March 19, 2025
 Ro

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

နစကမှလုပ်ကြံမှုကြောင့် ငါးခူရရွာသားတစ်ဦး ငွေကျပ်သိန်း ၆၀ ပေးလိုက်ရ


Qutub Shah 
RB News 
19.1.2013 

မောင်တော ။ ။ ယမန်နေ့က မောင်တောမြို့နယ် ငါးခူရကျေးရွာ အခြေစိုက် နယ်စပ်ဒေသကွပ်ကဲရေး (နစက) နယ်မြေ (၅) နယ်မြေမှူး ဗိုလ်မှူးဝင်းလှိုင်ဦးဆောင်၍ အဖွဲ့ဝင် ၁၀ ဦးပါဝင်သောအဖွဲ့သည် ငါးခူ ရကျေး ရွာရှိ ဦးမိုဟာမတ်ဟူစိန်း (ဘ) ဦးအက်သာကမာလ် (အသက် ၅၃ နှစ်) ၏နေအိမ်သို့ ၀င်ရောက် စီးနင်း ရှာဖွေခဲ့သည်။ ရာဘာဆေးပြားများ ရှာဖွေရန်ရှိသည်ဟု အကြောင်းပြ၍ ၎င်းတို့ကိုယ် တိုင်ယူဆောင် လာသော မူးယစ်ဆေးဝါးအချို့ကို ရှာဖွေနေသည့် အချိန်တွင် ဘီဒိုထဲ၍ လုပ်ကြံခဲ့သည်ဟု သိရသည်။ ထို့နောက် ဦးမိုဟာမတ်ဟူစိန်းအား ငွေကျပ်သိန်း ၆၀ ရသည့်အထိ ဖမ်းဆီးထိန်းသိမ်း ထားခဲ့ ပြီး၊ ငွေကျပ် သိန်း ၆၀ ရသည့်အခြါ ပန်လည်၍ လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

ယမန်နေ့ကပင် မောင်တောမြို့ခမောင်းဆိတ်ရွာ (ဖကီရာဘာဇား) အခြေစိုက်နစကနယ်မြေ (၂) မှ စုံစမ်းရေး မှူးချုပ်ထွန်းစိန်မှ ရေနံဆီရောင်း ချသူ ဦးဂျမာလ် (ဘ) ဦးအဒူမာဘုသ် (အသက် ၃၅ နှစ်) အား ဖမ်းဆီး ခဲ့ကြောင်းသိရသည်။ နစကမှ၎င်းအား ဖမ်းဆီးရခြင်းမှာ နေအိမ်၌ ရေနံဆီကီလို ၄၀ ခန့် တွေ့သော ကြောင့်ဖြစ်သည်။ ဦးဂျာမာလ်သည် မိသားစု ၆ ဦးကို အရောင်းအ၀ယ်ပြုလုပ်၍ ၀င်ငွေအ နည်း ငယ်ဖြင့်စောင့်ရှောက်နေ သူဖြစ်ပြီး ငွေကြေးအားဖြင့် ဆင်းရဲသူ တစ်ဦးဖြစ်သည်။ သို့သော်လည်း နစက များ ကို ငွေကျပ် ၃ သိန်းပေးမှ ပြန်လည် လွတ်မြောက် မည်ဖြစ်သဖြင့် ငွေကျပ် ၃ သိန်းရအောင် ရှာဖွေပေး ခဲ့ပြီး လွတ်မြောက် လာခဲ့ကြောင်း သိရှိရပါသည်။ 

“နေ့တိုင်း  အဲဒီထွန်းစိန်က ရိုဟင်ဂျာတွေ ရဲ့အိမ် ၂ လုံးကနေ ၃ လုံးထိ ပစ်မှတ်ထားပြီး၊ အိမ်တွေကို ပါမစ် မယူ ဘဲဆောက်တယ် ဆိုပြီးအကြောင်းမရှိ အကြောင်း ရှာပြီး ငွေညှစ်နေတယ်။ ကျွန်တော်တို့ အိမ်တွေ ဆောက် ထားတာ နှစ်ပေါင်း ၂၀ မကတော့ဘူး။ အဲဒီ နစကဆိုတဲ့ ဌာနမပေါ်လာခင် ကတည်း ကပါ။ ကျွန် တော် တို့နိုင်ငံမှာ ကျွန်တော်တို့လို ဘယ်သူ့မှ ခံစားရမှာမဟုတ်ဘူး လို့ယုံကြည်တယ်။ ဗဟိုအစိုးရ အနေနဲ့ ကျွန်တော်တို့ရဲ့ ဒုက္ခတွေ အပေါ်အာရုံစိုက် သင့်တယ်” ဟုအမည် မဖော်လို သူရွာသားတစ်ဦးမှ RB News သို့ပြောပါသည်။ 

မောင်တောမြို့နယ်၊ ဗန္ဓုလကျေးရွာ အုပ်စုသည် နစကနယ်မြေ (၁) အောင်သပြေလက်အောက် ခံဖြစ် ပြီး၊ ထိုရွာတွင် ရိုဟင်ဂျာမိသားစု ၁၀၀ ခန့်နေထိုင် လျက်ရှိသည်။ ထိုထဲမှ မိသားစု ၃၀ ခန့်မှာ နစက၏ အတင်း အဓမ္မ ဘင်္ဂလီဇတ်သွင်းသည့် အစီအစဉ်တွင် ပါဝင်ခဲ့ရသည်ဟု သိရသည်။ ထိုသို့ ဘင်္ဂလီဇတ်သွင်း ခံရ မည်စိုး၍ ထိုရွာမှ ရိုဟင်ဂျာ မိသားစုအချို့တိမ်းရှောင်သွားကြောင်း သတင်းရရှိပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus