နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒေါက်တာ အေးချမ်းသို့ DHRP ပါတီမှ မေးမြန်း သည့် မေးခွန်းများ


ဒေါက်တာ အေးချမ်းသို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီမှ မေးမြန်းသည့် မေးခွန်းများ 

သို့ 

ဒေါက်တာ အေးချမ်း 
သမိုင်း ပညာရှင် 

ရက်စွဲ ။ ။ ၂၀၁၃ မတ်လ (၁၃) ရက် 

လူကြီးမင်းမှ ဦးဆောင် ကမကထပြုပြီး ရခိုင် သမိုင်းဆိုင်ရာဆွေးနွေးပွဲ တစ်ရပ်ကို ထိုင်းနိုင်ငံ၊ ဘန် ကောက် မြို့တွင် မတ်လ (၉) ရက်နေ့က ကျင်းပခဲ့ပြီး၊ ရန်ကုန်မြို့ MICT Park တွင် မတ်လ (၁၄) ရက် နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရှိရပါသည်။ သို့ပါ၍ ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ အောက် ပါ မေးခွန်း များကို သိရှိလို ပါ၍ ဖြေကြားပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ 

မေးခွန်များမှာ - 

(၁) မြောက်ဦးမြို့ကို မင်းစောမွန်(ခ) နရမိတ်လှသည် ဘင်္ဂလား ဆူလ်တန် ဂေါ်ရ်ဘုရင်၏ မွတ်စလင် စစ်တပ် အကူအညီဖြင့် စစ်သူကြီး စန်ဒီခန်းဦးဆောင်သော တပ်ဖွဲ့ကို စေလွှတ်၍ မြောက်ဦးမြို့ကို သိမ်းပိုက် ထီးနန်း စိုးစံခဲ့သည့် သမိုင်း ရခိုင်ရာဇ၀င် ကျမ်းများ တွင်ရှိပါသလား? 

(၂) အထက်ပါ အထောက် အထားများ အရ အေဒီ ၁၄၃၀ ခုနှစ်မှ စ၍ (ရခိုင်ဒေသ) အာရ်ကန်တွင် အစ္စလာမ် ဘာသာဝင် မွတ်စလင်များ နေထိုင်ခဲ့ သည်ကို ငြင်းနိုင် ပါသလား၊ 

(၃) ရခိုင် ရာဇ၀င် ကျမ်း များတွင် ဆူလ်တန် ရာဇာဘုရင် အမည်ဖြင့် မွတ်စလင် ဘုရင်နန်းတက် ခဲ့သည့် သမိုင်း အား ငြင်းနိုင် ပါသလား? 

(၄) ရခိုင် ဒင်္ဂါးများကို အစ္စလာမ်ဘာသာ စာသားများဖြင့် သွန်းလုပ် ထုတ်ဝေခဲ့သည့် အထောက်အထား များအား ငြင်းပယ် လိုပါသလား? 

(၅) ပါလီမန် ဒီမိုကရေစီ ခေတ်တွင် လွတ်လပ်ရေး ဒု - ဗိသုကာ ၀န်ကြီးချုပ်ဟောင်း ဦးနုအစိုးရက Cabinet ၏ ဆုံးဖြတ်ချက်ဖြင့် ရိုဟင်ဂျာလူမျိုးကို သီးသန့် လူမျိုးတစ်မျိုး သတ်မှတ်ပြီး၊ နိုင်ငံပိုင်မြန်မာ့ အသံမှ ရိုဟင်ဂျာ ဘာသာစကားကို တိုင်းရင်းသား ဘာသာစကား အစီအစဉ်အဖြစ် ထုတ်လွှင့်ခဲ့ခြင်းမှာ ဟုတ်ပါ သလား? 

(၆) ဒု - တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီးက ရိုဟင်ဂျာများကို တိုင်းရင်းသား လူမျိုး စုအဖြစ် လည်းကောင်း၊ ကျောသား ရင်သား မခွဲခြားဘဲ တန်းတူရည်တူ အခွင့်အရေး ပေးမည်ဟု အစိုးရ အဖွဲ့ ကိုယ်စား ကတိက၀တ် ပေးခဲ့သည်ကို ငြင်းလိုပါ သလား။ 


ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ

Comment ရေးရန်

Rohingya Exodus