နောက်ဆုံးသတင်း/ဆောင်းပါးများ

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရခိုင်ပြည်နယ်သို့သွားမည်

ကျော်စွာဝင်း
RB News
4.1.2013

ဂျကာတာ ။ ။ အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၀န်ကြီး Mr. Marty Natalegawa သည်လာမည့် တနင်္လာနေ့တွင် မြန်မာနိုင်ငံသို့ မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက် မည်ဖြစ် ပြီး၊ နှစ်ရက်ကြာခရီး စဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်၍ ဒုက္ခသည်များ ၏ အခြေအနေကို သွားရောက်လေ့လာမည်ဟု ယနေ့ထုတ် The Wall Street Journal တွင် ရေးသားဖော်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီး Mr. Marty Natalegawa မှ စာနယ်ဇင်းသမားများ ကိုပြောကြားရာတွင် ၎င်း၏ခရီးစဉ် သည် အလည် အပတ်သဘော ခရီးစဉ်မျိုးသာဖြစ်ပြီး၊ အမှန်တကယ်ဖြစ်ပေါ်နေသည့်အခြေအနေများနှင့် စိန်ခေါ်နေ သည့်အခြေ အနေများ ကိုလေ့လာရန်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ၎င်း၏ ခရီးစဉ်အတွင်း ဒုက္ခသည်များကို လူသားချင်းစာနာသည့် အထောက်အပံ့များ ကူညီရန်အတွက် အမေရိ ကန်ဒေါ်လာ တစ်သန်းကို တရားဝင်ကြေညာ၍သုံးစွဲသွားမည်ဟုသိရသည်။

လွန်ခဲ့သည့် တနင်္ဂနွေနေ့က စင်ကာပူနိုင်ငံမှ လက်ခံရန်ငြင်း ဆိုခဲ့သည့် ရိုဟင်ဂျာမွတ် စလင်ဒုက္ခသည် ၉ ဦးကို အင်ဒိုနီးရှား နိုင်ငံက လက်ခံခဲ့ပြီး၊ မလေးရှားနိုင်ငံကလည်း စင်ကာပူနိုင်ငံမှ လက်မခံသည့် ရိုဟင်ဂျာ ဒုက္ခ သည် ၄၀ ဦးကို လွန်ခဲ့သည့် ရက်သတ္တပတ်ကလက်ခံခဲ့သည်။ အင်ဒိုနီးရှားနိုင် ငံခြားရေးဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူက ရိုဟင်ဂျာမွတ်စလင်ဒုက္ခ သည်များကိုအခြားသော ဒုက္ခသည်များကို လက်ခံ သကဲ့သို့ လက်ခံ၍ လူသားချင်းစာနာသော အထောက်အပံ့ များပေးမည် ဖြစ်ပြီး၊ နေရပ်သို့ပြန်၍ ပို့မည် မဟုတ်ကြောင်း ယနေ့ပြောကြားလိုက်သည်။

Mr. Natalegawa ၏ရခိုင်ပြည်နယ်ခရီးစဉ်တွင် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ စီးပွားရေးပညာရှင် များကိုအတူတကွခေါ်ယူသွားပြီး ရခိုင်ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပတ်သက်၍လည်းလေ့ လာသွား မည် ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus