နောက်ဆုံးသတင်း/ဆောင်းပါးများ

၁၉၉၁ ခုနှစ် ရိုဟင်ဂျာ အမျိုးသားနေ့တွင် ဗိုလ်မှူးဟောင်းထွန်းကျော်ဦး ပြောခဲ့သော မိန့်ခွန်း

RB News
3.1.2013

ဇန်န၀ါရီလ (၃) ရက်နေ့ကို ရိုဟင်ဂျာ အမျိုးသားများ အားလုံးမှ ရိုဟင်ဂျာ အမျိုးသားနေ့ဟု သတ်မှတ်၍ အခမ်း အနားများကို ကျင်းပခဲ့ ကြသည်။

၁၉၉၁ ခုနှစ်တွင် ကျရောက်ခဲ့သော ရိုဟင်ဂျာ အမျိုးသားနေ့တွင် အမျိုးသားပါတီ ဥက္ကဌ ဗိုလ်မှူးဟောင်း ထွန်းကျော်ဦး ပြောကြား ခဲ့သော မိန့်ခွန်းကို RB News ၏ စာဖတ် ပရိသတ်များ အတွက် တင်ပြပေး လိုက်သည်။

***********************************************

လေးစားအပ် ပါသော ပါတီအသီးသီးမှ ခေါင်းဆောင်ကြီး များနှင့် အထူး ဖိတ်ကြား ထားသော ဧည့်သည် တော်ကြီး များခင်ဗျား -

ဒီနေ့ဟာ(၄၃) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အကြိုနေ့လည်း ဖြစ်တယ်။ အမျိုးသား ပါတီရဲ့ (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်တယ်။ အထူးသဖြင့် ရိုဟင်ဂျာ အမျိုးသားနေ့ လည်းဖြစ်တယ်။ ဒီမင်္ဂလာ ရှိတဲ့နေ့ ထူး နေ့မြတ်ကြီး မှာ ဧည့်သည် တော်ကြီး များနဲ့ ခုလို မိတ်ဆုံ စားပွဲကြီး ပြုလုပ်ရတဲ့ အတွက် အမျိုးသား ပါတီ မှ အထူးပင် ဂုဏ်ယူ ၀မ်းမြောက် ရကြောင်း ဦးစွာ ပြောကြား လိုပါတယ်။ ဧည့်ဝတ် မကျေပွန်မှု တွေ့ခဲ့ရင် လည်း ခွင့်လွှတ်ပါရန် ကြိုတင် တောင်းပန် အပ်ပါတယ်။

လေးစားအပ်ပါသောဧည့်သည်တော်ကြီးများခင်ဗျား -

ဒီလိုနေ့ထူးနေ့မြတ် အခမ်းအနားကို ရခိုင်ပြည်နယ်ရဲ့ မိုးကောင်းကင်တစ်ခုလုံးမှာ အမျိုးသား အလံနဲ့ပြည့် လျံ သွားအောင်ကျင်း ပသွားဖို့ဖြစ်ပါတယ်။ ဒီနေ့အဖို့ကတော့ ဒီတစ်နေရာမှာသာ ကျွန်တော်တို့ ကျင်း ပနိုင် သေးပါတယ်။ နောင်အခါမှာတော့ ရခိုင်ပြည်တစ်ပြည်လုံးနဲ့ ရိုဟင်ဂျာလူမျိုးတွေ အများ အပြားနေ ထိုင်တဲ့ အရပ်ဒေသအားလုံးမှာ ဒီနေ့မျိုးကို သောင်းသောင်းဖြဖြ ကျင်းပသွားမယ် လို့အမျိုးသား ပါတီ ကိုယ်စား ကျွန်တော်ကတိပြုပါတယ်။

လေးစားအပ်ပါသောဧည့်သည်တော်ကြီးများခင်ဗျား -

ရိုဟင်ဂျာတို့ဟာ ရခိုင်မိသား စုဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်နဲ့ရိုဟင်ဂျာ မြန်မာတို့ရဲ့မိသားစုဖြစ်ပါတယ်။ ရိုဟင်ဂျာ အရေးဟာ-ရခိုင်အရေးဖြစ်ပါတယ်။ ရခိုင်အရေးဟာလည်း ရိုဟင်ဂျာ အရေးဖြစ် ပါတယ်။ အလားတူပဲ ရခိုင် အရေး/ရိုဟင်ဂျာအရေးဟာ မြန်မာတို့ရဲ့အရေးဖြစ်ပါတယ်။ ထို့အတူပဲမြန်မာ အရေးဟာ လည်း ရခိုင်/ရိုဟင်ဂျာတို့ရဲ့ အရေးဖြစ်ပါတယ်။ ရိုဟင်ဂျာတို့နဲ့ ပတ်သက်လို့ အမျိုးသားပါတီဟာ ဒီအ တိုင်း ပဲယုံကြည်ပါ တယ်။

လေးစားအပ်ပါသောဧည့်သည်တော်ကြီးများခင်ဗျား -

အသိခက်နေသူ တိုင်းရင်းသားညီကိုများအတွက် ရိုဟင်ဂျာ ဘယ်သူလဲဆိုတာ အနည်းငယ်တင်ပြပါမယ်။ ရိုဟင်ဂျာဆိုတာ ရခိုင်ရဲ့ အမွှာညီ အစ်ကိုဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတို့ဟာ ဒုတိယလူဦးရေ အများ ဆုံးဖြစ်တယ်။ ဇာတိသွေး ဇာတိမာန်ကြီးမားတဲ့၊ အမျိုးကို ချစ်တဲ့ လူမျိုးတစ်မျိုးဖြစ်တယ်။ ရခိုင်မှာ ရိုဟင်ဂျာတို့ဟာစံပြလူမျိုးဖြစ်ပါတယ်။ ရိုဟင်ဂျာလူမျိုးဟာ ဘာသာရေးအထူးကိုင်းရှိုင်းသူများ ဖြစ်တယ်။ ဘာသာရေးနှင့် ညီညွတ်အောင်နေ ထိုင်သူများဖြစ်တယ်။ သူတို့ဟာ ရိုးရိုးရှင်းရှင်းပဲ၊ ရှုပ်ရှုပ်ပွေပွေမနေဘူး၊ ပလွှာမှုမရှိဘူး၊ နိမ့်နိမ့်ချချ ကျင့်ကြံ တတ်သူများဖြစ်တယ်။ အလုပ်နဲ့လက်မြဲတယ်။ ပစ္စည်းဥစ္စာ ဆုဆောင်း တယ်။ သည်းခံ စိတ်ရှည် ကြတယ်။ အသုံးအဖြုန်း နည်းပါးတယ်။ ကြွားကြွားဝါးဝါး မနေတတ်ဘူး။ အမိနိုင် ငံတော်ကို အကြွင်းမဲ့ သစ္စာစောင့်သူ များဖြစ်တယ်။ ဧည့်ဝတ်ကျေပွန် တတ်သူများ ဖြစ်တယ်။ အကျွေး အမွေးရက်ရော တယ်။ ပြုစုစောင့်ရှောက် မှုကောင်းသူ များဖြစ်တယ်။ နိုင်ငံတော်ခေါင်း ဆောင်ကြီး ကိုလည်းကောင်း၊ နိုင်ငံတော်အစိုးရကိုလည်းကောင်း၊ အကြီးအကဲ ဆရာသမား လူကြီးမိဘ များကို အကြွင်းမဲ့ ရိုသေလေးစားသူ များဖြစ်တယ်။ သစ္စာစောင့်သူများ ဖြစ်တယ်။ ဒါကြောင့် ရိုဟင်ဂျာတို့ဟာ  ရခိုင်ပြည်နယ်မိသားစုထဲမှာစံပြလူမျိုးသာဖြစ်တယ်။

လေးစားအပ်ပါသောဧည့်သည်တော်ကြီးများခင်ဗျား -

ရိုဟင်ဂျာ လူမျိုးဟာ ဒီလောက်ထိပြည်ထောင်စု အတွက် တန်ဖိုးကြီးမားသော လူမျိုးဖြစ်နေပေမယ့်၊ ဒီ လူမျိုး အပေါ်ရခိုင်ပြည်ပါတီများက သဘောထားတဲ့ အခါ အုပ်စု (၃) စု ကွဲပြားနေတာတွေ့ရပါတယ်။

အုပ်စု (၁) - ဒီအုပ်စုကတော့ ရိုဟင်ဂျာတို့ အပေါ်စိမ်းစိမ်းကားကား သဘောထားတယ်။ ရိုဟင်ဂျာ တို့ကို ရခိုင်ပြည်မှာ ဇတ်နိမ့် အဖြစ်ထားလိုကြတယ်။ ဗုဒ္ဓဘာသာဝင် ရခိုင်များကိုသာ အဓိက အရေးထားလိုကြ တယ်။

အုပ်စု (၂) - ဒီအုပ်စုကတော့ ရခိုင်ပြည်မှာရိုဟင်ဂျာကိုသီးသန့်ထားလိုတယ်။ အစ္စလာမ်ဘာသာဝင်တစ်ဦး (သို့မဟုတ်) အစ္စလာမ်ပါတီတစ်ခုကထိုအုပ်စုကိုအုပ်ချုပ်ထားလိုတယ်။

အုပ်စု (၃) - ဒီအုပ်စု ကတော့ရခိုင်နဲ့ ရိုဟင်ဂျာကို အမွှာညီအစ်ကို အဖြစ်သဘောထားတယ်။ ရိုဟင်ဂျာ တို့ကို ရခိုင်မြေဖွားသား ကောင်းများ အဖြစ်ခံယူတယ်။ ဒီအုပ်စု (၃) ရဲ့သဘောထားမှာ ရခိုင်ကို ချစ်ရင် ရိုဟင်ဂျာကို လည်းချစ်ပါ၊ ရခိုင်ကိုမုန်းရင် ရိုဟင်ဂျာကိုလည်းမုန်းပါ၊ ရခိုင်နဲ့ ရိုဟင်ဂျာတို့ဟာသေတူ ရှင်မကွာနေလိုပါ တယ်။ အုပ်စု (၃) ဟာဒီလိုပဲသဘောထားပါတယ်။

လေးစားအပ်ပါသောဧည့်သည်တော်ကြီးများခင်ဗျား -

ဒီနေ့ဟာ ရိုဟင်ဂျာအမျိုးသားနေ့လည်းဖြစ်တဲ့အတွက် ဒီမင်္ဂလာရှိတဲ့နေ့မြတ်မှာ ရိုဟင်ဂျာတို့ဘ၀အေးချမ်း ပါစေ၊ အမိမြန်မာနိုင်ငံအေးချမ်းသာယာပါစေ၊ တိုးတက်ပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ ညီအစ်ကို ရိုဟင်ဂျာလူမျိုးဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ခုလုံးမှာရှိတဲ့ တိုင်း ရင်း သား လူမျိုးအပေါင်းရဲ့မေတ္တာကို ခံယူရရှိပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ် လိုက်ပါ တယ်ခင်ဗျား။
 ****************************************
ဗိုလ်မှူးဟောင်း ထွန်းကျော်ဦး သည် ရခိုင်အမျိုးသား တစ်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ်လူထုအုံ့ကြွမှုကြီးနောက် ပိုင်း တွင် အမျိုးသားပါတီကို တည်ထောင်၍ ဥက္ကဌ တာဝန်ယူခဲ့သူဖြစ်သည်။

Comment ရေးရန်

Rohingya Exodus