နောက်ဆုံးသတင်း/ဆောင်းပါးများ

မြောက်ဦးမြို့တွင်စစ်တပ်မှအမျိုးသမီးတစ်ဦးအား အဓမ္မကျင့်၊ တစ်ဦးအားသတ်ဖြတ်၊ ဖမ်းဆီးငွေညှစ်များပြုလုပ်


Qutub Shah
RB News
5.1.2013
မြောက်ဦး ။ ။ ယနေ့ ဇန်န၀ါရီလ(၅)ရက်နေ့တွင် မြောက်ဦးမြို့၊ ဖီဖရန်ကျေးရွာရှိ တပ်ရင်း (၃၇၈) မှ တပ်သားများသည် ရွာသူတစ်ဦးဖြစ်သည့် ဒေါ်ဖာတေမာ၏နေအိမ်သို့ အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ကျူးကျော်ဝင်ရောက်၍ လူမဆန်စွာ ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ထို့အပြင် ရွာသူအပျို တစ်ဦးဖြစ်သည့် မစေတာရာ (ဘ) ဦးမိုဟာမတ်ကရီးမ် ကိုနေ့လည် ၁၂ နာရီခန့် တွင်ဖမ်းဆီး၍ ထိုတပ်သားများ၏စခန်းသို့ခေါ်ဆောင်သွား၍ အတင်း အဓမ္မသား မယား အဖြစ်ပြု ကျင့်ပြီး ပြန်လွှတ်ကြောင်းသိရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ မိဘများမှ အမှုဖွင့်လျှင် ပိုမို၍ ညှင်းပန်းနှိပ် စက်ခံရ မည်သာဖြစ်ပြီး ဥပဒေအရတရားမျှတမှုကိုရမည်မဟုတ်သောကြောင့် အမှုမဖွင့် ပဲကြိတ်မှိတ် သည်းခံ နေရသည်ဟု ဒေသခံတစ်ဦးမှ RB News သို့ပြောပါသည်။

အဆိုပါတပ်ရင်းမှ တပ်သားများမှပင် လမ်းတွင် သွားလာနေသော ရိုဟင်ဂျာ မွတ်စလင် (၃) ဦးကိုဖမ်းပြီး ရိုက်နှက်၍ ငွေ ၅ ထောင်စီဓါးပြသဖွယ် တိုက်ယူသွားခဲ့ကြောင်းသိရသည်။ ရိုက်နှက်နှိပ်စက်ခံရသူ (၃) ဦးမှာ

(၁) ဦးမောင်ကာလူ (အသက် ၅၀ နှစ်)
(၂) ဦးအဒူဟာမစ် (ဘ) ဦးရရှစ်အဟမတ်
(၃) ဦးမောင်ကိုး (ဘ) ဦးအဗ်ဒူ - တို့ဖြစ်သည်။

ဇန်န၀ါရီလ (၃) ရက်နေ့တွင် ဇူလာပါရာရွာမှ ရွာသားနှစ်ဦး သည် ရွာရှိလုံခြုံရေး တပ်ဖွဲ့ဝင်များထံမှ ခွင့်ပြု ချက်ယူ၍ ဖီဖရန်ကျေးရွာသို့ သွားရောက်၍ဈေးဝယ်ရန် သွားခဲ့သည်။ ဈေးမှအပြန် နေ့လည် ၁၂ နာရီခန့်တွင် ရခိုင်ရွာ (လေးမြို့ဇာ) ကိုဖြတ်ပြန်ရာတွင် တပ်ရင်း (၃၇၈) မှတပ်သားများမှ ဖမ်းဆီး ရိုက် နှက်ပြီး ၀ယ်လာသည့် ပစ္စည်းများအားလုံးကို လုယူလိုက်ကြောင်းသိရသည်။

ဇန်န၀ါရီလ (၃) ရက်နေ့တွင် အစ္စလာမ်ဘာသာကျောင်းတွင် ပညာသင်ကြားနေသော မိုဟာမတ် ဟာရွန် အား စက်ဘီးစီး၍ သွားနေသည်ကို ဖမ်း၍ ခွင့်ပြုချက်မယူ၍ စက်ဘီးစီးသည်ဟုပြောဆိုပြီး ရိုက်နှက် ခဲ့သည်။ ထို့အပြင် လမ်းလျှောက်သွားနေသော အခြားကျောင်းသား တစ်ဦးကိုလည်း ထိုနေ့ပင် ဖမ်းဆီး၍ လမ်းပေါ် တွင်ပင်လူမဆန်စွာရိုက်နှက်ခဲ့ကြောင်းဒေသခံတစ်ဦးမှ RB News သို့ပြောသည်။

ဇန်န၀ါရီလ (၂) ရက်နေ့တွင် ဖီဖရန်ကျေးရွာရှိ လုံခြုံရေး တပ်ဖွဲ့များမှ လူရှာဖွေရန် ရှိသည်ဟု အကြောင်း ပြ၍နေအိမ် ၀င်ရောက် ရှာဖွေပြီး မဘူဒီဘိုနူ (ဘ) ဦးအိုဘိုင်ဒုလ်ဟဆန် (အသက် ၂၂ နှစ်) ကို နေ့လည် ၃ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင် သွားပြီး ညနေ ၆ နာရီတွင် မဘူဒီဘိုနူ၏ အလောင်း ကိုနေ အိမ်သို့ ပြန်လည်ပို့ပေး ခဲ့ကြောင်းသိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မိခင်ဖြစ်သူက အမှုဖွင့် ရန်ကြိုး စား သောအခါ မိခင်ဖြစ်သူအား ဖမ်းဆီးသွားပြီး ရိုက်နှက်၍ ဇန်န၀ါရီလ (၄) ရက်နေ့ နံနက် (၃) နာရီခန့် တွင်ပြန် လည်လွှတ်ပေးခဲ့ကြောင်းသိရသည်။

မြောက်ဦးမြို့ ဖီဖရန်ကျေးရွာအုပ်စုတွင် စပါးကြိတ်စက်နှစ် လုံးသာရှိပြီး၊ တစ်လုံးမှာ ခါလ်ပါရာ ရွာရှိ မော်လာနာ အဇီဇူလ်ဟောက်မှ ပိုင်ဆိုင်ပြီး၊ ကျန်တစ်လုံး မှအော်ရိုပါရာရွာမှ ဦးဇီယာအုလ်အစ္စလာမ် (ဘ) ဦးမိုဟာမတ်ဆာဒက်မှ ပိုင်ဆိုင်သည်။ ဇန်န၀ါရီလ (၂) ရက်နေ့တွင် စပါးကြိတ် စက်ပိုင်ရှင်နှစ်ဦးမှ စပါးကြိတ်နေစဉ် တပ်ရင်း (၃၇၈) မှလုံခြုံရေး တပ်ဖွဲ့ဝင်ရောက်လာပြီး လစဉ် ၃၀၀၀၀ ကျပ်စီအခွန် အဖြစ်ဆောင်ရန် ပိုင်ရှင်နှစ်ဦး အားပြောကြားခဲ့သည်။ နောက်နေ့တွင် ပိုင်ရှင်နှစ်ဦးမှ စပါးကြိတ်လျှင် လစဉ် ၃၀၀၀၀ စီပေးရ မည်စိုး၍ စပါးကြိတ်ရန် မသွားဘဲနေအိမ်များတွင်နေခဲ့ကြသည်။ သို့သော်လည်း တပ်ရင်း (၃၇၈) မှလုံခြုံရေး တပ်ဖွဲ့ဝင်များ လိုက်လာပြီး စပါးမကြိတ်လျှင်လည်း စပါးကြိတ်စက်ပိုင်ဆိုင် သည့်အတွက် လစဉ် ၃၀၀၀၀ စီပေးရမည်ဟုပြောဆိုသွားကြောင်းသိရသည်။

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်စလင်များသည် ထိုကဲ့သို့ ညှင်းပန်းနှိပ်စက် မျိုးစုံကို မခံနိုင် လျှင် လှေစီး ၍ နိုင်ငံမှ အပြီးအပိုင်ထွက်မည် ကိုမျှော်လင့်လျက် ယခုကဲ့သို့ ညှင်းပန်းနှိပ်စက် လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus