နောက်ဆုံးသတင်း/ဆောင်းပါးများ

အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ခြင်းလော … နာဇီဖက်ဆစ်စနစ် ထူထောင်ခြင်းလော..။ (အပိုင်း - ၂)

ဦးဦးမှော်ဆရာ 
22.1.2013

၁၉၃၀ ၀န်းကျင်လောက်မှာ ဂျာမနီမှာ ဂျူးလူမျိုးဦးရေ ၆ သိန်းကျော်ရှိပြီး၊ ဒါဟာ တနိုင်ငံလုံးလူဦးရေရဲ့ ၁% သာရှိပါတယ်။ ဂျာမန် ဂျူးတွေဟာ သူတို့ကိုယ်သူတို့ ဂျာမနီနိုင်ငံသားဖြစ်ရတာကို ဂုဏ်ယူလေ့ ရှိပြီး၊ သူတို့ လူမျိုးတွေထဲက အလွန်ကျော်ကြားတဲ့ ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ အနုပညာရှင် တွေမြောက်မြား စွာပေါ်ထွန်းခဲ့တာပါ။ ဒါတင်မကသေးဘူး။ ပထမကမ္ဘာစစ်ကြီးမှာ ဂျာမန်ဂျူး ၁ သိန်း ကျော်ဟာ ဂျာမနီစစ် တပ်ထဲဝင်ရောက် အမှုထမ်း ခဲ့ပြီး အဲဒီထဲက မြောက်မြားစွာသော ဂျူး စစ်သားတွေ ဟာ သူရဲကောင်း ဘွဲ့တံ ဆိပ်တွေ ချီးမြှင့် ခံရတဲ့ အထိ တိုင်းပြည် တာဝန် စွမ်းစွမ်း တမံ ထမ်းဆောင် ခဲ့ကြပါ တယ်။ 

ဒါ့အပြင် ဂျာမန် ဂျူးလူမျိုးတွေဟာ အစိုးရ ဌာနတွေမှာလည်း ၀င်ရောက် အမှုထမ်းနေသလို၊ တက္က သိုလ် တွေမှာ လည်း ဆရာများ အဖြစ်အမှုထမ်းနေခဲ့ ပါတယ်။ ၁၉၀၅ ခုနှစ်ကနေ ၁၉၃၆ ခုနှစ် အတွင်း နိုဘဲလ် ဆုရခဲ့တဲ့ ဂျာမနီနိုင်ငံသား သိပ္ပံ ပညာရှင်နဲ့ အနုပညာရှင် ၃၈ ဦး ရှိတဲ့ထဲမှာ ဂျာမန်ဂျူး ၁၄ ဦး ပါဝင်တဲ့အ ထိ ဂျူးတွေဟာ ဂျာမနီနိုင်ငံအတွက် ဂုဏ်ဆောင် ခဲ့တာပါ။ လူမှုဘ၀နဲ့ စီးပွားရေးနယ် ပယ်တွေ မှာ ဂျာမန် ဂျူးတွေ အပေါ်ခွဲခြားဆက်ဆံမှု တချို့တလေ ရှိပေမဲ့လည်း သူတို့ ကိုယ်တိုင်ရဲ့ အနာဂတ်ကို ဂျာမနီနိုင် ငံ မှာ ပဲ မြှပ်နှံထားဖို့ ဆုံးဖြတ်ထားကြပါတယ်။ (ဒါကပဲကိုယ့်သေတွင်း ကိုယ်တူး မိသလား မပြော တတ် ဘူး) သူတို့ဟာ ဂျာမန်စကားကို သာပြောပြီး ဂျာမနီကို ကိုယ့်အိမ်လို ပဲသဘော ထားခဲ့ကြ ပါတယ်။ 

