နောက်ဆုံးသတင်း/ဆောင်းပါးများ

မိတ္ထီလာ တွင် ရွှေ အရောင်း အ၀ယ် အကြောင်း ပြကာ အကြမ်းဖက် မှုများ ဖြစ်ပေါ် လာရန် ဖန်တီး မှုများ စတင်

ဓါတ်ပုံ - လူထု မောင်ကာဠု
Xip Xap
20.3.2012

ဓါတ်ပုံ များကို ဤနေရာ တွင် ကြည့်ရှူ နိုင်ပါသည်။ နောက်ဆုံးရ သတင်း များကို ဤနေရာ တွင် သွားရောက် ဖတ်ရှူ နိုင်ပါသည်။ 

မိတ္တီလာ ။ ။ ယနေ့ ၂၀-၃-၂၀၁၃ မနက် ခင်းပိုင်းတွင် မိတ္ထီလာမြို့ ဈေးအရှေ့ တောင်ထိပ်ရှိ ရွှေဆိုင် တစ် ဆိုင် သို့ မိတ္ထီလာမြို့ အပြင် ရွာတစ်ရွာမှ လင်မယား နှစ်ဦး ရောက်ရှိ လာပြီး အလှူ လုပ် ရန် ရွှေလာ ရောင်းသည်ဟု သိရှိရသည်။ ရွှေဆိုင်မှ အဆိုပါ လာရောင်းသော ရွှေအား စစ်/ မစစ် စစ်ဆေး သော အခါ အတွင်းမှ ကြေးပေါ် လာသည်ဟု သိရှိရပြီး မ၀ယ်ယူဟု ပြောဆိုသော အခါမှ ပြဿ နာ စတင် ဖြစ်ပွား ခဲ့သည်ဟု သိရှိရသည်။

၎င်းနောက် တင်းမာ မှုများ ဖြစ်ပွား ခဲ့ပြီး ဆိုင်အတွင်း ရုန်းရင်း ဆန်ခတ် သဖွယ် ဖြစ်ပွားခဲ့ကာ ကိုယ်ထိ လက်ရောက် ကျူးလွန်မှုများ ဖြစ်ခဲ့သည်ဟု သတင်းရရှိသည်။ ပြဿနာ ဖြစ်ပြီး ခဏ အကြာ တွင် ရွှေလာ ၀ယ်သော အဆိုပါ လင်မယားမှ ရွာပြန်ပြီး လူအချို့ကို သွားခေါ် လာကာ အဆိုပါ ရွှေဆိုင်သို့ ၀င်ရောက် ကာ ပြဿနာ ထပ်မံ ဖြစ်ပွား ခဲ့သည်ဟု သိရှိရသည်။ ထို့နောက် လူအုပ်များ ပိုမိုများပြား လာ ခဲ့ ရာ ရွှေဆိုင် တွင်းရှိ မွတ်စ်လင်မ် များအား ထုတ်ပေးရန် တောင်းဆိုခဲ့ရာ ထွက်မလာ သဖြင့် ရွှေဆိုင်အိမ်အား ခဲများဖြင့် ပစ်ပေါက် နေသည်ဟု သတင်းရရှိသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ မိတ္ထီလာ မြို့ခံ တစ်ဦးအား ဆက်သွယ်ကြည့်ရာ ---

“လောလော ဆယ်တော့ ရဲတွေက လုံခြုံရေး ယူပေး ထားတယ်၊ အဲဒီ ဖြစ်တဲ့ နားမှာပဲ လူအုပ်စု ရှိနေပြီး ကျန်တဲ့ ရပ်ကွက်တွေ မှာတော့ အခြေအနေ မထူးခြား သေးဘူး၊ ဈေးကြီး ကတော့ ပိတ်လိုက်ပြီ။ ငါးခြောက် တန်းလည်း ပိတ်လိုက် ပြီလို့ သိရတယ်၊ ဘာပြဿနာမှ မဖြစ်တာ အကောင်းဆုံးပါ၊ လွန်ခဲ့တဲ့ ရက်ပိုင်း ကတည်းက ဒီ မိတ္ထီလာမှာပြဿနာရှာချင်နေတာ၊ အားလုံး သတိနဲ့ နေနေတာ ဘယ် လိုတွေ ဖြစ်နေ မှန်းကို မသိပါ ဘူးဗျာ။ အားလုံး အေးအေး ဆေးဆေးပဲ ဖြစ်ချင်ပါတယ်” ဟု ပြန် လည် ဖြေကြား ခဲ့ပြီး

ဘုန်းကြီး ပါဝင်သလား မပါဝင်ဘူးလားဆိုတာနဲ့ ပတ်သက်ပြီး ဆက်လက် မေးမြန်းရာ မှာတော့ -----

“ဒီက ကျောင်းတိုက် တွေက တော့ ပြဿနာ ဖြစ်ရင် ထွက်တာပြုတာတော့ ရှားပါတယ်၊ အခုလည်း မြို့ထဲ က ဘုန်းကြီးတွေ ထွက်တယ်လို့ အသံ မကြားသေးဘူး၊ အခု ဖြစ်တာက ရွာပြန်ပြီး ဘုန်းကြီးတွေ သွားခေါ် လာတယ်လို့ ကြားတာပဲ၊ သေချာတော့ မသိသေးဘူး။ ကျနော် လှမ်းကြည့် သလောက် ရဲတွေက ၀ိုင်းကာ ထားတယ် ဘုန်းကြီးကိုတော့ မမြင်ရသေးဘူး၊ ခုနက အိမ်က တစ်ယောက် ပြောတာတော့ ဘုန်းကြီး ၂ ပါး ၃ ပါး ပါတယ်လို့ တော့ပြောတယ် ” ဟု ပြန်လည် ဖြေကြား ခဲ့ပါသည်။

Comment ရေးရန်

Rohingya Exodus