နောက်ဆုံးသတင်း/ဆောင်းပါးများ

ကုလ အထူး ကိုယ်စားလှယ် နမ်ဘီယားနှင့် တွေ့ဆုံ ဆွေးနွေးပွဲ

မိတ္တီလာ မြို့တွင် အကြမ်းဖက် သမားများ ဖျက်ဆီး လိုက်သည့် အဆောက်အအုံ များကို လိုက်လံ ကြည့်ရှူ နေစဉ် (ဓါတ်ပုံ - RFA)
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ အထူး ကိုယ်စားလှယ် မစ္စတာဗီဂျေး နမ်ဘီယားနှင့် တွေ့ ဆုံ ဆွေးနွေးပွဲ

ယနေ့ မတ်လ ၂၄ ရက်နေ့ နေ့လည် ၁နာရီ အချိန် ကျင်းပ ပြုလုပ် ခဲ့သည့် တွေ့ဆုံ ဆွေးနွေး ပွဲတွင် ကုလ သမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ်၏ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားနှင့် အဖွဲ့၊ လူ ၀င်မှု ကြီးကြပ် ရေးနှင့် ပြန်လည် နေရာချ ထားရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ၊ မန္တလေး တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ မိထ္ထီလာ ခရိုင်မှ ပြည်သူ့ လွှတ်တော် နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ်များ၊ ဗုဒ္ဓ္ဓ သာသနာ ပြုဆရာတော် အရှင် ဦးဆေကိန္ဒ၊ မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူ၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်း များမှ ဦးဝဏ္ဏရွှေ (အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ်) ၊ ဦးကျော်ငြိမ်း (အိုလမာ အဖွဲ့ချုပ်) ၊ ဦးလှဝင်း (မ.အ.ဖ အဖွဲ့ချုပ်)၊ ဦးအေးလွင် (အစ္စလာမ့် ဓမ္မ ဗိမာန်)နှင့် တာဝန်ရှိ ပုဂ္ဂိုလ် များ၊့ ဒေသ ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းများ၊ မြို့မိ မြို့ဖများနှင့် ဒုက္ခသည် ကိုယ်စား လှယ်များ တွေ့ဆုံ ခဲ့စဉ် နှစ်ဖက် အပြန် အလှန် ဆွေးနွေး မှုများ ပြီး သည့် နောက် ပြည်ထောင်စု သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းမှ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များ တင်ပြချက် များနှင့် ကိုက်ညီသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနှင့် တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် တို့ ၃ဦး ညှိနှိုင်း သဘော တူညီ ထားသည့် အောက်ပါ အချက် အလက် များကို တင်ပြ ခဲ့ပါသည်။ ၎င်းသဘော တူညှိနှိုင်း ချက်များမှာ -

(၁) လက်ရှိ ဖြစ်ပေါ် နေသော အကြမ်း ဖက်မှု များကို ထိရောက်စွာ တားဆီးပြီး ဥပဒေ ချိုးဖောက် သူများ ကို အရေးယူ ဆောင်ရွက် သွားမည်။
(၂) နောက်ထပ် သွေးထွက် သံယိုမှုများ မဖြစ်အောင် တားဆီး ကာကွယ် သွားမည်။
(၃) ဒုက္ခ သည်များကို ယာယီ နေထိုင် စားသောက် နိုင်ရန် အမြန်ဆုံး စီစဉ် ဆောင်ရွက် ပေးသွားမည်။
(၄) အခြေ အနေ တည်ငြိမ် သည်နှင့် နေစရာ ရှိသူများ လုံခြုံ စိတ်ချစွာ အိမ်ပြန် နိုင်ရန် စီစဉ် ပေးသွားမည်။
(၅) အိမ်ယာမဲ့ဖြစ်သူများကို ၎င်းတို့နေထိုင် ခဲ့သော နေရာများတွင် အိမ်ယာများ  ပြန်လည်ဖြစ်ပေါ် လာအောင် ကူညီ ဆောင်ရွက် ပေးသွားမည်။
(၆) နိုင်ငံတကာ အလှူရှင်များ အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည်။
(၇) Community နှစ်ခုလုံး နားလည်မှု ပြန်လည် တည်ဆောက် နိုင်စေရန် Community Dialog and Workshop များ လုပ်ဆောင် သွားမည် -- ဟုသိရ ပါသည်။

via Myanmar Muslim Net

Comment ရေးရန်

Rohingya Exodus