နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြားဖြတ်သတင်း - မကြီးချောင်းကျေးရွာမှနစကများက ရိုဟင်ဂျာများကိုအကြမ်းဖက်နေ


M.S. Anwar
RB News 
5.1.2013

မောင်းတော ။ ။ မောင်းတောမြို့ မကြီးချောင်းကျေးရွာရှိ နယ်စပ်ဒေသ ကွပ် ကဲ ရေးစခန်း အမှတ်(၁၅)၊ နယ်မြေ(၇)မှ ဗိုလ်ကြီးမျိုးထိုက်အောင် ဦးဆောင်၍ ဒုရောင်ပြင်ကြီးကျေးရွာရှိရိုဟင် ဂျာများကို ယမန်နေ့မှ စ၍ အကြမ်းဖက်နေကြောင်း သတင်းရရှိပါသည်။ အကြမ်းဖက်ရခြင်းမှာ ယခုတလော ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ မွတ်စလင်များကိုနို င်ငံသားစီစစ်မည်ဟု အကြောင်းပြ၍ဘင်္ဂလီဟု အတင်း အဓမ္မမှတ်တမ်း တင်နေရာ ရိုဟင်ဂျာများက ဘင်္ဂလီမဟုတ်သောကြောင့် ဘင်္ဂလီဟု လက် မှတ်ရေး ထိုးပေး ရန်ငြင်း ဆန်နေသောကြောင့်ဖြစ်သည်။

“ဗိုလ်ကြီး မျိုးထိုက်အောင်က မကြီးချောင်းရွာမှ ရှိတဲ့စခန်းကို ၂၀၁၂ မေလမှာပြောင်း လာတာ။ ဇွန်လမှာ အကြမ်း ဖက်မှုဖြစ်ပြီး တဲ့နောက်မှာ အပြစ်မဲ့ ရိုဟင်ဂျာတွေဆီ ကငွေညှစ်တာတွေ စလုပ်လာတယ်။ ဒေသခံ အပြစ်မဲ့ ရိုဟင်ဂျာတွေကို အကြမ်း ဖက်မှုကြီး ပါတဲ့ တရားခံတွေ ဆိုပြီးခြိမ်းခြောက်တယ်။ ဇွန်လ ၁၅ ရက်နေ့ မှာ သူ့တပည့် ဒုရောင်ပြင်ကြီးရွာ အုပ်ချုပ်ရေးမှူး အကူအညီနဲ့ ရွာသားတစ်ယောက်ဆီက ငွေ သိန်း ၁၅၀ (သိန်းတစ် ရာ့ငါးဆယ်ကျပ်) ယူသွားတယ်။ ဇွန်လ ၁၈ ရက်နေ့မှာ ပန်တော်ပြင်ရွာကရွာ သား တစ်ယောက် ဆီက သိန်း ၁၀၀ (သိန်းတစ်ရာကျပ်) ယူသွားတယ်။”

“ဗိုလ်ကြီးမျိုးထိုက်အောင်က မဟုတ်မမှန် စွပ်စွဲခြိမ်းခြောက်ပြီး မတရားသဖြင့်ငွေ ညှစ်တာပါ။ သူနဲ့သူ့ရဲ့ နစကတပ်ဖွဲ့ဝင်တွေအားလုံး အတူတူပါဘဲ။ တရားခံ စာရင်းထဲကို ထည့်မယ်။ ခြိမ်းခြောက်မယ်။ ငွေညှစ် မယ်။ အခုတစ်ခါ လူမဆန်တဲ့သူတို့ရဲ့ စစ်ဆင်ရေးထဲမပါဝင်တဲ့ သူတွေကို အတင်းအဓမ္မဖမ်းဆီး ခြိမ်းခြောက်တာတွေ လုပ်လာတယ်။ အခု ကျွန်တော်တို့ရဲ့ အဆိုးရွားဆုံး အခြေအနေကို ကမ္ဘာကို သိစေ ချင်တယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ မြန်မာနိုင်ငံအစိုးရကိုလည်းသိစေချင်တယ်။ ကမ္ဘာကြီးကို ကျွန်တော်တို့ သတ်ဖြတ်ခံ နေရတာ၊ အကြမ်းဖက်ခံနေရ တာတွေကို လာပြီး ကယ်တင်ပေးပါလို့ အသနားခံချင်တယ်” ဟု မောင်းတော မြို့ဒေသခံရိုဟင်ဂျာလူကြီးတစ်ဦးမှ RB News သို့ပြောသည်။

ရိုဟင်ဂျာ လူမျိုးများသည် ဘင်္ဂလီလူမျိုး မဟုတ်သည်ကို အတင်းအဓမ္မခြိမ်းခြောက်၍ ဘင်္ဂလီဟုလက် မှတ်ထိုးခိုင်း၍ ကွန်ပျူတာဖြင့် လက်ဗွေယူ၍ မှတ်တမ်းတင်သည့် စစ်ဆင်ရေးပြု လုပ်နေသည်။ မြန်မာနိုင် ငံအစိုးရမှ ရိုဟင်ဂျာ လူမျိုးဟူသည့် လူမျိုးအမည် ပပျောက်သွားအောင် စီမံကိန်း တစ်ရပ် အနေဖြင့်ပြု လုပ် နေပြီး တရားမ၀င်ကျူးကျော်နေထိုင်သူများဟုစွပ်စွဲရန်ကြံရွယ်နေခြင်းသာဖြစ်သည်။

Comment ရေးရန်

Rohingya Exodus