RB News
31.1.2013
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လတွင်းဖြစ်ပွားခဲ့သောအ ကြမ်း ဖက်မှုတွင် ပါဝင်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ကလေးငယ် ၇၂ ဦးကို ဖမ်းဆီး ခဲ့သည်။ ထိုကလေး ငယ်များ အား ဘူးသီးတောင်မြို့နယ် အကျဉ်းထောင်တွင် ယခုအချိန်ထိ ချုပ်နှောင် ထားသည်။
ဘူးသီးတောင်မြို့နယ် အကျဉ်းထောင်သို့ ထောင်သို့ဝင်ခွင့် ရသူများ၏ ပြောကြားချက်အရအဆိုပါကလေး ငယ် များကို အလွန်တရာ ညှင်းပန်းနှိပ် စက်ခဲ့ကြောင်း၊ ၃ လတိတိ အ၀တ်အစား မပါဘဲထား ခဲ့ ကြောင်း ၊ ထောင်ဝန် ထမ်းများမှ မဖွယ်မရာ ဆက်ဆံမှု များပြုခဲ့ ကြောင်း၊ ဖမ်းဆီး ခဲ့သည့် အချိန်မှ စ၍ မိဘ များနှင့် လုံးဝဆက်သွယ်ခွင့် မပြုခဲ့ကြောင်း၊ အစားအသောက်ကို လည်းယခု အချိန်ထိ အနည်း ငယ်သာ ကျွေးနေကြောင်း သိရပါသည်။
နိုင်ငံတကာမှ တာဝန်ရှိ ပုဂ္ဂိုလ်များ လာရောက်မည်ဟု သတင်းရပါက ထိုကလေးငယ်များကို ဘူးသီး တောင်မြို့နယ် အခြေစိုက် တပ်မတော် တပ်ရင်း များသို့ ခေါ်ဆောင် သွား၍ ထားကြောင်း၊ ဖျားနာ လျှင် လည်းဆေးဝါး ပေးခြင်းမရှိကြောင်း၊ တရားရုံးသို့ ခေါ်ဆောင် သွားရာတွင်လည်း လူမဆန်စွာ ညှင်း ပန်းနှိပ်စက်ကြောင်း စုံစမ်းသိရှိရပါသည်။
“ကျွန်တော့်သား ၁၅ နှစ်အရွယ်ပါ။ ဆူပူမှုတွေဖြစ် တုန်းက အပြင်လည်း မထွက်ခဲ့ဘူး။ အိမ်မှာဘဲ ရှိခဲ့တယ်။ လာဖမ်းတော့ ကျွန်တော့်သားလည်း ပါသွားတယ်။ ဖမ်းသွားက တည်းက ဘယ်မှာ ထားလဲ ဆို တာ တောင်မသိခဲ့ဘူး။ အခုမှအဆက် အသွယ်ရ တာမကြာသေး ဘူး။ ထောင်ဝင် စာတောင်တွေ့ ခွင့်မရသေးဘူး။ ကြားရတာ ကတော့ တကယ်ကို စိတ်မချမ်းသာ စရာပါ။ ကလေးတွေကိုတော်တော်လေး လူမဆန်စွာ နှိပ်စက်တယ်လို့ တွေ့ခွင့်ရတဲ့ မိဘတွေက တဆင့်ပြန် သိရတယ်” ဟုဖမ်းဆီးခံ ထားရ သည့် ကလေးငယ် တစ်ဦး၏မိဘမှ RB News သို့ပြောပါသည်။
ဖမ်းဆီးခံထား ရသည့်ကလေးငယ် (၇၂) ဦးမှ အောက်ဖော်ပြပါ ကလေး (၄) ဦးမှာ ကျန်းမာရေး အခြေ အနေအလွန် ဆိုးရွားနေသော်လည်း ဆေးဝါး ကုသပေးခြင်း တစ်စုံတစ်ရာ မရှိကြောင်း သိရပါသည်။
(၁) ဖာဟဒ် (ဘ) ဦးအဗ်ဒုလ္လာ (အသက် ၁၅ နှစ်) ဇော်မတတ်ရွာ
(၂) မိုဟာမတ်တယုပ် (ဘ) ဦးအေလီယာစ် (အသက် ၁၄ နှစ်) ဇော်မတတ်ရွာ
(၃) အေနာတုလ္လာ (ဘ) ဦးဟာဘီအုလ္လာ (အသက် ၁၅ နှစ်) ကံဖူးရွာ
(၄) အဇီဇ်ရာမန် (ဘ) ဦးအဗ်ဒုဟာကိမ်း (အသက် ၁၆ နှစ်) ကံဖူးရွာ
မောင်ဘို
RB News
30.1.2013
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ကုန်စည်ရောင်းချမှုဖြင့် အသက်မွေး ၀မ်း ကျောင်းပြု နေကြသော ရိုဟင်ဂျာ မွတ်စလင်များမှာ မိမိတို့၏ လုပ်ငန်းအတွက် လိုအပ်သမျှ ခွင့်ပြုချက် များကို သက်ဆိုင်ရာဌာနများ မှတောင်းခံယူ၍ လုပ်ကိုင် စားသောက်လျက် ရှိသော်ငြားလည်း နစက ၀န် ထမ်းများ သည်မိမိတို့၏ အာဏာကို အလွှဲသုံးစားပြုလုပ်၍ ငွေကြေးတောင်းခံမှုမျာြး ပုလုပ် လျက်ရှိသည်။
မောင်တောမြို့နယ်၊ မင်္ဂလာကြီးကျေးရွာတွင် ၀ါး၊ ဓနိ၊ ထင်းရောင်း ချနေသူများမှာ လုပ်ငန်းနှင့်သက် ဆိုင်သော သစ်တောဦးစီးဌာနမှ လုပ်ငန်းလိုင်စင် ယူ၍ ရောင်းချနေခြင်း ဖြစ်သည်။ သို့သော်လည်း နစက နယ်မြေ (၆) မှနယ်မြေမှူးမှ ၎င်းနှင့်နီးစပ်သော သူဖြစ်သည့် ဦးဘိုင်လာ အားစေလွှတ်၍ အောက်ဖော်ပြ ပါ (၃) ဦးထံမှ မတရားသဖြင့် ငွေတောင်းခံလျက်ရှိသည်။
(၁) ဦးဆော်လိမ် (ဘ) ဦးရှော်ဖိခ် (ပေးရမည့်ငွေ ၃ သိန်း)
(၂) ဦးဖွေဇူလ်အစ္စလာမ် (ဘ) ဦးရှော်မ်ရှူအာလမ် (ပေးရမည့်ငွေ ၃ သိန်း)
(၃) ဦးဇူဘာရ် (ဘ) ဦးအဒူဟာလဲခ် (ပေးရမည့်ငွေ ၅ သိန်း)
၂၀၁၂ခုနှစ်ဇွန်လမှ စ၍ရခိုင်ပြည်နယ် အ၀န်းရှိ ရိုဟင်ဂျာ မွတ်စလင်များကို သွားလာရေး၊ ကူးသန်း ရောင်း ၀ယ်ရေး များကို ယခင်ကထက် လွန်စွာ တင်းကျပ်ထားရာ စီးပွားရေး လုပ်ငန်း လုပ်ကိုင် သူများမှာ လွန်စွာ ကျပ်တည်းလျက်ရှိကြသည်။ ထို့ကြောင့်အထက်ပါ (၃) ဦးအနေဖြင့် နစက နယ်မြေ (၆) နယ် မြေ မှူးတောင်းခံနေသည့် ငွေကြေးကို ပေးရန် မလွယ်ကူဖြစ် နေသော်လည်း နယ်မြေမှူးမှ ၎င်းနှင့် နီး စပ် သော ဦးဘိုင်လာကို စေလွှတ်၍ အကြိမ်ကြိမ် တောင်းခံခိုင်း လျက်ရှိသည်။
ထို့ကြောင့် အထက်ဖော်ပြပါ (၃) ဦးအနေဖြင့် လွန်စွာစိုးရိမ် ကြောင့်ကြလျက်ရှိပြီး၊ စိတ်ဒုက္ခ ခံစား လျက် ရှိ ကြောင်း ၎င်းတို့၏ ဆွေမျိုးအသိုင်းအ၀ိုင်းများမှ တဆင့် သိရပါသည်။
“လိုအပ်သမျှလိုင်စင်၊ ခွင့်ပြုချက် အားလုံးရမှ ကျွန်တော်တို့ လုပ်တာပါ။ ကျွန်တော်တို့ အနေနဲ့ သူတို့ ရို ဟင်ဂျာတွေ အတွက် သီးသန့်သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း ဘောင်အတွင်းမှာ ကျွန်တော် တို့နေတယ်။ အဲဒီလိုနေတဲ့ကြားထဲက တစ်ခုခုအကြောင်းပြချက် မပေးဘဲ နဲ့တောင် ကျွန်တော်တို့ဆီက သူတို့ရဲ့ အာဏာ ကိုပြပြီး ငွေတောင်းတယ်။ ဒမြတိုက်တာပေါ့ဗျာ။ သူတို့မှာ အာဏာရှိတော့ မပေးရင် အကြောင်းတစ် ခုခုပြ ပြီးဖမ်းမှာ ဆိုတော့ ပေးလိုက်ရတယ်။ ဒီလိုနဲ့ဘဲ ကျွန်တော်လည်း အရင်းပြုတ်ပြီး အလုပ်အကိုင် မရှိတဲ့ ဘ၀ ရောက်သွားရတယ်” ဟုမောင်တောမြို့တွင် ယခင်ဆိုင်လုပ်ငန်း လုပ်ကိုင်ပြီး နစကတို့ ၏ငွေကြေး တောင်းခံမှု များကြောင့် ဆိုင်လုပ်ငန်းမှ အရင်းပြုတ်ပြီး အလုပ်လက်မဲ့ ဘ၀ရောက် သွားသော ဒေသခံ ရိုဟင်ဂျာ တစ်ဦးမှ RB News သို့ပြောပါသည်။
ဌေးလွင်ဦး
RB News
30.1.2013
RB News
30.1.2013
စင်စစ်မှာ ကျွန်ုပ်တို့ မြန်မာနိုင်သည် အယူဝါဒ ကူးစက်ခံနိုင်ငံ တစ်ခုသာ ဖြစ်သည်။ နိုင်ငံရေးဖြင့် သက်ဦး ဆံပိုင် ဘုရင် စနစ်မှပင် ကြည့်ပါ- အုပ်ချုပ်ပုံ အုပ်ချုပ်နည်း များကို တရုတ်၊ အိန္ဒိယနှင့် သီရိလင်္ကာနိုင် ငံများမှ နည်းစနစ် များကို အတုယူခဲ့ရသည်။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကလည်း နိုင်ငံရေး လှုပ်ရှားမှု- ဗြိတိသျှအား အာခံမှုနည်း ပညာများအား အိန္ဒိယမှ အတုယူ ခဲ့ရသည်။ ဆရာတော် ဦးဥတ္တမ သည် ပင် နိုင်ငံရေး ပရိယာယ်နှင့် မျိုးချစ်စိတ်လှုံ့ ဆော်မှု အသိပညာအား အိန္ဒိယမှ သင်ယူခဲ့ ရသည်ပင်။ တဖန် လွတ်လပ်ရေး ရစဉ် ပါလီမန် ဒီမိုကရေစီ စနစ်အား ဗြိတိသျှ တို့ထံမှ အတုယူခဲ့ရသည်။ ဤတွင်း ပါလီမန် ဒီမိုကရေစီ စနစ်ခေါ် ဓနရှင်ဝါဒနှင့် အားပြိုင်သည့် ကွန်မြူ နစ်ဝါဒ သည် လည်း မြန်မာပြည် တွင်းထွက် အတွေးအခေါ်မဟုတ်ခဲ့ချေ။
စစ်တပ်မှ အာဏာသိမ်း၍ အုပ်ချုပ်ခြင်း သည်လည်း မြန်မာနိုင်ငံသည် ကမ္ဘာ့ ပထမဆုံး နိုင်ငံ မဟုတ် ခဲ့၊ မြန်မာ၏ ရှေ့၌ ထိုင်း၊ ဆီးရီးယား၊ အင်ဂျင်တီးနား-- စသော နိုင်ငံပေါင်း များစွာ ရှိနေခဲ့သည်။ တဖန် ဆိုရှယ်လစ် စနစ်သည် သည် မြန်မာနိုင်ငံမှ အတွေး အခေါ်မဟုတ်ခဲ့၊ ထိုစနစ်အား မနှစ်သက်၍ ယခု အခါ မြန်မာပြည် သူလူထု လိုလား နေသော ဒီမိုကရေစီ စနစ် ဟူသည်မှာလည်း မြန်မာမှ စတင် ဖန်တီးသော နိုင်ငံရေး လမ်းစဉ်မဟုတ်ပေ။ ထိုထို သော စနစ်များ ၀ါဒများမှာ နိုင်ငံရပ်ခြား၌ စတင်ဖြစ် ထွန်းပြီးမှ မြန်မာတို့က ကောင်းနိုးရာရာတို့ကို ကျင့်သုံးတည် ဆောက်ရန် လိုလားနေခြင်းမျှသာ ဖြစ်သည်။
သို့သော် စနစ်တစ်ခုမှ တစ်ခုသို့ ကူးပြောင်းသော အခါ၌- မူလစနစ်ဟောင်း တစ်ခု၌ လုပ်စား ကိုင် စား ဖြစ်နေ သော ပုဂ္ဂိုလ်များနှင့် ထိုစနစ်၌ ပါဝင်ဆောင်ရွက် မိသော ပုဂ္ဂိုလ်များမှာ မိမိတို့၏ လုပ်စား ကိုင်စား ပျက်သွားမည် ကို စိုးရိမ်း၍ သော်လည်းကောင်း၊ မိမိတို့ ကိုယ်စားပြုသော လမ်းစဉ်တစ်ခု ကျဆုံး ရမည်ကို မလိုလား၍ သော် လည်းကောင်း၊ ဘုမသိ ဘမသိ ဘဲလျှက် ထိုအကျင့်ပါနေသော လမ်းစဉ်ပေါ်၌ သံယောဇဉ် တွယ်ငြိနေ၍ သော် လည်းကောင်း- အမျိုးမျိုးသော အကြောင်းများဖြင့်- စနစ်သစ်ကို လိုလား သူတို့အား နည်း မျိုးစုံဖြင့် ဖိနှိပ်ချုပ် ချယ်ခြင်း၊ နိုင်သည့် နည်းလမ်းဖြင့် နှိမ်နှင်းခြင်းတို့ ဖြစ်ကြရပေသည်။ ထိုသို့ဖြစ် စဉ်များမှာ မြန်မာနိုင်ငံနှင့် မြန်မာ လူမျိုး တို့၌သာ ဖြစ်လေ့ဖြစ်ထ သဘောမဟုတ်ဘဲ-၊ ကမ္ဘာ့ လူမျိုး တိုင်း၊ နေရာဒေသ တိုင်း၌ ဖြစ်လေ့ရှိသည့် ဓမ္မ တာ တစ်ရပ် ဖြစ်တော့သည်။ အပြောင်းအလဲ တစ်ခု၏ အနှေးအမြန် ဆိုသည်မှာ ဗဟုသုတများ၊ မိမိထက် မိမိ ၏ တိုင်းပြည်လူထုအား ပိုမိုတွေးပေးနိုင်မှုများ အပေါ် ၌ သာ တည်သည်ဟု ဆင်ခြင်နိုင်ပေသည်။
ထိုထိုသော အယူဝါဒများ မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်လာခြင်းသည်- ပြင်ပကမ္ဘာမှ အယူဝါဒများ ကူးစက် လာခြင်းသာ ဖြစ်၍- ပြင်ပကမ္ဘာမှ ထိုအယူဝါဒရှိသော လူသားပေါင်း သန်းနှင့် ချီလျှက် မြန် မာနိုင်ငံတွင်းသို့ ၀င် လာကာ နဂိုမူလ ရှိနေသည့် မြန်မာနိုင်ငံသားများ အပေါ်လူဦးရေအားဖြင့် လွှမ်းမိုးခြုံ ငုံသွားခြင်း မဟုတ်ပေ။
အလားတူပင် မြန်မာနိုင်ငံတွင်း၌ ရှိသော ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ် ဘာသာများ မှာ မြန်မာ နိုင်ငံ အတွင်းသို့ ကူးစက် လာသည့် ပြင်ပမှ ဘာသာ အယူဝါဒများ သာ ဖြစ် သည်။ မြန်မာနိုင် ငံတွင်း၌ မည်သည့် ဘာသာ တရားမှ စတင်ပေါ်ပေါက်ခဲ့ခြင်း မရှိသကဲ့သို့- ထိုဘာသာ အယူရှိ သူများက သန်းနှင့်ချီ ၀င်ရောက် လာပြီး မြန်မာနိုင်ငံ အတွင်းမှ နဂိုမူလ လူမျိုးတို့အား မြိုသွားခြင်း မဟုတ်ခဲ့ပေ။ သာသနာပြု တစ်ဦးစ နှစ်ဦးစလာ သာသ နာပြုရန် လာခဲ့ခြင်း ဖြစ်သည်။
အစ္စလာမ် သာသနာသည် ကမ္ဘာတွင် နောက်ဆုံးပေါ်ပေါက်သော သာသနာဖြစ်၍ မြန်မာနိုင်ငံအတွင်းသို့ ထို အယူဝါဒ ၀င်ရောက်ခဲ့ခြင်းမှာ နောက်ကျခဲ့ပေသည်။ သို့သော် ငြင်းမ ရနိုင်သော သမိုင်းများ အလျှောက် မြန် မာ နိုင်ငံ အတွင်းသို့ အစ္စလာမ် သာသနာ ရောက်ရှိ လာခဲ့ခြင်းမှာ ရှင်အရဟံ၏ ဗုဒ္ဓဘာသာ ဂိုဏ်းနှင့် မရှေး မနှောင်းပင် ဖြစ်သည်။ ထိုခေတ်ထိုအခါက ဘုရင်ကိုယ်တိုင်က အားပေးထောက်ပံ့မှသာ ထိုဘုရင် ထောက်ပံ့သည့် သာသ နာမှာ နိုင်ငံတော် သာသနာ ဖြစ်ခဲ့ရသည့် အလျှောက် ဗုဒ္ဓဘာသာသည် လွှမ်းမိုးသွားခဲ့ခြင်း ဖြစ်သည်။ (ဗျတ္တိ၊ ဗျတ္တနှင့် ရွှေဖျင်းကြီး၊ ရွှေဖျင်းလေးတို့မှာ ရှင်အရဟံနှင့် ခေတ်ပြိုင် ပုဂံပြည်သို့ ရောက်ရှိ ခဲ့ခြင်းဖြစ်သည်။)
ထိုကဲ့သို့ပင် မဟာဝိဟိကတိုင်းဟု ခေါ်တွင်သော ရခိုင်နယ်ဓည၀တီ (ဒန်နဟောဒီယား)သို့လည်း အစ္စလာမ် သာသနာ ရောက်ရှိခဲ့ခြင်းမှာ ဗုဒ္ဓဘာသာထက် နှစ်ပေါင်းများစွာ နောက်ကျခဲ့သည်။ ဒါန်နဟောဒီယား (ဓည ၀တီ)မှ မူလဘူတ လူမျိုးတို့သည် ဗုဒ္ဓဘာသာ မ၀င်ရောက်မှီကာလက ၎င်းတို့၏ ရှေးရိုးအစဉ်အလာ အတိုင်း ဟိန္ဒူဘာသာအား ကိုးကွယ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာ ၀င်ရောက်လာသည့်အခါတွင် ဗုဒ္ဓဘာသာ လူထုကြီး ၀င်ရောက်လာလျှက် မူလဘူတ လူမျိုးတို့အား လွှမ်းမိုးသွားခဲ့ခြင်း မဟုတ်ပေ။ ဘာသာ အယူဝါဒသာ ပျံ့နှံ့လာ လျှက် ထိုမှ မူလဘူတ လူမျိုးတို့က ဗုဒ္ဓဘာသာသို့ ကူးပြောင်း သက်ဝင် ခဲ့ခြင်း ဖြစ် သည်။ ထိုလူမျိုးတို့အား ယခုတိုင် မြန်မာတို့ထက် ရှေးကျသော လူမျိုး (ရှေးဦးမြန်မာလူမျိုး) “မြန်မာကြီး” (မာရ်မာကီး)ဟု မှတ်တမ်း တင်ထားပေးလျှက် ရှိနေသည်။
ထို့နောက်တွင် အေဒီ ၇၊ ၈ ရာစုမှ စ၍ အစ္စလာမ် သာသနာ ရောက်ရှိလာခဲ့သည်၊ ထိုမူလဘူတ လူမျိုးစုမှ အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင်ခဲ့ခြင်း ဖြစ်၍- ထိုလူမျိုးအား အစ္စလာမ် သာသနာ ၀င်များ ဖြစ် သည့် အာရဗ်တို့က အလုံးအရင်းနှင့်လာလျှက် လူမျိုးမြိုခဲ့ခြင်း မဟုတ်ပေ။ အဆိုပါ မူလဘူတ လူမျိုး “ရိုဟင်ဂျာ”တို့ သည်- အစ္စလာမ်သာသနာ မတိုင်မှီက ပြောဆိုသည့် စကားအား ယနေ့ထိ ပြောဆိုလျှက် ရှိနေသည်။ ၎င်းတို့မှာ သူတို့ထံသို့ အဦးရောက်ရှိခဲ့သည့် ဗုဒ္ဓဘာသာအား ကိုးကွယ်ခဲ့ကြသူများ ဖြစ်ကြောင်း သူတို့၏ ဘာသာစကား၌ ပါဠိစကားပေါင်း မြောက်များစွာ ပါဝင်နေဆဲဖြစ်ခြင်းက သက်သေခံလျှက်ရှိသည်။ ယနေ့ထိ မြန်မာနိုင်ငံအတွင်း ရှိသမျှလူမျိုးစု အားလုံး၌ ပါဠိဘာသာစကား အပါဝင်ဆုံး ဘာသာစကားမှာ “ရိုဟင်ဂျာ”ဘာသာစကားသာ ဖြစ် ပေသည်။ ၎င်းနှင့် လူမျိုးတူ၊ စရိုက်တူ၊ ဓလေ့တူ- လူမျိုးတစ် မျိုးတည်း ဖြစ်သော မာရ်မာကီး (မြန်မာကြီး) စကား သည်လည်း ရိုဟင်ဂျာ စကားနှင့် အတူ တူ ပင် ဖြစ်သောကြောင့်- မြန်မာကြီးတို့၏ ဘာသာစကားသည်လည်း ပါဠိ ပါဝင်သည့် ရာနှုန်း အများ ဆုံးသော ဘာသာစကားတစ်ရပ် ဖြစ်ပေသည်။
၎င်းတို့သည် မဟာဝိဟိကတိုင်း (မဟာရိုဟင်ဂတိုင်း)၏ မူလဘူတ လူမျိုးများ ဖြစ်၍ ၎င်းတို့၏ ဘာ သာစကားမှာ မဟာဝိဟိက (မဟာရိုဟင်)တိုင်း၏ နိုင်ငံသုံး ဘာသာစကားဖြစ်ခဲ့ကြောင်း- လက်ရှိ ရခိုင် နယ်၏ လူမျိုး ၈ မျိုး အနက် လူမျိုးစု သုံးစုက ပြောသော ဘာသာစကား ဖြစ်နေခြင်းက သက်သေပြ လျှက်ရှိသည်။ (လက်ရှိ ရခိုင် စကားသည် မြန်မာစကားသာ ဖြစ်၍- လက်ရှိရခိုင်နယ်၌ လူမျိုး တစ်မျိုး တည်းသာ ပြောသော ဘာသာစကား ဖြစ်သည်။ (ကမန်အား သီးခြားတိုင်းရင်းဟု သတ် မှတ်သော်က- လက်ရှိ ရခိုင်စကားခေါ် မြန်မာစကားအား ရခိုင်နှင့်ကမန် လူမျိုးနှစ်မျိုးက ပြောသော ဘာသာစကား အဖြစ် သတ်မှတ်နိုင်ပေသည်။) ကျန်သော လူမျိုးစု ဘာသာစကားများမှာ သီးခြား လူမျိုးတစ်ခုချင်းစီ ပြောဆိုသော ဘာသာစကားသာ ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းသို့ အခြားသော ဒေသများမှ ၀င်ရောက်လာသည့် လူသားများမှာ ခေတ်တိုင်းတွင် ရှိနေသည် အား ငြင်းဆိုနိုင်ခြင်း မရှိသော်လည်း ထိုဝင်လာသည့် လူသားများသည် မြန်မာနိုင်ငံအတွင်း ရှိနေသည့် ဘာသာ တရား တစ်ခုခုအား လွှမ်းမိုးနိုင်ခြင်း မရှိပေ။
မြန်မာဘုရင်များ အဆက်ဆက်ကပင် မြန်မာနိုင်ငံအတွင်းသို့ တရုတ်များ၊ ရှမ်းများ၊ အိန္ဒိယများ၊ အ ဆက်မပြတ် ၀င်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယ လူမျိုးနွယ်တစ်ခုတည်းသာ ၀င်ခဲ့ခြင်း မဟုတ်ပေ။ ဗြိတိ သျှခေတ်တွင် ၀င်လာသော လူများမှာလည်း အန္ဒိယ လူမျိုးသာ ၀င်ခဲ့ခြင်း၊ အစ္စလာမ်သာသနာဝင်များသာ ၀င်ခဲ့ခြင်း မဟုတ်ဘဲ၊ ဟိန္ဒူ၊ ခရစ် ယာန်၊ ဂျူး၊ ဖာရ်စီ၊ တရုတ်ဗုဒ္ဓဘာသာပေါင်းများစွာ ၀င်ရောက်ခဲ့ပေသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၌ အစ္စလာမ် သာ သနာဝင်များ ရောက်ရှိလာခြင်းသည် ဗြိတိသျှမှ ခေါ်လာသော အိန္ဒိယတိုက်သားများကြောင့် ဟူသည့် အယူ အဆသည် လုံးဝ မှားယွင်းသော အယူအဆသာ ဖြစ်၍ ယခင်ရှိရင်းစွဲ ဌာနေလူသားတို့၏ ကိုးကွယ်ယုံကြည်မှု ကြောင့် အမြစ်တွယ်နေခြင်း ဖြစ်သည်ဟူသည့် အချက်အား ရိုးသားစွာ ဆင်ခြင်သင့်ပေသည်။
တနည်းအားဖြင့်- မြန်မာနိုင်ငံသည် ကူးစက်ခံနိုင်ငံတစ်ခုသာ ဖြစ်သည်ဟူသည့် အချက် အား မေ့မ ထား သင့်ပေ။ မည်သို့ပင် မြန်မာမှုပြုသည် ဖြစ်စေ-၊ ထိုမြန်မာမှုပြုခြင်းများ မှာ နိုင်ငံတစ်ခုအား အလုံပိတ်ဆို့ ထားမှ သာလျှင် မူရင်းစပေါ်ရာ အရပ်နှင့် လာခဲ့သည့် လမ်းကြောင်းအား ဖုံးဖိ ထားနိုင်ဘွယ်ရာ ဖြစ်ပြီး-၊ တစ်ကမ္ဘာလုံးနှင့် ကူးလူး ဆက်ဆံလို လျှင်- မြန်မာမှုပြုနေခြင်း သည်ပင်၊ ဖစ်နေပေတော့ သည်။
မြန်မာနိုင်ငံမှ ဗုဒ္ဓရဟန်း များပင်- နိုင်ငံရပ်ခြား (ထိုင်း၊ သီရိလင်္ကာ၊ အိန္ဒိယ)များသို့ ပညာသင်သွား သူ တိုင်း- မြန်မာမှုပြုထားသည့် ပါဠိ (မူရင်းမှ အသံပျက် ပါဠိ)အား သံယောဇဉ်ထားနေနိုင်ခြင်း မရှိတော့ဘဲ။ “သ”အသံကို ဖျောက်လျှက် “ဆ” အသံဖြင့် ရွတ်ဖတ်သရဇ္ဇျယ် နေရပေတော့သည်။ နိုင်ငံတစ်ကာ မျက်နှာ၌ မူရင်းအသံနှင့် ဖတ်၍ အိမ်ပြန်လျှင် မိမိ၏ အသံပျက်ဖြင့် ဖတ်နေရခြင်း ဒုက္ခ သည် လည်း သေး ငယ်လှသည် မဟုတ်ပေ။ သို့တိုင် မိမိကိုယ်မိမိ “ငါသာ အမှန်”ဟု ကြုံးဝါးနေသူ များအား အံ့သြ စရာ ပင် ဖြစ်တော့သည်။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု
Qutub Shah
RB News
30.1.2013
ရသေ့တောင် ။ ။ ဇန်န၀ါရီလ (၂၄) ရက်နေ့တွင် ရသေ့တောင်မြို့နယ် နစကနယ်မြေ (၈) - စခန်းအ မှတ် (၁၉) လက်အောက် ခံ ကူးတန်းကောက် (ဒုံးဆေဖာရာ) ရွာမှ ရွာသူရွာသား (၆) ဦးအား ကလေး မွေး သည်ကို (၇) ရက်အတွင်း အကြောင်းမကြားသည့်အတွက် လူဝင်မှုကြီးကြပ်ရေးဌာန - ဦးစီးမှူး မှ အောက် ဖော်ပြပါ အတိုင်းငွေယူ ခဲ့ကြောင်းသတင်း ရရှိပါသည်။
(၁) မော်လ၀ီဦးအဗ်ဒုလ္လာ (ဘ) ဦးရာမတ်အုလ္လာ (ပေးရသည့်ငွေပမာဏ - ၃ သောင်း)
(၂) ဦးစောနာအုလ္လာ (ဘ) ဦးမိုဟာမတ်တာဟဲရ် (ပေးရသည့်ငွေပမာဏ - ၂ သောင်း)
(၃) ဦးအဗ်ဒူရှကူရ် (ဘ) ဦးနဇီရ်အဟမတ် (ပေးရသည့်ငွေပမာဏ - ၄ သောင်း ၅ ထောင်)
(၄) ဒေါ်ဇာဟီဒါခါတူ (ဘ) ဦးဖော်ကီရ် (ပေးရသည့်ငွေပမာဏ - ၄ သောင်း)
(၅) ဦးအဘူဆယာဒ် (ဘ) ဦးအဒူရာမန် (ပေးရသည့်ငွေပမာဏ - ၁ သောင်း ၅ ထောင်)
(၆) ဦးဟာဘီအုလ္လာ (ဘ) ဦးဘန်ဒို (ပေးရသည့်ငွေပမာဏ - ၁ သောင်း)
ဘူးသီးတောင် ။ ။ ဘူးသီးတောင်မြို့နယ်၊ ကြက်မောက်တောင် အခြေစိုက် တပ်ရင်းအမှတ် (၅၆၅) မှ တပ် ဖွဲ့ဝင် များသည် ဦးဆယာဒ်အဟမတ်(ဘ)ဦးအဘူတာဟဲရ်အား ဇန်န၀ါရီလ (၂၄) ရက်နေ့တွင် ဖမ်း ဆီးခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုး၍ သွားရောက်ပြီးပြန် လာသည်ဟု စွပ်စွဲခဲ့သည်။ ရခိုင်ပြည်နယ်ရှိ စစ် တပ်၊ နစကနှင့် ၀န်ထမ်းများ အာလုံး၏ ထုံးစံအရ ဦးဆယာဒ်အဟမတ်ထံမှ ငွေကျပ် ၃ သိန်းယူ ၍ ပြန် လည်လွှတ်ပေးခဲ့ကြောင်းသိရပါသည်။
မောင်တော ။ ။ ဇန်န၀ါရီလ (၁၇) ရက်နေ့တွင် မောင်တောမြို့နယ်ရှိ ရွာနှစ်ရွာ ကိုမြန်မာဘင်္ဂလားဒေ့ရှ်နယ် စပ်မှ ယုံကြည်ရသော ဓါးပြ၀င်ရောက် စီးနင်း ဓါးပြတိုက် ခဲ့သည်။ (ရည်ညွန်း သတင်း - http://burmese.rohingyablogger.com/2013/01/blog-post_106.html)
လွန်ခဲ့သည့် သောကြာနေ့ (ဇန်န၀ါရီလ ၂၅) ရက်နေ့တွင် ခမောင်းဆိတ်ရွာမှ ဦးရှိုဟာအလီ (ဘ) ဦးအဗ် ဒူမာဘုသ် (အသက် ၄၀ နှစ်) နှင့်၎င်း၏ ဦးလေးတော်စပ်သူ ဦးနူရ်မိုဟာမတ် (အသက် ၄၃ နှစ်) တို့ အား ဇန်န၀ါရီလ (၁၇) ရက်နေ့ ညသန်းခေါင်ယံတွင် ဓါးပြတိုက်ခဲ့ သူများဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်း ဆီး ခေါ်ဆောင်သွားကြောင်း သိရပါသည်။
“ဓါးပြတွေဝင် တိုက်တုန်းက နယ်မြေ (၂) နဲ့ (၅) ကို အကူအညီတောင်းတာ လုံးဝမလာခဲ့ဘူး။ အိမ် (၃) အိမ်ကို ၀င်ပြီးတိုက် သွားခဲ့တယ်။ အပြစ်မဲ့ ရိုဟင်ဂျာ ၃ ယောက်ကို ဖမ်းပြီးငွေညှစ် ခဲ့သေးတယ်။ အခု လည်းဘာမှ အပြစ်မရှိတဲ့ သူနှစ်ယောက်ကို ဖမ်းဆီး သွားပြန်ပြီ။ ငွေညှစ်ဖို့အကြောင်းပြ တာ ပါ။ ငွေရတာနဲ့ ပြန်လွှတ်ပေး လိမ့်မယ်။ အစိုးရက ကျွန်တော်တို့ရိုဟင်ဂျာတွေကို လက်မခံပေမယ့် ကျွန်တော်တို့ရဲ့ချွေးနဲ စာတွေကိုမတရားသဖြင့် အရှက်မရှိ စားရတာ ကျတော့တော်တော်လေး အရ သာရှိတယ်။ သူများတွေရဲ့ မျက်ရည်စာတွေစားရတာဘယ်လိုနေလဲတော့မသိဘူး” ဟုဒေသခံ ရိုဟင်ဂျာ တစ်ဦးမှ RB News သို့ ပြောပါသည်။
ကျော်စွာဝင်း
RB News
30.1.2013
ရန်ကုန် ။ ။ အမေရိကန်ြ ပည်ထောင်စုမှ ရခိုင်ပြည် နယ်ရှိ ဒုက္ခသည်များအတွက် ဒေါ်လာ ၄.၂သန်းတန် ဖိုး ရှိ လူသားချင်း စာနာသော အရေးပေါ် အထောက် အပံ့များ ထပ်မံပေး အပ်လိုက်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှ ယနေ့ထုတ်ပြန် ကြေညာလိုက်သည်။
ယခု အထောက် အပံ့များကို အမေရိကန်နိုင်ငံ တကာဖွံ့ဖြိုးရေး အေဂျင်စီ(USAID) မှထောက် ပံ့ ပေးခြင်း ဖြစ် ပြီး၊ ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ ရခိုင်ပြည် နယ်ရှိ ဒုက္ခသည်များ အတွက် ဒေါ်လာ ၇.၂၈ သန်းထောက် ပံ့ ပြီးဖြစ် ကြောင်း အဆိုပါကြေ ညာတွင် ထည့်သွင်း ဖော်ပြထားသည်။
ယခု အထောက်အပံ့ များသည် ၂၀၁၂ ခုနှစ် ဇွန်လနှင့်အောက်တိုဘာလ များတွင်ဖြစ်ပွား ခဲ့သောအကြမ်း ဖက်မှု များကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော ဒုက္ခသည် ၁၁၅၀၀၀ ကျော်တို့အတွက် နှစ်လခွဲ အချိန်ကာလ ထိအစား အသောက်များ၊ ထောက်ပံ့ပို့ဆောင်ရေးအတွက် လိုအပ်သည်များကို ထိထိရောက်ရောက်ပြု လုပ်နိုင်ရေး၊ မိသားစု ၂၀၀၀ ခန့်အတွက် အခြေခံအိမ်ထောင် သုံးပစ္စည်းများ၊ အမျိုးသမီးနှင့် ကလေးငယ် များအတွက် တစ်ကိုယ်ရေး သန့်ရှင်းရေး၊ ဘေးအန္တရာယ် ကင်းစွာသုံးစွဲနိုင်ရန် ပညာပေးရေး တို့တွင် အသုံး ပြုရန်ဖြစ်သည်။
အထောက်အပံ့များကို အမေရိကန်နိုင်ငံ တကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ၏ဌာနခွဲ များဖြစ်သော နိုင် ငံခြားဘေး ဒုက္ခထောက်ပံ့ရေး (OFDA) နှင့်ငြိမ်းချမ်းရေးအတွက်စားနပ်ရိက္ခာ (FFP) တို့မှ ကုလသမ ဂ္ဂကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ (WFP) နှင့် Save the Children စသည့် အဖွဲ့အစည်းများမှ တစ်ဆင့်ထောက် ပံ့ပေးမည်ဖြစ်သည်။ အထောက်အပံ့ များအားလုံးကို လူမျိုးမခွဲခြားဘဲ နိုင်ငံတကာ စံချိန်စံညွှန်း၊ ခွဲခြားမ ဆက်ဆံရေး အပါအ၀င်၊ အကြမ်းဖက် မှုကြောင့် ဒုက္ခသည် ဘ၀ရောက်နေရ သူများ၏ ဂုဏ်သိက္ခာကိုလေး စားမှုထားပြီး၊ နိုင်ငံတကာ စံနှုန်းဖြင့်ကူညီ သွားမည်ဖြစ်ကြောင်း ယနေ့အမေရိကန် သံရုံးမှ ထုတ်ပြန် သော ကြေ ညာ ချက် တွင်ရေး သားဖော်ပြထားသည်။
AS & မောင်မောင်
RB News
29.1.2013
ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ငှက်ချောင်းကျေးရွာမှ ရိုဟင်ဂျာ ဒုက္ခသည် (၁၀) ဦး သည်ငတ်မွတ်ခေါင်းပါး ကျပ်တည်း ဆင်းရဲမှုဒဏ်ကို မခံနိုင်တော့၍ မိသားစု သားသမီး များအတွက် ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ရမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဇန်န၀ါရီလ (၂၇) နေ့ည ၁၀း၃၀ နာရီခန့်တွင် စက်လှေငယ်တစ်စီးဖြင့် ရိုဟင်ဂျာ ဒုက္ခသည် အများစုနေ ထိုင်ရာ ဆင်တက်မော်ကျေးရွာသို့ ထွက်ခွာလာခဲ့သည်။
အဆိုပါ စက်လှေ ငယ်သည် ဆင်တက်မော်ကျေးရွာသို့ မရောက်မှီ လမ်းတွင် ရခိုင် အကြမ်းဖက် သမားအုပ်စု တစ်စု စီးလာသော စက်လှေကြီး တစ်စီးနှင့် တွေ့ရာ ရိုဟင်ဂျာများ စီးနင်း လိုက်ပါလာသော စက်လှေငယ် အား အတင်း တိုက်ခဲ့သောကြောင့် စက်လှေငယ် နစ်မြှပ်သွားပြီး၊ စက်လှေ ငယ်ပေါ်တွင် စီးနင်းလိုက်ပါ လာသော ရိုဟင်ဂျာ(၁၀)ဦး အနက်(၅)ဦးမှာ ရေကူးလွတ်မြောက် ခဲ့ပြီး ပေါက်တောမြို့ နယ်အနောက် ရွဲ့ရွာရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းသို့ရောက်ရှိခဲ့သော်လည်း၊ ကျန် (၅) ဦးမှာ ယခု အချိန် ထိပျောက်ဆုံးနေ ပြီးသေဆုံး သွားပြီဟု ယုံကြည်ရသည်။
ပျောက်ဆုံးနေပြီသေဆုံးသွားပြီဟုယုံကြည်ရသူ (၅) ဦးမှာ -
(၁) ဦးအဒူရှကူရ် (ဘ) ဦးမာဆောန် (အသက် ၂၅ နှစ်) ငှက်ချောင်းဒုက္ခသည်စခန်း
(၂) ဦးအဗ်ဒူလာလီ (ဘ) ဦးအဒူလာကိမ်း (အသက် ၄၀ နှစ်) မြေပုံဒုက္ခသည်စခန်း
(၃) မချော (ဘ) ဦးနူရ်ဘော်ရှော်ရ် (အသက် ၃၇ နှစ်) မြေပုံဒုက္ခသည်စခန်း
(၄) ရှော်မ်ရှီးဒါ (ဘ) ဦးအဗ်ဒူလာလီ (အသက် ၁၃ နှစ်) မြေပုံဒုက္ခသည်စခန်း
(၅) မင်းမင်းဇော် (ဘ) ဦးအဗ်ဒူလာလီ (အသက် ၆ နှစ်) မြေပုံဒုက္ခသည်စခန်း - တို့ဖြစ်ပါသည်။
အသက်ရှင်လွတ်မြောက်လာသူ (၅) ဦးမှာ -
(၁) ဦးအလီအဟမတ် (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၂၂ နှစ်) ငှက်ချောင်းဒုက္ခသည်စခန်း
(၂) ဦးမာမတ်ဂျလာလ် (ဘ) ဦးအလီအာမတ် (အသက် ၃၅ နှစ်) ငှက်ချောင်းဒုက္ခသည်စခန်း
(၃) ဦးနာဂူး (ဘ) ဦးဟာဆောင် (အသက် ၂၆ နှစ်) ငှက်ချောင်းဒုက္ခသည်စခန်း
(၄) ဦးရဖိခ် (ဘ) ဦးမာမတ်ဆီဒိတ် (အသက် ၂၄ နှစ်) ငှက်ချောင်းဒုက္ခသည်စခန်း
(၅) ဦးအဒူကော်ယူမ် (ဘ) ဦးရှူနာမျာ (အသက် ၄၀ နှစ်) ငှက်ချောင်းဒုက္ခသည်စခန်း
အသက်ရှင်၍ လွတ်မြောက် လာသူ (၅) ဦးကို ပေါက်တောမြို့နယ် ရဲစခန်းမှ လာရောက် ၍ခေါ်ဆောင် သွားပြီး ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။
ဌေးဇော်
RB News
29.1.2013
ဘူးသီးတောင်။ ။ ရခိုင်ပြည်နယ် ရှိဒေသခံ ရိုဟင်ဂျာ မွတ်စလင်များကို ၁၉၉၀ နှောင်းပိုင်း နစက တပ်ဖွဲ့များ ဖွဲ့စည်းသည့် အချိန်မှစ၍ မဟုတ်မမှန် အကြောင်းမျိုးစုံဖြင့် စွပ်စွဲ၍ ဖမ်းဆီး၍ငွေညှစ် လျက်ရှိသည်။ ၂၀၁၂ ခုနှစ် ဇွန်လတွင်ြ ဖစ်ပွားခဲ့သော အကြမ်းဖက်မှု စ၍ ငွေညှစ်ခြင်းများ ပိုမိုများပြား လာသည် ကိုတွေ့ရပါ သည်။
ဇန်န၀ါရီလ (၁၉) ရက်နေ့ တွင် ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာ အခြေစိုက် နစက စခန်းအမှတ် (၂၁) မှ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များကို ဖမ်းဆီးသွားပြီး တစ်ညတာ ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် နစက စခန်းမှူး ဗိုလ်ကြီးဇင်မောင်မောင်မြင့်နှင့် ဖုံညိုလိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှတင်မောင် တို့ မှ အောက်ဖော်ပြပါအတိုင်း အပြစ်မဲ့ဖမ်းဆီးခဲ့သူထံမှငွေယူ၍ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဘူးသီးတောင် မြို့နယ်မှဒေသခံရိုဟင်ဂျာတစ်ဦးမှ RB News သို့ပြောပါသည်။
(၁) ဦးမာမတ်ဖိုက်ဆဲရ် (ပေးခဲ့ရသည့်ငွေပမာဏ - ကျပ် ၂ သိန်း)
(၂) ဦးဆယာဒ်ကော်ရိမ် (ပေးခဲ့ရသည့်ငွေပမာဏ - ကျပ် ၂ သိန်း ၈ သောင်း)
(၃) ဦးနူရ်မာမတ် (ပေးခဲ့ရသည့်ငွေပမာဏ - ကျပ် ၁ သိန်း ၅ သောင်း)
(၄) မော်လ၀ီဦးကေဖါတုလ္လာ (ပေးခဲ့ရသည့်ငွေပမာဏ - ကျပ် ၂ သိန်း)
တပ်ရင်းနှစ်ခုမှမိခင်နှင့်ကလေးရန်ပုံငွေအတင်းအဓမ္မကောက်ခံ
၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ဖြစ်ပွားခဲ့ သည့်အကြမ်းဖက်မှု များနောက်ပိုင်းတွင် ရိုဟင်ဂျာ မွတ်စလင်များမှာ သွားလာရေးနှင့် ကူးသန်းရောင်းဝယ်ရေးများကို ယခင်ကထက် ပိုမို၍တင်းကျပ် ခံရပြီး၊ ၀င်ငွေလွန်စွာနည်း ပါးမှုကြောင့် ဆင်းရဲဒဏ်ကို လူးလိမ့် ခံစားနေရသည်။ ဘူးသီးတောင်မြို့နယ် အခြေစိုက် တပ်ရင်း များဖြစ် သော တပ်ရင်း ၅၅၁ နှင့် ၃၅၂ တို့မှ တပ်အတွင်း မိခင်နှင့် ကလေးရန်ပုံငွေဟုခေါင်းစဉ် တပ်၍ ဘူးသီး တောင်မြို့နယ်၊ တပ်မင်းချောင်းရွာ၊ ဦးလှဖေရွာ၊ အတွင်းငှက်သေရွာ ၊ လေးမြို့ရွာရှိ ရိုဟင်ဂျာ အိမ်များ ကို တစ်အိမ်လျှင် ၅၀၀ ကျပ်မပေးမနေရ ဆိုပြီး ကောက်ခံလျက် ရှိကြောင်း သိရပါသည်။
ထို့အပြင် အဆိုပါ တပ်ရင်းနှစ်ခုမှ နေ့စဉ် ရိုဟင်ဂျာ မွတ်စလင် ၁၀ဦးမှ၂၀ဦးအထိခေါ်ဆောင်သွားပြီးအတင်း အဓမ္မစေခိုင်းမှု များနေ့စဉ် ရက်ဆက်ပြုလုပ်ရှိသည်။
“ကျွန်တော်တို့ ရွာတွေထဲက နေ့တိုင်း ၁၀ ယောက်ကနေ ၂၀ ယောက်ထိခေါ် သွားနေတယ်။ တနေကုန် အလုပ် ခိုင်းပြီးပိုက်ဆံလည်း မပေးဘူး။ အစိုးရ ကပြောတေြာ့ မန်မာနိုင်ငံမှာ အတင်းအဓမ္မစေခိုင်း မှုမရှိစေ ရဘူးဆိုပြီး နိုင်ငံတကာ အလုပ်သမားအဖွဲ့ကို ကတိပေး ထားတယ်ပြောတယ်။ ဥပဒေက တစ်နိုင်ငံလုံး တစ်မျိုး၊ ရိုဟင်ဂျာတွေ အတွက် တစ်မျိုးဖြစ်နေတယ်။ ကျွန်တော်တို့မှာ တိုင်စရာ ဘယ်သူမှမရှိဘူး။ တိုင် ရင်တိုင်တဲ့ သူကိုပြန် ဖမ်းတယ်။ ငွေညှစ်တယ်။ ကျွန်တော် တို့ရဲ့ ဘ၀က အမိုးပွင့်ထောင် ထဲကဘ၀ပါ။” ဟု ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာ တစ်ဦးက RB News သို့ပြောပါသည်။
![]() |
ကျင်းထဲရှိအလောင်းများပုံ |
မောင်မောင်
RB News
29.1.2013
မြေပုံ ။ ။ ရခိုင်ပြည်နယ် တွင်အောက်တိုဘာလ အတွင်းအကြမ်းဖက်မှု၌ ရိုဟင်ဂျာနှင့်ကမန် မွတ်စလင် များ အ စု လိုက်အပြုံ လိုက်သတ်ဖြတ် ခံခဲ့ရသည်။ အသတ်ခံခဲ့ရသူများကို ကျင်းများ ထဲ၌ အစုလိုက် အပြုံ လိုက်မြှပ်နှံ ခဲ့သည်။ လွန်ခဲ့သည့်ရက်ပိုင်း တွင်မြေပုံမြို့နယ်တွင် အလောင်းများမြှပ်နှံ ထားခဲ့သောကျင်း အချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုကျင်းများ မှာတောင်ပေါ် ရပ်ကွက်နှင့် အလှမ်းဝေးသောတောင်ခြေ တွင်ရှိပြီး၊ ကျင်း ၅ ကျင်းကို တူးဖော် နိုင်ခဲ့သည်။ ပထမကျင်းတွင် အလောင်း ၅ လောင်း၊ ဒုတိယ ကျင်းတွင် ၃ လောင်းနှင့် ကျန်သည့် ကျင်း ၃ ကျင်း တွင် တစ်လောင်းစီ ကိုတွေ့ရှိခဲ့သည်။
ပထမကျင်း တွင်တွေ့ရှိခဲ့သော အလောင်းများမှာ အမျိုးသား (၅) ဦး၏ အလောင်း များဖြစ်ပြီး၊ အမည်များ မှာ -
(၁) ဦးဘော်ဒီမျာ (ဘ) ဦးဂူသ်ဖန်
(၂) ဦးလေရာယာ (ဘ) ဦးဘော်ဒီမျာ
(၃) ဦးမိုဟာမတ်ဆူတွန် (ဘ) ဦးဟာဖီဇ်အဟမတ်
(၄) ဦးမောင်လှ (ဘ) ဦးဂျော်ရာမွတ်
(၅) ဦးနော်ဇီရာမတ် (ဘ) ဦးအဒူရာမန် - တို့ဖြစ်သည်။
ဒုတိယကျင်းတွင် အမျိုးသမီး (၃) ဦး၏အလောင်းများဖြစ်သည်။ အမည်များမှာ -
(၁) ဒေါ်ဆော်မာခါတူ (ဘ) ဦးကာဆိမ်း
(၂) ဒေါ်ဟိုက်ရေနီဆာ (ဘ) ဦးဘော်ဒီမျာ
(၃) ဒေါ်ဟူစူမ်ဘီ (ဘ) ဦးဘော်ဒီမျာ - တို့ဖြစ်သည်။
ကျန်သည့်ကျင်း (၃) ကျင်းတွင် တစ်လောင်း စီမြှပ်နှံ ထားခြင်းဖြစ်သည်။ အမည်များမှာ -
(၁) ဦးကာဆိမ်း (ဘ) ဦးအာဘော်ရ်
(၂) ဒေါ်ချင်းမ (ဘ) ဦးအာဘော်ရ်
(၃) ဦးဖူတီယာ (ဘ) ဦးဘာဆဲရ် - တို့ဖြစ်သည်။
ထိုသူများ အားလုံးမှာ အသတ်ခံရခြင်းဖြစ်ပြီး၊ ၀တ်ဆင်ထားသော အ၀တ်အစားများဖြင့် သာမြှပ်နှံ ထား ခြင်းဖြစ်သည်။ ထိုအလောင်းများကို ရှာဖွေတွေ့ရှိပြီးနောက် သက်ဆိုင်ရာသို့ အကြောင်းကြား ခဲ့ကြောင်း သိရပါသည်။
ဌေးလွင်ဦး
RB News
29.1.2013
အခု ရခိုင်နယ်လို့ ခေါ်တဲ့ အရပ်ဒေသကို အိန္ဒိယ သမိုင်းမှာ ရက္ခဆ လို့ခေါ်တွင်ခဲ့တယ်။ အကြောင်းက အဲ့ဒီက native လူမျိုးဟာ အသားရောင်မဲတယ်၊ နှခမ်းလုံးတယ်၊ မျက်ခုံးထူတယ်၊ နှဖူးမောက်တယ်- စတဲ့ သူတို့ရဲ့ ရုပ်ရည်ကြောင့် သူတို့ကို ရက္ခဆ လို့ ခေါ်တွင်ခဲ့ခြင်း ဖြစ်ပြီး- သူတို့ရဲ့ အကျင့်ဓလေ့ကြောင့် ခေါ်တွင် ခဲ့ခြင်း မဟုတ်ပါ။
ဒါပေမယ့်- အဲ့ဒီဒေသရဲ့ မူလဘူတ လူမျိုးတွေက သူတို့ကို သူတို့ “ရိုဟင်ဂျာ”လို့ပဲ ခံယူခဲ့တယ်။ သူတို့ တိုင်းပြည် ကို “မဟာရိုဟင်ဂဒေသ”လို့ပဲ ပြောဆိုခဲ့တယ်။ ဒါကြောင့် ဒီဒေသကို တိုက်ခိုက် သိမ်းပိုက်ခဲ့ တဲ့ ရှေ့ဗမာမင်းများ က အဲ့ဒီဒေသကို အိန္ဒိယတို့ ခေါ်သလို ရက္ခဒေသ လို့ ခေါ်သလို အဲ့ဒီဒေသက လူတွေ ခေါ် ဆိုသလို “မဟာ ၀ိဟိက”လို့လည်း ခေါ်ဆို ခဲ့ကြောင်း သမိုင်းမှာ မှတ်တမ်း ရှိနေတယ်။ မဟာ ရိုဟင်ဂျာ ဆိုတဲ့ အမည်က မဟာဝိဟိက လို့ ပြောင်းလဲနေခြင်းဟာ စာပေအပြောင်းအလဲနဲ့ အသံ ထွက် အပြောင်း အလဲကြောင့်သာ အသံ အနည်း တိမ်းပါး သွားခြင်း ဖြစ်ပါတယ်။
မူရင်း နာဂရီ (ရှေးဟောင်းဘင်္ဂလီ) အက္ခရာနဲ့ မြန်မာစာကို ပြောင်းလည်းတဲ့အခါ- များစွာသော ရ၊ ဟ၊ ၀ အသံ များ ပြောင်းလဲသလို၊ ဆ- သ အသံများလည်း အကြီးအကျယ် အပြောင်းအလည်းတွေ ရှိနေကြောင်း အထူးရှင်းပြရန် လိုမည် မဟုတ်ပါ။
မြန်မာမင်းများမှတ်တမ်းဖြစ်တဲ့ ၀ိဟိက- ဆိုတဲ့ အသံထွက်ကို ရိုဟင်ဂ မှ အပ အနီးစပ်ဆုံး ကောက်ယူဘို့ အခြား ရခိုင်မှ လူမျိုးများ၊ ဒေသများ၊ မြစ်များ၏ အမည်နာမ မရှိပါ။ ရခိုင် ကိုလည်း ၀ိဟိက လို့ ကောက် ယူလို့ မရသလို၊ မာရ်မာကီး၊ ချင်း၊ သက်၊ ဒိုင်းနက်၊ မြို- စတဲ့ လူမျိုးများနဲ့ ၀ိဟိက ဆိုတဲ့ စကား လုံး နီးစပ်အောင် စဉ်းစားလို့ မရနိုင်တော့ပါ။
ရခိုင်ရဲ့ ရှေးဟောင်း လူမျိုး- “ရိုဟင်ဂျာ”ဟာ အိန္ဒိယ တိုင်းသားများ ခေါ်သကဲ့သို့ သူတို့ကိုယ် သူတို့ “ရက္ခဆ” လို့ မခံယူကြောင်းနဲ့ အိန္ဒိအခေါ်ကို လိုက်ပြီး ဗမာများက မွန်သထုံဘက်မှ မူလဘူတ အသားမဲသည့် လူမျိုးကဲ့သို့ “ရက္ခ” များ ဖြစ်သည် ဟူသော အခေါ်ကို လက်မခံဘဲ မိမိတို့၏ ဒေသသည် “အရက္ခဒေဆ” သာ ဖြစ်သည်ဟု မှတ်တမ်းတင် ခဲ့ကြောင့်- ရက္ခပူရ ဘယ်မှာလဲ ခေါင်းစီးမှာ ကျွန်ုပ် ရှင်းခဲ့ ပါပြီ။ မူလဘူတ “မဟာရိုဟင်ဂဒေသ”က လူမျိုးများဟာ ပါဠိဘာသာ စကားကို ပြောဆိုခဲ့ပြီး- သူတို့ရဲ့ စကား လုံးများက အငြင်း စကားလုံးကို “အ” “န” ရှေ့တွဲပြီး သုံးနှံးပြော ဆိုပါတယ်။- ဥပမာ- မင်္ဂလာ ရဲ့ ဆန့်ကျင် ဘက် အမင်္ဂ လာ ၊ ကုသိုလ်ရဲ့ ဆန့်ကျင်ဘက် အကုသိုလ်-၊ ဆိုတာ မျိုးပါ။ အလားတူပဲ “အရက္ခဒေဆ” ဆို တာ “ရက္ခဒေ ဆ” ရဲ့ ဆန့်ကျင်ဘက် စကားလုံး၊ အငြင်း စကားလုံး ဖြစ်ပါတယ်။ တနည်းအားဖြင့် သူတို့ မှာ နိုင်ငံခြား (အိန္ဒိယပြည်နဲ့၊ ဗမာပြည်)သားများ ထင်မှတ် သကဲ့သို့ အရိုင်းများ မဟုတ်၊ ယဉ်ကျေးမှုနဲ့ စည်းကမ်းနဲ့ ရှိပြီး လူမျိုးလို့ ခံယူခြင်းလည်း ဖြစ်ပါတယ်။ (ကျောက်စာ အရ အသံထွက်အမှန်က “အရက္ခဒေဆ” ဖြစ်ပါတယ်။ “အရက္ခဒေသ” ဆိုတဲ့ သ အသံထွက် မဟုတ်ပါ။)
မဟာဝိဟိကဒေသ-ကို နောက်ပိုင်းမှ ၀င်လာသူများက၊ သူတို့ရဲ့ ပြင်ပကအစွဲ ဖြစ်တဲ့ ရက္ခ ဆိုတဲ့ အမည် ကို သာ ခံယူပါတယ်။ အဲ့ဒီ အစွဲဟာ ပြင်ပက သယ်လာတဲ့ အစွဲသာ ဖြစ်ပါတယ်။ ဒါပေ မယ့် နောက်ဝင် လာသူများက များပြားလာပြီး ဒေသတစ်ခုရဲ့ အချုပ် အခြာအာဏာကို ပိုင်ဆိုင်လာတဲ့အခါမှာ သူတို့ရဲ့ အစွဲကို သူတို့သမိုင်း အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
သမိုင်းကို ဖျောက်ဖျက်ခြင်းဟာ နှစ်ကာလကြာလာတဲ့အခါမှာ ဟိုးရှေးပဝေဏသီက သမိုင်းဟောင်း ပျောက် သွားနိုင်ပေမယ့်-၊ သမိုင်းဖျောက်စမှာတော့ ချက်ချင်း ၀ုန်းဒိုင်း ဖျောက်ဖျက်နိုင်ခြင်း မရှိပါ။ ဥပမာ အားဖြင့်- ၁၉၉၀ ခုနှစ်ထိ မြန်မာနိုင်ငံရဲ့ မြေပုံမှာ ရခိုင်ကမ်းရိုးတန်းဒေကို Arakan လို့ ရေးသားခဲ့ပေမယ့်၊ ၁၉၉၀ နောက် ပိုင်းမှာ Rakhine လို့ ပြောင်းခဲ့ပါတယ်။ သမိုင်းကဖျောက်မှု ပူနွေးနေသေးတော့- အခုအချိန်ထိ ရှေ့မှီနောက်မှီ လူများက Rakhine သည် Arakan ဖြစ်ကြောင်း သိနေဆဲပါ။ Myanmar ကို Burma ဖြစ်ကြောင်း သိနေဆဲပါ။ အလားတူပဲ--၊ ရှေးမြန်မာမင်းများက ရခိုင်ကိုသိမ်းပိုက်ပြီး မဟာမြတ် မုနိဆင်းတုကြီးအား ပင့်ဆောင်သွားသော မှတ်တမ်း၌ “သားတော် မဟာဥပရာဇာ လည်း နှစ်ရာ့နှစ် ကျိပ်လေးယောက် သော မင်းတို့သည်- နှစ်ပေါင်း ငါးထောင့် သုံးရာ့ နှစ်ဆယ့်ခြောက်တိုင်တိုင် မင်းအဖြစ်ဖြင့် စိုးအုပ် တည်ထောင်သော မဟာဝိဟိကတိုင်း ရခိုင် ပြည်နယ် အလုံးကို သိမ်းယူတော် မူခဲ့ပြီးလျှင်-----” ရယ်လို့ မှတ်တမ်းတင်ခဲ့ပါတယ်။ (ကျက်သရေဆောင် ရွှေစလွယ်ရ ၀န်ထောက်မင်း၊ ဦးမောင်မောင်တင် (၁) K.S.M.,A.T.M ရေး- ကုန်းဘောင်ဆက် မဟာ ရာဇ၀င် ကြီး ဒုတိယတွဲ စာမျက်နှာ ၃၁)
အခုခေတ် အခုကမ္ဘာကြီးမှာ သမိုင်းဟာ ဖျက်တိုင်း မပျက်တော့ပါ။ ပျောက်ကွယ်သွားရတဲ့ လူမျိုးတွေ ၊ နေ ရာ ဒေသတွေ၊တိုက်တာအဆောက်အဦးတွေ၊ပန်းချီကားချပ်တွေကိုတောင်လိုက်လံတူးဖေါ်ရှာဖွေနေတဲ့ ခေတ် ကာလကြီးကို ရောက်လာနေပါပြီ။-
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှုတာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု
![]() |
သေနတ်ဖြင့်ပစ်သတ်ခံရသူအား ဆေးရုံရင်ခွဲရုံမှခွဲစိတ်ပြီးနောက်တွေ့ရစဉ် |
M.S. Anwar
RB News
28.1.2013
မောင်တော ။ ။ ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် မောင်တောမြို့နယ်တောင်ပိုင်း၊ ဘဂုံးနားရွာမှ ဆင်းရဲ နွမ်းပါးသော ရိုဟင်ဂျာ လယ်သမား တစ်ဦးအား စစ်တပ်နှင့် ရခိုင်အကြမ်းဖက်များ ပူးပေါင်း၍ ပစ်သတ် လိုက်သည်။ ရခိုင်အကြမ်းဖက် သမားများမှာ ဘဂုံးနားရွာ အနီးရှိ ကန်သာယာကျေးရွာ မှဖြစ်ပြီး၊ စစ်သား များမှာလည်း ကန်သာယာကျေးရွာတွင် အခြေစိုက်သော စခန်းမှဖြစ်သည်။ အဆိုပါ စစ်တပ် စခန်းသည် မောင်တောမြို့တောင်ပိုင်းရှိ ခရမြိုင် စစ်တပ်စခန်းမှ ဗိုလ်မှူး ရဲဝင်းအောင်၏ ကြီးကြပ် မှုအောက်တွင်ရှိ သော စခန်းဖြစ်သည်။
“ရဖိခ် (ဘ) ဦးအဒူမဂျီဒ် (အသက် ၂၅ နှစ်) ကဆင်းရဲတဲ့ ရိုဟင်ဂျာ လယ်သမား တစ်ယောက်ပါ။ သူ့ရဲ့ နွားတွေကို သူ့ရဲ့ ရွာမှာ ဘဲကျောင်းနေတာ။ နွားကျောင်းနေတဲ့ အချိန် စစ်သား ၄ ယောက်နဲ့ ရခိုင် အကြမ်း ဖက်သမား ၄ ယောက်က ကန်သာယာရွာ ဘက်ကနေလာပြီး သူ့ရဲ့နွားကို လုဖို့ ကြိုးစား ကြတယ်။ အဲဒီမှာ သူ့ရဲ့နွားနဲ့ ထွက်ပြေးဖို့ ကြိုးစားတဲ့ အချိန်မှာ စစ်သားတွေကသေနတ်နဲ့ ပစ်လိုက်တယ်။ ကျည်ဆံ ၄ တောင့်ထိ သွားတယ်။
အဲဒီ ရခိုင် အကြမ်းဖက်သမား ၄ ယောက်က ဖိုးသားထွေး၊ မောင်မောင်၊ မီဒိုနဲ့ စောမောင် တို့ပါ။ ပထမ ၃ ယောက်က ကန်သာယာရွာက၊ စောမောင် ကတော့ ခရေမြိုင်ကပါ။ ကန်သာယာရွာ ကတော့ ၁၉၇၀ ၀န်းကျင်မှာ ဗိုလ်ချုပ်ကြီးနေ၀င်း ဟိုဘက်ကမ်း ကခေါ်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကရခိုင်တွေနေ တဲ့ ရွာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာ နစကတွေက ဘဂုံးနားရွာမှာလူဦးရေ စာရင်းကောက်နေတယ်။ ဒါကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက တစ်နှစ် ကိုနှစ်ကြိမ် လုပ်နေကျပါ။ ဒါပေမယ့် ကွန်ပျူတာနဲ့ လက်ဗွေယူတာတော့မပါ ခဲ့ဘူး။ အဲဒီတော့ အခင်းဖြစ်စဉ်ကို ရွာသားတွေက နစကကို အကြောင်းကြားတော့ နစကနယ်မြေ (၇) လက်အောက်ခံ မကြီးချောင်းစခန်းက ဗိုလ်ကြီးမျိုးထိုက်အောင် ကိုယ်တိုင် အခင်းဖြစ်တဲ့နေရာကို လိုက် သွားတယ်။
အဲဒီမှာ နစကက သေနတ်နဲ့ပစ်ခံ ရတဲ့သူကိုဖျောက်ပစ် ဖို့မပေးတော့ နစကနဲ့စစ်တပ်နဲ့ အခြေအတင်ဖြစ် ကြတယ်။ နောက်တော့ ကျည်ဆံလေးတောင့်ထိ ထားတဲ့သူကို မောင်တောဆေးရုံကို ပို့လိုက်တယ်။ အတူ လိုက်သွား တဲ့သူတွေပြောတာ အရဆိုရင် ဆေးရုံရောက်ပြီး ရခိုင် ဆရာဝန်တွေ ကဆေးထိုးလိုက် တာနဲ့သေဆုံး သွားတယ်။ အဲဒီတော့အားလုံးကို အဲဒီဆရာဝန်တွေဆေးထိုး သတ်လိုက်တယ်လို့ သံသယ ဖြစ်နေကြတယ်။ အလောင်းကို ခွဲစိတ်ပြီးတော့ပြန်ပေး လိုက်တယ်” ဟုဘဂုံးနားရွာ အနီးမှဒေသခံ ရိုဟင်ဂျာ တစ်ဦး မှပြောပါသည်။
ရခိုင်ပြည်နယ်သည် ရိုဟင်ဂျာနှင့် ကမန်လူမျိုး အတွက် အသံတိတ် လူသတ်ခံရသည့်နေရာ တစ်နေ ရာဖြစ် နေပြီး၊ လူမျိုးတုန်း သတ်ဖြတ်မှုကိုအေးဆေးစွာပြု လုပ်နေလျက် ရှိသည်။ မြန်မာ အစိုးရနှင့် ရခိုင် အစွန်း ရောက်များမှ ဆက်လက်၍ လိမ်မြဲ လိမ်နေပြီး ငြင်းဆိုလျက်ရှိနေ ဦးမည်ဖြစ်သည်။ ကုလသမဂ္ဂ မှနိုင်ငံ တကာငြိမ်းချမ်းရေး တပ်ဖွဲ့များ ရှိနေမှသာ လူမျိုးတုန်း သတ်ဖြတ်မှုကို ရပ်တန့်နိုင် မည်ဖြစ်ပါသည်။ ယခုအချိန် သည် ရိုဟင်ဂျာ လူမျိုးခေါင်းဆောင် များအတွက် လူမျိုးရေး၊ ဘာသာရေး အရ စနစ် တကျဖိနှိပ် သတ်ဖြတ် မှုကိုထိထိရောက်ရောက် ရပ်တန့်ပေးနိုင်ရန်အတွက် အပြင်း ထန်ဆုံး လုပ်ဆောင်ပေး မည့် အချိန် လည်းဖြစ် သည်။
နောက်ဆုံးရသတင်း
ယနေ့ည ၁၀ နာရီခန့်တွင် မောင်တောမြို့နယ်၊ မြို့သူကြီးကျေးရွာ အုပ်စု၊ သောင်းပိုင်ည ရွာမှ ရိုဟင်ဂျာ မွတ်စလင် ၏နေအိမ်တစ်အိမ်အား နတလရွာမှ နတလ ရခိုင်ရွာသားများမှ မီးရှို့ခဲ့သည်။ ရွာများမှ ၀ိုင်းဝန်း၍ မီးငြိမ်းသတ်ရန်ကြိုးစားခဲ့သော်လည်း စစ်တပ်မှ ပစ်ခတ်မှုကြောင့် မီးငြိမ်းသတ်၍ မရခဲ့ကြောင်း သတင်းရရှိပါ သည်။
ထပ်မံဖြည့်စွက်သတင်း
မောင်တောမြို့မှနောက်ဆုံးရ သတင်းအရ သောင်းပိုင် ညရွာတွင် မီးရှို့ ခံရသည့် အိမ်မှာ ရိုဟင်ဂျာနေအိမ် မဟုတ်ဘဲ ဂေါက်ကွင်း တွင်ဂေါက် ကစားသူများ နားနေသည့် အဆောင်ဖြစ်ကြောင်း သိရပါသည်။ မီးရှို့ သူများ မှာ နတလ ရခိုင်အကြမ်းဖက် သမားများဖြစ်ပြီး၊ အစိုးရမှ တဆင့် ရိုဟင်ဂျာများ အပေါ် အကြမ်းဖက် မှုများ ပိုမိုပြု လုပ်ရန် ရည်ရွယ်၍ပြု လုပ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အပြစ်မဲ့သော ရွာသား ရိုဟင်ဂျာများ သည်အစုလိုက်အပြုံ လိုက်ဖမ်းဆီးမည်ကို အလွန်တရာ စိုးရိမ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
နောက်ဆုံးရသတင်း
ယနေ့ည ၁၀ နာရီခန့်တွင် မောင်တောမြို့နယ်၊ မြို့သူကြီးကျေးရွာ အုပ်စု၊ သောင်းပိုင်ည ရွာမှ ရိုဟင်ဂျာ မွတ်စလင် ၏နေအိမ်တစ်အိမ်အား နတလရွာမှ နတလ ရခိုင်ရွာသားများမှ မီးရှို့ခဲ့သည်။ ရွာများမှ ၀ိုင်းဝန်း၍ မီးငြိမ်းသတ်ရန်ကြိုးစားခဲ့သော်လည်း စစ်တပ်မှ ပစ်ခတ်မှုကြောင့် မီးငြိမ်းသတ်၍ မရခဲ့ကြောင်း သတင်းရရှိပါ သည်။
ထပ်မံဖြည့်စွက်သတင်း
မောင်တောမြို့မှနောက်ဆုံးရ သတင်းအရ သောင်းပိုင် ညရွာတွင် မီးရှို့ ခံရသည့် အိမ်မှာ ရိုဟင်ဂျာနေအိမ် မဟုတ်ဘဲ ဂေါက်ကွင်း တွင်ဂေါက် ကစားသူများ နားနေသည့် အဆောင်ဖြစ်ကြောင်း သိရပါသည်။ မီးရှို့ သူများ မှာ နတလ ရခိုင်အကြမ်းဖက် သမားများဖြစ်ပြီး၊ အစိုးရမှ တဆင့် ရိုဟင်ဂျာများ အပေါ် အကြမ်းဖက် မှုများ ပိုမိုပြု လုပ်ရန် ရည်ရွယ်၍ပြု လုပ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အပြစ်မဲ့သော ရွာသား ရိုဟင်ဂျာများ သည်အစုလိုက်အပြုံ လိုက်ဖမ်းဆီးမည်ကို အလွန်တရာ စိုးရိမ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
မောင်ဘို
RB News
27.1.2013
မောင်တော ။ ။ မောင်တောမြို့နယ် အ၀န်းရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း များတွင် မြို့နယ်အုပ် ချုပ်ရေးမှူးရုံး၏ ခွင့်ပြုချက်မရရှိဘဲ စာသင်ခွင့်မပြုရန်နှင့် အစ္စလာမ် ဘာသာရေး ဆရာများနှင့် ဗလီဝတ် ကျောင်းတော်များ၏ တာဝန်ခံများ ကို ၀န်ခံလက်မှတ် ထိုးခိုင်း ရန် မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဇန်န၀ါရီလ (၂၄) ရက်နေ့တွင်ကြေညာချက် တစ်စောင် ထုတ်ပြန်၍ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ညွန်ကြား ခဲ့ကြောင်းသိရသည်။
အဆိုပါကြေညာ ချက်တွင် “မောင်တောမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုအတွင်းရှိ ဗလီ/အာရ် ဗီစာ သင် ကျောင်းများ အားခွင့်ပြုချက် မရရှိဘဲ စာသင်ကြားမှု မရှိစေရေး အတွက် ဗလီ/အာရ်ဗီကျောင်း ဆရာနှင့် တာဝန်ခံ များအား ဂတိခံဝန်ချက် လက်မှတ်ရေးထိုး ရယူပြီး ဤရုံးသို့ အမြန်ပြုလုပ် တင်ပြသွားရန် အကြောင်းကြားပါသည်” ဟုရေး သားထားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းမှ လက်မှတ်ရေး ထိုး ထား သည်။
ကြေညာချက်အပြည့်အစုံကိုအောက်တွင်ဖော်ပြထားသည်။
Qutub Shah
RB News
27.1.2013
မောင်တော ။ ။ လွန်ခဲ့သည့်နှစ်လကျော်မှ စ၍ မြန်မာအစိုးရသည် ရိုဟင်ဂျာများအား “ဘင်္ဂလီ” လူမျိုး ဟု အတင်း အဓမ္မမှတ်တမ်း တင်လျက်ရှိသည်။ သို့သော်လည်း ရိုဟင်ဂျာ များမှ လက်မှတ်ထိုး ရန်ငြင်း ဆို သောကြောင့် အဆိုပါ စီမံကိန်း မှာအောင်မြင်မှု နည်းပါးနေသည်။ ထို့ကြောင့် ရိုဟင်ဂျာများအား ဖမ်း ဆီး ခြင်း၊ ညှင်းပန်းနှိပ် စက်အနိုင်ကျင့်ခြင်း၊ ပိုင်ဆိုင်မှုများကို ပယ်ဖျက်ခြင်း၊ အိမ်ထောင်စု စာရင်းများ ကိုဖျက် သိမ်းခြင်းနှင့် ယာယီ မှတ်ပုံတင် ကဒ်ပြားများကို ဖျက်သိမ်းခြင်း များပြုလုပ်လျက်ရှိသည်။
အစိုးရ၏ စီမံကိန်းကို ခဏတာရပ်တန့် ခဲ့ပြီးနောက်၊ ယခုအခါ လက်မှတ် မထိုးဘဲနေခဲ့ သူများကို လူမဆန် စွာညှင်း ပန်းနှိပ်စက်၍ လက်မှတ်ထိုး ရန်ပြုလုပ် လျက်ရှိသည်။ ဇန်န၀ါရီလ(၂၅) ရက်နေ့ တွင် မောင် တော မြို့နယ် ကူး နီယား ဟာ လီ (လိပ်ရ) ကျေးရွာ အခြေစိုက် နစကနယ်မြေ (၄) မှ နယ်မြေ မှူး ဦးအောင်မျိုးဇော်ဌေးမှ လက်မှတ် မထိုးခဲ့သော ရိုဟင်ဂျာမိသားစု ၆၄ စုကို နယ်မြေစခန်းသို့ ဆင့်ခေါ် ခဲ့သည်။ စခန်းသို့ရောက် သည်နှင့် အမျိုးသမီးများကို စခန်းဝင်းအတွင်း တနေ ကုန် ပတ်ပြေးစေခဲ့ပြီး၊ အမျိုး သားများကို လူမဆန် စွာရိုက်နှက်ခဲ့ကြောင်း သိရသည်။ အသက်ကြီးသူများ၊ ကိုယ်ဝန်ဆောင်များ၊ လူမ မယ် အရွယ်များ၊ မသန်မစွမ်းသူများနှင့်နို့ တိုက်ကျွေးနေသော မိခင်များကိုပင် ထိုကဲ့သို့ အပြစ်ပေး ခဲ့ ကြောင်း သိရပါသည်။
ညနေပိုင်းတွင် ဆင့်ခေါ်ခံ ရသူများကိုပြန် လည်လွှတ်ပေး လိုက်သော်လည်း၊ မော်လ၀ီ ဦးဆယာဒ်အလမ် (ဘ) ဦးအမီးရ်ဟမ်ဇာ (အသက် ၄၂ နှစ်) အား နစကတပ်ဖွဲ့ဝင် ၆ ဦးမှ လက်ထိပ်ခတ် ၍ခေါ်ဆောင် သွားခဲ့သည်။ ထို့အပြင် ကူးနီယားဟာလီ အစ္စလာမ် ဘာသာရေးကျောင်း မှကျောင်းအုပ်ကြီး မော်လ၀ီ ဦးဟာရှင်ကိုလည်း ရွာသူရွာသားများအား လက်မှတ်မထိုးရန် စည်းရုံးခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ ၍ဖမ်းဆီး သွားကြောင်း သတင်း ရရှိပါသည်။
အဆိုပါမိသားစု ၆၄ စုအား လူဦးရေ စာရင်းကောက်ခံရာတွင် ထည့်သွင်းတော့မည် မဟုတ်ကြောင်းနှင့် နှစ် စဉ်နှစ်ကြိမ်လူဦးရေကောက်ခံခြင်းစာရင်းမှလည်းပယ်ဖျက်လိုက်ပြီဖြစ်ကြောင်းသတင်းရရှိပါသည်။
သီဟ
RB News
27.1.2013
ယခုတလောတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့်မောင်တောမြိ့နယ် များ၌ ဒေသန္တရ အမိန့်အရ ဆိုပြီး ရိုဟင်ဂျာ လူမျိုးများ အပေါ် “ဆွဲတင်စစ်” ဆိုသော စစ်ဆင်ရေး တစ်ခုကိုပြု လုပ်လျက် ရှိကြောင်း သတင်း ရရှိ သည်။ ဤသို့ စစ်ဆင်ရေး ပုံစံစစ်ဆေးမှုမျိုးကိုမြန်မာနိုင်ငံ၏ အခြားမည်သည့်ဒေသ၊ မည်သည့် လူမျိုးအပေါ် တွင်မျှပြု လုပ်ခြင်းမရှိဘဲ ရိုဟင်ဂျာ လူမျိုးများအပေါ်တွင်သာနှစ် စဉ်ပြုလုပ်နေကြောင်း၊ စစ်ဆေးရေး ဆိုပြီး လုပ်ရာတွင် ရိုဟင်ဂျာများအားစော်ကား ရုံမျှမက ရိုဟင်ဂျာများထံ မှငွေကျပ် သန်းပေါင်းများ စွာကိုလည်းမ တရားကောက်ခံရ ယူနေကြောင်း သိရှိရသည်။
ယခင် အဂတိလိုက်စားမှု ဘုရင်နစက ကွပ်ကဲရေးမှူးဟောင်း ဗိုလ်မှူးကြီးအောင်ကြီးထောင်ကျ သွားပြီးေ နာက် ယခု အသစ်ရောက်ရှိလာသော ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦးက ယခုနှစ် တွင်ခေါင်းစဉ် အမျိုးမျိုး ဖြင့်ငွေကောက် ခံခြင်း မပြုရန်၊ မိသားစု ဓာတ်ပုံရိုက် မှတ်တမ်းတင်ခ အနေဖြင့်ငွေကျပ် (၉၀၀) သာကောက်ခံ ရန်နှင့်စာရင်းမှတ်တမ်း ယူရန်သာ ညွှန်ကြားခဲ့ကြောင်း သိရှိရသော်လည်း လက်အောက် ငယ်သားတပ်ဖွဲ့ဝင် များကမူကွပ်ကဲရေးမှူး၏ အမိန့်ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လက်ဝါး ချင်းရိုက်၍ အမျိုးမျိုးခြိမ်းခြောက်ကာခေါင်းစဉ်အမျိုးမျိုးဖြင့် မတ ရားငွေကြေးများ စွာကောက်ခံလျက် ရှိကြောင်းသတင်းရရှိပါသည်။
“စာရင်း သက်သက်ကောက်ရင်တော့ ကိစ္စမရှိ ဘူးပေါ့ဗျာ။ အစိုးရက သူ့လိုအပ်ချက်အရ စာရင်း မှတ်တမ်းပြု စုတယ်ဆိုရင် သူ့အသုံးစရိတ်နှင့် သူလုပ်ပေါ့။ အခုတော့ ဒီလိုမဟုတ် ဘူး။ စာရင်း လိုတာကသူတို့၊ စရိတ်အပြင် ငွေညှစ်ခံရတာ၊ အစော်ကားခံရတာက ကျနော် တို့ဖြစ်နေတယ်။ ဒီဓာတ် ပုံတွေ ကို ကျနော်တို့လို ချင်လို့ရိုက် ပေးပါဆိုပြီး ရိုက်ခိုင်းတာမှ မဟုတ်တာ။ သူတို့မှာ လိုအပ်လို့ လာရိုက် တာ ကျနော်တို့ ဘာကြောင့်ပိုက်ဆံပေးရ မှာလဲ၊ ဘာကြောင့် အခကြေးငွေ အမျိုးမျိုးပေးရမှာလဲ၊ ကွပ်ကဲရေးမှူးက ဘာဘဲပြောပြော အောက်က နယ်မြေ မှူးတွေ၊ စခန်းမှုးတွေ၊ တပ်ဖွဲ့ဝင်တွေက ဂရုမ စိုက်ပါဘူး။ ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုသလိုပါဘဲ၊ အမျိုးမျိုးးခြိမ်းေ ခြောက်ပြီးအခကြေး ငွေမျိုး စုံကောက် နေလျက်ပါဘဲ။ စော်ကားမြဲစော်ကား လျက်ပါဘဲ၊ ဒီလူတွေ ရဲ့လုပ်ရပ်တွေ ကိုကြည့်ရတာ လူစိတ်မရှိ သလိုပါဘဲ”ဟုငွေ အမြောက် အမြားလည်း အညှစ်ခံရ၊ အစော်ကား လည်းခံရသူဦးကာဒီရ်က RB News သို့ပြောပြသည်။
နစက တစ်ဖွဲ့နှင့် တစ်ဖွဲ့ငွေ ညှစ်ပုံချင်း မတူညီ သော်လည်း ဘူးသီးတောင်မြိ့ နယ်လေးမြို့ကျေးရွာ အခြေစိုက် အမှတ် (၂၁) နစက စခန်းနှင့် ညောင်ချောင်း အခြေစိုက် အမှတ်(၂၆)နစကစခန်း တို့က အောက်ပါ အတိုင်း အဓမ္မငွေ ကောက် ယူနေ ကြောင်းသိရှိရသည်။
၁။ မိသားစု ဓာတ်ပုံရိုက် မှတ်တမ်းတင်ခ-၂၀၀၀ (နှစ်ထောင်)ကျပ်
၂။ ဘာသာရေး အဆောင် (ဗလီ၊မဒရစာ) တစ်ဆောင်ကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ခ - ၁၀၀၀၀ (တစ်သောင်း) ကျပ်
၃။ နစက အိမ်ထောင်စု စာရင်းတွင် အသစ် မွေးလာသော ကလေး တစ်ယောက်ကို စာရင်း တင်သွင်းခ (မွေးတိုး) - ၁၀၀၀၀ (တစ်သောင်း) ကျပ်
၎။ သေဆုံးသွားသူတစ်ယောက်ကိုစာရင်းမှပယ်ဖျက်ခ (သေဖြတ်) -၅၀၀၀ ကျပ်
၅။ အိမ်ထောင်စာရင်း တစ်ခုမှ တစ်ခုသို့လူ (ဥပမာ-ချွေးမ) တစ်ယောက် ကိုပြောင်းရွှေ့စာရင်းတင်သွင်းခ
(အပြောင်းအရွှေ့) - ၁၀၀၀၀ (တစ်သောင်း) ကျပ်
၆။ ခရီးလွန်နေသူ တစ်ယောက် အတွက်ပေးရငွေ (ခရီးလွန် ဟုရေးမှတ်ခ) - ၃၀၀၀၀ မှ ၄၀၀၀၀ (သုံးသောင်း မှလေးသောင်း) ကျပ်
၇။ ညှဉ်းပန်းနှိပ်စက်မှု၊ နည်းမျိုစုံဖြင့်နှင် ထုတ်ခံရမှုတို့ကြောင့် မိမိနိုင်ငံ အတွင်း မနေနိုင်ဘဲနိုင်ငံခြား တိုင်း ပြည်တစ် ခုခုသို့ ထွက်သွား ရသူကို အိမ်ထောင်စု စာရင်းမှ စာရင်းပယ်ဖျက်ခ (BD ပြေး = ဘင်္ဂလားဒေ့ရှ် ပြေးဟုရေး မှတ်ခ) - ၂၀၀၀၀ မှ ၄၀၀၀၀ (နှစ်သောင်းမှလေးသောင်း) ကျပ်
ဤသို့“ဆွဲတင်စစ်” စစ်ဆေးရေး ဆိုသည်ကို အကြောင်းပြုပြီး နစကကွပ်ကဲရေးမှူး၏ အမိန့်ညွှန်ကြား ချက်ကိုပင် မလိုက်နာဘဲ ရိုဟင်ဂျာများထံ မှနစကတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များ ပူးပေါင်း၍ မတရားခြိမ်းခြောက် ငွေညစ်ခြင်း၊ ငွေမပေးနိုင်လျှင်အစော်ကားခံရခြင်း၊ မိမိရပ်ရွာများ တွင်ရှိနေ ပါလျက် BD ပြေးဟုရေး မှတ်ခံရခြင်း၊ တရားဝင် ကလေးများကို စာရင်းတင် မပေးဘဲ Black List လုပ် ပစ်ခြင်း၊ အခြားနည်း မျိုးစုံဖြင့် ညစ်ပတ်ခြင်း များပြုလုပ်နေသဖြင့် ရိုဟင်ဂျာများ အတိ ဒုက္ခရောက်နေကြ ရကြောင်းသိရှိရသည်။
ဌေးလွင်ဦး
RB News
27.1.2013
ရခိုင်နယ် သမိုင်းကို အမှန်အတိုင်း ဖွင့်ချနေတဲ့ ကျွန်တော်အနေနဲ့- သမိုင်းကို ချန်လှပ်ထားပြီး တင်ပြခြင်း ဟာ လည်း မရိုးသားမှု အဖြစ် လက်ခံပါတယ်။
ရခိုင်နယ်ရဲ့ မူလဘူတ လူမျိုးဟာ “ရိုဟင်ဂျာ” လူမျိုးများသာ ဖြစ်ပါတယ်လို့ အတိအကျ ပြောဆိုနေတဲ့- ဒါဆိုရင် အဲ့ဒီ ရိုဟင်ဂျာ ခံယူသူတွေထဲက တစ်ချို့လူတွေဟာ သူတို့ကိုယ်သူတို့ ဘာဖြစ်လို့ ဘင်္ဂလီ လို့ ပြော ခဲ့သလဲ ဆို တဲ့ ကိစ္စပါ။ ဟုတ်ပါတယ်- တစ်ချို့သော သူများက သူတို့ကိုယ်သူတို့ ဘင်္ဂလီ လို့ ပြော ဆိုပါ တယ်။ ဒါဟာလည်း သမိုင်းမှာ ရှင်းစရာ ကိစ္စရပ်ပါ။
တစ်ကယ်တော့ ဘင်္ဂလီနဲ့ ရိုဟင်ဂျာ ဆိုတာ လုံးဝ မတူတဲ့ လူမျိုးနှစ်မျိုးသာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေဟာ ရခိုင်ဘုရင်များပိုင်မြေထဲက စစ်တကောင်းတောင်တန်းဒေသ ဒေသနေ လူမျိုးနဲ့ မျိုးနွယ်တူညီပါတယ်။ သမိုင်း အမှန်အားဖြင့် စစ်တကောင်း တောင်တန်းဒေသ ဆိုတာလည်း မြန်မာလွတ်လပ်ရေး မယူမှီထိ ရခိုင် ရဲ့နယ်မြေ တစ်ခုသာ ဖြစ်ခဲ့ပါတယ်။ ကရင်လူမျိုးအုပ်စုထဲမှာ ပိုးကရင်၊ စကောကရင် စသည်ဖြင့် ကွဲပြား သလို စစ်တကောင်းဒေသ လူမျိုးနဲ့ မေယုဒေသ လူမျိုးဟာလည်း ကွဲပြားခြားနားနေပါတယ်။ သူ တို့တွေ ဟာ ဘင်္ဂလီ လူမျိုးများ လုံးဝမဟုတ်ပါ။ ဘာသာစကား၊ ဓလေ့၊ ယဉ်ကျေးမှု၊ ချက်ပြုတ် စားသောက် ပုံက အစ မတူ ညီမှုတွေ အများကြီး ဖြစ်နေပါတယ်။
ဒီလို မတူညီတဲ့ လူမျိုးစုလေး တစ်စုက (အခု ဘင်္ဂလားဒေ့ရှ်ရဲ့ အနောက်ဖက်အခြမ်းနဲ့ အိန္ဒိယထဲမှာ ပါဝင်နေတဲ့ ဘန်ဂေါပြည်နယ်) ဘန်ဂေါနယ်ကြီးက လူတွေဟာ စစ်တကောင်း ဆိပ်ကမ်းမှာ လာရောက် လုပ်ကိုင်စား သောက်ခဲ့တယ်။ ၁၄ ရာစု ၁၅ ရောက်စုလောက်မှာ ရောက်လာတဲ့ အနောက်နိုင်ငံသားများက စစ်တကောင်း ဆိပ်ကမ်းကိုကပ်တော့- သူတို့တွေ့ဆုံတဲ့ လူများဟာ ဘင်္ဂလီများ ဖြစ်နေတယ်။ ဒီတော့ စစ်တကောင်းနယ်ကို လည်း ဘင်္ဂလီများရဲ့ နယ်လို့ မှတ်တမ်းပြုခဲ့ကြပါတယ်။ ဒါဟာ သူတို့တွေ့တဲ့ လူတစ်စုကို အခြေခံပြီး ဆုံးဖြတ် ခဲ့ခြင်းသာ ဖြစ်ခဲ့တယ်။
အဲ့ဒီ အနောက်နိုင်ငံသားတွေဟာ ရခိုင်နယ်က ဆိပ်ကမ်းတွေကို ရောက်လာတော့လည်း- သူတို့တွေ့တဲ့ မွတ် ဆလင်များကို ဘင်္ဂလီများလို့ ရေးမှတ်ခဲ့တာတွေ ရှိလာပြန်ပါတယ်။ အဲ့ဒီ ခေတ်ကာလက ရခိုင် ဘုရင် များဟာ အစဉ်အလာ ပိုင်ဆိုင်ထားလေ့ရှိတဲ့ စစ်တကောင်းနယ် အပြင် ဒက္ကား ဘင်္ဂလားနယ်ကိုပါ ရံဖန်ရံခါ သိမ်းပိုက် အုပ်ချုပ်ထားတာ ရှိပြန်တော့-၊ သူတို့ရဲ့ အုပ်ချုပ်ရေးအောက်မှာ ရှိပြီး သူတို့ကို မပုန်ကန်တဲ့ လူတွေကို ဘင်္ဂလီ ပြောပြော၊ အာရ်ကန်ဆိုဆို လူမျိုးရေး ဘာသာရေး ခွဲခြားနှိပ်ကွပ်ခဲ့တာ မရှိခဲ့ဘူး။ ဒါတွေကြောင့် အနောက်နိုင်ငံ သားများက ဘယ်လို မှတ်တမ်းတင်တင် ရိုဟင်ဂျာတွေဘက်က ထိခိုက်နစ်နာရတယ်လို့ မခံစားခဲ့ပါ၊ ဒီအတွက် လည်း တုံ့ပြန်နေစရာ ဘာမှ မလိုအပ်ခဲ့ပါ။
၁၇၈၄ က ၁၈၂၄ ခုနှစ်များ အတွင်း ဗမာများက ရခိုင်နယ်ကို ပြန်လည်ထိန်းချုပ်ဘို့ စစ်ဖြစ်တော့ ရခိုင်မှာ အကြီး အကျယ် လူသတ်ပွဲတွေ ဖြစ်ခဲ့ရတယ်။ တနည်းအားဖြင့် ရခိုင်တွေက ဗမာကို အာခံတယ် ဆိုပြီး အကြီးအကျယ် သတ်ဖြတ်ခဲ့တယ်။ ဒီအခါမှာ ရခိုင်ဘုရင်တပ်မှာ စစ်မှုထမ်းနေတဲ့ မွတ်ဆလင် စစ်သားတွေ အများကြီး သုံ့ပန်း အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံရသလို၊ ဗမာစစ်တပ်လက်က လွတ်မြောက် ဘို့ ဘေးကင်းရာ စစ်တကောင်း ဘက်ကို ထွက်ပြေးရတဲ့လူများလည်း များစွာ ရှိခဲ့ပါတယ်။ ထွက် မပြေးနိုင်တဲ့ သာမန်လက်လုပ်လက်စား လူ တန်းစား အနေနဲ့ သူတို့ဟာ ရခိုင်များ မဟုတ်ပါ။ ဘင်္ဂလီများ သာ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ရပါတယ်။ (တနည်း အားဖြင့် ဗမာများကို တိုက်ခိုက်တော်လှန်သူများ မဟုတ် ပါ- လို့ တောင်းပန်တဲ့ သဘောသာ ဖြစ်ပါတယ်။) ဒီကစ သူတို့ဟာ အကြောက် တရားအောက်မှာ မိမိရဲ့ လူမျိုး အမည်နာမ ကိုပါ ထိန်ဝှက်ထားခဲ့ ရပါတော့တယ်။- ဒီ အမည် ထိန်ဝှက်မှုဟာ ဘိုးစဉ်ဘောင်ဆက် လို ဖြစ် လာတော့-၊ အစွဲတစ်ခုလို ဖြစ်ခဲ့ရပါတယ်။
အင်္ဂလိပ် လက်အောက်ကို ဖြတ်သန်းရတဲ့ အခါမှာ အင်္ဂလိပ်က ရခိုင်နယ်ကို ဘင်္ဂလားနဲ့ တွဲအုပ်ချုပ်တော့ သူတို့ ကိုယ်သူတို့ ပြောနေတဲ့ ဘင်္ဂလီ ဆိုတဲ့ စကားလုံးက သူတို့အတွက် ထိခိုက်မှု မရှိခဲ့ပြန်တော့- အ လိုက်သင့်သာ နေခဲ့ပြန် ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးပြီ ဆိုမှ သူတို့ရဲ့ အမည်နာမကို သူတို စ တင်ဖေါ်ထုတ် ရဲလာပါတယ်။ ဒီကြားထဲမှာ ဦးနု လက်ထက်က နိုင်ငံတော် ဘာသာကို ဗုဒ္ဓဘာသာ အဖြစ် သတ်မှတ်မယ် ဆိုပြန်တော့-၊ စာပေ ဗဟုသုတနဲ့ နှစ်ပေါင်းများစွာ ပြတ်တောက်နေခဲ့ရတဲ့ သာမန် လူ သားတွေ ခမြာ-၊ ငါတို့တော့ ဗမာနိုင်ငံထဲက လူမျိုးဖြစ်တဲ့ ရိုဟင်ဂျာ ဖြစ်တယ်လို့ ပြောလိုက်ရင်-၊ ငါတို့ လည်း ဗုဒ္ဓဘာသာ လုပ်လိုက်ရတော့မှာ ပဲလို့ အကြောက်တရား စိုးမိုးခဲ့ရပြန်ပါတယ်။ ဒီကြားထဲ ရခိုင်လို့ ခံယူသူများက ခွဲထွက်ရေး ထတောင်းနေပြန်တော့ အင်္ဂလိပ် မလာမှီ ဗမာ- ရခိုင် အရေးတော် ပုံကြီးက သူတို့ကို တစ္ဆေခြောက် ခဲ့ရပြန်ပါတယ်။ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာ ဖြစ်ကြောင်း ဖွင့်ပြော လိုက်ရင်- ငါတို့ ကို မျိုးပြုတ် သတ်ဖြတ်တော့မှာပဲ ဆိုတဲ့ အကြောက် တရားကို ထိန်းမနိုင် ဖြစ်ခဲ့ရပြီး-၊ အကြောက် တ ရားအောက်မှာ ဖြစ်ချင်ရာဖြစ်- ငါတို့ဟာ “ဘင်္ဂလီ” ဖြစ်တယ် လို့ ပြောနေ ရ ခြင်းသာ ဖြစ်ခဲ့ ပါတယ်။ တစ် ကယ်တော့ သူတို့ကိုယ်သူတို့ ဘင်္ဂလီ မဟုတ်ဘူး ဆိုတာ နာလည်ပြီးသား ဖြစ်နေ တယ်။
နှလုံးသားရှိတဲ့၊ ရိုသားတဲ့၊ အမှန်ကို အမှန်အတိုင်း ဖြစ်စေချင်တဲ့ သမိုင်းပညာရှင်တွေ အနေနဲ့ ဒီအ ချက်တွေကို စနစ်တကျလေ့လာစေလိုပါတယ်။ ငါတို့သာ ဗမာနိုင်ငံသားလို့ ခံယူလိုက်ရင် ငါတို့တော့ ငါတို့ရဲ့ မိရိုးဖလာ ဘာသာလေးကို စွန့်ပြီး ဗုဒ္ဓဘာသာကို ပြောင်းရချည်ရဲ့ ဆိုတဲ့ အကြောက်တရားကြောင့် ဦးနု လက်ထက်မှာ နိုင်ငံ ခြားသား FRC ကိုသာ ယူခဲ့တဲ့ လူတစ်ချို့လည်း ရှိနေတယ်။ ဒါတွေအားလုံးရဲ့ အထောက် အထားတွေဟာ မပျောက်ပျက်သေးပါ။ သမိုင်းသက်သေ အဖြစ် ရှိနေဆဲပါ။
ဗျူ-ဗမာများက ရခိုင်အမည်ခံ မြိုလို့ ရခိုင်ဒေသရဲ့ မူလဘူတ လူမျိုး “ရိုဟင်ဂျာ”တွေ ပျောက် ကွယ်မ သွားသေး သလို၊ အကြောက်တရားကြောင့် ဘင်္ဂလီ ပါလို့ ပြောဆိုနေရလို့လည်း “ရိုဟင်ဂျာ” များ ပျောက် ကွယ်သွားခြင်း မရှိပါ။ “ရိုဟင်ဂျာ”ဟာ “ရိုဟင်ဂျာ” ပဲ ဖြစ်ပါတယ်။ ရခိုင်နယ်ကို စတင်ထိုးဖေါက် လာ တဲ့ နိုင်ငံခြားသားတို့ မှတ် တမ်းများက ရခိုင်နယ်မှာ ရခိုင်ဘုရင်များ အုပ်ချုပ်စဉ်ကတည်းက သူတို့ဟာ ဌာနေလူမျိုး “ရိုဟင်ဂျာ” ရယ်လို့ သမိုင်းမှတ်တမ်းရှိနေပြီးသား ဖြစ်ပါတယ်။
ဖုံးမရနိုင်လို့ တစ်ချို့ ပညာရှင်ခံယူသူများ လက်ခံပေမယ့်-၊ ဒါကို နိုင်ငံရေး အရ မသုံးသင့်ဘူးဆိုတဲ့ စေဒက နဲ့ ပြန်လည်ချေပ တာမျိုးကိုလည်း တွေ့ရပြန်ပါတယ်။ အတော့ကို အံ့သြစရာ ကောင်း တဲ့ စော ဒက သာ ဖြစ် ပါ တယ်။ ဘယ်ရိုဟင်ဂျာ လူမျိုးက ရိုဟင်ဂျာ ဆိုတဲ့ အမည်နာ မကို နိုင်ငံရေးအရ သုံးနေ ပါသလဲ-၊ ဘယ်ရိုဟင်ဂျာတွေက အထူးအခွင့် အရေး တောင်းဆိုနေ ပါသလဲ။ ဘယ်ရိုဟင်ဂျာ လူမျိုးက ခွဲ ထွက်ရေးတောင်း ဆိုနေပါသလဲ။ တိကျ သေချာတဲ့ အထောက်အထားနဲ့ ဖြေရှင်းဘို့ လိုပါမယ်။ သူတို့ သည် ဌာနေ တိုင်းရင်းသား ဖြစ်လို့၊ ဌာနေတိုင်းရင်း သား အဖြစ် အသိအမှတ်ပြုပေးပါ ဆိုတဲ့ အမှန် တရား ကိုသာ တောင်းဆိုနေခြင်း ဖြစ်ပြီး-၊ သူတို့ကို အခြားသော မြန်မာနိုင်ငံသား များကဲ့သို့ တန်းတူညီမျှ အခွင့် အရေး ပေးပါ လို့သာ တောင်းဆိုနေခြင်းများသာ ရှိပါတယ်။ ဒီလို တောင်းဆိုမှုဟာ နိုင်ငံတစ်ခုရဲ့ ဥပဒေကို ချိုးဖေါက်ခြင်း ဖြစ်ပါသလား။ နိုင်ငံတော်ကို သစ္စာဖေါက်နေခြင်း ဖြစ်ပါ သလားဆိုတာတော့ ဖြေကြားပေးဘို့ လို ပါ လိမ့်မယ်။
မြန်မာနိုင်ငံထဲမှာ ၁၈၂၃ နောက်ပိုင်းမှ ၀င်လာတဲ့ လူမျိုးစုတွေ ရှိနေပါတယ်။ သူတို့ကိုတော့ ၁၉၈၂ ခု ဥပဒေ အကြောင်း ထည့် မပြောတော့ဘဲ- တိုင်းရင်းသား အဖြစ် သတ်မှတ်ပေးထား တာတွေ ရှိနေပါတယ်။ (အဲ့ဒီတိုင်း ရင်းသားတွေနဲ့ ပြဿနာ မဖြစ် လိုလို့ တိုင်းရင်းသား အမည်နာမကို ထည့်မပြောခြင်းပါ။) လက်ရှိ အစိုးရ နဲ့ မြန်မာ့ နိုင်ငံရေး သမားတွေဟာ ကိုယ့်နိုင်ငံထဲမှာ လောလောဆယ် သတ်မှတ်ထားတဲ့ တိုင်းရင်း သား တစ်ခုချင်းရဲ့ သမိုင်းကို လေ့လာပြီးလောက်ပြီလို့ ထင်ပါတယ်။ အခုလောက် ဖေါ်ပြောရင် သူတို့ သိလောက်မှာပါ။
အမှန်ကို အမှန်အတိုင်း ၀န်မခံဘဲ-၊ ဘာသာမတူတဲ့ အကြောင်းပြချက်နဲ့ တစ်ဘက်သတ် မတရား လုပ်နေမယ် ဆိုရင်--၊ မြန်မာနိုင်ငံ အတွက် အနာဂါတ် အလားအလာ- မကောင်းလှပါ။ ပကတိဖြစ် တည်မှု နဲ့ သမိုင်းမှန်ကို လက်မခံတဲ့ ဘယ်နိုင်ငံမဆို ပြိုကွဲ ပျက်စီးရခြင်းက ကင်းလွတ်တဲ့ နိုင်ငံမရှိခဲ့ပါ။ ဒီအချက် ကို ခေါင်းမာ လှချည်ရဲ့ ဆိုတဲ့ အစ္စရေးလ်နိုင်ငံတောင် ဒီနေ့လက်ခံနေပါပြီ။ မြန်မာနိုင်ငံကို ချစ်တဲ့ တိုင်း ချစ်ပြည်ချစ် ပုဂ္ဂိုလ်များလည်း အသိနောက်မကျစေလိုပါ။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန်ပြည်ထောင်စု
သိကြားမင်း
RB News
26.1.2013
“ဒီ ကုလားတွေကို မရှင်းနိုင်သရွေ့မင်းတို့ ရခိုင်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ပေးမှာ မဟုတ်ဘူး"
(ဗိုလ်ချုပ်ကြီးနေဝင်း- ၁၉၆၃ ခု တွင်ကျောက်ဖြူမြို့တွင် ရခိုင်များနှင့်တွေ့ ဆုံစဉ်ပြောကြားချက်)
(ဗိုလ်ချုပ်ကြီးနေဝင်း- ၁၉၆၃ ခု တွင်ကျောက်ဖြူမြို့တွင် ရခိုင်များနှင့်တွေ့ ဆုံစဉ်ပြောကြားချက်)
“တစ်နေ့ကျရင် ဒီက ကုလားတွေ အကုန်လုံးကို ဟိုဘက်ကို မောင်းထုတ်မယ်”
(ဗိုလ်မှူးခင်ညွှန့်
(နောင်ဗိုလ်ချုပ်ကြီးခင်ညွှန့်) - ၁၉၇၈ ခုတွင်မောင်တောမြို့နယ်
ရှိတောင်ကုန်း တစ်ခု ပေါ် တွင် စခန်းချစဉ်
ဘင်္ဂလားဒေ့ရှ်ဘက်သို့ လက်ညိုးထိုးညွှန်ပြရင်း ပြောကြားချက်)
“ရိုဟင်ဂျာတွေကိုဒုက္ခသည် စခန်းတွေမှာ ထားမယ်။
ပြီးတော့ တတိယနိုင်ငံ ပို့မယ်။ ရိုဟင်ဂျာတွေက နိင်ငံ
တည်ငြိမ် အေးချမ်းမှုကို ခြိမ်းခြောက် နေတယ်။ ရိုဟင်ဂျာတွေကို လက်ခံဖို့ ဘယ်လိုမှ မဖြစ်
နိုင်တော့ ဘူး။”
(သမ္မတဦးသိန်းစိန်၂၀၁၂
ခု၊ ဇူလိုင်လ(၁၁)ရက်နေ့တွင် ကုလလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီး Mr.
Antonio Gutterres အားနေပြည်တော် တွင်ပြောကြားချက်)
မြန်မာ
နာဇီဟစ်တလာ လက်သစ်များ၏ ရိုဟင်ဂျာများ အပေါ်ထားရှိသော မူဝါဒသဘောထား
များဖြစ် သည်။ ရိုဟင်ဂျာ များ မွတ်စ်လင်များ၊ မြန်မာနိုင်ငံမှ
အခြားမွတ်စ်လင်များနှင့် ၎င်းတို့ကိုးကွယ်သော အစ္စ လာမ်ဘာသာ တို့အားမုန်းတီးသည့်
စိတ်ဓာတ် သည်မြန်မာပြည်မှ ဗုဒ္ဓဘာသာဝင်ဆိုသူများ ၏နှုတ် ဖျားတွင်
သာမကမျိုးရိုးဗီဇ ထဲတွင်ပင် စွဲကပ်နေသည်။ ၎င်းတို့သည်ရိုဟင်ဂျာများ၊
အခြားမွတ်စ်လင် များနှင့် အစ္စ လာမ်ဘာသာ တို့ကိုမြန်မာ့မြေပေါ်မှ
အပြီးတိုင်သုတ်သင်ပစ်ရန် စနစ်တကျနှင့် ရန်ငြိုးကြီးစွာ
အစဉ် ကြံစည်လုပ်ဆောင် လျက်ရှိသည်။ အထက်ပါမြန်မာ စစ်ရာဇ၀တ် ကောင်များ၏ နှုတ်ထွက်
စကားများ ကိုထောက် ရှူခြင်း အားဖြင့် နာဇီဂျာမဏီအစိုးရက
ဂျူးများမျိုးသုဉ်းရေးကိုကြံစည် လုပ်ဆောင်ခဲ့ သကဲ့ သို့ မြန်မာနာဇီ အစိုးရ
အဆက်ဆက်ကလည်း ရိုဟင်ဂျာများမျိုးသုဉ်းရေးကို အစဉ်တစိုက် လုပ်လျက်ဆောင်
လျက်ရှိကြောင်းထင် ရှားနေသည်။
မြန်မာနိုင်ငံတွင်
မွတ်စ်လင်များ စုစုစည်းစည်းနှင့် ဟူ၍ူ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်
သာရှိသည်။ ၎င်း တို့ ကိုရှင်း ပစ်နိုင်လျှင် မြန်မာပြည်မှ မွတ်စ်လင်နှင့်
အစ္စလာမ် ဆိုသည် တို့ကိုလည်း မကြာမီ ရှင်းပစ်နိုင် လိမ့် ဟုမြန်မာ
ဗုဒ္ဓနာဇီ ဖက်ဆစ် လူသတ်သမားများက တွက်ဆသည်။ ထို့ကြောင့် ထိုမြန်မာ
ဖက်စစ် များက ရခိုင် ပြည်နယ်မြောက် ပိုင်းအထူးသဖြင့် ဘူးသီးတောင်
၊မောင်တောဒေသတွင် ရိုဟင်ဂျာ လူမျိုး သုဉ်း စစ် ဆင်ရေး
များကိုစနစ် တကျ စီမံကိန်း ရေးဆွဲ၍ တစိုက် မတ်မတ်ဆင်နွှဲနေခြင်းဖြစ်သည်။
မြန်မာဖက်ဆစ်
စစ်ဘီးလူးများက ရခိုင်အကြမ်းဖက်သမားများနှင့် ပူးပေါင်း၍
ရိုဟင်ဂျာမျိုးနွယ် အပေါ်မည် ကဲ့သို့ ပြစ်မှုများ (Crimes Against Rohingya
Ethnic Minority) ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲရှိနေသည်ကို ဤ ဆောင်းပါးဖြင့်
အတတ်နိုင် ဆုံးပြည့်ပြည့်စုံစုံ တင်ပြသွား မည်ဖြစ်သည်။ ဦးစွာထိုသို့
လူမျိုး သုဉ်း စစ် ဆင်ရေးများ ကိုထိရောက်စွာလုပ်ဆောင်နိုင်ရန် ယန္တရားများ
တပ်ဆင်ချထားလာပုံ အကြောင်းကို တင်ပြ ပါမည်။
၁။ လူမျိုးသုဉ်းစစ်ဆင်ရေးယန္တရားများချထားခြင်း
(က) နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာန(နစက)
မြန်မာနိုင်ငံ
တွင်တနိုင်ငံလုံး အတိုင်း အတာအားဖြင့် ဘင်္ဂလားဒေ့ရှ်မှ BGB
(Border Guard Bangladesh) ကဲ့သို့ နယ်ခြားစောင့် တပ်ဖွဲ့ စည်းထားခြင်း
မရှိပါ။
ထို့ကြောင့် အိန္ဒိယ၊ တရုတ်၊လော၊ ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသော
မြန်မာနိုင်ငံ၏ မည်သည့် နယ်စပ်တွင်မျှ သီးသန့် နယ်ခြားစောင့်တပ်
ချထားခြင်း မရှိပါ။ ပုံမှန် စစ်တပ်နှင့် ဌာနဆိုင်ရာ
အဖွဲ့အစည်းများသာ ရှိသည်။ သို့ရာတွင် မြန်မာအစိုးရက ရိုဟင်ဂျာ လူမျိုး
သုဉ်း ရေးကို အဓိက လုပ်ဆောင်ရန် အတွက် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသော
ရိုဟင်ဂျာ တို့နေထိုင်ရာ ရခိုင်ပြည် နယ်မြောက် ပိုင်း ဒေသတွင်
ပုံမှန်စစ်တပ်နှင့်ဌာန ဆိုင်ရာအဖွဲ့အစည်းများအပြင် “နယ်စပ်ဒေ သ
လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာန (နစက)” ဆိုသော“အထူးတတပ်မ” တစ်ခုကို
တမင်ဖန်တီး
ဖွဲ့စည်းချ ထားလာသည်။ မြန်မာနိုင်ငံ၏ အခြား မည်သည့် နယ်စပ်တွင်မျှ
ဤနစကတပ်မျိုး ချထားခြင်း မရှိပါ။ အထက် ပါ နစက တပ်မ ကိုစစ်တပ်၊ ရဲ၊လ၀ကနှင့်
အကောက်ခွန်ဌာနတို့မှ ၀န်ထမ်းများကို ရာထူးတစ်ဆင့် တိုးပေး
၍ အလှည့်ကျခေါ်ယူစုစည်းကာဖွဲ့စည်းသည်။
၁၉၉၂ ခုနှစ်တွင် မောင်တောမြိ့နယ် ခ၀ါရ်ဘီလ်
(KhawarBeel) ရိုဟင်ဂျာ ကျေးရွာကို ဖျက်ဆီးပြီးနောက်
၎င်း ရွာအား “ကျီးကန်းပြင်”ဟုအမည် ပြောင်းလျက်
“နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာန (နစက) ချုပ်”ဆိုသည်ကို
စတင်ဖွင့် လှစ်သည်။ ထို့နောက် ရိုဟင်ဂျာကျေးရွာများ တွင် နစက “နယ်မြေ”
(command sector) များ၊ “စခန်းများ” (Camp) များ ၊ရွာစောင့်ကင်းများ၊
တံတားစောင့် ကင်းများ၊မြစ် ၀ချောင်း ဝ
စောင့် ကင်းများကို တစ်ခုပြီး တစ်ခုတိုးချဲ့ဖွင့်လှစ်နေရာချ ထားလာခဲ့သည်။ ယနေ့
အထိ ရိုဟင်ဂျာ တို့နေ ထိုင်ရာ ရွာများ၌ အောက်ပါ နစက
တပ်စခန်းများကို ချထားပြီးဖြစ်သည်။
၁၉၉၁ ခုနှစ်တွင် ရိုဟင်ဂျာတို့နေ ထိုင်ရာ အဓိကမြို့ တစ်မြို့ ဖြစ်သော
ဘူးသီးတောင်မြို့ ကိုအောက်ပါတပ် များ ချ
ထားခြင်းအားဖြင့်တပ်မြို့(Cantonment)တစ်မြို့သို့အဖြစ်ပြောင်းလဲပစ်ခဲ့ပြီး
ရိုဟင်ဂျာတို့၏ ဘ၀ကို ဖျက်ဆီး လျက်ရှိသည်။
စစ်တပ် by
(ဂ) နယ်စပ်ဒေသတိုင်းရင်းသားလူမျိုး (နတလ) ရွာများ
အစ္စရေးက
ပါလက်စတိုင်းနယ်မြေများ ပေါ်တွင် ကျူးကျော်၍ “ဂျူး” ရွာများ တည်ဆောက် သကဲ့ သို့
မြန် မာ ဖက်ဆစ် အစိုးရကပြည်မ မှခြေသလုံး အိမ်တိုင် အခြေအနေမဲ့ လူရမ်းကား
ဗမာ များ၊ ထောင် ထဲမှ ဗမာ ရာဇ၀တ် သားများ၊ဘင်္ဂလာဒေ့ရှ်မှသူခိုးဓားပြရခိုင်၊
ဒိုင်းနက်များခေါ်ဆောင် စုဆောင်းပြီး ရိုဟင်ဂျာတို့၏ လယ်မြေ
များတွင် နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုး (နတလ) ရွာများဟူ၍ တည်ဆောက် လာသည်။
ရခိုင်ပြည်နယ်
မြောက်ပိုင်းတွင် ယနေ့ထိ ချပြီးသော နတလရွာများမှာ အောက်ပါ အတိုင်းဖြစ် သည်။
နတလရွာများ by
နတလရွာများ (ဘူးသီးတောင်နှင့်ရသေ့တောင်)
နတလရွာများ။ by
ဖက်ဆစ်မြန်မာ အစိုးရသည် အထက်ပါ အထူးချထား လာသော နစက၊ စစ်တပ်၊ နတလ ယန္တရားများ ကို ပုံမှန်ရှိ ရင်းစွဲ အစိုးရ ဌာနများနှင့် ပေါင်းစပ် အသုံးပြု၍ ရိုဟင်ဂျာ လူမျိုးသုဉ်းရေးပေါ် လစီကိုလူ မဆန်စွာ အကောင် အထည် ဖော်လျက်ရှိ သည်။ လူသားမျိုးနွယ် အပေါ်ပြစ်မှု (Crime Against Humanity) မြောက်လောက် အောင် မည်ကဲ့သို့ ယုတ်မာရိုင်းပျစွာ ကျူးလွန်ခဲ့၊ ကျူးလွန် ဆဲရှိကြောင်းကို လာမည့်ဆောင်းပါးများတွင် ကဏ္ဍ အလိုက် ဆက်လက်ဖော်ပြပါမည်။
Qutub Shah
RB News
25.1.2013
မောင်တော ။ ။ ဇန်န၀ါရီလ (၂၂) ရက်နေ့ တွင်မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအုပ်စုမှ ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၁၀၆ ဦးတင်ဆောင် ထားသည့် ရခိုင်လူမျိုး လူကုန်ကူး သူများ ဦးဆောင်သော စက်လှေ တစ်စီး မလေးရှားနိုင်ငံသို့ ဦးတည်၍ ထွက်ခွာသွားကြောင်း သတင်းရရှိ ပါသည်။ အဆိုပါ စက်လှေထွက်ခွာ နိုင်ရန်အတွက် အာဏာပိုင်များအား ငွေကျပ် သိန်း ၄၀ ပေးခဲ့ရကြောင်းသိရပါသည်။ နယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ကွပ်ကဲရေး (နစက) အား ငွေကျပ်သိန်း ၂၀၊ နယ်မြေခံ စစ်တပ်အား ၅ သိန်း၊ စရဖ (အ ထူးစုံစမ်းစစ်ဆေးရေးအဖွဲ့) အား ၅ သိန်း၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အား ၅ သိန်းနှင့် ရဲတပ်ဖွဲ့သို့ ၅ သိန်း ပေးခဲ့ရကြောင်းသတင်းရရှိပါသည်။
မောင်တောမြို့မှ ရိုဟင်ဂျာ တစ်ဦး၏ပြောကြားချက်အရ - နစကရုံးချုပ် အကြီးအကဲမှ မောင်တောမြို့ နယ်ရှိ ရွာများတွင် နစက၏ ခိုင်းဖော် တပည့်အဖြစ်တစ်ရွာလျှင် နှစ်ဦးစီခန့် အပ်ထားကြောင်း သိရသည်။ ထိုသို့ ထားခြင်းအားဖြင့် ရိုဟင်ဂျာများအား ညှင်းပန်းနှိပ်စက် ငွေညှစ်ရာတွင် ပိုမိုလွယ်ကူလာမည်ဖြစ်ပါ သည်။
ကျောက်တော် ။ ။ ဇန်န၀ါရီလ (၂၃) ရက်နေ့တွင် ရိုဟင်ဂျာ ငါးဖမ်းသမားများသည် ပိုက်သည်ကျေးရွာ အုပ်စု၊ ကျောက်တော်မြို့နယ်မှ ငါးဖမ်းရန်ပင်လယ်ပြင်သို့ထွက်ခွာသွားခဲ့သည်။ ထိုငါးဖမ်းသမားများမှ ပင် လယ်ပြင် တွင်ရခိုင် ငါးဖမ်းသမားများ၏ စက်လှေမှာ ပိုက်ကွန်ဖြင့် ငြိနေ၍ ရုန်းမရသည်ကိုတွေ့သော အခါ လူသား ချင်းစာနာ၍ စက်လှေကို ပိုက်ကွန်မှ ရုန်းနိုင်အောင် ကူညီပေးခဲ့သည်။ သို့သော် လူသားချင်း စာနာသည်ကို နားမလည်သည့် ထိုရခိုင်များမှ ယမန်နေ့က ရဲစခန်းသို့ သွားရောက်၍ ရိုဟင်ဂျာများမှ၎င်း တို့၏ စက်လှေပေါ်ရှိ ဆန်များကိုလျှို့ဝှက် ခိုးယူသွားသည်ဟု အမှုဖွင့်တိုင်ကြား ခဲ့သည်။ ထို့နောက်ရဲများမှ ရွာသို့ ၀င်ရောက်၍ တစ်အိမ်တက် တစ်အိမ်ဆင်းပြီး ပျောက်သွားသော ဆန်များကို ရှာဖွေမည်ဟူ၍ ရှာဖွေ ခဲ့သည်။ ထိုသို့ ရှာဖွေပြီးနောက် သံသယဖြစ် သူများဟုသတ်မှတ်ပြီး အပြစ်မဲ့ ရိုဟင်ဂျာ (၃) ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်းသတင်းရရှိပါသည်။
ဖမ်းဆီးခံရသူ (၃) ဦးမှာ -
(၁) ဦးဆလမတ်ခန်း
(၂) ဦးမိုဟာမတ်အစ္စမာအီလ်
(၃) ဦးအဒူရူကူရ် - တို့ဖြစ်ပါသည်။
Qutub Shah
RB News
25.1.2013
မြောက်ဦး ။ ။ ယမန်နေ့က ရိုဟင်ဂျာ မွတ်စလင်တစ်ဦးဖြစ်သူ ဦးလာလူး (ဘ) ဦးခလိလ်အဟမတ် (အ သက် ၅၅ နှစ်) သည် မြောက်ဦးမြို့နယ် ဒါခ်ျဖာရာကျေးရွာအုပ်စုမှ ဖီဖာရန်ကျေးရွာသို့ ငရုတ်သီးဝယ် ရန် သွားရောက်ခဲ့သည်။ လမ်းတွင်တပ်ရင်း ၃၇၈ မှတပ်သားများနှင့်တွေ့သည့်အခါ တပ်သားများမှ ၎င်း အား မည်သူ၏ ခွင့်ပြုချက်ဖြင့် သွားရသနည်း ဟုမေးမြန်း၍ ထိုနေရာတွင် လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ ထိုသို့ ရိုက်နှက်နေသည် ကိုနေအိမ်မှနေ ၍ချောင်းကြည့်နေသော ရိုဟင်ဂျာလူငယ် အဘူဘကဲရ်အား အဆိုပါတပ်သားများ မှတွေ့ရှိသွားပြီး၊ ထိုလူငယ်အားဖမ်းဆီးပြီး ပြစ်ဒဏ်အဖြစ်အလွန် ကြီးမားသောရေ သိုလှောင်ကန်ထဲသို့ရေဖြည့်ခိုင်း ခဲ့ကြောင်းသိရပါသည်။
“ရခိုင်အစွန်းရောက်တွေက ရီဒါ၊ ရီဘာရန်ရွာတွေကို ဒီလ ၂၈ ရက်နေ့အတွင်းမှာအကြမ်းဖက်တိုက် ခိုက် မယ် လို့သတင်းတွေ ထွက်နေတယ်။ အဲဒီသတင်းကို ရွာလုံခြုံရေး ယူထားတဲ့ စစ်တပ်က အကြီးအကဲ တစ်ယောက် လည်းပြောတယ်။ ပြီးတော့အနီးအနား ရွာတွေမှာရှိတဲ့ ရခိုင် လယ်သမားတွေ လည်းပြော တယ်” ဟုမြောက်ဦးမြို့မှအမည်မဖော်လို သူတစ်ဦးက RB News သို့ပြောပါသည်။
ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ဘာရှ်ဖာရာရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဦးကန်ဒူရ်အား ၎င်းနှင့် ရင်းနှီးကျွမ်းဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များက “ခင်ဗျားဘာလူမျိုးလဲ” ဟုမေးမြန်းခဲ့ပြီး၊ ဦးကန်ဒူ ရ်မှ “ကျွန်တော်ရိုဟင်ဂျာပါ” ဟုဖြေသောအခါ လုံခြုံရေးတပ်ဖွဲ့ဝင် များက ၎င်း၏ ပါးနှစ်ဖက်လုံးအား ရိုက် နှက် ခဲ့ကြောင်းသိရပါသည်။
မင်းပြား ။ ။ မင်းပြားမြို့နယ်၊ ပိုက်မြောင်ရွာတွင်နေ ထိုင်ကြသော ရခိုင်လူမျိုးများသည် တစ်ရွာတည်း အတူနေ ထိုင်သော ရိုဟင်ဂျာ မွတ်စလင်များကို နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက် လျက်ရှိသည်။ ရခိုင်လူမျိုး များသည် ရိုဟင်ဂျာများအား ဈေးများတွင် လည်းကောင်း၊ လမ်းဆုံ လမ်းခွတွင်လည်းကောင်း၊ လူစု လူ ဝေးဖြင့်တွေ့လျှင်သော် လည်းကောင်း၊ လမ်းသွား လမ်းလာများ ကိုတွေ့လျှင်သော်လည်းကောင်း၊ ဘင်္ဂလီ များဟုလှမ်းခေါ်၍ “ငါတို့ မင်းတို့ အိမ်တွေကို မီးရှို့ပစ်မယ်။ ငါတို့ တစ်ခြားရွာသားတွေရဲ့ အိမ်တွေ ကိုရှို့ပြီးပြီ” ဟုပြောဆို ၍နေ့စဉ်နှင့် အမျှခြိမ်းခြောက်လျက် ရှိကြောင်း သတင်းရ ရှိပါသည်။
ဌေးလွင်ဦး
RB News
25.1.2013
ကျွန်တော်ပြောခဲ့သမျှ စကားတွေထဲမှာ ၁၉၈၂ ခု နိုင်ငံသား ဥပဒေကို ကန့်ကွက်တယ်၊ ဖျက် သိမ်းပေးပါလို့ တောင်းဆိုခဲ့တာ တစ်ခါမှ မရှိသေးပါ။ နိုင်ငံတိုင်းမှာ ဥပဒေ ဆိုတာ ရှိတယ်။ အဲ့ဒီ ဥပဒေကို ချမှတ်တဲ့ လူတွေ ရော-၊ အများပြည်သူတွေကပါ- အဲ့ဒီ ဥပဒေကို လိုက်နာဘို့သာ လိုပါတယ်။ ဒါကြောင့် ဥပဒေနဲ့ ကန့်သတ်ပြီး တိုင်းရင်းသား နိုင်ငံသား သတ်မှတ်မယ့် ကိစ္စရပ်ကို ကျွန်ုပ်တို့ ဘက် မှ ကြောက်နေစရာ၊ ကန့်ကွက်နေစရာ မလိုပါ။
၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ--၊ လူတစ်ဦးဟာ မြန်မာနိုင်ငံထဲမှာ မျိုးစဉ်မျိုးဆက်အားဖြင့် ၁၈၂၃ မတိုင် မှီ ကတည်းက ရှိနေတဲ့ လူ၊ လူမျိုးဖြစ်ရင် အဲ့ဒီ လူ၊ လူမျိုးကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုရမယ်။ တိုင်းရင်း သား မိဘက ဆင်းသက်လာသူဟာ နိုင်ငံသား ဖြစ်ခွင့်ရှိတယ်။ အမိဘက်မှ ဖြစ်စေ၊ အ ဘ ဖြစ်မှ ဖြစ်စေ တိုင်းရင်းသား တစ်ဦးဦး ဖြစ်ခဲ့ရင် အဲ့ဒီလူဟာ လည်း နိုင်ငံသား ဖြစ်ခွင့် ရှိ တယ်-၊ နိုင်ငံသား တိုင်းဟာ နိုင်ငံသား ကာကွယ်စောင့်ရှောက်မှုများ ဥပဒေ အောက်မှာ ဥပဒေရဲ့ အကာအကွယ်ကို အပြည့်အ၀ ရရှိစေရပါမယ်။ ဒီ ဥပဒေဟာ ရခိုင်နယ်က အစ္စလာမ် သာသနာ ကိုးကွယ်တဲ့ ရိုဟင်ဂျာများ၊ ကမန်များ၊ ရခိုင်တိုင်းရင်းသား အစ္စလာမ် သာသနာဝင်များ နဲ့ မြန် မာနိုင်ငံ အ၀ှမ်းနေအစ္စလာမ်သာသနာဝင်အများစုကြီးအတွက်ထိခိုက်နစ်နာစရာမရှိပါ။ဒါပေမယ့်--၊ မြန်မာ့သမိုင်းကို အမှန်- အမှန်အတိုင်း ဖေါ်ဘို့ပဲ လိုပါတယ်။
- ကိုလံဘတ်က အမေရိကတိုက်ကို “ရှာဖွေတွေ့ရှိသူ” ဖြစ်တယ်လို့ ကျွန်တော်တို့ ဘ၀ တစ်လျှောက်လုံး ကမ္ဘာ့ သမိုင်းပြဌာန်းချက်မှာ သင်ခဲ့ရတယ်၊ သိခဲ့ရတယ်။ အမေရိ ကန်ပြည်ထောင်စု အပါအ၀င် ကမ္ဘာ့နိုင်ငံတိုင်းက လည်း ဒီအတိုင်း ပဲ ရေးသား မှတ်တမ်း တင်ခဲ့ကြတယ်။---၊ ဒါပေမယ့် ဒီနေ့မှာ ကိုလံဘတ်သည် အမေရိကတိုက်အား ကျူးကျော် ၀င်ရောက်သူ Invader ဖြစ်တယ်၊ သူမတိုင်မှီ ကတည်းက အမေရိကတိုက်မှာ လူသားတွေ ရှိပြီး ဖြစ်တယ်-၊ အဲ့ဒီ Native လူမျိုးတွေက မျိုးမပြုတ်ဘဲ ရှိနေတယ်။ ဒီတော့ သမိုင်းမှန်က မဟာဥရောပလူမျိုးကြီးတို့ရဲ့ သမိုင်းမှိုင်းတိုက်မှုကို အရောင်ပြယ်စေခဲ့ တယ် ဆိုတာပါပဲ။ အမေရိကန် ပြည်ထောင်စု ကိုယ် တိုင် က ကျောင်းသုံး သမိုင်းမှာ ကိုလံဘတ်သည် ကျူးကျော် ၀င်ရောက် လာ သူ ဖြစ်တယ်လို့ ပြုပြင်ပြဌာန်းခဲ့တာ ဆယ်စုနှစ် ကျော်လာပါပြီ။ သမိုင်းဆိုတာ ဖုံးလို့ လုံနိုင်တဲ့ အရာ မဟုတ်ပါ။
မြန်မာပြည်မှာ ဗမာလူမျိုးစုကြီးက မွန်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ ဗမာအင်ပါယာကို ထူထောင် ခဲ့တယ်- အောက်မြန်မာပြည်က မွန်တွေ အများစုကြီး မွန်စကားပျောက်ကာ ဗမာစကားကို ပြောပြီး ဗမာတွေ ဖြစ်ခဲ့ရ တယ်- ဒါဟာ သမိုင်းမှန်ဖြစ်ရပ်ပါ။ အဲ့သလို ဗမာတွေက မွန်တွေကို တိုက်ခိုက် သိမ်း ပိုက်ခဲ့တယ် ဆိုတဲ့ အကြောင်းပြချက်ကြောင့် ဗမာတွေ သိက္ခာကျသွားခြင်း မရှိပါ။ မြန်မာ့သမိုင်းမှာ ရှမ်း၊ ဗမာ၊ မွန် ဆိုတာများက သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်ပြီး နန်းလုခဲ့ကြတာပါပဲ။ အဲ့ဒီ ခေတ် ကာလက မြန်မာ့သမိုင်းမှာ လူမျိုး အင်အားစု ကြီးတဲ့ အုပ် စုက နိုင်ငံတော်ရဲ့ အာဏာကို ရယူ တဲ့ ခေတ် ကာလသာ ဖြစ်ခဲ့ပါတယ်။ လူမျိုးကို ပါတီ တစ်ခုလိုသာ မြင်ယောင်နိုင်ဘို့ လိုပါမယ်။ ဘယ် လိုဖြစ်ဖြစ် နှစ်ပေါင်းတစ်ထောင်လောက် ဗမာလက်အောက်မှာ နေနေရပေမယ့်-၊ မွန် ဆိုတာ ပျောက် သွားခြင်း မရှိသေးတော့-၊ မွန်သမိုင်းဟာ ပေါ်လာတာပါပဲ။
ရခိုင်သမိုင်းကို ပြည်ကြည့်ရင်- လက်ရှိ ရခိုင်လို့မိမိကိုယ်မိမိ ခေါ်နေတဲ့ လူမျိုးစုက ပျူ၊ ဗမာများသာ ဖြစ်ခဲ့ပါ တယ်။ အေဒီ ၁၁ ရာစု မြန်မာအင်ပါယာ ထူထောင်ပြီးကတည်းက ရခိုင်နယ်ကို အုပ်ချုပ်ဘို့ မင်းအဆက်ဆက် ဗမာဘုရင်တွေဆီက တောင်းခံခဲ့ရပါတယ်။ တစ်ခါတစ်ရံ မြန်မာအင်ပါယာက မင်းဆက် အပြောင်းအလဲဖြစ်ခိုက် ရခိုင်ကို ပို့ထားတဲ့ ရခိုင်နယ်ခံမင်းဆက်များရဲ့ သားစဉ်မြေးဆက် အင်အားကောင်းလာခိုက်နဲ့ တိုက်ဆိုင်တော့မှ ဗမာများကို တစ်သီးတစ်ခြား အာခံတဲ့သဘော- ငါ့နယ်၊ ငါ့မြေ၊ ငါ့မင်းငါ့ချင်းနဲ့ အုပ်ချုပ်တာလို့ ပြောဆိုခဲ့တဲ့ အဖြစ်က မပိုခဲ့ပါ။ (ဒါက ဗမာပြည်မထဲမှာလည်း နန်းတွင်း ပဋိပက္ခတွေ ဖြစ်ခဲ့တာပဲ)။
ရခိုင်ဒေသကို ရှေးဦးဗမာများ စရောက်ခဲ့တာ ၇ ရာစုလောက်မှ ဖြစ်ခဲ့ပါတယ်။ ဒီမတိုင်မှီ ပျူလူမျိုးများက ဘီစီ ၃ ရာစုလောက်က စတင်ရောက် ခဲ့နိုင်ပါတယ်။ ရခိုင်ရိုးရဲ့ အနိမ့်ပိုင်း သံတွဲနယ်ဟာ သီးခြားလွတ် လပ်တဲ့ နေရာ ဒေသတစ်ခု ဖြစ်ခဲ့ပါတယ်။ ရှေးဦးရောက်လာတဲ့ ပျူများ၊ ဗမာများက ရခိုင်မြောက် ပိုင်းကို အေဒီ ၇ ရာစုလောက် မှာသာ စတင်ထိုးဖေါက်နိုင်ခဲ့ကြောင်း ရခိုင်ကျောက်စာပါ အသုံးအနှုန်း၊ စာပေများက သက်သေဖြစ်နေပါတယ်။ ရခိုင်မင်း အာနန္ဒစန္ဒြအမည် ခံထားတဲ့ ကျောက်စာများကို မှတ်တမ်း တင်ခဲ့တာ- အေဒီ ၇၂၀ ရဲ့ ရှေ့နောက် နှစ် ၂၀၀ လောက်စီ ဖြစ်ခဲ့တယ်။ နောက်အကျဆုံး အေဒီ ၉၀၀-၊ ၁၀၀၀ လောက်မှာမှ မြန်မာအက္ခရာနဲ့ ဆင်တူတဲ့ စာများကို စတင်ရေးသားခဲ့ပါတယ်။ ဒီမတိုင်မှီ ကျောက်စာ အားလုံးကို နာဂရီ (ရှေးဟောင်း မာဂဓ အင်ပါယာသုံး ဘင်္ဂလီ) စာနဲ့ပဲ ရေးထိုး ခဲ့ပါတယ်။
စာလုံး အက္ခရာတူညီခြင်းကို ပြောဆိုခြင်းမဟုတ်ပါ။ အာနန္ဒစန္ဒြကျောက်စာမူရင်းကို နာဂရီစာ မူရင်းအသံနဲ့ ဖတ်လိုက်တဲ့ အခါ- စာတစ်ကြောင်းလုံးရဲ့ ၇၅ ရာနှုန်းက လက်ရှိ ရိုဟင်ဂျာစကားနဲ့ နီးစပ်တူညီနေပြီး- လက်ရှိ ရခိုင်စကားနဲ့ လုံးဝ (လုံးဝ) ဝေးကွာနေပါတယ်။
ဒီနေရာမှာ- သျှစ်သောင်းဘုရား ကျောက်စာတိုင်ရဲ့ မြောက်ဘက်မျက်နှာစာ အပိုဒ် ၄ လောက်ကို နမူ နာ ဖေါ်ပြပါ မယ်။--၊ (ရှေ့ဟောင်းနာဂရီ စာလုံး ကျွန်ုပ်၏ ကွန်ပြူတာ၌ font မရှိ၍ အသံထွက်ကို သာ ရေးပြပါမည်၊)
ဤစကားလုံးများကို နှိုင်းယှဉ်ကြည့်ပါ။ ရိုဟင်ဂျာ ယခုခေတ်စကားနဲ့ နာဂရီ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင် ကျော်က စာဟာ မဆိုစလောက်ပဲ ကွဲပြားပြီး ( ခူရီ = ၂၀၊ နဲ့ ၀ါရီ = ပိုကျော်သည် ဆိုတဲ့ စကားလုံးနှစ်လုံးပဲ ကွဲ ပြားတာကို တွေ့ရပါတယ်။) ရခိုင်စကားနဲ့ နာဂရီ စကားက လုံးဝ၊ လုံးဝ ကို မတူညီပါ။
သမိုင်းပညာရှင်တွေ၊ မနုဿဗေဒ ပညာရှင်တွေ-၊ မှန်ကန်စွာတွေးပါ။ မှန်ကန်စွာဆင်ခြင်ပါ။ ဘယ်သူတွေက လက်ရှိရခိုင်ဒေသရဲ့ မူလဘူတ လူမျိုး ဖြစ်နေပါသလဲ။ ရှေးဟောင်းရခိုင်မင်းများက သူတို့နားလည်း နားမလည်၊ သူ့တိုင်းသူပြည်သားများလည်း လုံးဝ မသိမတတ်တဲ့ စာ၊ စကားနဲ့ သမိုင်းရေးထိုးခဲ့ပါသလား။
သမိုင်းမှန်ကို စစ်ဆေးပြီးရင် 82 law မဟုတ်လို့- AD ၇၂၀ law ကို ပြန်လည် ပြဌာန်းရင်လည်း ရိုဟင်ဂျာတွေ ဟာ ရခိုင်နယ် မြောက်ပိုင်းရဲ့ မူလဘူတ လူမျိုးဖြစ်ပြီး- ကျန်လူများကသာ နိုင်ငံခြားသား ကျူးကျော်သူများ ဖြစ် နေပါလိမ့်မယ်။
အသွေးအရောင်မတူလို့၊ ကိုးကွယ်ရာ မတူလို့၊ အယူဝါဒ မတူလို့၊ အယူအဆ မတူလို့ ကြီးနိုင် ငယ်ညှင်းစိတ်နဲ့ လူမျိုးတစ်မျိုးရဲ့ သမိုင်းကို ဖျောက်ဖျက်ခြင်း၊ အတင်းအဓမ္မဖိနှိပ် မျိုးဖြုတ်ခြင်းများဟာ ပညာမဲ့ လူဆိုးလူမိုက်များ ရဲ့ အကျင့်စရိုက်သာ ဖြစ်ပါတယ်။ ယဉ်ကျေးပါတယ်လို့ မိမိကိုယ်မိမိ ဂုဏ်ယူနေတဲ့ မြန်မာလူမျိုးများ အနေနဲ့ လူ ဆိုးလူမိုက်တို့ရဲ့ အကျင့်စရိုက်များကို မခံမင်သင့်တော့ပါ။ မထောက်ခံသင့်တော့ပါ။ အမှန်ကို အမှန်အတိုင်း လက်ခံရဲတဲ့ သတ္တိရှင်များ၊ အမှန်ဘက်က ခုခံတော်လှန်ရဲတဲ့ သတ္တိရှင်များသာ ဖြစ်သင့်ပါတော့တယ်။
(အထူး မှတ်ချက်။- ဖေါ်ပြပါ ကျောက်စာကို ငြင်းပါ၊ ခံငြင်းပါ-၊ ငြင်းလိုသူများ အတွက် လမ်းဖွင့်ပေး ထားပါတယ်။ ကျွန်ုပ်ဘက်က ရိုဟင်ဂျာများကို နာဂရီ စာကို “အ”သုံးလုံး သင်သလို သင်ပေးလိုက်ယုံပါပဲ။ အာနန္ဒစန္ဒြ ကျောက်စာ တစ်ခုလုံးကို ရိုဟင်ဂျာ သာမန်လူတစ်ဦးနဲ့ ရခိုင်ပညာရှင် ဒေါက်တာဘွဲ့ယူသူ တစ်ဦး- လူထုရှေ့မှာ ပြိုင်ဖတ်ခိုင်းကြည့် လိုက်ရင် အဖြေပေါ်သွားပါလိမ့်မယ်)
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန်ပြည်ထောင်စု
![]() |
ဇန်န၀ါရီလအတွင်းထိုင်းနိုင်ငံသို့ရောက်ရှိသွားသော ရိုဟင်ဂျာဒုက္ခသည်များ (ဓါတ်ပုံ - Bangkok Post) |
ကျော်စွာဝင်း
RB News
24.1.2013
ဖူးကတ် ။ ။ ယမန်နေ့က ထိုင်းနိုင်ငံ ဖူးကတ်မြို့သို့ရောက်ရှိ သွားသော ရိုဟင်ဂျာ ဒုက္ခသည် များသည် ၁၆ ရက်ကြာ ပင်လယ်ပြင် ခရီးတွင် ဆန်အစိမ်းကို ၄ နပ်ကို သာစားခဲ့ ရသည်ဟု ဖူးကတ်မြို့သို့ရောက်ပြီး အာဏာပိုင်များ ကိုပြောကြား ခဲ့ကြောင်း ဖူးကတ်မြို့ထုတ် အင်္ဂလိပ် သတင်းစြာ ဖစ်သည့် Phuket Gazette တွင်ရေးသားဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော လူမျိုးသန့်စင်ခြင်း ကိုရှောင်ရှားရန် ထွက်ပြေးလာကြသော အဆိုပါ ရိုဟင်ဂျာလှေစီး ဒုက္ခသည်များ ကိုဒေသခံငါးဖမ်းသမားများမှ ဖန်းငါကမ်းခြေတွင် ယမန်နေ့ နံနက် ၁၁ နာရီ တွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုစက်လှေကို ကူသာဘူရီခရိုင်၊ တာကူဝါပါ နယ်ခြားရဲများနှင့် ဖန်းငါရေ တပ်ရဲများမှ အရာရှိ ၃၀ ခန့် သွားရောက် ၍ ခိုဖရာသောင်ကမ်းခြေမြောက်ဘက် ၃ မိုင်အကွာမှဆွဲယူလာခဲ့သည်။
“သူတို့တွေကမြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ဇန်န၀ါရီလ (၇) ရက်နေ့မှာ ထွက်လာခဲ့တယ်။ပင်လယ် ပြင် မှာ၁၆ရက်ကြာနေခဲ့ရပြီး ၊မလေးရှား (သို့မဟုတ်)ထိုင်းနိုင်ငံကိုအလုပ်အကိုင်ရှာဖွေဖို့အတွက် ရောက်အောင် သွားမယ် ဆို တဲ့မျှော်လင့်ချက်နဲ့ လာကြတာ။ သူတို့အား လုံးတော်တော်လေး ပင်ပန်းနေကြ တယ်” ဟုကူသာဘူရီ ခရိုင် ရဲတပ်ဖွဲ့မှူး မာနီသ်ပီယန်သောင်က ပြောပါသည်။
“သူတို့ပြောတာကတော့ သူတို့ထွက်လာကတည်းက ဆန်အစိမ်း ၄ နပ်နဲ့ရေဘဲသောက်ခဲ့ရတယ်” အဆိုပါ ခရိုင်ရဲမှူးမှ ဆက်လက်ပြောပါသည်။
ထို ဒုက္ခသည် များကို ကူသာဘူရီမြို့ခန်းမ ကိုခေါ်ဆောင် သွားခဲ့သည်။ ၁၉ ယောက်မှာ အခြေအနေဆိုး ရွားနေသောကြာင့်သွေးကြောထဲသို့ဆေးသွင်းခဲ့ရသည်။
“ဆရာဝန်တွေနဲ့ သူနာပြုတွေခေါ်ပြီး သူတို့ကိုပြုစုခဲ့ရတယ်။ တစ်ချို့ဒုက္ခ သည်တွေကဖျားနေတယ်။ တစ် ချို့က ဒဏ်ရာစိမ်းတွေနဲ့။ ဆရာဝန်တွေကသူတို့အားလုံးကို ပဋိဇီဝဆေးထိုးပေးထားတယ်” ဟုခရိုင်ရဲမှူး မာနီသ် ကပြောပါသည်။ “ရဲအရာရှိတွေက သူတို့ကို အစားအသောက်နဲ့ အခြားလိုအပ်တာတွေကို ပြန်ပို့ဖို့ အ တွက် ဖန်းငါ လူဝင်မှုကြီးကြပ်ရေး စခန်းကို မပို့ခင်မှာပေးခဲ့တယ်” ဟု၎င်းက ဆက်၍ပြောသည်။
RARC, Malaysia
RB News
24.1.2013
ဘူးသီးတောင် ။ ။ ယမန်နေ့ည ၁၀း၃၀ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်အမှတ် (၁) ရပ်ကွက်တွင် အိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်သည့် အိမ်နှစ်လုံး မှာပြာဖြစ်သွားသည် ဟုဒေသခံတစ်ဦး ၏ပြောကြားချက် အရသိရပါသည်။
မီးလောင်ရခြင်း အကြောင်းရင်းမှာ မီးစက်ပေါက်ကွဲ မှုကြောင့်ဖြစ်ပြီး၊ ထိုမီးစက်၏ တာဝန်ခံများမှာရခိုင်လူ မျိုးများဖြစ်သည်။ မီးလောင်မှုနှင့် ပတ်သက်၍ ရခိုင်လူမျိုးနှင့် ရိုဟင်ဂျာ လူမျိုးများ အကြားတွင် အငြင်းပွား စရာများဖြစ်နေသည်။ ရိုဟင်ဂျာများမှ မီးစက်ပေါက် ကွဲမှုမှာ ရခိုင်များ၏ လုပ်ကြံမှုသာဖြစ်ပြီး ပတ်ဝန်း ကျင်ရှိနေ အိမ်မီးလောင်စေရန် တမင်ပြုလုပ်သည် ဟုပြောဆိုလျက်ရှိသည်။ ရခိုင်လူမျိုးများမှ သာမာန် ပေါက် ကွဲမှု သာဖြစ်ကြောင်းပြော ဆို လျက်ရှိ သည်ဟု အဆိုပါဒေသခံမှပြောသည်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရခြင်းမရှိသော်လည်း၊ နေအိမ်နှစ်လုံးမှ ကျပ် သိန်းပေါင်း ၈၀၀ ခန့်မီး လောင် မှုကြောင့် ဆုံးရှူံးသွားသည်။
မီးလောင်မှုနှင့်ပတ်သက်ပြီး၊ နစကများနှင့် အာဏာပိုင်များ မှဖြစ်ပွားရသည့် အကြောင်းရင်း အမှန်ကိုစုံ စမ်း လျက် ရှိပြီး၊ မီးလောင်မှုကြောင့် ဆုံးရှူံးသွားသော အိမ်နှစ်လုံး၏အိမ်ထောင်ဦးစီးများမှာ မီးလောင် မှု ကြောင့်ဖမ်း ဆီးခံရ၍ တရားစွဲဆို ခံရဖွယ်ရှိကြောင်း သတင်းရရှိပါသည်။
အဆိုပါ အိမ်ထောင် ဦးစီးနှစ်ဦးမှာ လုံလောက်သော စုံစမ်းမှုမပြုဘဲ ၎င်းတို့အားပြစ်ဒဏ်ပေး ခံရမည်ကို လွန်စွာစိုး ရိမ်လျက်ရှိသည်။ ရိုဟင်ဂျာများကို သွားလာရေး၊ ကူးသန်းရောင်း ၀ယ်ရေးများကို ကန့်သတ် ထားသောကြောင့် မိသားစု စားဝတ်နေရေးအတွက် လုံလောက်သော ၀င်ငွေရရန် လွန်စွာ ခက်ခဲလျက်ရှိ သည့် အချိန်တွင် အိမ်ထောင် ဦးစီးများမှာ အာဏာပိုင် များပေးသော မတရားသဖြင့်ပြစ်ဒဏ်ကို ခံယူရမည် ကိုလွန်စွာ စိုးရိမ်ကြောင့်ကြ လျက်ရှိကြသည်။
သို့
သူရရွှေမန်း
ဥက္ကဌ
ပြည်သူ့ လွှတ်တော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
၂၀၁၃၊ ဇန်န၀ါရီလ (၂၄) ရက်
လူမျိုးခြား စစ်ဆေးခြင်းအား ရပ်တန့်ရေးနှင့် ဒုက္ခသည်ပြည်သူများအား သူ့နေရာနှင့်သူပြန်လည်ချ ထားရေး ကို လုံခြုံစွာဖြင့် ဦးစားပေးကူညီရန်တင်ပြခြင်း
- ၂၀၁၂ခုနှစ် ရခိုင်အကြမ်းဖက်မှုသည် ဘင်္ဂလားရခိုင်သူပုန်များနှင့် အနောက်သားရခိုင်လူမျိုး ပါတီ ခေါင်း ဆောင်များ၏ ပူးပေါင်းကြံစည်မူကြောင့်ဖြစ်ပွားခဲ့သည်မှာထင်ရှားပါသည်။
- ဤသို့ အကြမ်းဖက်မူ ကို နိုင်ငံတော်နှင့် ပြည်သူ တစ်ရပ်လုံး ကြိုးပမ်းမူမှာလည်း တရားဥပဒေ စိုးမိုး ရေးနှင့်လူ့အခွင့်အရေးတန်ဖိုးထားမူအားနည်းမှုကြောင့်ဖြေရှင်းရေးမှတ်တိုင်ဝေးနေရခြင်းပင်ဖြစ် နေ သည် ဟုသုံးသပ်မိပါသည်။
- သို့သော် အပြစ်မဲ့ ဒုက္ခရောက်နေသော ရခိုင်၊ ရိုဟင်ဂျာ၊ ကမန် စသော ပြည်သူများ ၏ ဘ၀ ခံစားနေ ရ သော နှစ်ဝက်ကျော် အတိဒုက္ခများကို စာနာသောအားဖြင့် ပြည်တွင်း ဖူလုံမူမရှိ ဘဲ နိုင်ငံတကာ မှအကူ အညီများကိုနေ့စ ဉ်နှင့်အမျှ တောင်းခံနေရ သည်မှာ ရှက်စရာကောင်း လှပါသည်။
- တဖန် အကြမ်းဖက်မူ အဆုံးသက်ရေး နည်းလမ်းတွင် နိုင်ငံတော်၏ ဥပဒေ၊ နည်းဥပဒေများကို ဘင်္ဂ လား ရခိုင်သူပုန်နှင့် ပါတီများက ဆက်လက် ဖီဆန်နေခြင်းသည် တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့် အရေး လေးစားမှုကို ထိရောက်စွာ ဟန့်တားမှုခံနေရသည်ဟု သုံးသပ်မိပါသည်။ အကြောင်း မှာ သမ္မတကြီး မှ ရခိုင်အုပ်စုကို သတိပေးခြင်း၊ ကော်မရှင်မှသတိပေးခြင်း၊ ဥပဒေပါ အဆုံးအဖြက် များ ကို နာမခံခြင်း၊ ရခိုင် နန်းကျဆုံးခြင်းနေ့ ဟူ၍ထွင်ပြီး သမိုင်းကြောင်း ရန်စပြုခြင်း၊ ယနေ့တိုင် ရိုဟင်ဂျာ များနှင့် အတူမနေထိုင် လိုကြောင်း ဟူ၍ ဒေသခံ အုပ်ချူပ်ရေးမှူး များ အားခြိမ်းခြောက်ခြင်း ဟူသော ဆန့်ကျင် မှုအစုစုကို လက် ပိုက် ကြည့်နေခြင်းသည် ကချင်ေ ဒသ ကဲ့သို့ အန္တရာယ်နှင့် ကြုံကြိုက်ခံရ မည်ဟု စိုးရိမ်မိပါသည်။
- ဤကဲ့သို့ ရခိုင်တို့၏ လူမျိုးစုခွဲခြား ပိုင်းခြားမှု ဗျူဟာဖြင့် အကြမ်းဖက်မူ ကို နိုင်ငံတော် ကလည်းဖြေ ရှင်းရာ တွင် ဒုက္ခသည်များကိုသာ လူမျိုးခွဲခြားပြီး စစ်တမ်းကောက်ခြင်း၊ လူမျိုးစုဇာတိမှန်အား အတင်းပြောင်း လဲရေးမှတ်ခြင်း၊ မရလျှင် နှိပ်စက်မှု နည်းဆင်ခြင်း ဟူသောနည်းသည်လည်း တရား မျှတမူနှင့် လူ့အခွင့် အရေးဥပဒေများနှင့်ဆန့်ကျင်သောကြောင့် အမြန်ဆုံးရပ်တန့်ပေးပါရန် အလေး အနက်တောင်းဆို အပ်ပါသည်။
- တဖန်နိုင်ငံတော်သည် ဤအကြမ်းဖက်မူကို လူမျိုးစု ၂စု ပြဿနာဟူ၍လွှဲမှားစွာ နားလည်ယူပြီး စုံ စမ်း စစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းဖြင့်လည်းကောင်း၊ လုံခြုံရေးသတင်းအရလည်းကောင်း၊ အကြမ်း ဖက် မူ တွင် ပါဝင်ထင်ရှားသော ရခိုင်သူပုန်နှင့် ဘင်္ဂလားရခိုင် ပါတီခေါင်းဆောင် များ၊ နောက်ခံကြိုး ကိုင် ထားသူများ အားလုံးသိကုန်ပြီးသော်လည်း အရေးယူမှု မပြုနိုင်လျှင် ထားပါတော့၊ ဒုက္ခ သည် စခန်း အသီးသီး ကို ရောက်နေသောပြည်သူများ၏ အတိဒုက္ခကိုမခံနိုင် ၍ သေခြင်း၊ ပျောက်ခြင်း၊ တိုင်းတ ပါးသို့ထွက်ပြေးရ ခြင်း အစုစုကို နိုင်ငံတော်မှတာဝန်ခံရ မည် အားလျော်စွာ ယခုဒုက္ခရောက် နသူများကို ဦးစားပေး၍ သူ့နေရာနှင့်သူ ပြန်လည်ချထားမူ တစ်ခုတည်းသာ လုံခြုံစွာ ကူညီပေးရန် အ ချိန် ကျပြီဖြစ်နေသည်။
- တဖန်ရခိုင်ဒေသတွင် ဘင်္ဂလားမှ မွတ်စ်လင်မ်တွေ တံခါးမရှိ ခိုးဝင်လာမူဟူ၍ ယုံမှားနေမူဖြင့် ရှုပ်ထွေးနေ မူနှင့်အတူ ယနေ့ရခိုင်အရေး ဖြစ်စဉ်ကစတင်ပြီး ရခိုင်ဒေသသို့ဘင်္ဂလားနယ်ဖွား ရခိုင် (ဗုဒ္ဓဘာသာ) များသာ အမျိုးတူဟူ၍အကြောင်းခံပြီး ရခိုင်ပြည်လွတ်မြောက်ပြီဟူသောရခိုင်ပါတီ၏ အသံဖြင့် ဘင်္ဂလားရှိတစ်မျိုး တစ်ဆွေလုံးနေ့စဉ်နှင့်အမျှခိုးဝင်လာပြီး နေထိုင်မူခက်ခဲလာသောအခါ ရိုဟင်ဂျာ များ၏ နယ်မြေများကို နစကမှသိမ်းယူပြီး အတင်းနေရာချ ထားနေကြောင်းတွေ့ နေ ရပါ သည်။ ဤသို့  ဘင်္ဂလားရခိုင်များ ခိုးဝင်လာမူကို မည်သည့် ဥပဒေဖြင့်တားဆီးနိုင်မည် ကို သတိ ပြု လိုပါသည်။
- သို့သော် ရခိုင်အကြမ်းဖက်မူတွင် ပါဝင်ခဲ့သော ဘင်္ဂလားရခိုင် သူပုန်များ၊ ခိုးသွင်းတိုက်ခဲ့သော လက်နက်များ မြေပေါ်ရှိအနောက်သားရခိုင်ပါတီခေါင်းဆောင်များ၊ နောက်ခံကြိုးကိုင်ထားသောအငြိမ်း စား ဗိုလ်ချုပ်များ၊ ၀န်ကြီးများ စာရင်းဇယားအားလုံး ရရှိထားကာ နိုင်ငံတော်သမ္မတထံ အသိပေး ပြီးနိုင်ငံတော်နှင့် ဇာတိမြေဖွားပြည်သူများကို ကာကွယ်မူအားဖြင့်လည်းကောင်း၊ အမျိုး ဘာသာ ကာကွယ်စောင့်ရှောက်ရေး လည်းကောင်း၊ တပ်မတော်နှင့် အတူဝင်ရောက်ချေ မုန်းရ မည် မှာ ဧကန်မုချ ပင်ဖြစ်ပေသည်။
- အထူးသဖြင့်ဘင်္ဂလားရခိုင်ပါတီခေါင်းဆောင် အေးမောင်မှယနေ့တိုင်ခွဲခြားနေထိုင်ရေးဟူသော ခြိမ်းခြောက် မှုအသံကို နိုင်ငံတော်မှ ရပ်တန့်သင့်ကြောင်း၊ မဟုတ်လျှင်ရခိုင်ပြည် နယ်ပြ သနာ ကို ဘယ် နည်းဖြင့် မရှင်းနိုင်ကြောင်းရခိုင်နှင့် ရိုဟင်ဂျာသည် ဘယ်တော့မှ ခွဲမနေနိုင်ကြောင်း၊ အတူမ နေထိုင် လိုသော ဘင်္ဂလား ရခိုင်များ၏ စာရင်းဇယားပြုစု၍ တခြားတိုင်းနှင့် ပြည်နယ် သို့ခွဲထုတ် ပြောင်း လဲနေထိုင် သင့်စေလိုပါကြောင်း အကြံပြုတင်ပြ လိုပါသည်။
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားလည်း လေးစားကြည် ညိုရမည့် မင်းသမီးဖြစ် ပါ သည်။ သူမအားနယ်မြေတွင်ကွင်းဆင်းတာဝန်ပေးကစားကြည့်ရာတွင် ကြေးနီတောင်စီမံကိန်းတွင် အ၀ါကဒ် ထိပြီး ရခိုင်-ရိုဟင်ဂျာအရေးတွင် အနီကဒ်ထိပြန်ခဲ့ပါသည်။ အကြောင်းမှာ ရခိုင်တွင် ရိုဟင်ဂျာ အရေးကို သူမအဖေ ဗိုလ်ချူပ်အောင်ဆန်းကသိပြီး သမီးကတွေဝေနေမှုပေါ် တွင်ခံ ရခြင်းဖြစ်သည်။ တဖန် ယခုကချင် အရေးတွင် ပါဝင်စေရန်လေ့လာမှုတွင် မတော်တဆအနီကဒ် ထပ်မံ ထိခံရလျင် ၂၀၁၅ ရည်မှန်းချက်ပျက်သွားမှာစိုးလို့  လွှတ်တော်တွင်းသာ တာဝန်ပေး ကူညီစေ လိုပါသည်။
- ထို့ကြောင့် ဒုက္ခရောက်နေသောပြည်သူများ၏ ဘ၀ကိုဖြေရှင်းပြီးလျင် နိုင်ငံတော်မှ လိုအပ်သော ပြစ် မှုကျူးလွန်မှုအား ရှာဖွေအရေးယူရေးနှင့် နိုင်ငံသားဖြစ်တည်ရေး တို့ ကိုဥပဒေ၊ နည်းဥပဒေများ အရ လွှတ် တော်၏ ဆုံးဖြတ်ချက်နှင့် အညီအကောင်ထည်ဖော်ရေးနှင့် ယနေ့နိုင်ငံတော်၏ လူမျိုး ခွဲခြား စီစစ် ခြင်းအား ချက်ချင်းရပ်ပြီး ပြည်လည်နေရာချထားရေးကိုဦးစားပေးကာလုံခြုံစွာ ကူညီဖြေ ရှင်းပေး ပါ ရန် ယနေ့ ကျင်းပနေသောလွှတ်တော်အစည်းအဝေးသို့  အလေးအနက် တင် ပြတောင်း ဆို အပ်ပါသည်။
လေးစားစွာဖြင့်
ဇာနည်မောင်
National Foundation BKK
ဓါတ်ပုံသတင်း
- ရိုဟင်ဂျာတွေ ၁၈ ရာစုကတည်းက ရခိုင်ပြည်နယ်မှာ ရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝန်ခံပြောကြား
- ဘူးသီးတောင် သရက်ပြင် အုပ်ချုပ်ရေးမှူးက ဒေသခံများကို ဆဲဆို ရမ်းကား ခြိမ်းခြောက်
- စစ်တွေရှိ အင်န်ဂျီအိုရုံးများ ဖျက်ဆီးခံရ ၀န်ထမ်းများကို ရန်ကုန်သို့ နေ့ချင်းပို့
- တောင်ဘဇာမှ ရဲမှူးထွန်းနိုင်က ဒေသခံများကို မသင်္ကာမှုခေါင်းစဉ်တပ် ဖမ်းဆီးပြီး ငွေကျပ် ၂၅၁၈ သိန်း ညှစ်ယူ
- ရမဒွါန် လမ်းညွှန်
- မောင်တော အုပ်ချုပ်ရေးမှူးက ကုရ်ဘာနီကို သတ်မှတ်ထားသည့် နေရာတွင်သာ လုပ်ရမည်ဟု ပြောဆို
- DHRP ပါတီမှ နိုင်ငံတော်သို့ အကြံပြုတင်ပြချက်
- မြန်မာ့မြေမှ မွတ်စလင်များ
- အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် ရှုတ်ချမည်ဟုပြော
- ဘူးသီးတောင် တောင်ဘဇာ နယ်မြေတွင် ဆင်းရဲသားများ အငတ်ဘေးနှင့် ရင်ဆိုင်နေရ
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1fKpTG0eYjuqUGODN1Irx81Fe6MUTPnFxBTuwazbcmkC3vyc__AbXnQMSh709C17swoJHxbLuSbpk307jYt4g-tksJoDXq2f8d4dcg5HAm7lBTlSmTlmk0cU6DJbnT-KtWTnPyGtUdug2/s280/RB-Contact.png)