မဟာဝိဟိကတိုင်း
ဌေးလွင်ဦး
RB News
29.1.2013
အခု ရခိုင်နယ်လို့ ခေါ်တဲ့ အရပ်ဒေသကို အိန္ဒိယ သမိုင်းမှာ ရက္ခဆ လို့ခေါ်တွင်ခဲ့တယ်။ အကြောင်းက အဲ့ဒီက native လူမျိုးဟာ အသားရောင်မဲတယ်၊ နှခမ်းလုံးတယ်၊ မျက်ခုံးထူတယ်၊ နှဖူးမောက်တယ်- စတဲ့ သူတို့ရဲ့ ရုပ်ရည်ကြောင့် သူတို့ကို ရက္ခဆ လို့ ခေါ်တွင်ခဲ့ခြင်း ဖြစ်ပြီး- သူတို့ရဲ့ အကျင့်ဓလေ့ကြောင့် ခေါ်တွင် ခဲ့ခြင်း မဟုတ်ပါ။
ဒါပေမယ့်- အဲ့ဒီဒေသရဲ့ မူလဘူတ လူမျိုးတွေက သူတို့ကို သူတို့ “ရိုဟင်ဂျာ”လို့ပဲ ခံယူခဲ့တယ်။ သူတို့ တိုင်းပြည် ကို “မဟာရိုဟင်ဂဒေသ”လို့ပဲ ပြောဆိုခဲ့တယ်။ ဒါကြောင့် ဒီဒေသကို တိုက်ခိုက် သိမ်းပိုက်ခဲ့ တဲ့ ရှေ့ဗမာမင်းများ က အဲ့ဒီဒေသကို အိန္ဒိယတို့ ခေါ်သလို ရက္ခဒေသ လို့ ခေါ်သလို အဲ့ဒီဒေသက လူတွေ ခေါ် ဆိုသလို “မဟာ ၀ိဟိက”လို့လည်း ခေါ်ဆို ခဲ့ကြောင်း သမိုင်းမှာ မှတ်တမ်း ရှိနေတယ်။ မဟာ ရိုဟင်ဂျာ ဆိုတဲ့ အမည်က မဟာဝိဟိက လို့ ပြောင်းလဲနေခြင်းဟာ စာပေအပြောင်းအလဲနဲ့ အသံ ထွက် အပြောင်း အလဲကြောင့်သာ အသံ အနည်း တိမ်းပါး သွားခြင်း ဖြစ်ပါတယ်။
မူရင်း နာဂရီ (ရှေးဟောင်းဘင်္ဂလီ) အက္ခရာနဲ့ မြန်မာစာကို ပြောင်းလည်းတဲ့အခါ- များစွာသော ရ၊ ဟ၊ ၀ အသံ များ ပြောင်းလဲသလို၊ ဆ- သ အသံများလည်း အကြီးအကျယ် အပြောင်းအလည်းတွေ ရှိနေကြောင်း အထူးရှင်းပြရန် လိုမည် မဟုတ်ပါ။
မြန်မာမင်းများမှတ်တမ်းဖြစ်တဲ့ ၀ိဟိက- ဆိုတဲ့ အသံထွက်ကို ရိုဟင်ဂ မှ အပ အနီးစပ်ဆုံး ကောက်ယူဘို့ အခြား ရခိုင်မှ လူမျိုးများ၊ ဒေသများ၊ မြစ်များ၏ အမည်နာမ မရှိပါ။ ရခိုင် ကိုလည်း ၀ိဟိက လို့ ကောက် ယူလို့ မရသလို၊ မာရ်မာကီး၊ ချင်း၊ သက်၊ ဒိုင်းနက်၊ မြို- စတဲ့ လူမျိုးများနဲ့ ၀ိဟိက ဆိုတဲ့ စကား လုံး နီးစပ်အောင် စဉ်းစားလို့ မရနိုင်တော့ပါ။
ရခိုင်ရဲ့ ရှေးဟောင်း လူမျိုး- “ရိုဟင်ဂျာ”ဟာ အိန္ဒိယ တိုင်းသားများ ခေါ်သကဲ့သို့ သူတို့ကိုယ် သူတို့ “ရက္ခဆ” လို့ မခံယူကြောင်းနဲ့ အိန္ဒိအခေါ်ကို လိုက်ပြီး ဗမာများက မွန်သထုံဘက်မှ မူလဘူတ အသားမဲသည့် လူမျိုးကဲ့သို့ “ရက္ခ” များ ဖြစ်သည် ဟူသော အခေါ်ကို လက်မခံဘဲ မိမိတို့၏ ဒေသသည် “အရက္ခဒေဆ” သာ ဖြစ်သည်ဟု မှတ်တမ်းတင် ခဲ့ကြောင့်- ရက္ခပူရ ဘယ်မှာလဲ ခေါင်းစီးမှာ ကျွန်ုပ် ရှင်းခဲ့ ပါပြီ။ မူလဘူတ “မဟာရိုဟင်ဂဒေသ”က လူမျိုးများဟာ ပါဠိဘာသာ စကားကို ပြောဆိုခဲ့ပြီး- သူတို့ရဲ့ စကား လုံးများက အငြင်း စကားလုံးကို “အ” “န” ရှေ့တွဲပြီး သုံးနှံးပြော ဆိုပါတယ်။- ဥပမာ- မင်္ဂလာ ရဲ့ ဆန့်ကျင် ဘက် အမင်္ဂ လာ ၊ ကုသိုလ်ရဲ့ ဆန့်ကျင်ဘက် အကုသိုလ်-၊ ဆိုတာ မျိုးပါ။ အလားတူပဲ “အရက္ခဒေဆ” ဆို တာ “ရက္ခဒေ ဆ” ရဲ့ ဆန့်ကျင်ဘက် စကားလုံး၊ အငြင်း စကားလုံး ဖြစ်ပါတယ်။ တနည်းအားဖြင့် သူတို့ မှာ နိုင်ငံခြား (အိန္ဒိယပြည်နဲ့၊ ဗမာပြည်)သားများ ထင်မှတ် သကဲ့သို့ အရိုင်းများ မဟုတ်၊ ယဉ်ကျေးမှုနဲ့ စည်းကမ်းနဲ့ ရှိပြီး လူမျိုးလို့ ခံယူခြင်းလည်း ဖြစ်ပါတယ်။ (ကျောက်စာ အရ အသံထွက်အမှန်က “အရက္ခဒေဆ” ဖြစ်ပါတယ်။ “အရက္ခဒေသ” ဆိုတဲ့ သ အသံထွက် မဟုတ်ပါ။)
မဟာဝိဟိကဒေသ-ကို နောက်ပိုင်းမှ ၀င်လာသူများက၊ သူတို့ရဲ့ ပြင်ပကအစွဲ ဖြစ်တဲ့ ရက္ခ ဆိုတဲ့ အမည် ကို သာ ခံယူပါတယ်။ အဲ့ဒီ အစွဲဟာ ပြင်ပက သယ်လာတဲ့ အစွဲသာ ဖြစ်ပါတယ်။ ဒါပေ မယ့် နောက်ဝင် လာသူများက များပြားလာပြီး ဒေသတစ်ခုရဲ့ အချုပ် အခြာအာဏာကို ပိုင်ဆိုင်လာတဲ့အခါမှာ သူတို့ရဲ့ အစွဲကို သူတို့သမိုင်း အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
သမိုင်းကို ဖျောက်ဖျက်ခြင်းဟာ နှစ်ကာလကြာလာတဲ့အခါမှာ ဟိုးရှေးပဝေဏသီက သမိုင်းဟောင်း ပျောက် သွားနိုင်ပေမယ့်-၊ သမိုင်းဖျောက်စမှာတော့ ချက်ချင်း ၀ုန်းဒိုင်း ဖျောက်ဖျက်နိုင်ခြင်း မရှိပါ။ ဥပမာ အားဖြင့်- ၁၉၉၀ ခုနှစ်ထိ မြန်မာနိုင်ငံရဲ့ မြေပုံမှာ ရခိုင်ကမ်းရိုးတန်းဒေကို Arakan လို့ ရေးသားခဲ့ပေမယ့်၊ ၁၉၉၀ နောက် ပိုင်းမှာ Rakhine လို့ ပြောင်းခဲ့ပါတယ်။ သမိုင်းကဖျောက်မှု ပူနွေးနေသေးတော့- အခုအချိန်ထိ ရှေ့မှီနောက်မှီ လူများက Rakhine သည် Arakan ဖြစ်ကြောင်း သိနေဆဲပါ။ Myanmar ကို Burma ဖြစ်ကြောင်း သိနေဆဲပါ။ အလားတူပဲ--၊ ရှေးမြန်မာမင်းများက ရခိုင်ကိုသိမ်းပိုက်ပြီး မဟာမြတ် မုနိဆင်းတုကြီးအား ပင့်ဆောင်သွားသော မှတ်တမ်း၌ “သားတော် မဟာဥပရာဇာ လည်း နှစ်ရာ့နှစ် ကျိပ်လေးယောက် သော မင်းတို့သည်- နှစ်ပေါင်း ငါးထောင့် သုံးရာ့ နှစ်ဆယ့်ခြောက်တိုင်တိုင် မင်းအဖြစ်ဖြင့် စိုးအုပ် တည်ထောင်သော မဟာဝိဟိကတိုင်း ရခိုင် ပြည်နယ် အလုံးကို သိမ်းယူတော် မူခဲ့ပြီးလျှင်-----” ရယ်လို့ မှတ်တမ်းတင်ခဲ့ပါတယ်။ (ကျက်သရေဆောင် ရွှေစလွယ်ရ ၀န်ထောက်မင်း၊ ဦးမောင်မောင်တင် (၁) K.S.M.,A.T.M ရေး- ကုန်းဘောင်ဆက် မဟာ ရာဇ၀င် ကြီး ဒုတိယတွဲ စာမျက်နှာ ၃၁)
အခုခေတ် အခုကမ္ဘာကြီးမှာ သမိုင်းဟာ ဖျက်တိုင်း မပျက်တော့ပါ။ ပျောက်ကွယ်သွားရတဲ့ လူမျိုးတွေ ၊ နေ ရာ ဒေသတွေ၊တိုက်တာအဆောက်အဦးတွေ၊ပန်းချီကားချပ်တွေကိုတောင်လိုက်လံတူးဖေါ်ရှာဖွေနေတဲ့ ခေတ် ကာလကြီးကို ရောက်လာနေပါပြီ။-
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှုတာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု