နောက်ဆုံးသတင်း/ဆောင်းပါးများ

‌လက်ဗွေကိစ္စ ကန့်ကွက်သူ ၃ ဦးကို ဖမ်းဆီး ထောင်ချ


RB News 
25.4.2013 

မောင်တော ။ ။ မောင်တော မြို့နယ် တောင်ပိုင်း မြင့်လွတ် ကျေးရွာတွင် ကွန်ပျူတာ ဖြင့်လက်ဗွေ ယူ၍ ဘင်္ဂလီ ဟု အတင်း အဓမ္မ ဖြည့်စွက် ခြင်းများကို သင်္ကြန် မတိုင်မှီက ခဏရပ် ထားခဲ့သော်လည်း ယခုအခါ တစ်ဖန် ပြန်လည်၍ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ 

ဒေသခံ ရွာသူ ရွာသား များမှ မျိုးရိုး စဉ်ဆက် အလိုက် နေထိုင် လာခဲ့သော ရိုဟင်ဂျာ လူမျိုး ဖြစ်ပြီး နစကမှ ယခု ကဲ့သို့ အတင်း အဓမ္မ ဘင်္ဂလီဟု ဖြည့်စွက်၍ ကွန်ပျူတာဖြင့်လက်ဗွေ ယူခြင်းကို လုံးဝ ကန့် ကွက် ကြောင်း ပြောဆို လျက်ရှိကြသည်။ ထိုကဲ့သို့ အတင်း အဓမ္မ ပြုလုပ် လျက်ရှိသော ကြောင့် ရွာသူ ရွာ သား အချို့သည် အာဏာပိုင်များ လူကုန်ကူးသည့် ဂိုဏ်းမှ တဆင့် မလေးရှား နိုင်ငံသို့ ထွက်ခွာ လျက် ရှိကြောင်း သိရပါသည်။ 

လွန်ခဲ့သည့် ဧပြီလ လဆန်းပိုင်း တွင် နစက များမှ အတင်း အဓမ္မ ကွန်ပျူတာ ဖြင့်လက်ဗွေ များယူနေစဉ် ပညာတတ် အချို့မှ ကန့်ကွက် ခဲ့သောကြောင့် ၎င်းတို့အား ဖမ်းဆီး၍ ထောင်ဒဏ် (၆) လစီ ချမှတ် ခဲ့သည်။ 

ဖမ်းဆီး ခံရပြီး ထောင်ဒဏ် ချမှတ် ခံရသူ (၃) ဦးမှာ -- 

(၁) ဦးအဲရှာဒုလ္လာ (ဘ) ဦးဖဇာလ် အဟမတ် (အသက် ၄၇ နှစ်) 
(၂) ဦးဆယာဒ် အစ္စလာမ် (ဘ) ဦးနဇီရ် အဟမတ် (အသက် ၅၄ နှစ်) 
(၃) ဦးရှူနာ အဟမတ် (ဘ) ဦးဂျလာလ် (အသက် ၄၃ နှစ်) -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus