April 24, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဒုက္ခသည်များအတွက်လှူဒါန်းသောပစ္စည်းများကိုဒုက္ခသည်မဟုတ်သောဗုဒ္ဓဘာသာဝင်များအားဝေငှနေ


မာတလိ
RB News 
5.1.2013

ဘူးသီးတောင် ။ ။ ဗုဒ္ဓဘာသာဝင် ရခိုင်အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုယက်၊မီးရှို့၊ သတ်ဖြတ် မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဘ၀ပျက်နေကြရသော ဒုက္ခသည်များအတွက် လူသားစိတ်ဓာတ် ရှိသူစေ တနာ ရှင်များက လှူဒါန်း လျက်ရှိသော်လည်း ဗုဒ္ဓဘာသာဝင် အာဏာပိုင်များ လက်ထဲသို့ရောက်ရှိ သွားသော လှူဒါန်းငွေများနှင့် ပစ္စည်းများကို အကြမ်းဖက်ခံ ရသည့် ရိုဟင်ဂျာဒုက္ခသည် အစစ်အမှန် များ အားဖြန့်ဝေခြင်း မလုပ်ဘဲ ဒုက္ခသည် မဟုတ်သော တိုင်းရင်းသား ဆိုသည့် ရခိုင်၊မြို၊ဒိုင်းနက် စသော လူမျိုးများ၊ ဒုက္ခသည် အယောင် ဆောင်ဗုဒ္ဓ ဘာသာဝင်များ အားဝေငှလျက်ရှိကြောင်း သတင်းရရှိပါသည်။

“အင်ဒိုနီရှား၊ မလေးရှား၊ ဆော်ဒီ၊ တူရကီ စတဲ့နိုင်ငံတွေက ဒုက္ခသည်တွေ အတွက် လှူဒါန်းခဲ့တဲ့ ပစ္စည်းတွေ ကျနော်တို့ ဘူးသီးတောင်ဈေးကြီးမှာ ၀ယ်လို့ ရနေပါပြီ။ ဟိုတောင်ပေါ် မှာနေတဲ့မြို၊ ခမီးလူမျိုးတွေ ၊တောမှာ နေ တဲ့ရခိုင်ဒိုင်းနက် လူမျိုးတွေကလာရောင်းတာပါ။ သူတို့လာရောင်း တဲ့ ပစ္စည်းတွေ ထဲမှာ အစ္စလာမ်ဘာသာ ၀င်တွေ သုံးတဲ့စိတ်ပုတီးတွေ၊ ၀တ်ပြုရာမှာသုံးတဲ့ဖျာချပ်တွေ၊ မွတ်စလင် အမျိုးသမီးတွေ သုံးတဲ့ “ဘုရ်ခါ”တွေ၊ အင်ဒိုနီရှားလုံချည်တွေ ပါပါတယ်။ လာရောင်း တဲ့လူတွေ ဟာ ဒုက္ခသည်တွေမဟုတ်ပါဘူး ၊” ဟု စိတ်ပုတီး ၀ယ်ခဲ့သူဦးဆာန်မျာက RB News သို့ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့သည် သူတို့ လက်ခံရယူသောထောက်ပံ့ရေးပစ္စည်း ထုပ်များကို တကယ့် ဒုက္ခသည်များ အား အပြည့်အ၀မပေးဘဲ ထိုထောက်ပံ့ရေး ပစ္စည်းထုပ်များ၏ (၉၀)%ကိုမြို့နယ် အသီးသီးရှိ တိုင်း ရင်း သား များအဖို့ ဆိုပြီး အရေးအခင်းဖြစ်ပွားမှု မရှိသောမြို့နယ်များသို့ပင် ပို့ပေးလျက်ရှိရာ ဒုက္ခသည် စခန်းမရှိသော ဘူးသီးတောင်မြို့သို့လည်း ထိုထောက်ပံ့ရေး ပစ္စည်းထုပ်များ မှန်မှန်ရောက် လျက် ရှိသည်။

ဘူးသီးတောင်မြို့နယ်မှ ဗုဒ္ဓဘာသာဝင် အာဏာပိုင်များက ၎င်းပစ္စည်းထုပ်များကို ဒုက္ခသည်များ မဟုတ်သော ရခိုင်၊ ဒိုင်းနက်ရွာများ အပြင်တောင်ပေါ်နေ“ခမီ”၊“မြို”၊ရွာများ အထိဝေငှပေးလျက်ရှိသည်။ ထိုသို့ “တိုင်းရင်း သား”ဆိုသူများလက်ခံရရှိသော အထုပ်အများစု သည်နိုင်ငံတာကာက မွတ်စလင် များအတွက် ရည်စူးပြီး လှူဒါန်းသော ပစ္စည်းထုပ်များဖြစ်နေသဖြင့် အဆိုပါအထုပ်များ၌ အထက်ပါ အတိုင်း မွတ်စလင်အသုံးအဆောင်ပစ္စည်း များပါရှိနေခြင်းဖြစ်သည်။ ၎င်း“တိုင်းရင်းသား” ဆိုသူများက ထိုအသုံး အဆောင်ပစ္စည်းများကိုအသုံးမလို သဖြင့်ဈေးသို့လာရောင်းခြင်းဖြစ်သည်။

ထို့အပြင် ဘူးသီးတောင်မြိ့နယ်မှ ရခိုင်လူမျိုးအတော်များများသည် ရသေ့တောင်၊  မောင်းတော၊ စစ်တွေမြို့နယ် များသို့သွားရောက်ပြီး ဒုက္ခသည်များ အဖြစ်အယောင်ဆောင်ကြ သည်။ ကယ်ဆယ်ရေး ပစ္စည်းများပေးသည့် အခါတွင် ထိုမြိ့နယ်များ ရှိဒုက္ခသည် စခန်းများသို့သွားရောက်နေ ထိုင်ပြီးကျန် အချိန်များတွင် မိမိတို့၏အိမ်များသို့ ပြန်နေကြသည်။ ရခိုင်ဒုက္ခသည် စခန်းများမှာ အများအားဖြင့် ထိုသို့သော ရခိုင် အချောင်သမားများ၊ ရခိုင် အကြမ်းဖက်သမားများဖြင့် ဖွင့်လှစ် ထားခြင်းဖြစ် သည်။ နိုင်ငံ တကာမှ ဧည့်သည်များ လာသောအခါ ၎င်းဒုက္ခသည် စခန်းများကို “ရခိုင်လူမျိုး ဒုက္ခသည်စခန်း” များ အဖြစ် အာဏာ ပိုင်များကလိမ်ညာပြသကြသည်။

“ရခိုင်တွေကဘဲ မွတ်စလင်ရွာတွေကို သွားပြီး မွတ်စလင်အိမ်တွေကို မီးရှို့၊ မွတ်စလင်တွေကို တိုက်ခိုက် သတ် ဖြတ်ပြီး၊ မွတ်စလင်တွေကို ဒုက္ခသည်တွေဖြစ်အောင်လုပ်ခဲ့ တာသာဖြစ်ပါတယ်။ အခုတော့ အဲဒီ အကြမ်းဖက် သမားတွေကဘယ်လိုလုပ်ြပီးဒုက္ခသည်တွေဖြစ်ကုန်ပြီလဲမသိပါဘူး။ မွတ်စလင်တွေကို ဒုက္ခပေး ရင်းပေးရင်း နဲ့မောပန်းသွားလို့များဒုက္ခသည်တွေဖြစ်ကုန်သလားမသိပါဘူး” ဟုအဆိုပါ စိတ်ပုတီး ၀ယ် သူ ဦးဆာန်မျာက RB News သို့ဆက်လက်ပြောသည်။

ဒုက္ခသည်များအတွက် လှူဒါန်းသော အထောက်အပံ့ပစ္စည်းများကို ဗုဒ္ဓဘာသာဝင် အာဏာပိုင်များက ဤ
သို့ အလွဲခွဲဝေနေသဖြင့် ဒုက္ခသည် အစစ်အမှန်များသည် ယခုအခါ အတိဒုက္ခရောက်လျက် ရှိကြောင်း သိရှိ ရ ပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus