March 14, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မိတ္ထီလာ အရေးအခင်း တင်းကြပ်စွာ ထိန်းသိမ်းရန် ကုလနှင့် AI တို့ တိုက်တွန်း

(ဓါတ်ပုံ - စိုးဇေယျာထွန်း)
မဇ္ဈိမ
22.3.2012

မိတ္ထီလာမြို့နယ်တွင် စိတ်မကောင်းဖွယ်ရာ လူသေဆုံးရမှုနှင့် ဖျက်ဆီးမှုများအတွက် လွန်စွာ ဝမ်းနည်း ရပါကြောင်း ရန်ကုန်မြို့သို့ ကြာသပတေးနေ့ ညနေက ရောက်ရှိလာသည့် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ ဗီဂျေ နမ်ဘီးယား က ပြောဆိုလိုက်သည်။

“အသက်ဆုံးရှုံးမှုများနှင့် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပေါ်စေရန် အာဏာပိုင်များက တင်းကျပ် စွာ ဆောင် ရွက်ပြီး လူမှုအစုအဖွဲ့များကြား ညီညွတ်အဆင်ပြေကြစေရန် တိုးမြှင့်ဆောင်ရွက်မှုနှင့် လူထုအ တွင်း ငြိမ်း ချမ်းရေးနှင့် တည်ငြိမ် မှုရှိရေးကို ဆက်လက် လုပ်ဆောင်ရန်မှာ အရေးအကြီးဆုံး ဦးစားပေးအ လုပ် ဖြစ် သည်” ဟု ၎င်း၏ ကြေညာချက်တွင် ပါရှိသည်။

မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တခုတွင် အငြင်းပွားရာမှ စတင်ခဲ့သည့် ပဋိပက္ခမှာ အဓိကရုဏ်း အသွင် ကျယ်ပြန့် လာခဲ့ပြီး အုပ်စုလိုက် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် လူ ၁၀ ဦးထက် မ နည်း သေ ဆုံးခဲ့ရသည်။

“ယင်း ကိစ္စမှာ လူမှု အဖွဲ့အစည်း အတွင်းမှ အဖွဲ့အစည်း အသီးသီး တွင်တာဝန်ရှိ ပါသည်။ဘာ သာရေး ခေါင်းဆောင်များနှင့် အခြား လူမှု  အစု အဖွဲ့ ခေါင်းဆောင် များက မိမိတို့ အဖွဲ့ဝင် များအား အကြမ်းမ ဖက် ကြ ရန်၊ တရား ဥပဒေကို လေးစားပြီး ငြိမ်းချမ်းရေး အတွက် ဝိုင်းဝန်း ဆောင်ရွက်ကြ ရန်လည်း တိုက် တွန်း ရမည်” ဟုဆိုသည်။

အာဏာပိုင်များအနေဖြင့် စဉ်ဆက်မပြတ် သတိဝီရိယ ရှိရန် လိုအပ်သော်လည်း အခြေအနေ တည်ငြိမ်သွား မည်ဟု မျှော်လင့်ကြောင်း မစ္စတာ နမ်ဘီးယား က ထုတ်ပြန်ကြေညာသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်း သာဖွင့်အဖွဲ့ (AI)ကလည်း အာဏာပိုင်များအနေနှင့် အကြမ်း ဖက် မှု အန္တရာယ်နှင့် ရင်ဆိုင်နေရသော လူ့အဖွဲ့အစည်းကို ထိထိရောက်ရောက် ကာကွယ်သင့်ကြောင်း မတ်လ ၂၁ ရက်နေ့က တိုက်တွန်းလိုက်သည်။

“နောက်ဆုံး ရရှိတဲ့ သတင်း တွေကတော့ စိတ်ပူ စရာပါပဲ။ အခုဆိုရင် မွတ်ဆလင် ဘာသာဝင်များနဲ့ ဗုဒ္ဗဘာသာဝင် များကြား ဘာသာရေး အရ တင်းမာမှုတွေဟာ နိုင်ငံရဲ့ ဒေသ အတော်များများကိုပါ ကူးစက် လို့ နေပါပြီ။ အာဏာပိုင် များကနေပြီး ဒီအခြေအနေကို တွေ့ကြုံ ခံစားနေရတဲ့ သူတွေကို အမြန်ဆုံး ကာ ကွယ်မှု မပေးနိုင်ရင် နောက်ဆက်တွဲ ပိုပြီး ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်ပါတယ်” ဟု အာရှ ပစိဖိတ်ဆိုင်ရာ AI ဒုညွှန်ကြားရေးမှူး Issabelle Arradon က သတိပေး ပြောဆိုသည်။

ဆက်လက်၍ “အခု ဖြစ်နေတဲ့ ကိစ္စတွေကို မှန်မှန် ကန်ကန်နဲ့ အမြန်ဆုံး စုံစမ်း စစ်ဆေးနိုင်မှသာ အခြေ အနေ ကို ထိန်းသိမ်းနိုင်မှာ ဖြစ်တယ်” ဟုလည်း ဆိုသည်။

အစ္စလာမ် ဘာသာဝင်တို့၏ ဗလီများ၊ အစိုးရ အဆောက်အဦများနှင့် လူနေအိမ် အများအပြား မီးရှို့ဖျက် ဆီးခံရသော မိထ္ထီလာ အဓိကရုဏ်းမှာ ၂၀၁၂ ခုနှစ်၊ ဇွန်လမှ စတင်ခဲ့သည့်ရခိုင် ပြည်နယ်တွင်းပဋိပက္ခများမှ ဆက်လက်ဖြစ်ပေါ် လာသည့် တင်းမာမှုများကြောင့် ဖြစ်သည်ဟု AI က ဆိုသည်။

“မြန်မာ အာဏာပိုင်တွေမှာ ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ် လုံခြုံမှုကို ကာကွယ်ပေးရမယ့် တာဝန် ရှိပါတယ်။ တဆက်တည်းမှာပဲ လူမျိုးစုတိုင်းကို ခွဲခြားခြင်း မရှိဘဲ သူတို့ရဲ့ လုံခြုံရေးကို အာမခံပေး နိုင်ရ မယ်။ ဒီအကြမ်းဖက်မှု သံသရာကြီး ဆက်မလည်ပတ်နေစေဖို့ရာ သိပ်ကို အရေးကြီး ပါတယ်” ဟု Arradon က ဆက်လက် ပြောကြားသည်။

ပြဿနာ များစတင်ဖြစ် ပွားသည့် မတ်လ၂၀ရက်နေ့ မှစတင်ကာပုဒ်မ ၁၄၄ထုတ်ပြန်ထားပြီးရဲများ ကစောင့် ကြပ် လျက်ရှိကာ အာဏာပိုင်များ၊ ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်များ၊ ရပ်မိ ရပ်ဖ များနှင့် နိုင်ငံရေး ပါတီ များကလည်း ဝင်ရောက် ထိန်းသိမ်းပေးလျက် ရှိသည်။

ရခိုင် ပြည်နယ်တွင်း ဖြစ်ပွားခဲ့သော လူမှုပဋိပက္ခ များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ကော်မရှင် တရပ် အား ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် ဖွဲ့စည်းခဲ့ပြီး ၎င်းစစ်ဆေးမှု ရလဒ်များကို ယခု မတ်လကုန်တွင် သမ္မတထံ တင်ပြကာ တရားဝင် ထုတ်ပြန်မည် ဟု AI က ခန့်မှန်းထားသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus