နောက်ဆုံးသတင်း/ဆောင်းပါးများ

သတင်းရေးချင်ရင် မီဒီယာကျင့်ဝတ် စောင့်ထိန်းသင့်ပါရဲ့


O'Laie Manzu
2.3.2013

စာနယ်ဇင်း ထိန်းချုပ်မှုတွေ ပယ်ဖျက် လိုက်ပြီးနောက်မြန်မာနိုင်ငံမှာ သတင်းစာတွေ၊ ဂျာနယ်တွေ ပလူ ပျံပေါ်ပေါက်လာနေချိန်မှာ စာနယ်ဇင်းလောကထဲကို အပြိုင်အဆိုင် တိုးဝှေ့ဝင်ရောက်နေကြတာကို သတိ ထား မိပါတယ်။ အသံဖမ်း စက်တွေကိုယ်စီနဲ့ အလုအယှက် သတင်း ရယူနေကြတဲ့ လူငယ်လေး တွေ အမြောက်အများ ကိုတွေ့ရတာလည်း အားရကျေနပ် စရာပါဘဲ။ တက်သစ်စ မီဒီယာ နုနုရွရွတွေ ပေါ်ထွက် လာသလို ကိုယ်ပိုင် မီဒီယာတွေ တည်ထောင် ဖို့အတွက် လုံးပမ်းနေကြတာ လည်း မနည်းလှ ပါဘူး။ အတွေ့ အကြုံ ရင့်ကြပ်တဲ့ ဝါရင့် သတင်း သမားတွေလည်း လွတ်လွတ် လပ်လပ် လုပ်ပိုင်ခွင့်တွေ ရလာတဲ့ အတွက် အစွမ်း ကုန်ကြိုး စားနေကြတာကိုတွေ့ရတာလည်း အားရစရာပါဘဲ။ အချိန်တို အတွင်းမှာ သတင်း မီဒီ ယာတွေ တဟုန် ထိုးကြီးထွား လာတာဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်အမြစ် တည် လာပြီ ဆိုတဲ့ လက္ခ ဏာ လည်းဖြစ်ပါတယ်။ တစ်ချိန် တည်းမှာဘဲ လွတ်လပ်စ စာနယ်ဇင်း နည်း စနစ် သစ် ရဲ့အောက်မှာ သတင်းသမားတွေ လိုက်နာကျင့်သုံး ရမယ့်ကျင့်ဝတ်တွေနဲ့ အညီမပြု ကျင့်နိုင်ကြ တာကြောင့် အချို့ သတင်း သမားတွေဟာ ကလောင်ကိုင်ပြီး ကိုးယိုကားယားနဲ့ ဟိုရှုပ်ရှုပ်ဒီရှုပ်ရှုပ် လုပ်နေ တာတွေ ကိုလည်း ရှိနေပြန် ပါတယ်။ 

လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာ အတွင်းမှာ ပြည်တွင်းမှာရှိတဲ့ သတင်းမီဒီယာတွေဟာ အစိုးရရဲ့ အစိတ် အပိုင်း တစ်ခု အနေနဲ့သာ ရပ်တည်ခဲ့ရတာ  ဖြစ်တဲ့အတွက် ပြည်သူတွေအဖို့ ပြည်ပ သတင်းဌာနတွေကို မနက် တစ်ခေါက် ညတစ်ခေါက် ရေဒီယိုတွေက နေတဆင့် နားဆင်ကြရတယ်။ ထိမ်းချုပ် မှုအောက်မှာ လည် ပတ်နေ ရတဲ့ ပုဂ္ဂလိက ဂျာနယ်တွေရဲ့ စီးပွားရေး သတင်းတွေ၊ အားကစား သတင်းတွေ၊ နိုင်ငံတစ်ကာ သတင်းလောက်နဲ့ဘဲ ကျေနပ် ခဲ့ကြရတယ်။ အခုတော့ လွန်ခဲ့တဲ့ နှစ်ကနဲ့တောင် မတူ။ နေ့စဉ်သတင်းတွေ၊ အပတ် စဉ်ဂျာနယ်တွေအပြင် အင်တာနက်ကနေလည်း သတင်းတွေကို အလွယ်တကူရယူနိုင်ကြပြီ။ တစ်နှစ်ကျော်အတွင်း ထူးခြားပေါ်လွင်တဲ့ အပြောင်းအလဲကြီးတွေကို သတင်းမီဒီယာတွေကနေ မီးမှောင်း ထိုးပေးရုံတင်မက သတင်းမီဒီယာတွေကိုယ်နှိုက်ကလည်း အပြောင်းအလဲရဲ့ သက်သေ လက္ခ ဏာ တွေဖြစ် လာပါတယ်။ 

သတင်းမီဒီ ယာတွေ ကျယ်ပြန့်လာတဲ့ အလျောက် ဝန်ထမ်းတွေလည်း အစဉ်အမြဲတိုးပွားလာနေတာ ကိုတွေ့ရ ပါတယ်။ မီဒီယာ တစ်ခုစီမှာ ပြည်တွင်း ဝန်ထမ်း လေး-ငါးဆယ်ကနေ ရာကျော်အထိ ရှိလာတယ်။ စာနယ်ဇင်း လောကဟာ စီးပွားရေး ယန္တယား တစ်ခုဖြစ်လာပြီး ပညာတက်လူငယ်တွေအ တွက် အခွင့် အလမ်းကောင်း တဲ့ အသက်မွေးဝမ်းကြောင်း တစ်ခုအဖြစ် မျက်စိကျစရာလည်းဖြစ်လာပါ တယ်။ သတင်း သမားတွေကလည်း အရင်ကလို လွယ်အိတ်တစ်လုံး ပုခုံးဇောင်း ပေါ်တင်ပြီး ဘေး ဘီ လွတ်တဲ့ သတင်းတွေ ကို မနည်းကြုံးရုန်း ရှာဖွေ ရတဲ့ဘဝ မဟုတ်တော့ဘူး။ ပတ်ဝန်းကျင်မှာ ရေးချင်စရာ သ တင်းတွေ နဲ့ပြည့်နေ တယ်။ လူတွေသိသင့်သိထိုက်တဲ့ သတင်းတွေကိုလည်း အလွယ် တကူရ ယူနိုင်ပါတယ်။ မီဒီယာတွေ က လည်း ဝန်ထမ်းတွေကို နောက်ဆုံးပေါ် အသံဖမ်းစက်တွေ၊ လက်ကိုင် ဖုန်းတွေ၊ ကင်မ ရာတွေ ၊ ကွန်ပြူတာတွေနဲ့ ပြည့်ပြည့်စုံစုံ စီစဉ်ထားပေးတယ်။ 

ဒါကြောင့် စာနယ် ဇင်းလောက ထဲကို အချို့ကဝါသနာ အရဝင်ရောက်လာကြသလို၊ အချို့ဘဝ ရပ် တည် ရေးအတွက် လည်း ရောက်ရှိလာကြပါတယ်။ စာနယ်ဇင်းပညာကို ဘာသာရပ် တစ်ရပ်နေ နဲ့ စတင်လေ့ လာဖို့အခွင့် အရေးတွေရ လာသလို တချို့လူသစ်တွေအနေနဲ့ အတွေ့အကြုံမရှိဘဲ အလုပ်သင် အဖြစ်နဲ့ စတင်လုပ်ကိုင် လာကြပါတယ်။ ဒါကြောင့် ကျင့်ဝတ်ပိုင်းဆိုင်ရာမှာ အထစ် အငေါ့ လေးတွေဖြစ် လာပါတယ်။ အတွေ့အကြုံနုနယ်နေသေးတဲ့ လူသစ်တွေဟာ ကျင့်ဝတ်တွေကို မသိနား မလည်လို့ ချိုးဖောက်ကြ တာမျိုးတွေ ရှိတက်ပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ သတင်းမီဒီယာကို ဝါဒဖြန့်ဖို့ ကိုင် တွယ် လာတာတွေ ကတော့ မြန်မာနိုင်ငံ အနာဂတ် ဒီမိုကရေစီ စနစ် ဆက်လက်ရှင် သန်ရေး နဲ့ နိုင်ငံတော် ဖွဲ့ဖြိုး တိုးတက်ရေး အတွက် အဆိပ် အတောင်တွေဖြစ်လာပါတော့တယ်။ 

ဒီမိုကရေစီ စနစ်ကို နှစ်ပေါင်းများစွာ ကျယ်ကျယ်ပျံ့ပျံ့ကျင့်သုံးလာခဲ့ကြတဲ့ နိုင်ငံတွေမှာတောင် သတင်း မီဒီယာတွေကို အသုံးချပြီး တစ်ဖက်ဇောင်းနှင်း ဝါဒဖြန့်တာတွေ မကြာခဏတွေ့ရတတ် ပါတယ်။ ဒါတွေ ဟာလည်း သတင်းသမားတွေနဲ့ သတင်း မီဒီယာတွေကို ချုပ်ကိုင် ထားသူတွေရဲ့ ကျင့်ဝတ်ပိုင်းနဲ့ သက် ဆိုင် ပါ တယ်။ ရှေရှည်မှာ မှန်မှန်ကန်ကန် ရပ်တည်တဲ့ သတင်းမီဒီယာ တွေသာလျှင် အောင်အောင်မြင်မြင် နဲ့ ရှေ့ ဆက်နိုင် မှာဖြစ်ပါတယ်။ ဒါပေမယ့် မရိုးမသားကျင့်ကျန်တဲ့ သတင်း မီဒီယာတွေက အချိန်တန် ရင် မှေးမှီ သွား မှာဖြစ်ပေမယ့် လူ့အသိုင်းဝိုင်း အတွင်းမှာ ပြဿနာ မျိုးစုံကို မျိုးစေ့ ချခဲ့ပါလိမ့်မယ်။ ဒါကြောင့် သတင်းသမားတွေ အနေနဲ့ သစ္စာ -သမာဓိ ရှိဖို့လိုအပ် ပါတယ်။ ကမ္ဘာ အရပ်ရပ်မှာ ရှိတဲ့ စာနယ်ဇင်းလောက က အခြေခံအားဖြင့် လိုက်နာကျင့်သုံးကြတဲ့ မှန်ကန်မှု၊ တိကျမှု၊ ဘက်မလိုက် မှု၊  ပြီးပြည့် စုံမှု၊ မျှတမှု၊ တာဝန်ယူမှု ဆိုတဲ့ သတင်း သမားတွေရဲ့ ကျင့်ဝတ်တွေကို အစဉ်တစိုက် လက်စွဲ ကျင့် သုံးနိုင်ဖို့ လိုအပ် တယ်။ 

သတင်း သမားတွေ အနေနဲ့ အမှားမှား အယွင်းယွင်းတွေ ထုတ်လွင့်တာတွေ၊ ချဲ့ထွင်ပြီး ပိုပိုသာ သာ ရေး သား တာတွေ၊ ထိမ်ချန်ထားတာတွေ၊ တစ်ဘက်ဇောင်းနှင်း ရေးသားတာတွေ၊ စာရေးသူရဲ့ အာဘော် နဲ့ သုံးသပ် ချက်တွေ ပူးတွဲရေးသား တာတွေကို ရှောင်ရှားသင့်ပါတယ်။ အင်တာနက်မှာ သတင်းတွေ တင် လိုက်ပြန်ဖြုတ်လိုက်၊ ပြန်ပြင်လိုက်နဲ့ စည်းမဲ့ကမ်းမဲ့ လုပ်နေကြတာကို  တက်သစ်စ  သတင်းမီဒီ ယာတွေ အကြား မှာအများဆုံးတွေ ရပါတယ်။ တစ်ချို့ကြပြန်တော့ သတင်းရေး သလို လိုဆောင်းပါရေး သလို နဲ့ သတင်းတွေထဲမှာ စာရေးသူရဲ့ အာဘော်တွေ၊ ထင်မြင် ယူဆ ချက်တွေ ရောထွေးရေး သားကြပါ တယ်။ အဆိုး ဆုံးကတော့ ဘာသာရေးနဲ့ လူမျိုးရေး ကိစ္စတွေနဲ့ ပတ် သက် လာရင် ကိုယ့်လူမျိုး၊ ကိုယ့် ဘာသာ ဘက်ကနေ ရပ်တည်ရေးသား နေကြမယ်ဆိုရင်တော့ အမှန် တရားတွေကို ဖုံးအုပ်မိ မှာဖြစ် ပါတယ်။ စာဖတ် သူတွေရဲ့စိတ်ထဲမှာ ဇဝေဇဝါ သံသယတွေဖြစ်အောင် ဖန်တီးမိမှာဖြစ်ပါတယ်။ သတင်း အမှားတွေကြောင့် မှားယွင်းစွာ သုံးသပ်ကြမှာ ဖြစ်ပါတယ်။ 

စာဖတ်သူတွေ အနေနဲ့ သတင်းမှန်ရဖို့အတွက် ထုတ်ဝေသမျှ သတင်းစာတွေ၊ ဂျာနယ်တွေ လိုက် ဖတ်နေရရင် တစ်နေ့တစ်နေ့ သတင်းထိုင်ဖတ်ဖို့ အချိန်တောင်လောက်မှာ မဟုတ်ဘူး။ ဒါပေမယ့် သေခြာ တာ ကတော့ သတင်းသမားတွေဟာ မီဒီယာ ကျင့်ဝတ်နဲ့အညီ မပြုကျင့်နေ သမျှကာလ ပတ်လုံး အကြောင်း အရာတစ်ခုကို သတင်း မီဒီယာတစ်ခုတည်းက ရေးသားထုတ်ဖော်တဲ့ သတင်းတွေကို ပုံအော် ယုံမှတ် လို့ မရနိုင်ဘူးဆိုတာပါဘဲ။

Comment ရေးရန်

Rohingya Exodus