နောက်ဆုံးသတင်း/ဆောင်းပါးများ

မြောက်ဦးမြို့ရှိရိုဟင်ဂျာမှရွာပြင်သို့ခြေတစ်လှမ်းပင်လှမ်းခွင့်မရှိ

Qutub Shah
RB News
1.1.2012

မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင်နေထိုင်သော ရိုဟင်ဂျာမွတ်စလင်များသည် မိမိတို့၏ ကျေး ရွာအပြင်သို့ ခြေတစ်လှမ်းပင် လှမ်းခွင့် မရှိဘဲ၊ ကျေးရွာပြင်ပ သွားသူများအား အာဏာပိုင်များမှ ကိုယ်ထိ လက်ရောက် ကျူးလွန်မှုများ ပြုလုပ်လျက်ရှိကြောင်းသတင်းရရှိပါသည်။

မြောက်ဦးမြို့နယ်၊ ရီဒါပါရာရွာမှ ရိုဟင်ဂျာ (၇) ဦးသည် ဒီဇင်ဘာလ (၃၁) ရက်နေ့ညနေ ၄ နာရီခန့်တွင် ကျန်းမာရေး လေ့ကျင့်ခန်းပြုလုပ်ရန်အတွက် ရွာအနီးရှိ လယ်ကွင်းပြင်သို့ သွားရောက် ခဲ့ကြသည်။ ထိုသူ များ အား တပ်ရင်း (၃၇၈) မှ ဗိုလ်ကြီးတစ်ဦးက ဖမ်းဆီး၍ လက်များကို တရားခံများ ပမာချည်နှောင်၍ လူမဆန် စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံတစ်ဦးမှ RB Newsသို့ပြောသည်။ ရိုက်နှက်ခံရသူ အချို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါတပ်ရင်း (၃၇၈) မှလူမဆန်စွာ ရိုက်နှက်၍ ညနေ ၆ နာရီခန့်တွင်ြ ပန်လည်လွှတ်ပေး လိုက်ကြောင်း သိရသည်။

ထိုသို့ရိုက်နှက်ခံရသူ (၇) ဦးမှာ -

(၁) ဇဟိရ်အာလမ် (ဘ) ဦးဖဇလ်ကရီးမ် (အသက် ၁၈ နှစ်)
(၂) ဦးကာလူချေ (ဘ) ဦးနိုရာ (အသက် ၄၅ နှစ်)
(၃) ဦးအဒူဆမတ် (ဘ) ဦးအဒူဟောက် (အသက် ၄၀ နှစ်)
(၄) ဦးအဟမတ်ကာလူး (အသက် ၄၀ နှစ်)
(၅) ဦးမိုဟာမတ်ရှဖီး (ဘ) ဦးဖဇအုလ္လာ (အသက် ၄၅ နှစ်)
(၆) မောင်တင်ရွှေ (ဘ) ဦးဇဖရ်ဟူစိန်း (အသက် ၃၅ နှစ်)
(၇) ဦးဖဇလ်ကရီးမ် (ဘ) ဦးအက်ဝါလ်အလီ (အသက် ၄၅ နှစ်) - တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus