နောက်ဆုံးသတင်း/ဆောင်းပါးများ

၂၀၁၀ သင်္ကြန်ဗုံးပေါက်မှုနှင့်မတရားဖမ်းဆီးခံခဲ့ရသူကိုဖြိုးဝေအောင်ကွယ်လွန်

ကျော်စွာဝင်း
RB News
4.1.2013

ရန်ကုန် ။ ။ ၂၀၁၀ ခုနှစ် သင်္ကြန်ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍  မတရား စွပ်စွဲဖမ်းဆီး၍ ညှင်းပန်းနှိပ်စက်ခြင်း ခံခဲ့ရပြီး ၂၀၁၂ခုနှစ်သြဂုတ်လ (၃)ရက်တွ င်နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့်ပြန်လည် လွတ် မြောက်လာခဲ့သော ကိုဖြိုးဝေအောင်သည် ယနေ့နံနက် ၃ နာရီတွင် ရန်ကုန်မြို့၊ တာမွေ မြို့နယ်၊ သီတာလမ်း နေအိမ်၌ အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူ (ကွယ်လွန်) သွားကြောင်းသိရသည်။

X20 သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ကိုဖြိုးဝေအောင်အား ၂၀၁၀ ခုနှစ် ဧပြီလ (၂၃) ရက်နေ့တွင် အမှုဆင်၍ ဖမ်းဆီးပြီးနောက် စစ်ကြောရေး စခန်းတွင် လူမဆန်စွာ ညှင်းပန်းနှိ ပ်စက် ခဲ့ကြောင်း နိုင်ငံ တကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များ၊ အကျဉ်းသား များစောင့်ကြည့်ရေး အဖွဲ့များ ၏ အစီရင်ခံစာများ အရသိရသည်။ ကိုဖြိုးဝေအောင်ကို ၂၀၁၂ ခုနှစ်မေလ (၈) ရက်နေ့တွင်သေ ဒဏ်၊ ထောင်ဒဏ် တစ်သက် တစ်ကျွန်းနှင့်အခြား သောပုဒ်မ သုံးခုတပ်၍ ၁၆ နှစ် ထောင်ဒဏ်ချမှတ် ခံခဲ့ရ သည်။ ၂၀၁၂ ခုနှစ် ဇူလိုင်လ ကုန်ပိုင်းတွင် ကုလသမဂ္ဂ လူ့အခွင့် အရေးအထူးကိုယ်စားလှယ် မစ္စတာ ကွင်း တားနားမှ ထောင်ဆေးရုံသို့ သွားရောက်တွေ့ဆုံပြီးနောက် သြဂုတ်လ (၃) ရက်တွင် လွတ်မြောက် လာ ခဲ့ခြင်း ဖြစ်သည်။

ကိုဖြိုးဝေအောင် သည်ထောင်မှ လွတ်မြောက် မလာခင်မှ စ၍ ခန္ဓာကိုယ်အောက်ပိုင်း လှုပ်မရတော့ဘဲ၊ အသည်း ကင်ဆာရောဂါလည်း ခံစားနေခဲ့ရပြီး၊ စစ်ကြောရေးစခန်း အတွင်းညှင်းပန်းနှိပ်စက်မှု ဒဏ်များ ကြောင့် ဆေးရုံ တက်၍ဆေးဝါး ကုသမှုခံယူခဲ့ရသည်။

ကွယ်လွန်သွားသော ကိုဖြိုးဝေအောင်ကို ယနေ့နေ့လည် ၁ နာရီတွင်မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေး မွတ်စလင် သုဿန်တွင်ဒါဖနာ (သဂြိုဟ်) မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။ ကိုဖြိုးဝေအောင်သည် အသက် ၃၃ နှစ်ရှိပြီး အင်ဂျင်နီယာတစ်ဦးဖြစ်သည်။

Comment ရေးရန်

Rohingya Exodus