၏တာဝန် သာဖြစ် သည်။) ထိုသို့ကိုယ်စား လှယ်များတွေ့ဆုံပွဲတွင် ရခိုင်ကိုယ်စားလှယ်များမှ ရိုဟင်ဂျာကိုယ်စား လှယ်များ အားအပြစ် တင်ဝေ ဖန်ခဲ့ပြီး၊ ရိုဟင်ဂျာကိုယ်စားလှယ်များမှလည်း ရခိုင်ကိုယ်စားလှယ်များအား အပြစ် တင်ဝေဖန်ခြင်း များအပြန်အလှန်ဖြစ်ပွားခဲ့သည်။ ရိုဟင်ဂျာဆို သည့်အသုံးအနှုန်းနှင့် ပတ် သက် ၍ နိုင်ငံတကာ ပညာ ရှင် များနှင့်ဆွေးနွေးရန်ရိုဟင်ဂျာကိုယ်စားလှယ်များက တင်ပြခဲ့ကြောင်း သတင်း ရရှိ ပါသည်။

Comment ရေးရန်

Rohingya Exodus