နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာ ပဋိပက္ခ အပေါ် စိုးရိမ် မကင်းလို့ အင်ဒိုနီးရှားပြော

အင်ဒိုနီးရှား နိုင်ငံ သမ္မတ Susilo Bambang Yudhoyono (Credit: ABC) 
Radio Australia
25.4.2013

အင်ဒို နီးရှား နိုင်ငံ ​သမ္မတ ​ဆူဆီလို ​ဘမ်ဘန် ယူဒိုရိုနိုရဲ့ ​မြန်မာ နိုင်ငံ ခရီးစဉ် အတွင်း ​မြန်မာ နိုင်ငံ မှာ ဖြစ် ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ပဋိပက္ခ တွေအပေါ် စိုးရိမ်မကင်း ဖြစ် မိကြောင်း ထုတ်ဖာ် ပြော ဆိုခဲ့ ပါ တယ်။

မြန်မာ နိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​ပ ​ဋိ ​ပ ​က္ခ ​တွေ ​အ ​ကြောင်း ​နဲ့ ​မြန်မာ နိုင်ငံမှာ ​ဖြစ်နေတဲ့ဒီမိုကရေစီ ​ပြုပြင် ​ပြောင်း လဲ မှုတွေ ​အကြောင်းကို ​အင်ဒို နီးရှား နိုင်ငံ ​သမ္မတနဲ့ ​မြန်မာ နိုင်ငံ ​သမ္မတတို့ ​ဆွေးနွေး ​ခဲ့ကြတယ် လို့ ​အင်ဒိုနီးရှား ​နိုင်ငံခြားရေး ဝန်ကြီး ​မာတီ ​နာတာ လယ်ဂါဝါက ​ပြောပါတယ်။

သမ္မတ ​ဆူဆီလို ​ဘမ်ဘန် ယူဒိုရိုနို ​နဲ့အတူ ​မြန်မာ နိုင်ငံကို ​လိုက်ပါ သွားတဲ့ ​နိုင်ငံခြားရေး ဝန်ကြီး ​မာတီနာ တယ်လယ် ဂါဝါက ​မြန်မာ အစိုးရ အနေနဲ့ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခနဲ့ ​ပတ်သက်ပြီး ​အကောင်းဆုံး ​ဖြေရှင်း သွားမယ်လို့ ​အင်ဒိုနီးရှား အစိုးရက ​ယုံကြည်ကြောင်း ​ပြောခဲ့ ပါတယ်။

လူဦးရေ အားဖြင့် ​သန်းပေါင်း ​၂၅၀ ​လောက် ရှိတဲ့ ​အင်ဒို နီးရှား နိုင်ငံဟာ ​ကမ္ဘာပေါ်က ​အစ္စလာမ် ဘာသာ ဝင်တွေ ​အများဆုံး ရှိရာ ​နိုင်ငံ ​ဖြစ်ပါတယ်။

အင်ဒို နီးရှား သမ္မတရဲ့ ​မြန်မာ နိုင်ငံ ​ခရီးစဉ် အတွင်း ​နှစ်နိုင်ငံ ​ကုန်သွယ်ရေး ​တိုးမြှင့်ရေးနဲ့ ​နှစ်နိုင်ငံကြား ​နားလည်မှု ​စာချွန်လွှာ တချို့လည်း ​လက်မှတ် ရေးထိုး ခဲ့တယ်လို့ ​သိရပါတယ်။

Comment ရေးရန်

Rohingya Exodus