၁၉၃၃ ဇန်န၀ါရီလ ၃၀ ရက်နေ့ နာဇီပါတီ အာဏာရ လာပြီးနောက်ပိုင်းမှာ နာဇီ ပါတီခေါင်းဆောင်တွေ ဟာ ဂျာမန်ဂျူးတွေကို အလုံးစုံဆန့် ကျင်တိုက်ခိုက်ဖို့ ကျိတ်ပြီးဆုံးဖြတ်ခဲ့ပါတယ်။ ဒီအစီစဉ်အရ လူထု တွေပါ လက်ခံ ပါဝင်လာအောင် လုပ်ရမဲ့ လုပ်ငန်းစဉ်တွေထဲမှာ အရေးအကြီး ဆုံးအဖြစ် မီဒီယာကိုသုံးပြီး ၀ါဒမှိုင်း တိုက်ခဲ့ပါတယ်။ ထိလွယ်ရှလွယ်ဖြစ်စေတဲ့အကြောင်းအရာတွေကို စီကာပတ်ကုံးရေးသား လှုံ့ဆော်ထားတဲ့ ဂျူးမုန်းတီးရေးစာတွေ လှိုင်လှိုင်ထုတ်ဝေခဲ့ပြီး၊ 

လူကြီးရော ကလေးတွေပါ အံ့သြစရာ  ကောင်းလောက်အောင် နာဇီဝါဒမှိုင်း တိုက်မှုအောက် ကျရောက် ခဲ့ပါတယ်။ နိုင်ငံ့သမိုင်း တလျောက် ဂျာမန်များနဲ့ ဂျူးများ တသား တည်းနေ ခဲ့ကြပေမဲ့လည်း ဖက်ဆစ်နာဇီ ပါတီရဲ့ ဂျူး မုန်းတီးရေးဝါဒ မှိုင်းတိုက်ခဲ့မှုကြောင့် သူစိမ်းပြင်ပြင်ဖြစ် သွားခဲ့ကြတယ်။ (ဒီအကြောင်းကို ကျနော့်ဆောင်းပါး အပိုင်း-၁ မှာ ဖေါ်ပြခဲ့ပြီးပါပြီ။)

(ခုလို ဘုရားဟောခဲ့သယောင်ယောင် ခပ်တည်တည်နဲ့ ရွှီးခဲ့တာကိုလည်း အဲဒီအချိန်က ဂျာမန်ပညာတတ်များမျောပါခဲ့ကြပါတယ်။)



(ဂျူးတွေကို ခုလိုလူမျိုးရေးအရသာမက ဘာသာရေးအရပါ စက်ဆုပ်မုန်းတီးစိတ်ဝင်သွားအောင် လုပ်ကြံရေးသားခဲ့ပါတယ်။)
၁၉၃၃ ခုနှစ် ဧပြီလ ၁ ရက်နေ့ မှာတော့ နာဇီပါတီဝင်တွေဟာ ဂျူး စီးပွားရေး လုပ်ငန်းတွေ အသက်မွေး ၀မ်းကျောင်းမှု လုပ်ငန်းတွေကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆန့်ကျင်သပိတ်မှောက်ဖို့ စတင်ဆော်သြ ခဲ့ပါတော့ တယ်။ ဒီ သပိတ်မှောက်မှုဟာ ဂျာမန်-ဂျူးအဓိကရုန်းတြွေ ဖစ်ပွားစေပြီးဖို့ ရည်ရွယ်လုပ်ဆောင် တာဖြစ်ပြီး၊ ဂျူး မုန်းတီးရေး လှုံ့ဆော် စာတွေကိုလည်း ပြောင်ပြောင်တင်းတင်း ဖြန့်ဝေခဲ့ပါတယ်။ ဂျာ မန်-ဂျူး အဖွဲ့အစည်းကြီးက တရား ဥပဒေအရ အကာကွယ်ယူနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့၊ ဂျူး လူ မျိုး နှိပ် ကွပ်ရေးဟာ အစိုးရ ကိုယ်တိုင်ရဲ့ မူဝါဒဖြစ်နေတဲ့ အတွက်လျစ်လျူရှုခံခဲ့ရပါတယ်။ (ကျနော်တို့ဆီမှာ `သမ္မတကြီးဆီသို့ အိတ် ဖွင့်ပေးစာ´ မျိုးထင်ပါ့)။


နောက်ပြီး ၁၉၃၃ မေလမှာ `ဂျာမနီ အစိုးရ၀န်ထမ်းများ ပြင်ဆင် ခန့်အပ်တဲ့ ဥပဒေတစ်ရပ်ထုတ်ပြန် လိုက်ပြီး ဂျူး လူမျိုး ၀န်ထမ်းတွေကို အကြောင်ြး ပချက် မရှိ အလုပ်တွေက ထုတ်ပယ် လိုက်ပါတယ်။ ဒီ ဥပဒေ အရမိမိရဲ့ အဘိုးအဘွားထဲမှာ ဂျူး တစ်ယောက် ပါခဲ့ရင်တောင် ဂျူးလူမျိုး အဖြစ်သတ်မှတ် တာပါ။ အဲဒီ နောက်ပိုင်း ဂျူးလူမျိုးတွေရဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေအားလုံး တစတစ ရပ်တန့် သွား ပါပြီ။ ဂျူး လူမျိုး ၀န်ထမ်းများ အသိပညာရှင် အတတ်ပညာရှင်များ၊ ဆရာ ဆရာမများကို အလုပ်မှ အကြောင်း မဲ့ထုတ် ပယ်ကြပါပြီ။ ဒါဟာ “သွေးဖြင့်နိုင်ငံသားသတ်မှတ်မှု” ဆိုတဲ့ ခေါင်း စဉ်အောက် ကရ လဒ် တခု ပေါ့ဗျာ။


(ဒါကတော့ မြင့်မြတ်သော ဂျာမန်သွေးကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဂျူးသွေးပါသူတွေကို ၀န်ထမ်းအဖြစ်ကနေ ရပ်စဲဖို့အတွက် ထုတ်ပြန်ချက်တစ်ခုပေါ့.. )

ဂျာမန် မျိုးချစ်များဆိုသူတွေနဲ့ နာဇီပါတီဝင်တွေဟာ ဂျူးလူမျိုးပိုင်ဆိုင်ခန်းတွေ၊ စတိုးဆိုင်တွေ၊ ဆေး ခန်းတွေ၊ ရှေ့နေရုံး ခန်းတွေရှေ့မှာရပ်ပြီး `ဂျူးတွေဆီကဘာမှမ၀ယ်ရ´၊ `ဂျူးလူမျိုးတွေ ဟာ ဂျာမနီ ကိုကြမ္မာ ဆိုးတွေ သယ်ဆောင်လာတဲ့သူတွေ'ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး စောင့်ကြပ်နေခဲ့ပါ တယ်။ ဒါ့ပြင် ဂျူးလူမျိုး ဆိုင်တွေ၊ ရုံးခန်းတွေ၊ အိမ်တွေအားလုံးကို`ဒေးဗစ်ရဲ့ကြယ်´လို့ခေါ်တဲ့ ဂျူး အမှတ် တံဆိပ်ကို လိုက် လံရေးဆွဲပြီး ကွဲကွဲပြားပြား သိသာထင်ရှားအောင် ပြုလုပ်ခဲ့ ပါတယ်။ ဒီလိုနဲ့ တဖြေး ဖြေး နိုင် ငံတ ၀ှမ်းလုံး အမျိုးသားရေးခေါင်းစဉ် တပ်ပြီး ဂျူးလူမျိုးများကို ကိုယ်ထိလက်ရောက် တိုက် ခိုက်ခြင်း၊ ဂျူး ပိုင်အိမ်တွေ၊ ဆိုင်ခန်းတွေကို တိုက်ခိုက်ဖျက်ဆီးခြင်း၊ ဂျူးလူမျိုးများနဲ့ဆက် ဆံနေဆဲ ဂျာမန် များကိုသစ္စာဖေါက်များအဖြစ် သတ်မှတ်ပြီး အပြစ်ပေးခြင်းတွေလု ပ်လာပေမဲ့ တရား ဥပဒေရဲ့ အကာကွယ်ပေးမှုကို ဂျူးတွေမရခဲ့ပါဘူး။



