ဘူးသီးတောင်ရှိတပ်ရင်း ၃၅၂ မှမတရားသဖြင့်စီးပွားရှာနေ
ဌေးဇော်
RB News
19.1.2013
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ် အ၀န်းရှိဒေသခံ ရိုဟင်ဂျာ မွတ်စလင်များ၏ ပိုင်ဆိုင်သော လယ်ယာမြေ ကို ၁၉၉၀ နောက်ပိုင်းမှ စ၍ သိမ်းဆည်းခြင်းများပြု လုပ်ခဲ့ရာ ယခုထိ သိမ်းဆည်းခြင်း၊ အတင်းအဓမ္မတပ် ရန်ပုံငွေ အဖြစ်စပါးစိုက်ပျိုး ခိုင်းခြင်းများ ဆက်လက်ပြု လုပ်လျက်ရှိသည်။
ဘူးသီးတောင်မြို့နယ်ရှိ တပ်ရင်း ၃၅၂ မှ စည်းရုံးရေးနယ်မြေဟု ဆို၍ တပ်သက်သာချောင်ချိရေး ရန် ပုံ ငွေလို သည်ကိုအကြောင်းပြ၍ ငါးရန့်ချောင်းကျေးရွာအုပ်စုရှိ အမှတ် (၁၀) ရပ်ကွက်မှ ဧက ၄၀၊ အမှတ် (၁၁) ရပ်ကွက်မှ ဧက ၇၀၊ အမှတ် (၁၂) ရပ်ကွက်မှ ဧက ၂၀၀၊ အမှတ် (၁၃) ရပ်ကွက်မှ ဧက ၆၀ - စုစုပေါင်း ဧက (၃၇၀) ကို တပ်ရင်းမှူးနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိသော ဦးအဘာစ်မျာနှင့် ဦးကေဖါတုလ္လာတို့ အားကြီးကြပ်စေပြီး နွေစပါးစိုက် ပျိုးရန် အမိန့်ထုတ်ပြန် ခဲ့ကြောင်း သိရသည်။ ထိုသို့နွေစပါးစိုက်ပျိုးရာ တွင် လယ်ပိုင်ရှင်များကို ထွန်ယက်ခွင့်မပေးဘဲ၊ တစ်ဧကလျှင် ငွေကျပ် ၃ သောင်းစီပေးသွင်းနိုင်သူများ သာ လယ်ယာ ထွန်ယက် ခွင့်ပေးနေသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လယ်ပိုင်ရှင်များက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြ သော် လည်း တပ်ရင်းမှ ကြီးကြပ်၍ပြု လုပ်နေသည့် အတွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ လုပ်ပိုင်ခွင့် တစ်စုံတစ်ရာ မရှိဟြု ပန်ကြားကြောင်းဒေသ ခံတစ်ဦးမှ RB News သို့ပြောပါသည်။
“ကျွန်တော်တို့ လယ်ပိုင်ရှင်တွေ အတွက်တော်တော်လေး နစ်နာဆုံးရှူံး ရပါတယ်။ လယ်တွေကိုသိမ်းချင် သလိုသိမ်းတယ်။ မသိမ်းပြန်ရင်လည်း သူတို့စိတ်တိုင်း ကျလုပ်ပေးရတဲ့ အပြင် ကျွန်တော်တို့ရဲ့ လယ်မြေ တွေပေါ်မှာ ကျွန်တော်တို့ လယ်စိုက်ဖို့ တစ်ဧကကို ငွေကျပ် ၃ သောင်းစီပေးရမယ်ဆိုတာ မတရား အ နိုင်ကျင့်တာပါ။ ကျွန်တော်တို့ ဘူးသီးတောင်မြို့နယ်မှတော့ တပ်ရင်း ၃၅၂ နဲ့ ၅၅၁ တို့ကတော့ အင်မ တန်ရက်စက်ယုတ်မာနေတဲ့ တပ်ရင်းတွေဖြစ်ပါတယ်။” ဟုငါးရန့်ချောင်းရွာ မှဒေသခံတစ်ဦးမှ RB News သို့ ပြောပါသည်။