နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာ ပြည်သူများ လုပ်နိုင်မည့် ကောင်းကျိုး တစ်ခု



RB News
22.4.2013

မြန်မာ နိုင်ငံမှာ “ကုလား” ဆိုတဲ့ စကားလုံးကို မွတ်စလင် တွေကို စော်ကား ဖို့ဘဲ သုံးတယ် ဆိုတာ ကြားသိ ရပါတယ်။ အလားတူ မြန်မာ နိုင်ငံရဲ့ အကြီး မားဆုံး မွတ်စလင် အုပ်စု ဖြစ်တဲ့ ရိုဟင်ဂျာ လူမျိုး များကို မြို့ပြင်ကို ထုတ်ပေးဖို့၊ နိုင်ငံ တွင်းက မောင်းထုတ်ဖို့ (သို့မဟုတ်) သတ်ဖြတ် ပစ်ဖို့ ဆိုတဲ့ ရက်ရက် စက်စက် ယုတ်ယုတ် မာမာ ရေးသား ပုံနှိပ် ထုတ်ဝေ ထားတဲ့ လက်ကမ်း စာစောင် တွေကိုလည်း တွေ့နေ ရပါ တယ်။ 

“အသားမဲ" ဟု အဓိပ္ပာယ် ရနိုင်တဲ့ “ကုလား” ဆိုတဲ့ ဗန်းစကားကိုစော်ကားနည်း တစ်မျိုး အဖြစ် ကျွန် တော် အနေနဲ့ သိနေ တာပါ။ 

ဒီလို စော်ကား တာမျိုး တာရှည် မခံဘူး ဆိုတာ ကျွန်တော် အပါ အ၀င် သန်းပေါင်း များစွာ သော တောင် အာဖရိက တိုက်သားတွေ သိနေ ပါတယ်။ ဘုရား သခင် ကကျွန်တော် တို့ကို ဒီလိုမျိုး သူများကို စော်ကား မုန်းတီးဖို့ အလို့ငှာ ဖန်ဆင်း ထားတာ တော့ မဟုတ် ပါဘူး။ 

တိုင်းပြည် တစ်ပြည် ဟာ ၎င်း၏ ပြည်တွင်းရေး မငြိမ်းချမ်း သရွေ့ကာ လပတ် လုံးသော် လည်းကောင်း၊ အဲဒီ တိုင်းပြည် တောင် အာဖရိက နိုင်ငံ ဖြစ်ဖြစ် မြန်မာ နိုင်ငံ ဖြစ်ဖြစ် ၎င်း၏ နိုင်ငံသား အချင်း ချင်းကို တန်းတူ ရည်တူ ကောင်းကောင်း မွန်မွန် မဆက်ဆံ သရွေ့ ကာလပတ်လုံး သော်လည်းကောင်း၊ မှန်ကန်တဲ့ လွတ် လပ်မှု (သို့မဟုတ်) ကြီးပွား ချမ်းသာမှု မရနိုင်ဘူး ဆိုတာကို လည်း ကျွန်တော် သိပါတယ်။ အဲဒါကို နားလည် လာအောင် အမျိုးသား နိုင်ငံ တစ်နိုင်ငံ အနေနဲ့ စုပေါင်းပြီး အတူ တကွ ကြိုးစား ရမယ်။ 

ထို့ကြောင့် မြန်မာ နိုင်ငံကို ၎င်း၏ အဆင်း ရဲဆုံး၊ ထိခိုက် အလွယ်ဆုံး လူမျိုး ဖြစ်တဲ့ ရိုဟင်ဂျာ တွေဟာ လုံခြုံမှု မရှိ၊ သိက္ခာ မရှိ ညိုးနွမ်းစွာ နေနေ ရတဲ့ အချိန်မှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှုကိုအကြောင်း ပြပြီး အလွန် အကျွံတော့ အမွှမ်း မတင် မိဖို့ အထူး ဆင်ခြင် ရပါ လိမ့်မည်။ 

ကျွန်တော်မြန်မာ နိုင်ငံကို မကြာခင်က သွားလည် တုန်းက တစ်ကမ္ဘာလုံးက ၀မ်းမြောက် ၀မ်းသာနဲ့ အားပေး နေတဲ့ အပြု သဘော ဆောင်တဲ့ တိုးတက်မှု ပေါင်းများစွာ ကိုတွေ့ ခဲ့ရ ပါတယ်။ စစ်အစိုးရ လက် ထက်မှာ ဆယ်စုနှစ်ပေါင်း များစွာ အကျဉ်းကျ ခံခဲ့ရပြီး အစိုးရသစ် လက်ထက်မှာ သာပြန် လွှတ် ပေး ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ပေါင်းများစွာနဲ့ လည်းကျွန်တော် တွေ့ခဲ့ ပါတယ်။ နေအိမ် အကျယ် ချုပ် ခံထားရ ကနေ လွတ်လာပြီး လွှတ်တော် ထဲမှာ ဂုဏ်ယူ စွာလုပ် ကိုင် ပေးဆပ် နေတဲ့ ဒေါ်အောင်ဆန်း စုကြည် နဲ့လည်း နောက်ဆုံး လက်ဆွဲ နှုတ် ဆက် နိုင်ခဲ့တာ ကြောင့်ရင်ခုန် စိတ်လှုပ်ရှား ခဲ့ရ ပါတယ်။ ပြီးတော့ ကျွန်တော် တို့ဟာ ရန်ကုန် မြို့လယ် လမ်းတွေ ပေါ်မှာလည်း လွတ်လပ်စွာ အတူတကွ လမ်း လျှောက်နိုင် ခဲ့ပါတယ်။ 

သတင်းစာ တွေကို ကြောက်လန့် ဖွယ်ရာ ဆင်ဆာ တည်းဖြတ် ခြင်းဟာ လည်းမရှိ သလောက် ပါဘဲ။ သတင်း မီဒီယာ၊ ပုံနှိပ် ထုတ်ဝေ ခြင်းတွေဟာ တစ်စ တစ်စ အရှိန် မြင့်နေ သလို “ဘားမား” ဟုလည်း သိရသော မြန်မာ နိုင်ငံ တွင် ၎င်း၏ လူငယ် အများစု ဘယ်တုန်း ကမှ မရခဲ့ ဘူးတဲ့ အသစ် စက်စက် “လွတ်လပ်စွာ ပြောဆို နိုင်မှု” ကိုလည်း ရနေကြ ပါပြီ။ 

သို့သော်လည်း ကျွန်တော့်မှာ စိတ်မကောင်း ဖြစ်မိစွာနဲ့ ထွက်ခွာ လာခဲ့ရပြီး၊ ဆင်းရဲ ခေါင်ပါးတာတွေ၊ ယိုယွင်း ပျက်စီး နေတဲ့ အဆောက် အဦတွေ၊ ပုံမှန် မဟုတ်တဲ့ လျှပ်စစ် မီးဖြန့် ဝေမှုတွေ၊ ကျိုးပဲ့ နေသော စင်္ကြန်တွေ ကို စတဲ့ဟာ တွေကို အခုထိ မြင်တွေ့ နေရတာ ကြောင့် ကျွန်တော် တော်တော့်ကို စိတ်ဆင်းရဲ ခဲ့ရ ပါတယ်။ ရန်ကုန် မြို့ထဲကို ကျွန်တော် တို့အုပ်စု ကားနဲ့ မောင်းနှင်း ၀င်တုန်း ကဆိုရင် လမ်းဖြတ် သန်းခ ဂိတ်ကြေးတွေ အများကြီး ပေးခဲ့ရပေ မယ့် ကျွန်တော်တို့ ဘယ်ဖြတ်ပိုင်း ဘယ်ငွေ လက်ခံ ပြေစာ တစ်ခုမှ မရခဲ့ဘူး။ သာမန် ပြည်သူတွေ အကျိုး အမြတ် အတွက် သုံးရမယ့် ငွေတွေကို ဘာလို့ အရှက် မရှိ ပေါ်တင် ခိုးယူ နေရ တာလဲ? 

အားနည်းတဲ့ သူတွေနဲ့ ဆင်းရဲ တဲ့သူတွေ နောက်မှာ ကျန်ရစ် နိုင်ခြင်း စတဲ့ ပြုပြင် ပြောင်းလဲ ရေးမှာ မညီမျှ မှုများ ရှိနေတဲ့ အတွက်ကြောင့် ကျွန်တော် စိတ်ပူပန် နေရ ပြန်တယ်။ အဲဒီ နောက် ရိုဟင်ဂျာ ကိစ္စလည်း ရှိသေးတယ်။ အဲဒါ ကတော့ မြန်မာ နိုင်ငံ အသစ် စက်စက် လွတ်လပ် နေမှုကို အနိုင်ကျင့် ဗိုလ်လုပ် သူတွေနဲ့ အစွန်း ရောက်သမား တွေက အလွဲ သုံးစား လုပ်နေ ကြခြင်းရဲ့ စိတ်ထိ ခိုက်ဖွယ်ရာ လက်တွေ့ ဥပမာ တစ်ခု ပါဘဲ။ အမျိုးသား ရေးဆိုတဲ့ အမြင်ကို ပုံပျက် အောင်လုပ်ပြီး “လူသား” တွေကို အမဲလိုက် သလို ဖမ်း၊ ရိုက်နှက်၊ သတ်ဖြတ်၊ သူတို့ရဲ့ အိမ်တွေ ကိုမီးရှို့ စတဲ့ ရက်စက် မှုတွေကို ဘယ်လို လို့လုပ် ရဲတာလဲ။ အဲဒီလို ပြစ်မှု ကျူးလွန် သူတွေက ကျွန်တော် တို့အားလုံး ဟာ တူညီတဲ့ လူသား မိသားစုဝင်တွေ ဆိုတာ မသိ မနားလည် ကြ တာလား? 

မကြာ သေးမီ ဒီသတင်း စာမှာ မြန်မာ နိုင်ငံ ဒုက္ခ မျိုးစုံ ကိုအလွယ် တကူ ကျော်လွှား နိုင်အောင် ဆိုပြီး “လူကျင့်ဝတ် အမှား တစ်ခု” ခေါင်းစဉ်နဲ့ ရေးသား ခဲ့တဲ့ အယ်ဒီတာ အာဘော်က ကျွန်တော့် ကိုစိတ် လှုပ် ရှား ပျော်ရွှင် စေခဲ့ တာပါဘဲ။ 

အရင်တုန်း ကဆိုရင် ဘာသာရေး ပဋိပက္ခဟာ ပြည်နယ် တစ်ခု အတွင်း မှာသာ ဖြစ်နေ ခဲ့ပေမယ့် အ ခုတော့ မြန်မာ နိုင်ငံရဲ့ အခြား အပိုင်း နေရာ ဒေသတွေ ကိုလည်း ပျံ့နှံ့ နေပါပြီ။ ဆန္ဒပြ တာတွေ ကို လည်း ရက်စက် ကြမ်းကြုတ်စွာ ချေမှုန်း တာတွေ ဖြစ်နေ ပါပြီ။ ကျေးရွာ တွေဒေသ တွေမှာ ပြည်သူ ပိုင်မြေ ယာ တွေလည်း သိမ်းဆည်း ခြင်းခံ နေရပြီ။ သမ္မတ ဦးသိန်းစိန်နဲ့ သူ့ရဲ့ လုပ်ဖော် ကိုင်ဖက်တွေ၊ ကျန် တဲ့ မြန်မာ နိုင်ငံကို ဦးဆောင်မှု ပေးနေတဲ့ သူတွေ အားလုံး ၎င်းတို့၏ အထင် ကြီးစ ရာ ပြုပြင် ပြောင်း လဲ လိုစိတ် ခွန်အား အစုံကို အသုံး ချပြီး ဒီလို အဖြစ်ဆိုး မျိုးတွေကို ကိုင်တွယ် ဖြေ ရှင်း နိုင်ပါ စေလို့ ကျွန်တော် ဆုတောင်း ပါတယ်။

အဲဒီလိုမှ မဟုတ် ရင်တော့ - ကျွန်တော် တွေ့ခဲ့ ရတဲ့ အံ့မခန်း ဖော်ရွေ သနား ကြင်နာ မှုတွေ ဘယ်တော့ မှလုပ်ရ ကျိုးနပ်မှာ မဟုတ်တော့ မှာကို စိုးရိမ် မိပါတယ်။ အဲဒီ ကြုံတောင့် ကြုံခဲ အခွင့် အရေး တစ်ခု ကို လည်း နောက်တစ်ကြိမ် ပြန်တွေ့ ရတော့မှာ မဟုတ်ဘဲ လက်လွှတ် ရမှာကို ကျွန်တော် စိတ်ပူ မိပါ တယ်။ 

အကယ်၍ မြန်မာ နိုင်ငံကို ဦးဆောင် သူတွေ အားလုံး အတူ တကွ ပြည်သူ တွေအားလုံး ကိုကျောသား ရင် သား မခွဲခြားဘဲ ဆက်ဆံမယ် ဆိုရင် ထိုနိုင်ငံသည် စည်းစိမ် ချမ်းသာ ကြွယ်ဝ လာမည်မှာ ဧကန် မုချပင်။

Desmond Tutu သည် Cape Town မြို့၏ ဂုဏ်ထူးဆောင် ခရစ်ယာန် ဂိုဏ်းချုပ် ဖြစ်ပြီး နိုဗယ် ငြိမ်းချမ်းရေး ဆုရှင် တစ်ဦး ဖြစ်သည်။ 

ဧပြီလ (၁၉) ရက် နေ့တွင် Washington Post သတင်းစာ ၌ Desmond Tutu ရေးသားသော Burma’s chance to do right by all its people ဆောင်းပါး ကို ဆီလျော် အောင် ဘာသာပြန် သည်။

Comment ရေးရန်

Rohingya Exodus