ဒီကြားထဲ နာဇီပါတီအာဘော် သတင်းစာတွေက `ပြည်သူ့တိုက်ပွဲ´ ဆိုတဲ့ ခေါင်း စဉ်ကြီး တပ်ပြီး ဗြောင် ကျကျမီးလောင်ရာဓါတ်ဆီလောင်းပေးပါတော့တယ်။ “ပြည်ပမှ ဂျူးအဖျက် သမားများရဲ့လုပ်ရပ် ဆိုးများ ကို ကာကွယ်ခြင်း” လို့နားထောင်ကောင်းအောင် သုံးထားပါသေး တယ်။ “လူထုအစည်းဝေး ကြီးမှ ဂျူးလူမျိုးများကို ဆန့်ကျင်ကြောင်းကြေငြာချက်” ၊ “ဂျူးလူမျိုးများကို ဆန့်ကျင်ကြ” ၊ “တိုက်ပွဲ ကို ရှောင် လွဲလို့ မရနိုင်တော့ပါ” .. စသဖြင့် လူမျိုးရေး လှုံ့ဆော်စေ တဲ့ ခေါင်းစည်းတွေ နဲ့ ပြောင်ပြောင် တင်းတင်း ထုတ်ဝေ လာပါတယ်။ ဒါ့ပြင် နိုင်ငံတကာက စာနယ်ဇင်းတွေမှာဂျာမန်ဂျူးတွေ ဖိနှပ်ခံနေရ တဲ့ အကြောင်း ဖေါ်ပြနေကြလို့ ဂျာမနီနိုင်ငံတော် ကြီးကို သိက္ခာကျအောင် ရေးသားမှုများအ တွက် လက် တုန့်ပြန် ကလှည့်စားချေ ရမယ် လို့လည်း ၀ါဒဖြန့်ပါသေးတယ်။ ဒီလိုလုပ်ဆောင်ရာမှာ လူမျိုးရေးမုန်း တီးမှု အပြင် ဘာသာရေးအရ မုန်းတီးဆန့်ကျင်စေရန်လည်းဝါဒဖြန့်ခဲ့တာပါ။



ဧပြီ ၁ ရက်နေ့ ဂျူးဆန့် ကျင်ရေးစတင်စဉ်က သူတို့ရဲ့ ရည်ရွယ်ချက်က ဂျာမနီမှာရှိတဲ့ ဂျူး လူမျိုးစီးပွား ရေးလုပ်ငန်းတွေပြိုလဲသွားဖို့ဆိုတဲ့ရည်ရွယ်ချက်သာရှိသေးတာပါ။ အစပိုင်းမှာတော့ တပြည် လုံး အတိုင်းအတာနဲ့ ဂျူးဆန့်ကျင်ရေးလုပ်ဆောင်ဖို့ ဒေသဆိုင်ရာနာဇီပါတီတစ်ခုက ဦးဆောင် လှုံ့ဆော်မှု သက်သက်နဲ့လုပ်ခဲ့တာဖြစ်ပြီး၊ ဂျာမန်ပြည်သူအများစုက ပုံမှန်အတိုင်းပဲ ဂျူးဆိုင်တွေမှာဝယ်မြဲ၊ ဂျူးတွေနဲ့ ဆက်ဆံဆဲ ဖြစ်နေပါသေးတယ်။ နောက်ပိုင်း အစိုးရကိုယ်တိုင် အတိအလင်းပါဝင်လာတော့ ရည်ရွယ် ချက်တွေ ပိုမိုကြောက်စရာကောင်းလာပြီး၊ ဂျူးလူမျိုးတွေ အားကိုးရာမဲ့ဘ၀ရောက်အောင်၊ အဘက်ဘက်က အသက်ရှင်ရပ်တည်ရန် ခက်ခဲလာပြီး နေရပ်စွန့်ခွာသွားအောင်၊ အဆုံးစွန်ထိ ဖေါ်ပြရရင်တော့ ဂျာမနီနိုင်ငံ မှာရော ကမ္ဘာပေါ်ကပါ ဂျူးလူမျိုးများ လုံးဝပပျောက်သွားစေရန်ထိ ရည်ရွယ်ချက်တွေထားလာ ပါတော့ တယ်။ ပုံမှန်ဦးနှောက်ရှိသူအတွက်ဆိုရင် ဒီလိုတွေဖတ်ရတော့ `ဂျာမန်တွေ ရူးနေလား´လို့တွေးပြီး ရယ်စရာကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ သေချာတွေးကြည့်တဲ့ အခါနာဇီဝါဒဖြန့်ချိမှုရဲ့ထိရောက်ပြီး ကြောက် စရာကောင်း ပုံကို သတိပြုမိပါလိမ့်မယ်။ နှစ်ပေါင်းများစွာ တမြေတည်းနေ တရေ တည်းသောက်၊ ဒိုးတူဘောင် ဖက်နေလာသူတွေ အချင်းချင်းကြားမှာ လူမျိုးမတူ လို့ ၊ ဘာသာမတူလို့ဆိုတဲ့ အကြောင်းပြ ချက်နဲ့ ကမ္ဘာပေါ်က ပျောက်ကွယ်သွားတဲ့အထိလုပ်ချင်တဲ့ ဆန္ဒတွေဖြစ်လာအောင် အမှန်တကယ် လုပ်ဆောင် နိုင်ခဲ့ပါတယ်။ 

နိဂုံးချုပ်အနေနဲ့ ကျနော်ပြောချင်တာက ဒီလုပ်ရပ်တွေဟာ ရူးသွပ်နေသူတွေရဲ့ လုပ်ရပ်တွေသာ ဖြစ်သလို၊ ဒီနေ့ခေတ်ကြီးမှာ ဘယ်လိုနည်းနဲ့မှ အောင်မြင်မဲ့လုပ်ရပ်တွေလည်း မဟုတ်ပါဘူး။ မကြာခင် အရှက်တကွဲ ကျရှုံးသွားရမှာပါ။ သို့ပေမဲ့လည်း `ခွေးလှေးခုန်လို့ ဖုန်မထပါဘူးကွာ´ဆိုပြီး ဂရုမစိုက် ဘဲနေနေ လို့မရပါဘူး။ သမိုင်းကြောင်းမှာငါတို့ဘယ်လို သွေးစည်းစွာရပ်တည်ခဲ့တယ်ဆိုတဲ့ ရှင်ပြုတုန်း က ရွှေ ထီးဆောင်း ခဲ့တဲ့ အဖြစ်အပျက်တွေကို စားမြှုံ့ပြန်ရင်း ငါတို့ကိုတော့ မလုပ်လောက်ပါဘူး လို့ စိတ် ချနေ လို့မရပါ။ အရူး တသိုက်ရဲ့လုပ်ရပ်ဆိုးကကျန်တဲ့ပြည်သူတွေအပေါ်အနည်းနဲ့အများ သက် ရောက် မှု ရှိ မှာပါ။ ကျန် တဲ့ပြည်သူတွေက ကိုယ့်အပေါ်အမြင်မစောင်းစေရန်တတ်နိုင်သမျှ ရှင်းပြနိုင် ရပါ မယ်။ အရေး ယူသည်ဖြစ်စေ၊ အရေးမယူသည်ဖြစ်စေ အစိုးရဆီကို အကြောင်းကြားပါ။ နောက်ပြီးတကမ္ဘာ လုံးကြားအောင် တတ်နိုင်သမျှ အသံကျယ်ကျယ်အော်ပါ။ ပြည်တွင်းက ဘာသာပေါင်းစုံချစ်ကြည်ရေး ကြိုးပမ်း လုပ်ဆောင်နေတဲ့ ဘာသာရေးခေါင်းဆောင်တွေကို ပံ့ပိုးကြရပါမယ်။ တစ်ခုသတိထားရမှာက ဒီနေရာမှာဒေါသ အလျောက်မတုန့်ပြန်သင့်ပါ။ သူတို့ဒီလိုလုပ်လို့ ကိုယ့်ဘက်ကဘယ်လိုတုန့်ပြန်မယ် ဆိုတဲ့အတွေးမျိုးတတ်နိုင်သမျှဖျောက်ရပါမယ်။ ဆိုးသွမ်းတဲ့လုပ်ရပ်တွေဟာ လုပ်ဆောင်နေသူတစ်စုနဲ့ သာ သက်ဆိုင်ပြီး လူအားလုံးကို ကိုယ်စားမပြုဘူးဆိုတာ အမြဲသတိချပ်သင့်ပါကြောင်း ... 

(ကျနော့်ရဲ့ ပထမဆောင်းပါးမှာ အလွန်ရှည်သွားတဲ့အတွက် ဖြုတ်လိုက်ရတဲ့ အပိုင်းကိုပြန်တင်လိုက် တာပါ။ ပုံတွေစုံစုံလင်လင်ကြည့်လိုပါက ကျနော့် FB WALL ပေါ်မှာ Album တစ်ခုလုပ်ထားပါတယ်။ မြန်မာပြည်က လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေကိုပါ တခါတည်း တင်ပေးထားပါတယ်။ ဒီလင့်မှာ သွားကြည့်နိုင်ပါတယ်။ 



အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ခြင်းလော … နာဇီဖက်ဆစ်စနစ် ထူထောင်ခြင်းလော..။ (အပိုင်း - ၁)

Comment ရေးရန်

Rohingya Exodus