နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒေါ်မြနန္ဒာအောင်နှင့်ခင်ပွန်းပြန်လည်လွတ်မြောက်လာ


ကျော်စွာဝင်း
RB News
22.12.2012

ရန်ကုန် ။ ။ ရခိုင်ပြည်နယ်တွင် ဇွန်လ၌ အကြမ်းဖက်မှုကြီး စတင်ပြီးနောက် ဖမ်းဆီးခံရပြီး မကြာမှီက ထောင်ဒဏ် (၁၂) နှစ်မတရား သဖြင့်ထောင်ဒဏ်ချခံရ သည့်ဒေါက်တာထွန်းအောင်၏ သမီးဖြစ်သူ ဒေါ်မြ နန္ဒာအောင်နှင့်ခင်ပွန်းဖြစ်သူဦးမောင်မောင်သန်းတို့သည် ယမန်နေ့ ကပြန်လည် လွတ်မြောက်လာကြောင်း သတင်းရရှိပါသည်။

ဇွန်လ အကြမ်းဖက်မှု စတင်ပြီးနောက်ပိုင်းတွင် မြန်မာအစိုးရမှ မသက်ဆိုင်သည့်သူများကို ဖမ်းဆီး ထိန်း သိမ်းခဲ့သည်။ ကုလသမဂ္ဂ ၀န်ထမ်းများကိုလည်း အကြမ်းဖက်မှုနှင့် ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ ပြည်တွင်းသတင်းဌာနများနှင့် သမ္မတရုံးညွန်ကြားရေးမှူးဦးဇော်ဌေး (မှူးဇော်) တို့မှရှေး ရာစုနှစ်ပေါင်းများ စွာကတည်းအတူယှဉ်တွဲနေထိုင်လျက်ရှိသော ရိုဟင်ဂျာလူများကို ယခုပင်တဖက်နိုင်ငံမှ ၀င်ရောက်ကျူးကျော်နေထိုင်သယောင်ရေးသား၍အကြမ်းဖက်မှုကြီးကြီးထွားစေရန်လောင်စာထည့်သွင်းပေး ခဲ့သည်။

ဒေါ်မြနန္ဒာအောင်ကို ဇွန်လဆန်း၌ စစ်တွေလေဆိပ်တွင်ခေါ်ယူ စစ်ဆေးပြီးနောက်၊ ခင်ပွန်းသည်ဖြစ်သူ ဦးမောင်မောင်သန်း နှင့်အတူရန်ကုန်မြို့နေအိမ်မှ ဇွန်လ (၁၅) ရက်နေ့တွင်ဖမ်းဆီးခဲ့သည်။ ဦးမောင်မောင် သန်းနှင့်ဒေါ်မြနန္ဒာအောင်တို့အား ပြည်ပရှိအစ္စလာမ်ဘာသာဝင်များအားသွေးထိုးလှုံ့ဆော်သည့် ဓါတ်ပုံ မှတ်တမ်းများပေး ပို့ခဲ့သည်၊ အယ်လ်ကိုင်ဒါနှင့်ဆက်စပ်နေသည်ဟုစွပ်စွဲ၍ မင်္ဂလာတောင်ညွန့်ရဲစခန်းမှ အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃ (ခ)၊ အရေးပေါ် စီမံမှုအက်ဥပဒေပုဒ်မ ၅(ဃ)/၅(၃၁) တို့ အပြင် လိမ်လည်မှုပုဒ်မ ၄၂၀/၄၆၈ တို့ဖြင့်အမှုဖွင့်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံသို့ဇူလိုင်လအတွင်းလာရောက်ခဲ့သော ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်မစ္စတာ ကွင်းတားနားမှ ဒေါ်မြနန္ဒာအောင်နှင့်ခင်ပွန်းအား အင်းစိန်အကျဉ်းထောင်တွင်သွားရောက်တွေ့ဆုံခဲ့သေး သည်။

ဇွန်လဆန်းမှအကြမ်းဖက်မှုဖြစ်ပွားပြီးနောက်စစ်တွေမြို့မှAZGတွင်အလုပ်လုပ်နေသောဦးကျော်လှ အောင်ကို လည်း မတရားသဖြင့် စွပ်စွဲ၍ ဖမ်းဆီးချုပ်နှောင် ခဲ့ပြီးနောက်ပြန်လည် လွတ်ပေးခဲ့ သည်။ ဒေါ်မြ နန္ဒာအောင်သည် UNHCR ၀န်ထမ်းတစ်ဦး ဖြစ်ပြီး၊ ခင်ပွန်းသည် ဦးမောင်မောင်သန်းမှာ Grand Ocean ကုမ္ပဏီမှဥက္ကဌဖြစ်သည်။မတရားသဖြင့်ဖမ်းဆီးခံရပြီးနောက်ယမန်နေ့ကပြန်လည်လွတ်မြောက်လာခြင်း ဖြစ် သည်။

Comment ရေးရန်

Rohingya Exodus