April 14, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မြန်မာမွတ်ဆလင် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဖြိုးဝေအောင် ကျဆုံးရခြင်းနှင့် စပ်လျှဉ်း၍ သဘောထားထုတ်ပြန်ကြေငြာချက်




မြန်မာမွတ်ဆလင် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဖြိုးဝေအောင် ကျဆုံးရခြင်းနှင့် စပ်လျှဉ်း၍ သဘောထား ထုတ်ပြန်ကြေငြာချက် 

ရက်စွဲ- ၂၀၁၃ ခု၊ ဇန်န၀ါရီ ၄ ရက် 

(၁) မြန်မာမွတ်ဆလင် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဖြိုးဝေအောင် ကျဆုံးရခြင်းအတွက် ကျွန်ုပ် တို့ မြန်မာမွတ်ဆလင်တန်းတူညီမျှ အဖွဲ့မှ သူ၏မိသားစုများနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါ သည်။ ဤနေ့ဤရက် ဇန်န၀ါရီ ၄ ရက်နေ့သည် ကျွန်ုပ်တို့၏ အမိမြေ မြန်မာနိုင်ငံ လွတ်လပ် ရေးရ သော နေ့နှင့် တိုက်ဆိုင်နေသဖြင့်- မြန်မာနိုင်ငံသည် လွတ်လပ်ရေးရသည် ဆိုသော်လည်း ဥပဒေမဲ့ လူတစ်စု လက်ထဲတွင်သာ ရှိနေ၍- တိုင်းပြည်အ၀ှမ်းရှိ အများပြည်သူများ၊ တိုင်းရင်းသား နှစ်အစ်ကို မောင်နှမများမှာ လွတ်လပ်ခြင်းမရှိသေး၊ တန်းတူညီမျှ မဖြစ်သေးဘဲလျှက် ပြည်တွင်းကိုလိုနီ ဘ၀၌ ရှိနေကြောင်းကိုလည်း ကိုဖြိုးဝေအောင်မှ အသက်ပေးဆပ် သက်သေပြလိုက်ခြင်း ဖြစ်ပါသည်။ 

(၂) မြန်မာ အာဏာပိုင်များမှ ကိုဖြိုးဝေအောင်အား တမင်ရည်ရွယ် စွပ်စွဲ ဖမ်းဆီးခဲ့ခြင်းသာ ဖြစ်ပြီး မည်သည့် စွပ်စွဲသည့် အမှုအတွက် မည်သည့်သက်သေမျှ မပြသနိုင်ဘဲလျှက် ကမ္ဘာ့ဖိအားကို မလွှန် ဆန်သောအခါ မှားယွင်း၍ ဖမ်းမိခဲ့ပါသည် ဟူသော စကားတစ်လုံးဖြင့် မသိဟန်လွှဲမျက်ကွယ် ပြုခဲ့ခြင်း ဖြစ်သည်။ 

(၃) မှားယွင်း၍ ဖမ်းဆီးခဲ့ပါသည်ဟု ဦးခင်ရီကိုယ်တိုင် လူသိရှင်ကြား ၀န်ခံခဲ့ခြင်း ဖြစ်သော်လည်း လူ သားတစ်ဦး၏ ဘ၀နစ်နာစေရန် မှားယွင်းခဲ့သည် ဆိုခြင်းမှာ ဖမ်းဆီးရသော အောက်ခြေရဲသား၌သာ တာဝန်ကင်းပြီး- မှားယွင်းစေရန် သတင်းမှားပေးသူ၊ မှန်မှား မခွဲခြားဘဲ တရားသူကြီး မပီသစွာ ထောင် ဒဏ်ချမှတ်သူ၊ တရားခံအား အတွင်းကြေကြေသွားသည်ထိ ရိုက်ထောင်းနှိပ်စက်ခဲ့သူများ အားလုံး၌ တာဝန်လုံးဝရှိနေသည်။ ၎င်းတို့အား နိုင်ငံတော်အစိုးရမှ ဥပဒေအား အလွဲသုံးစားပြုသူများ အဖြစ် ထိ ရောက်စွာ အရေးယူပေးရမည် ဖြစ်သည်။ 

(၄) ထို့ပြင် အစိုးရအနေဖြင့် ကိုဖြိုးဝေအောင်၏ ကျန်ရစ်သူမိသားစုအား အစိုးရမှ သင့်တော်သလို လျှော်ကြေး သို့မဟုတ် ကူညီထောက်ပံ့ကြေးပေးရန်၊ ကျန်ရစ်သူ လူမမယ် သမီးငယ်၏ ပညာသင် စရိတ်မှ အစ အရွယ်ရောက်သည်ထိ တာဝန်ယူပေးရန်တာဝန်ရှိသည်။ 

(၅) ထိုကဲ့သို့ မှားယွင်းပါသည်ဟူသည့် အမှားများ ထပ်မံမကျူးလွန်ရန် အစိုးရတစ်ရပ်၌ တာဝန်ရှိပြီး- မြန်မာတစ်နိုင်ငံလုံးရှိ စွပ်စွဲခံနိုင်ငံရေးအကျဉ်းသားများ၊ သံသယဖြင့် ဖမ်းဆီးထားသည့် တိုင်းရင်းသား များ အားလုံးကို ချက်ချင်းလွှတ်ပေးရန်-၊ တိုင်းပြည်ပြိုကွဲစေရန် ဆောင်ရွက်စည်းရုံးလှုပ်ရှားသည့် နိုင်ငံ တော်သစ္စာဖေါက်များကိုသာ ထိရောက်စွာ အရေးယူရန်- ကျွန်ုပ်တို့ မြန်မာမွတ်ဆလင်တန်းတူညီမျှ အဖွဲ့မှ တောင်းဆိုလိုက်သည်။ 


မိုးကျော် (LA) 
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ 
အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ

Comment ရေးရန်

Pages 22123456 »
Rohingya Exodus