နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မြို့နယ်၌အိမ်နှစ်အိမ်ကိုရခိုင်အစွန်းရောက်များအကြမ်းဖက်


Qutub Shah 
RB News 
23.1.2013 

ဘူးသီးတောင် ။ ။ ယမန်နေ့ည ၇ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်မှရိုဟင်ဂျာ အိမ်နှစ်အိမ်အား ရခိုင်အစွန်းရောက်များ ၀င်ရောက်၍ အကြမ်းဖက်မှု တစ်ခုဖြစ်ပွား ခဲ့သည်။ 

အမှတ် (၁) ရပ်ကွက်ရှိ မော်လ၀ီ ဦးနူရ်မိုဟာမတ်၏    နေအိမ်နှင့် အမှတ် (၁) ရပ်ကွက်နှင့် ကပ်လျက် ရှိ သော ဦးရှုနာအလီ(ဘ) ဦးယူစွတ်၏ အိမ်တို့အား ရခိုင်အစွန်းရောက် ၀င်ရောက်၍ အကြမ်း ဖက် တိုက် ခိုက်ခြင်းဖြစ်သည်။ ထိုသို့ဝင်ရောက် တိုက်ခိုက်စဉ် လျှပ်စစ်မီး ပျက်နေပြီး၊ မိသားစု ၀င်များအား ရိုက်နှက် ၍ နေအိမ်များ ရှိတန်ဖိုးရှိသော ပစ္စည်းများကို သယ်ဆောင်သွား သည်ဟု သတင်းရရှိပါသည်။ 

“မီးပျက်တာသွားကလည်း ဒီလို အကြမ်းဖက်ဖို့အတွက် မီးဖျက်လိုက်တယ်လို့ ထင်တယ်။ အခုလိုကိစ္စမျိုး ကိုအာဏာပိုင်တွေကို သွားတိုင်ရင်လည်း အရေးယူတာမျိုး လုပ်မှာ မဟုတ်တဲ့အပြင် အကြမ်းဖက်ခံရတဲ့ သူတွေကို ဖမ်းပြီးငွေညှစ်လိမ့်မယ်” ဟုဘူးသီးတောင်မြို့မှဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ဇန်န၀ါရီလ (၂၁) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် ဖူမိုင်လီရွာရှိ နစကစခန်းအမှတ် (၂၁) မှ ရွာသား နှစ်ဦးကို မလေးရှားသို့ လူပို့နေ သည်ဟု မဟုတ်မမှန်စွပ်စွဲ၍ ဖမ်းဆီးသွားသည်။ ဖမ်းဆီးခံ ရ သူနှစ် ဦးမှာ - 

(၁) ဦးလာလူး (ဘ) ဦးမူဘာရက်ဟူစိန်း 
(၂) ဦးနဇီးရ်အဟမတ် (ဘ) ဦးအဟမတ် - တို့ဖြစ်သည်။ 

ဖမ်းဆီးသွားပြီးနောက် နစကများ၏ ထုံးတမ်းအစဉ်အလာ အရ ငွေကျပ် သိန်း ၂၀ ယူ၍ပြန် လည် လွှတ် ပေးခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်မှ မလေးရှားသို့ သွားရောက်နိုင်ရန် လူကုန်ကူးမှုများတွင် နစက နှင့်အခြားသော အာဏာပိုင်များ တိုက်ရိုက် ပါဝင်ပတ်သက်နေပြီး၊ ရခိုင်လူမျိုး လူကုန်ကူးသူများထံမှ လာဘ်ငွေယူလျက် ရှိကြောင်း သိရပါသည်။

Comment ရေးရန်

Rohingya Exodus