နောက်ဆုံးသတင်း/ဆောင်းပါးများ

နစကမှ ၁၀ နှစ်အရွယ်မိန်းကလေးကိုမုဒိန်းကျင့်သတ်ဖြတ်


Qutub Shah
RB News
ဒီဇင်ဘာ (၇) ၂၀၁၂

မောင်းတော ။ ။ ဒီဇင်ဘာလ (၃) ရက်တွင် မောင်းတောမြို့၊ နွားရုံတောင်ကျေးရွာအုပ်စု၊ ရန်မြတောင် ရွာတွင်နေထိုင်သော နူရ်ဇဖရ်နှင့်ဇိုင်နာဗ်ဘီဘီတို့၏ အသက် ၁၀ နှစ်အရွယ်ရှိသမီးဖြစ်သူ စလီမာသည် မိသားစုပိုင်နွားများ ကိုစားကျက်တွင် အစာကျွေးရန်သွားခဲ့သည်။ ထိုစားကျက်သည် ဇင်ပိုင်ညာကျေးရွာ အုပ်စု၊ သဲချောင်းရွာရှိ နယ်စပ်ဒေသကွပ်ကဲရေးရုံး (နစက) နှင့်အနီးတွင်တည်ရှိသည်။ ညနေပိုင်းတွင် စလီမာပြန်ရောက်မလာသဖြင့်မိဘများနှင့်ရွာသားများမှအပူတပြင်းရှာ ဖွေခဲ့ကြသည်။ မျက်မြင်သက်သေ တစ်ဦးက စလီမာကိုနစကများက သဲချောင်းရွာရှိစခန်းသို့ ညနေ ၅ နာရီခွဲတွင်ခေါ် သွား ကြောင်း မိဘ များနှင့်ရွာသားများကိုပြောသော်လည်း မိဘများကနစကစခန်း သို့သွားရောက်၍ မေးမြန်းရန်ကြောက်ရွှံ့ခဲ့ သည်။ ထိုသို့ကြောက်ရွှံ့ရခြင်းမှာလည်း အကြောင်းကိစ္စတစ်စုံ တစ်ရာဖြင့် သွားသောရွာသားများကို နစကမှမတရားသဖြင့် ညှင်းပန်းနှိပ်စက်လေ့ရှိသောကြောင့်ဖြစ်သည်။ နောက်တနေ့မနက်ပိုင်းတွင် ရွာအနီး ရှိလယ်ကွင်းတွင် စလီမာ၏သေဆုံးနေ သောရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ သည်။ ဆေးစစ် ချက် များ အရ စလီမာသည်မသေဆုံးမှီ လူမဆန်စွာမုဒိန်းကျင့်ခံရကြောင်း သတင်းရရှိပါသည်။

မင်းပြား ။ ။ မင်းပြားမြို့ ဖော်တီးရွာ (လေးဒေါင့်နေရာ) တွင်ရိုဟင်ဂျာမွတ်စလင်မိသားစု ၅၀ ခန့်ရှေးနှစ် ပေါင်းများစွာက တည်းကအေးချမ်းစွာ ငါးဖမ်းလုပ်ငန်းကိုအသက်မွေး ၀မ်းကျောင်းပြု၍ေ နထိုင် လာ ခဲ့ကြ သည်။ ဒီဇင်ဘာလ (၅) ရက်နေ့တွင် ခြေလျင်တပ်ရင်း ၃၇၁ မှ ဗိုလ်ကြီးဟန်ဇော်မှ ရွာတွင်းရှိအိမ် များ မှ ငါးဖမ်းသည့်ကွန်၊ အခြားသောပစ္စည်းများအားလုံးကို တစ်အိမ်ဝင်တစ်အိမ် ထွက်၍သိမ်း ဆည်းခဲ့ သည်။ ထို့အပြင်ငါးဖမ်းစက်လှေများကိုသိမ်းဆည်းခဲ့သည်။ ထို့နောက်ရွာ အတွင်း နေထိုင်သော သူများ အားလုံးကို တပ်ရင်းသို့ခေါ်ဆောင်သွား၍ အမျိုးမျိုးညှင်းပန်းနှိပ်စက်ခဲ့သည်။ ညနေပိုင်းတွင် ၅ ယောက် ကိုဆက်လက် ဖမ်းဆီးထားပြီး ကျန်သည့်သူများကိုလွှတ်ပေးခဲ့သည်။ ဖမ်းဆီးထားခဲ့သည် ၅ ယောက် ကိုထပ်မံညှင်း ပန်းနှိပ်စက်၍ညဥ့်နက်ပိုင်းတွင်ပြန်လည်လွှတ်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

ဗိုလ်ကြီးဟန်ဇော်မှ ရွာသားများကိုစိုက်ပျိုးရေးနှင့်ငါးဖမ်းလုပ်ငန်းများကိုမလုပ်ကိုင်ရန်ပြောဆိုပြီး၊ အိမ်တွင်းမှ အိမ်ပြင်မထွက် ရန်တားမြစ်ခဲ့သည်။ ၎င်း၏အမိန့်ကိုမနာခံပါက သေနတ်ဖြင့်ပစ်သတ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းသိရသည်။

Comment ရေးရန်

Rohingya Exodus