နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘင်္ဂလီ ဘယ်သူလဲ


ဌေးလွင်ဦး
RB News
27.4.2013

ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး- မြန်မာ နိုင်ငံမှာ ခေါင်းအမာဆုံး ဆန့်ကျင် စွပ်စွဲ နေသူဟာ သမ္မတ ဦးသိန်း စိန် ကိုယ်တိုင် ဖြစ်နေ ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ရိုဟင်ဂျာ များကို ဘင်္ဂလီ လို့ စွပ်စွဲ ခေါ်ဆိုတဲ့ အပြင်-၊ သူ ခေါ် ဆိုတဲ့ ဘင်ဂလီ ဆိုတဲ့ အသံ ထွက်ဟာ-၊ မြန်မာများ ခေါ်ဆို သလို ဘန်ဂါလီ ဆိုတဲ့ အသံ ထွက် မဟုတ်ဘဲ-၊ ရိုဟင်ဂျာ များကို မတော် မတရား စွပ်စွဲ နေတဲ့ အနောက်သား ရခိုင် အယူသီး များ ရဲ့ လေသံ အတိုင်း ဘင်္ဂလီ ရယ်လို့ ပီသစွာ - မထစ် မငေါ့ ပြောဆို နိုင်ပါတယ်။ ဒါဟာ နိုင်ငံတော်မှာ အကြီး အကဲ လုပ်နေတဲ့ ဦးသိန်းစိန် ကိုယ်တိုင်ဟာ ဘာလူမျိုး နွယ်က ဆင်းသက် လာသလဲ ဆိုတာ-၊ စဉ်းစား စရာ အချက် ဖြစ်နေ ပါတယ်။ 

ရိုဟင်ဂျာ လူမျိုး ဆိုတာ သမိုင်းမှာ တစ်ကယ် ရှိကြောင်း- ၀န်ခံ ပြောဆိုတဲ့ ၀န်ကြီးများ အများကြီးပါ။ အချို့ နိုင်ငံ များက သံတမန် တွေရှေ့မှာ ၀န်ခံတဲ့ ထိပ်တန်း အရာရှိကြီး များလည်း ရှိနေ ပါတယ်။ လူသိရှင် ကြားဝန်ခံတဲ့ ထိပ်တန်း အရာရှိများ ရှိသလို-၊ လူထု ရှေ့မှာ သမ္မတ စကား အတိုင်း လိုက်ပြော ရပြီး-၊ လျှို့ ၀ှက် အစည်း အဝေး များမှာ ရိုဟင်ဂျာ ဆိုတာ တစ်ကယ် ရှိကြောင်း-၊ သမ္မတ ကိုယ်တိုင်က ဘယ် လို ဖြစ်လို့ လက်မခံ ဖြစ်နေသလဲ မသိ ကြောင်း- ၀န်ခံ ပြောဆိုတဲ့ လ၀က ၀န်ကြီး ဦးခင်ရီလို ပုဂ္ဂိုလ် တွေ လည်း အများကြီး ရှိနေ ပါတယ်။ 

သမ္မတဟာ တိုင်းပြည် တစ်ခုလုံးမှာ ရှိနေတဲ့ လူမျိုးနွယ် လူမျိုးစိတ် များရဲ့ သမိုင်းကို တစ်ကယ်ဘဲ မသိခဲ့ တာလား၊ သို့မဟုတ် မသိမှီက ဒီလူ တွေဟာ ဘင်္ဂလီတွေ ဖြစ်တယ်၊ ကျူးကျော် လာသူတွေ ဖြစ်တယ်၊ ဒီလူ တွေကို လက်ခံ ရာ တတိယ နိုင်ငံ တစ်ခုကို ခေါ်သွားပါ-လို့ ပြောခဲ့တဲ့ သူ့စကား အပေါ်မှာ-၊ ကျား ကျား မီးယပ် ဆက်ရပ်နေ သလားတော့ မပြော တတ်ပါ။ တစ်ကယ် မသိခဲ့လို့ မှားခဲ့ရင် ဖြစ်စေ၊ ကျားကျား မီးယပ် ဆိုပြီး အရှက်ပြေ ဆက်လက် ရပ်တည် နေရသည် ဖြစ်စေ-၊ လူမျိုးနွယ် တစ်စုရဲ့ နစ်နာမှု အတွက် ပြန်လည် ပေးဆပ် ရမှာပါ။ 

တစ်ကယ်တော့ ရိုဟင်ဂျာ တွေဟာ ဘင်္ဂလီတွေ မဟုတ်ပါ။ ဒါကို သမ္မတ ကိုယ်တိုင် သိစေ လိုပါတယ်။ ရခိုင်နယ် က လူမျိုးများနဲ့ ပတ်သက်ပြီး- အင်္ဂလိပ် သုတေသီများ၊ သမိုင်း ဆရာ များဟာ သူတို့ (အင်္ဂ လိပ်များ) မြန်မာ နိုင်ငံ ထဲကို မ၀င်ရောက်မှီ ကတည်းက စနစ်တကျ သုတေသန ပြုလုပ် ခဲ့ပါတယ်။ (သုတေသန များဟာ ဒီခေတ် လောက် စနစ် မကျ ပေမယ့်- လွန်ခဲ့တဲ့ ၁၈ ရာစု အနေနဲ့ ကြည့်ရင် အဲ့ဒီခေတ်က မြန်မာ သုတေသီ များထက် ပိုမို ပြီး စနစ် ကျကြောင်း ၀န်ခံရမှာ ဖြစ်ပါတယ်။) ၁၇၉၉ ခု ထုတ် Asiatic Researches, Volume the Fifth စာမျက် နှာ ၂၃၇ မှာ သုတေသီ ဒေါက်တာ ဖရန်စစ် ဘူချာနန်က- 
The first is that spoken by the Mohammedans, who have been long settled in Arakan, and who call themselves Rooinga, or native of Arakan. (စာမျက်နှာ ၂၃၇ ရဲ့ တတိယ အပိုဒ်) လို့ ဖော်ပြ ထားပါတယ်။ သုတေသီ ဒေါက်တာဟာ မြန်မာ အင်ပါယာ ထဲမှာ ဟိန္ဒူတိုင်း ဒေသမှ ဘာသာ စကားပြော တူတဲ့ မျိုးနွယ် စုတွေ ရှိကြောင်း- အဲ့ဒီ အထဲမှာ- 
ပထမ အနေနဲ့- ရခိုင် ဒေသရဲ့ မူလဘူတ လူမျိုး သို့မဟုတ် သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ ခေါ်တွင်တဲ့ ရခိုင် ဒေသမှာ ရှေးပဝေဏသီ ကတည်းက နေထိုင် လာခဲ့တဲ့ မဟာမေဒင် (အစ္စလာမ် သာသနာ ၀င်တွေ) ရဲ့ ပြောစကား- ဆိုပြီး အစ္စလာမ် သာသနာ ၀င်များ ဖြစ်တဲ့ ရိုဟင်ဂျာ လူမျိုးနဲ့ ရိုဟင်ဂျာ တို့ရဲ့ ဘာသာ စကား ဝေါဟာရ ၅၀ ကို (နောက် စာမျက်နှာမှာ) ဖေါ်ပြ ထားပါတယ်။ ဒီသုတေသီ မှတ်တမ်းမှာ ရိုဟင်ဂျာ တွေကို ဘင်္ဂလီလို့ မခေါ်ခဲ့ဘူး၊ မသုံးခဲ့ဘူး၊ တမန်တော် မုဟမ္မဒ်ရဲ့ နောက်လိုက်များ ဆိုတဲ့ မဟာမေဒင် များလို့သုံး သုံးစွဲ ပြောဆို ထားပြီး ရိုဟင်ဂျာ တွေဟာ ရခိုင် ဒေသရဲ့ မူလဘူတ လူမျိုး ဖြစ်တယ် ဆိုတာကို အတိအကျ ပြဆိုထား ပါတယ်။ 

ဒီမှတ်တမ်း ပြုစုပြီး နောင် ၂၆ နှစ်ကြာ ၁၈၂၄ မှာ အင်္ဂလိပ် မြန်မာ ပထမစစ် ဖြစ်ပြီး ၁၈၂၅ ခုနှစ်မှာ ရန္တပို စာချုပ် အရ ရခိုင်နယ်နဲ့ တနင်္သာရီကို အင်္ဂလိပ် များက အုပ်ချုပ် ခဲ့ပါတယ်။ ၁၈၂၅ ခု အင်္ဂလိပ်များ စတင် အုပ်ချုပ်ပြီး တစ်နှစ် အတွင်း အင်္ဂလိပ် များဟာ ရခိုင် နယ်က လူဦးရေ စစ်တမ်းကို Mr. Charles Paton, Sub-Commission of Arakan ကကောက်ယူ ခဲ့ပါတယ်။ ဒီစာရင်းမှာ ရခိုင် ဒေသနေ မဟာမေဒင် များဟာ ရခိုင်ဒေသ တစ်ခု လုံးရဲ့ သုံးပုံ တစ်ပုံ စာရင်း ရှိခဲ့ ပါတယ်။ ဒါကို မစ္စတာ ပစ်တန်ဟာ သူ့ရဲ့ လက်ရေး မူနဲ့ A Short Report on Arakan ဆိုတဲ့ ခေါင်းစဉ်နဲ့ April 26, 1826 မှာ တင်ပြ ထုတ်ပြန် ခဲ့တာပါ။ (Foreign -1826 Dept. Secret Consulation: 9 June. NO.:10 တံဆိပ်နဲ့ လိုချင် လေ့လာသူ များကို ကျွန်တော် မိတ္တူ ပေးနိုင် ပါတယ်။) 

(မဟာမေဒင် ဆိုတာ ရိုဟင်ဂျာ များကို ကိုယ်စားပြု ပြောဆိုကြောင်း အပေါ် အပိုဒ်မှာ ဖေါ်ပြ ခဲ့ပါပြီ။) 

အင်္ဂလိပ် များဟာ ရခိုင်ကို အုပ်ချုပ်ပြီး နှစ်ပေါင်း ၂၇ နှစ်အကြာ ၁၈၅၂ ခုနှစ်မှာ မြန်မာနဲ့ ဒုတိယ အကြိမ် စစ်ဖြစ် ပါ တယ်။ ၁၈၅၃ ခုနှစ် ကစ အောက်မြန်မာပြည် တစ်ခုလုံးကို အုပ်ချုပ် လိုက်ပါ တယ်။ အောက်မြန် မာပြည် တစ်ခု လုံးကို မအုပ်ချုပ်မှီ ရခိုင်ကို အုပ်ချုပ်တဲ့ ၂၇ နှစ်အတွင်း ပြုစုတဲ့ စာရင်း ဇယားများကို- An Account of the Burman Empire, Compiled from the works of Colonel Symes, Major Canning, Captain Cox, Dr. Leyden, Dr. Buchanan: A Description of Different Tribes Inhabiting And Around That Dominion and a Narrative of the Late Military and -- ဆိုတဲ့ ခေါင်းစဉ်နဲ့ စနစ် တကျ ပြုစုပြီး Henry Glassford Bell က ၁၈၅၂ ခုနှစ်မှာ ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။ 

ဒီစာအုပ်ရဲ့ စာမျက်နှာ ၆၆ မှာ - The natives of Arracan Proper call their country Yekein; the Hindoos of Bengal, Rossaun. The later who have settled in great numbers in Arracan, are denominated by the original inhabitants Kulaw Yekein, or unnaturalized Arracaners. The Moguls know this country by the name of Rakhang, and the Mahommedans who have been long settled in the country, call themselves Rooinga, or natives of Arracan. The Mugh is never used by the natives of Arracan as applicable to themselves, and its origin has never been properly ascertained. 

ရခိုင် ဇာတိ လူမျိုး တွေက သူတို့ရဲ့ တိုင်းပြည်ကို ရခိုင်၊ ဘင်္ဂလီ ဟိန္ဒူ တွေကို ရိုဆ်ဝမ် (ရိုဆန်) လို့ သင့်တော် သလို ခေါ်ကြတယ်။ ရိုဆ၀မ် (ရိုဆန်) တွေဟာ ရခိုင် ဒေသမှာ လူဦးရေ အလုံး အရင်းနဲ့ အခြေချ နေထိုင် ကြတဲ့ ရခိုင်ရဲ့ မူလဘူတ ဇာတိ မဟုတ်တဲ့ ကုလား ရခိုင်လို့ ခေါ်တဲ့ မျိုးနွယ်များ ထဲမှာ ပါဝင် ပါတယ်။ မွန်ဂိုတွေ ကတော့ ဒီတိုင်း ပြည်ကို ရိုဟန်းလို့ သိမှတ်ပြီး၊ ရခိုင် ဒေသရဲ့ မူလ ဘူတ လူမျိုး သို့မဟုတ် သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ ခေါ်တွင်တဲ့ မဟာမေဒင် (အစ္စလာမ် သာသနာဝင်) များကတော့ တိုင်းပြည် တွင်းမှာ ရှေးပဝေဏသီ ကတည်းက အခြေချ နေထိုင် ခဲ့တဲ့ လူမျိုး ဖြစ်ပါတယ်။ ဒီနေ့ ရခိုင် လူမျိုးလို့ ပြောနေတဲ့ မော့ဂ် လူမျိး ဆိုတဲ့ စကားလုံးကို သူတို့ ကိုယ်တိုင်ရဲ့ ပတ်သက် မှီငြမ်း ကိုးကားမှု အလျှောက် ရခိုင် ဒေသရဲ့ ဇာတိ လူမျိုးလို့ ဘယ်စဉ်ကမှ သုံးစွဲခြင်း မရှိခဲ့ပါ၊ သူတို့ရဲ့ ဇာတိ ဇစ်မြစ် ဟာလည်း သင့်တော် တိကျမှု မရှိပါ။ လို့ တိကျ သေချာစွာ မှတ်တမ်းတင် ထားပါတယ်။ 

ဒီ မှတ်တမ်း များအရ- ဘင်္ဂလီ ဟိန္ဒူတွေ ဖြစ်တဲ့ ချက်မာ (ဒိုင်းနက်) နဲ့ ရိုဆ၀မ် (ရိုဆန်း) တို့ဟာ ဘင်္ဂလီ မျိုးနွယ် စု များ ဖြစ်ပြီး-၊ မော့ဂ်ခေါ် ရခိုင် လူမျိုး ဆိုတာဟာလည်း ရခိုင်ရဲ့ ဇာတိလူမျိုး မဟုတ်ပါ။ ရိုဟင် ဂျာ တွေ ကသာ အာရ်ကန် ခေါ် ရခိုင် ဒေသရဲ့ မူလဘူတ လူမျိုး မဟာမေဒင်များ ဖြစ်တယ် ဆိုတာ ခိုင်မာ စွာ သက်သေ တည်နေ ပါတယ်။ 

ဒီတော့- တိကျ သေချာတဲ့ သမိုင်း တွေကို ပြန်လည် ဖေါ်ထုတ်မယ် ဆိုရင်- ဒီနေ့မှာ ရခိုင်ရဲ့ မူလဇာတိ လူမျိုး ဖြစ်တဲ့ ရိုဟင်ဂျာကို ဘင်္ဂလီလို့ စွပ်စွဲခြင်း၊ ဒေသခံ တိုင်းရင်းသားများ မဟုတ်ဘူးလို့ စွပ်စွဲခြင်း များ ဟာ သူခိုးက လူကို ပြန်ဟစ် နေခြင်း များသာ ဖြစ်ပါတယ်။ လူမျိုး တစ်မျိုးကို မျိုးတုံး သတ်ဖြတ် ဘို့ရာ Label တပ် တံဆိပ်နှိပ် နေခြင်းသာ ဖြစ်ပါတယ်။ 

သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်က အမှန်ကို ချစ်တယ်၊ လူ့အခွင့် အရေးကို လေးစားတယ် ဆိုရင် သမိုင်း မှန်ကို လေ့လာပြီး အမှန် အတိုင်း ရပ်တည်ဘို့ လိုပါမယ်။ နိုင်ငံ တကာက ခေါင်းဆောင် တွေရှေ့မှာ မျက်နှာ ငယ်ခံပြီး တစ်မျိုး ပြောလိုက်-၊ အတွင်း လျှို့ဝှက်မူ တစ်မျိုး ဆွဲလိုက်-လုပ်ပြီး သမိုင်း ခိုင်မာစွာ အထောက် အထား ရှိနေတဲ့ ရိုဟင်ဂျာ များကို အတင်း အဓမ္မ ရိုက်ထောင်း သတ်ဖြတ် ခြိမ်းခြောက်ပြီး ဘင်္ဂလီ ဆိုတဲ့ နာမည်ကို အတင်းခံယူ ခိုင်းမယ် ဆိုရင်- ဒီကိစ္စ အားလုံးရဲ့ တရားခံဟာ ဦးသိန်းစိန် ကိုယ်တိုင် ဖြစ်နေ ပါမယ်။ 

သမ္မတ ဖြစ်နေခိုက်-၊ လုပ်ချင်ရာ လုပ်မယ် ဆိုရင်တော့-၊ ရာဇ၀တ်ဘေး ပြေးလွတ်မှာ မဟုတ်ဘူး ဆိုတဲ့ အ ချက် ကို သတိထား စေလို ပါတယ်။ ကာလတစ်ခု နောက်ပိုင်းမှာ သမ္မတ ကိုယ်တိုင် ဖြေရှင်း ရတော့ မယ့် ကိစ္စဆိုက် ရောက်လာ တော့မှာပါ။ 

ဌေးလွင်ဦး 
မြန်မာ မွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ 
အမေရိကန် ပြည်ထောင်စု

  1. Good.Very Good. Long life Ko htay lwin Oo.

Comment ရေးရန်

Rohingya Exodus