နောက်ဆုံးသတင်း/ဆောင်းပါးများ

အစိုးရ၀န်ထမ်းဟူသည်ကို မေ့လျော့ နေသည့် နစကများ


မောင်အာသာ
RB News
22.4.2013

မောင်တော ။ ။ ဧပြီလ (၁၈) ရက်နေ့ ညနေ ပိုင်းတွင် မြင့်လွှတ် (မေရူလ္လာ) ကျေးရွာ နစက နယ်မြေ (၈) လက် အောက်ခံ တောင်ပိုင်း စခန်းမှ မြင့်လွှတ် ကျေးရွာ အုပ်စု တောင်ပိုင်း တွင် နေထိုင် သော ရိုဟင်ဂျာ များကို အစု လိုက် အပြုံလိုက် ဖမ်းဆီး ညှင်းပန်း နှိပ်စက် ခဲ့ကြောင်း သိရ သည်။ ဖမ်းဆီး ခဲ့သူ များထံမှ ပမာဏ ကြီးမားသော ငွေကြေး ယူ၍ နှစ်ရက် အကြာတွင် ပြန်လည် လွှတ်ပေး ခဲ့သည်။ 

ဖမ်းဆီး ညှင်းပန်း နှိပ်စက် ခံရသူ များမှာ - 

(၁) ဦးမာဂျီ အုလ္လာ (ဘ) ဦးဒိလ် မိုဟာမတ် (အသက် ၂၅ နှစ်) 
(၂) ဦးရှိုနာမျာ (ဘ) ဦးအေဇာ မျာ (အသက် ၆၀ နှစ်) 
(၃) ဦးဆလာ မတ် (ဘ) ဦးလာလူး (အသက် ၄၅ နှစ်) 
(၄) ဦးရှရီးဖ် ဟူစိန်း (ဘ) ဦးဆုလ် တာန် (အသက် ၄၂ နှစ်) 
(၅) ဦးမိုဟာမတ် နူရ် (ဘ) ဦးဟူစိန်း အလီ (အသက် ၂၀ နှစ်) 
(၆) ဦးအမီရ် ဟူစိန်း (ဘ) ဦးရှဖီ အုလ္လာ (အသက် ၅၀ နှစ်) -- တို့ဖြစ်သည်။ 

နှစ်ရက် အကြာတွင် လွှတ်ပေး ခဲ့သော်လည်း ဖော်ပြပါ ငွေပမာဏ ရယူ ပြီးမှ လွှတ်ပေး ခဲ့ခြင်း ဖြစ်သည်။ အမှတ်စဉ် (၁) မှ ငွေကျပ် ၂ သောင်း၊ အမှတ်စဉ် (၂) ငွေကျပ် ၃ သောင်း၊ အမှတ်စဉ် (၃) မှ ငွေကျပ် ၆ သောင်း၊ အမှတ်စဉ် (၄) မှ ငွေကျပ် ၄ သောင်း၊ အမှတ်စဉ် (၅) နှင့် (၆) မှ ငွေကျပ် ၅ သောင်းစီ အသီး သီး ယူခဲ့ ကြောင်း သိရ ပါသည်။ 

တစ်ဖန် ဧပြီလ (၂၀) ရက် နေ့တွင် အထက်ပါ နစက နယ်မြေ လက်အောက်ခံ မြင့်လွှတ် ဂင်ဒေါ်တွင် အခြေစိုက် သည့် စခန်းမှ ဦးအဇာရ် မျာ (ဘ) ဦးဆာလေ (အသက် ၄၂ နှစ်) နှင့် ဦးကာလာ (ဘ) ဦးဒိုလူ (အသက် ၄၅ နှစ်) တို့ကို ဖမ်းဆီး ခဲ့သည်။ ၎င်းတို့ နှစ်ဦး ထံမှ ငွေကျပ် တစ်သိန်း ငါးသောင်းစီ ယူ ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း သိရသည်။ 

“နစက တွေဖမ်းသွား ပြီး ရိုက်နှက် နှိပ်စက်တာ ရဟ်မ သွလ္လာ ဆိုတဲ့ လူရဲ့ လက်ကျိုးသွား ခဲ့တယ်။ ဖမ်းဆီး သွားသမျှ အားလုံး မဟုတ် မမှန်တဲ့ စွပ်စွဲချက် တွေနဲ့ ချည်းဘဲ” ဟု ဒေသခံ ရွာသား တစ်ဦးမှ ပြောသည်။ 

“ဒီမှာ ရှိတဲ့ နစက တွေက အစိုးရက လစာပေး ထားတဲ့ အစိုးရ ၀န်ထမ်း ဆိုတာ မေ့နေကြ တယ်လို့ ယူဆ ရတယ်။ သူတို့က သောင်းကျန်းသူ တွေပါဘဲ။ သူတို့ ဘယ်သူ မဆိုဆီက ငွေညှစ်တယ်။ တကယ် ဓါးပြတွေ လိုပါ။ 

အခု ရက်ပိုင်းမှာ နစက နယ်မြေ (၈) ရုံးက တာဝန်ခံ ဗိုလ်ကြီး ထွန်းဟွန်ထူး ကို အောက်ခြေ နစက တစ်ယောက် အရက် အလွန် အကျွံ သောက်ပြီး ရိုက်နှက် ခဲ့တယ်။ ဘာကြောင့် လဲဆိုတော့ အဲဒီ ဗိုလ်ကြီး က အပြစ်မရှိ တဲ့သူတွေကို အစုလိုက် အပြုံလိုက် ဖမ်းတာ ကိုတားမြစ် လိုပါ။ အောက်ခြေ နစက တွေက သူတို့ရဲ့ လုပ်ဖော် ကိုင်ဖက် တွေရဲ့ လုပ်ရပ် တွေအတွက် ဂုဏ်ယူ ကြတယ်။ အားလုံးက အတူတူဘဲ ဆိုတော့။ အခုတော့ အဲဒီ ဗိုလ်ကြီးကို အခြား နေရာကို ပြောင်းရွှေ့ လိုက်ပြီ” ဟု ၎င်းက ဆက်လက် ပြော ပါသည်။

Comment ရေးရန်

Rohingya Exodus