နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒေါက်တာ အေးချမ်း အနေဖြင့် အေးချမ်း စေလိုပါလျှင်


O'Laie Manzu
20.3.2013

ယနေ့ ရိုဟင်ဂျာ လူမျိုးများ မေယု ဒေသတွင် နေထိုင်လျက် ရှိသည်မှာ ကမ္ဘာအသိ ဖြစ်သည်။ ငြင်းခုံ စရာ မဟုတ်။ သို့သော် မျက်မှောက် ခေတ်တွင် ရိုဟင်ဂျာ လူမျိုးများ အရှင် လတ်လတ် ရှိနေမည်ကို လျစ်လျူ ရှူကာ အရှိကို အရှိ အတိုင်း လက်မခံ နိုင်ဖြစ်နေသော သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်းသည် အ တိတ် ကာလတွင် ရိုဟင်ဂျာ မရှိခဲ့ ကြောင်း ခံငြင်း နေသည့် သတင်းများ အစဉ်တစိုက် ထွက်ပေါ်လျက် ရှိနေပေသည်။ ရိုဟင်ဂျာ အမည် ခေါ်တွင်သည့် လူမျိုးစု ဝင်များ လက်ရှိတွင် သက်ရှိ ထင်ရှား ရှိနေသည် မှာ ဖုံးဖိထား၍ ရသော ကိစ္စရပ် မဟုတ်ပေ။ 

ရိုဟင်ဂျာ ဆိုသည့် အမည်အား လက်မခံ ကြရန် ဝါဒဖြန့် နေသည်မှာ ဒေါက်တာ အေးချမ်း၏ အချိန်ပြည့် အလုပ်တစ်ခု ကဲ့သို့ ဖြစ်နေသည်။ ဒေါက်တာ အေးချမ်း၏ သမိုင်းကြောင်း အပေါ် သုံးသပ် တင်ပြမှု များမှာ တဖက်သတ် ဆန်လွန်းလှသည်။ သမိုင်း ပညာရှင် ဆိုသော်လည်း အတိတ် ကာလမှ ဖြစ်ရပ်မှန် များအား ရှာဖွေ မှတ်တမ်း တင်ခြင်းမဟုတ်။ မြန်မာ့ မြေပေါ်တွင် ရိုဟင်ဂျာ လူမျိုး မရှိကြောင်း သက်သေ များအား ရှာဖွေ စုဆောင်းကာ ရာသက်ပန် လူမျိုးရေး ဖိနှိပ်မှုများ ပြုလုပ်ရန် ကြံစည်နေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဒေါက်တာ အေးချမ်း ရှာဖွေ တင်ပြသမျှ အထောက်အထား များမှာ ရိုဟင်ဂျာ ဆန့်ကျင်ရေး သက်သက် သာဖြစ်သည်။ အသစ်အဆန်း မရှိခဲ့။ ရှာဖွေတွေ့ရှိသမျှ အချက်အလက် များမှာလည်း ရိုဟင်ဂျာ မရှိကြောင်း ထောက်ပံ့ ပေးသည့် အထောက် အထားများ သာဖြစ်သည်။ သမိုင်း အထောက် အထား များနှင့် အလှမ်း ဝေးနေသော မြန်မာ ပြည်သူ များအား လှည့်ဖြားရန် ကြိုးစား နေခြင်း ဖြစ်သည်။ 

ဒေါက်တာ အေးချမ်းအဖို့ သမိုင်းမှန်အား ဖော်ထုတ်ရန် အတွက် ၎င်းအား လူသိရှင်ကြား ကမ်းလှမ်း စိန်ခေါ် ခဲ့သည့် ကိုဌေးလွင်ဦး နှင့်မျက်နှာ ချင်းဆိုင် တွေ့ဆုံ ပြီးနောက် အထောက် အထားသစ် များရှာဖွေ တွေ့ရှိ သွားဟန် တူသည်။ ရိုဟင်ဂျာ လူမျိုးများ မြန်မာ နိုင်ငံတွင် အင်္ဂလိပ် ခေတ်မ တိုင်မှီ နှစ်ပေါင်း များစွာ မှ နေ ထိုင် လာခဲ့ကြသည် ဟူသော ခိုင်လုံသည့် သက်သေ အထောက် အထား များအား ဖုံးဖိ၍ မရနိုင်တော့ သည့်အခါ ဒေါက်တာ အေးချမ်း တစ်ယောက် တင်းနိုင် သမျှတင်း၊ ငြင်းနိုင် သမျှငြင်း ရန်ကြိုးစား ပြန်သည်။ ရိုဟင်ဂျာ ဆိုသည်မှာ ရခိုင် လူမျိုးအား ရည်ညွန်း ခေါ်ဝေါ်ကြောင်း ကိုဌေးလွင်ဦး၏ ထောက်ပြ ချက်အား ဘန်ကောက်မြို့တွင် ကျင်းပသော အစည်း အဝေးတွင် ချေပ ပြောဆို ခဲ့သည်။ 

ယင်းသို့ ဒေါက်တာ အေးချမ်း၏ တုန့်ပြန်မှုအား ရုပ်သံ ဖိုင်များနှင့်တကွ နာရီပိုင်း အတွင်း အင်တာနက် စာမျက်နှာ ပေါ်တွင်ပြန့်လွှင့် လာခဲ့သည်။ ၎င်း၏ ပင်ကိုယ် ဗီဇအတိုင်း ငြင်းခုံသံဖြင့် ”ရိုဟင်ဂျာ ဆိုတာ ရခိုင် လူမျိုးတွေ ကိုခေါ်တာပါ။” ဟု ပြောဆို ခဲ့သည်ကို တွေ့မြင် လိုက်ရသည်။ ယခုအခါ ရိုဟင်ဂျာ ဆို သည့် အမည်အား သမိုင်းတွင် သုံးစွဲခဲ့သည့် အထောက် အထားကို ၎င်း ကိုယ်နှိုက် ကပင် လက်ခံထားခဲ့ ပုံပေါ် သည်။ ကိုဌေးလွင်ဦး၏ လူရှေ့ သူရှေ့တွင် ရဲဝံ့စွာ ထောက်ပြ ခဲ့မှုကြောင့် ဖုံးဖိ၍ မရနိုင် တော့ပေ။ ထို့နောက် မတ်လ ၁၄ ရက်နေ့ ရန်ကုန်မြို့၌ ကျင်းပပြု လုပ်သည့် တွေ့ဆုံပွဲတွင် ၁၇၉၉ ခုနှစ်၌ အင်း ၀နေပြည်တော်ရောက် ဗြိတိသျှ သံမှူး ဖရန်စစ်ဘူချနန်၏ စာတမ်းတွင် ရခိုင်ဒေသအား ဘင်္ဂါလီ လူမျိုးများမှ ရိုရှန်၊ ရိုဟန် လို့ခေါ်ခဲ့ သောကြောင့် ယင်းဒေသမှ ထွက်ပြေး လာခဲ့သူ များအား ရိုရှန်ဂျာ၊ ရိုဟန်ဂျာ ဟု ခေါ်ဝေါ်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။ ရိုဟင်ဂျာ ဆိုသည်မှာ ရခိုင် လူမျိုး များအား ခေါ်ဝေါ် သောကြောင့် ရခိုင် လူမျိုး များသာဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။ ယင်းဆွေးနွေး ဝိုင်းမှာပင် ရိုဟင်ဂျာ လူမျိုး မရှိကြောင်း ဦးစားပေး ထောက်ပြ ခဲ့ပြန်သည်။ 

သမိုင်းဖြစ်ရပ်များအား လေ့လာ ရာတွင် ပင်မ မူရင်း အထောက် အထားများ နှင့် တဆင့်ခံ အထောက် အ ထားများ ဟူ၍ရှိရာ ဒေါက်တာ အေးချမ်း ထောက်ပြ သကဲ့သို့ အချို့သော တဆင့်ခံ အထောက် အထား များမှာ လုပ်ကြံ ဝါဒဖြန့်မှု များဖြစ်ပြီး ယုံကြည် ကိုးကား၍ မရနိုင်ပေ။ ထိုနည်း တူစွာ ပင် ဒေါက် တာ အေးချမ်း ရေးသား ဖြန့်ဝေသော စာရွက် စာတမ်း များနှင့် သုံးသပ် တင်ပြမှု များသည်လည်း တဆင့်ခံ အထောက် အထားများ သာဖြစ်ပြီး လိုရာဆွဲ လူမျိုးစွဲ ဝါဒဖြန့်မှု များနှင့် ဒေါက်တာ အေးချမ်း၏ အာဘော် များ ပါဝင် နေသောကြောင့် ယုံကြည် ကိုးကား၍လည်း ရနိုင်မည် မဟုတ်ပေ။ 

စစ်မှန်သော ပညာရှင်တို့၏ ကဏ္ဍတွင် အများစုအကြိုက် လိုက်ခြင်းမပါကြောင်း သမိုင်း ပညာရှင်ဟု ခံယူ ထားသော ဒေါက်တာ  အေးချမ်း သိထားနှင့်  ပြီးဖြစ်ပေ လိမ့်မည်။ သမိုင်း ပညာရှင် ဆိုသည်မှာ အတိတ် ကာလမှအဖြစ် အပျက်များအား အမှန်အတိုင်း သိရှိနိုင်ရန်ဖော်ထုတ် ကြသူများဖြစ်သည်။ထို့ကြောင့် ဒေါက် တာ အေးချမ်း အနေဖြင့် နှစ်ပေါင်း များစွာ လေ့လာ ဆည်းပူး ခဲ့သော သမိုင်း ကြောင်း အား ရိုဟင်ဂျာ ဆန့်ကျင်ရေး ဝါဒဖြန့် ရန်သာ သုံးစွဲခြင်း မပြုဘဲ အမှန်အတိုင်း ရဲဝံ့စွာဖော်ပြပါက ရခိုင်ပြည် ကြီး အေးချမ်း သာယာ လာပေ လိမ့်မည်။ 

Comment ရေးရန်

Rohingya Exodus