နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘယ်ရမလဲ… ငါ ဒို့ဘာသာ ထိလို့ ကတော့ သေရင်လည်း သေပါစေ


O'Laie Manzu
30.3.2013

ဖေ့စ်ဘုတ် စာမျက် နှာပေါ်တွင် ဘာသာရေး စော်ကား မှုများ တစ်ယောက် တစ်ပေါက် ရေး တင် နေကြ တာ တွေကို ထပ်ဆင့် မျှဝေ ကြတာတွေ၊ မှတ်ချက် ရေးတာတွေ ကလည်း မနည်း။ တခါ တလေ တော့ လည်း သူများတွေ ရေးတင်ထား တာတွေကို ဖတ်မိသည်။ မှတ်ချက်တွေ ဖတ်ကြည့်ရင်း … “ဘယ်ရမလဲ… ဒို့ဘာသာ ထိလို့ကတော့ သေရင်လည်း သေပါစေ…” ဟု အစပျိုး ထားသည့် မှတ်ချက်လေး တစ်ခုကို တွေ့ လိုက် မိသည်။ မှတ်ချက် ရေးသူ၏ ပရိုဖိုင် ပုံတွင် ၉၆၉ အမှတ် တံဆိပ် တင်ထားသူ တစ်ယောက် မှ ရေးသား ထားသည်ကို တွေ့မိ သောကြောင့် မျက်မှောက် ကြုတ်၍ အာရုံ စိုက်လိုက် မိသည်။ နေပါဦး… ဘယ် ဘာသာကို ထိလို့များ အသက်ပေး အသေခံ ချင်တဲ့ ဇာတိမာန် တွေပြနေ ရတာပါလိမ့် … ဒါမှ မဟုတ် သူများ အသက် သေရင်လည်း သေပါစေ ဆိုတဲ့ သဘော များလား ဟု တွေးတော မိပြီး ရေးသား ထား သည့် မှတ်ချက်ကို အဆုံး ထိတိုင် ဖတ်ကြည့် လိုက်သည်။“…မအေxxကု လားတွေ တော်တော် လေး ကို လွန် လာပြီ။ငါတို့ နိုင်ငံမှာလည်းလာနေ သေးတယ်။ အေးအေး ဆေးဆေး မနေဘူး။ ငါတို့ ဘာသာ ကို စော်ကား နေလိုက် ကြတာ။ ကုလား အားလုံး ရိုက်သတ်ပြီး ဝက်ကျွေး လိုက်မယ်။ ဒါမှ မြန်မာ သွေး ဘယ်လောက် ရဲသလဲ ဆိုတာ ဒီ xx ကုလားတွေ သိမယ်။” ... ။ 

ဒီတစ်ခေါက်တော့ ခါတိုင်း ကဲ့သို့ စိတ်မတို မိတော့။ ကွန်ပြူတာ ဖန်သားပြင် ကိုသာ စူးစိုက်ကြည့် ရင်း ပြုံးနေ လိုက်မိသည်။ ပျော်ရွှင်၍ ပြုံးလိုက် မိခြင်း မဟုတ်။ တော်တော် လေးကို အတွေး ခေါင်း ပါး နေကြပါ လားဟု တွေးတော မိ၍သာ ဖြစ်သည်။ ဘာရယ် လို့တော့ မဟုတ်။ အတွေး အခေါ် ကလည်း တလွဲ တချော်။ “သေရင်လည်း သေပါစေ” ဆိုတဲ့ သဘော ကလည်း အကြမ်းဖက် သမား များ၏ လက် ချက်ဖြင့် မီးလောင် ပြင်တွင် သေဆုံး ခဲ့ကြသူ များအား ဂရုဏာ မသက်။ အကုသိုလ် ပွားနေ ခြင်းပင်။ အတွေး အခေါ် အမှား များနှင့် အမှန်းမှိုင်း တိုက်ခံနေ ရသူများထဲမှ တစ်ယောက်။ အမျိုးသားရေး မာန် တက် နေသော်လည်း အခြေ အနေမှန်အား သိထား ပုံမပေါ်။ 

ကုလား… ကုလားနှင့် ရေးသား နေသည်မှာ သူတစ်ယောက် တည်း မဟုတ်။ အင်တာနက် စာမျက်နှာ များနှင့် အပြည့်။ ကုလား ဆိုတာကို ဘယ်လိုများ နားလည် ကြပါလိမ့်။ ဗုဒ္ဓ ဘာသာ ကလည်း ကုလားပြည် မှာ စတင် ပြန့်ပွား လာခဲ့တာ မဟုတ်လား။ ငါးရာ ငါးဆယ် နိပါတ် တော်အရ ဗုဒ္ဓမြတ်စွာ ဘုရား သည် ပင် လျင် ဘဝ အဆက်ဆက် ကုလား မျိုးနွယ်မှ ဆင်းသက် လာခဲ့တာ ဘဲလေ။ လက် ရှိ  မြန် မာ နိုင် ငံ ကို ဗုဒ္ဓ ဘာသာ ပြန့်ပွားအောင် ဆောင်ရွက် ပေးခဲ့တဲ့ အာသောက မင်းကြီး ကလည်း ကု လား ဘုရင် ပါဘဲ။ ၉၆၉ ဆိုတာ ကလည်း ကုလားတွေ ပေးထားတဲ့ အမွေ အနှစ် ဖြစ်တဲ့ ဘုရား တရား သံဃာ။ အမှတ် တံဆိပ် ကလည်း ကုလား ပြည်ရဲ့ နိုင်ငံတော် တံဆိပ်။ ပြီးတော့ ကုလား တွေကို ဆဲနေ ပြန်ရော။ 

“ဝက်ကျွှေး လိုက်မယ်” လို့ပြောတာကို ကြည့်ခြင်းဖြင့် သူဆို လိုသည့် ကုလား ဆိုသည်မှာ ဝက်သား မစား တဲ့ အစ္စလာမ် ဘာသာဝင် တွေကို ရည်ညွန်းပုံ ပေါ်သည်။ ကုလားတိုင်း ဝက်သား မစားဘူးလို့ မှတ်ယူ ကြ တဲ့ မှားယွင်းတဲ့ အယူအဆ ကြောင့်ဖြစ် ပါလိမ့်မည်။ ကုလားနှင့် မြန်မာ မွတ်စလင် လုံးထွေး၍ နားလည် ထားသည်မှာ ပေါ်လွင် နေသည်။ ကုလားဟု ရည်ညွန်း ခေါ်ဝေါ်ခြင်း ခံနေ ရသည့် ပုဂ္ဂိုလ် များမှာ ဗုဒ္ဓ ဘာဘာအား စော်ကားဖို့ အနေသာ... ဘာသာရေး အစွန်းရောက် များ၏ အန္တာရာယ်နှင့် ရင်ဆိုင် နေကြရ သည်ကို ကွဲကွဲ ပြားပြား သိထား ဟန်မတူ။ ငါတို့ နိုင်ငံ ဟုသာ ဆိုသည် … မြန်မာ မွတ်စလင် များသည် လည်း ရတနာပုံ နေပြည်တော် တည်ဆောက် စဉ်က တာဝန် ကိုယ်စီ ယူခဲ့ ကြသည်ကို သိစေ ချင် သည်။ မြန်မာ့ သမိုင်းတွင် အစ္စလာမ် သာသနာဝင် များသည် ကိုယ်ရံ တော်တပ်၊ မြင်းတပ်၊ လေးစစ် သည်တပ် များဖြင့် အမိ နိုင်ငံ တော်ကို ကာကွယ် စောင့်ရှောက် ခဲ့သည် မှာလည်း အထင်အရှား။ ဝေးဝေး လှန်လှန် မဆိုထားဘိ. မြန်မာ့ လွတ်လပ် ရေးတိုက်ပွဲ တွင်လည်း မြန်မာ မွတ်စလင်များ အသက် ပေး တိုက်ပွဲ ဝင်ခဲ့သည်မှာ သမိုင်း စာမျက်နှာ များတွင် ပူပူ နွေးနွေး ရှိသေးသည်။ မြန်မာ့သွေး ရဲ ရဲတောက် ကြောင်း သိစေ ချင်သည့် ဒီလူ တစ်ယောက် ကိုယ့်ကိုကိုယ် တရုတ်သွေး - ကုလားသွေး မစပ် ဘဲ မြန်မာ မြေမှ ပေါ်ထွက် လာသည်ဟု ပုံပြင် ဆန်ဆန် မှတ်ယူ နေလေ သလား။ မေးစရာ ပင်။ ဖေ့စ် ဘုတ်ပေါ် တွေ့သမျှ မှတ်ချက် တွေသာ ရေးကြီး ခွင်ကျယ် ဖတ်နေ ရရင်ဖြင့် အလဟသ အချိန်ကုန် နေပေ လိမ့်မည်။ 

ဒီလိုနှင့် ဖေ့စ်ဘုတ် ကိုပိတ်ပြီး အာရ်အဖ်အေ ဝပ်ဆိုက်ကို ကြည့်မိ လိုက်သည်။ တိုက်ဆိုင် ၍လားမသိ။ သတင်း ခေါင်းစဉ် တစ်ပုဒ်တွင် “ မြန်မာနှင့် မူစလင် အပြန် အလှန် လေးစားဖို့ လိုကြောင်း အရှင်ဝီရသူ မိန့်ကြား” ဟုရေး သား ဖော်ပြ ထား သည်ကို တွေ့လိုက် ပြန်သည်။ မြန်မာ နှင့် မွတ်စလင် သီးခြား လူမျိုး စုနှစ် ခု သဏ္ဍာန် ဖော်ပြ ထားသည်ကို တွေ့လိုက် ရသည်။ မွတ်စလင်ဆိုသည်မှာလူမျိုးစုအား ခေါ်ဝေါ်ခြင်း မဟုတ်ကြောင်း မသိလေ သလား ... အရှင် ဝီသူရ။ "ဗုဒ္ဓ ဘာသာဝင် များနှင့် မွတ်စ လင်များ" သို့မဟုတ် "ဗမာနှင့် မြန်မာ မွတ်စလင်များ" ဟု လိုက်ဖက် ညီသည့် နာမ်ပုဒ် များအား ယှဉ် တွဲ ဖော်ပြ လျှင် တော်ပါ သေးရဲ့။ မွတ်စလင် ဆိုသည်မှာ အစ္စလာမ် ဘာသာအား ယုံကြည် ကိုးကွယ် ကြသူ များကို ရည်ညွန်း တာပါ။ လူမျိုးရေး တရားဟော နေသည့် ဆရာတော် အရှင် ဝီသူရ ကိုယ်နှိုက်မှ ဘာသာနှင့် လူမျိုး ကွဲကွဲ ပြားပြား မသိလေတော့ စည်းဘောင် မရှိ ဟောချင် တိုင်းဟော၊ ပြော ချင် တိုင်း ပြောနေ ကြတဲ့ အရှင် ဝီသူရနှင့် အပေါင်း အပါများ မြှောက်ပင့် ပေးတိုင်း ဇာတိမာန် တက်နေတဲ့ လူငယ်တွေ အလွှဲလွှဲ အမှားမှားနဲ့ လူသတ်ချင် စိတ်တွေ ပေါက်ကုန် သည်မှာ မြန်မာ့ အနာဂတ် အတွက် ရင်လေး စရာပင်။ 

Comment ရေးရန်

Rohingya Exodus